Web Design ပညာရပ်သည် လွန်စွာမှ နက်နဲသိမ်မွေ့လှ၏။ ၀ဘ်ဒီဇိုင်း တစ်ခုဖန်တီးခြင်းသည် ကဗျာတစ်ပုဒ် စပ်ဆိုခြင်းနှင့် အလားသဏ္ဍာန် တူသကဲ့သို့၊ ပန်းချီကားတစ်ချပ် စုတ်ချက်တင်သည့် ပမာလည်း တယုတယ မွေးမြူစိုက်ပျိုးအပ်သော အနုပညာတစ်ရပ် ဖြစ်သည်။
ကျွန်ုပ်တို့သည် ထိုသို့သော အနုပညာတစ်ရပ်အား အရေအတွက်များစွာ၊ အရည်အသွေး မြင့်မားစွာ နှင့် အဖိုးနည်းစွာ (ဦးစွာပထမ) မြန်မာအားလုံးတို့ အသုံးပြုနိုင်ရေး ဟူသော ယုံကြည်ချက်ကို စွဲမြဲစွာ ဆုပ်ကိုင်လျက် ချီတက်လာကြခြင်း ဖြစ်၏။
ယခု ထိုအသီးအပွင့်များ ၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင်လက်များနှင့် ပြုလုပ်သည့် အနုသုခုမတို့အား လူကြီးမင်းတို့ထံ အနည်းဆုံးတန်ဖိုးနှင့် အကောင်းဆုံး လက်ရာကို ဖန်တီးပေးရန် တစ်ခုတည်းသော နေရာ “ကနောင်” အဖြစ် ရောက်ရှိလာပါပြီ။
ကိုယ်ရေးကိုယ်တာဆိုင်ရာ ဘလော့ဂ်(WebLog) များမှ အစ ကုမ္ပဏီဆိုင်ရာ၊ ရုံးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ ကွန်ယက်(WebSite) များအထိ လူကြီးမင်းတို့ စိတ်တိုင်းကျ ကျွန်ုပ်တို့မှ အနည်းဆုံးတန်ဖိုးနှင့် အကောင်းဆုံး ၀န်ဆောင်မှု ပေးသွားမည် ဖြစ်၏။
“ကနောင်” မှ အောက်ပါတို့ကို အသက်သာဆုံး နှုန်းထားများဖြင့် အရည်အသွေးမြင့် အကောင်းဆုံး ၀န်ဆောင်မှု ပေးနေပါသည်....
ကနောင် သည် “ဒြပ်မဲ့အဖွဲ့” ဖြစ်သည့် အားလျော်စွာ မည်သည့်ရုံးခန်း နေရာထိုင်ခင်းမှ ရှိမည်မဟုတ်။ ကနောင်ရှိ အဖွဲ့ဝင်အားလုံးတို့သည်...

