စုဆောင်းထားတဲ့ ဘဏ်အပ်ငွေ

စုဆောင်းထားတဲ့ ဘဏ်အပ်ငွေ

ငွေတစ်သိန်းကျပ်ကို လဆန်း ၅ရက်အတွင်း ဘဏ်မှာအပ်မယ် လကုန်ရက်အထိ မထုတ်ဘဲ ထားမယ်ဆိုရင် အတိုးငွေ ၆၆၆ ကျပ်လောက်ရပါမယ်။ သိန်း တစ်သောင်းအတွက်တော့ ၆၆သိန်းကျော်အတိုးပေါ့။အကယ်၍များ လဆန်း ၅ရက်ကျော်မှ အပ်မိတယ်။ လကုန်အထိ မထားဘဲ ထုတ်မိရင်တော့ အတိုး တပြားမှ ရမှာ မဟုတ်ပါဘူး။

ဒိတော့ တစ်သိန်းသမားအတွက် ၆၆၆ ကျပ်တန် ဆုံးဖြတ်ချက်ဖြစ်ပြီးတော့ သိန်း တစ်သောင်း အပ်ထားသူအတွက်တော့ ၆၆သိန်းတန် ဆုံးဖြတ်ချက်ဆိုရင် မမှားပါဘူး။ဘဏ်တစ်ခု လိုင်စင်ရဖို့ ငွေ ၂ ဘီလီယံလောက် ဗဟိုဘဏ်မှာ အာမခံတင်ရတယ်လို့ ကြားဖူးပါတယ်။ငွေကြေးစံနစ် စုဆောင်းငွေတွေအတွက် ငွေတိုက်လုံခြုံရေး စတာတွေ အသေးစိတ် စိစစ်ပြီးမှ ဘဏ်လိုင်စင် ရတာပါ။

ဘဏ်တခုအနေနဲ့ အပ်ငွေအပေါ် အတိုး ၈% ပေးလိုက်ပြီး ဘဏ်က ပြန်ချေးတဲ့အပေါ် ၁၃% အတိုးယူတဲ့အတွက် ၅% ကို လုပ်ငန်းလိုင်စင်ရ ဘဏ်ကအမြတ်အစွန်းရပါတယ်.။ဒါပေမယ့်ဘဏ်ဟာ အပ်ငွေ သိန်းတစ်ထောင်ရှိတိုင်း တစ်ထောင်လုံး ထုတ်ချေးခွင့်မရှိပါဘူး။

အပ်ငွေရဲ့ ရာခိုင်နှုန်းတစ်ခု ၃၀% လောက် (ခန့်မှန်းပါ တိတိကျကျ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။)ကို ဗဟိုဘဏ်မှာ ငွေသား ဒါမှမဟုတ် ငွေတိုက်စာချုပ်အနေနဲ့ မဖြစ်မနေ ဝယ်ယူထားရပါတယ်။ ဒါက ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းကမ်းပါ။

ဆိုလိုတာက စုဆောင်းအပ်နှံငွေတွေ လာပြန်ထုတ်တဲ့အခါ ငွေသားအနေနဲ့ ပြန်ထုတ်ပေးနိုင်အောင် စီမံထားတာပါ။ဒါကို liquidity လို့ ခေါ်ပါတယ်။အမြောက်အများ ပြန်လာထုတ်လို့ ချန်ထားတဲ့ ငွေသား ၃၀%ခန့်ထက် ကျော်လွန်ခဲ့ရင် အခက်အခဲ ကြုံတတ်တာမို့ ဒါကို Liquidity Crisis လို့ ခေါ်ပါတယ်။ကောင်းပါပြီ။

ဘဏ်မှာ လာအပ်တဲ့ သိန်း တစ်ထောင်က ၃၀% လောက်ကို ဗဟိုဘဏ်မှာ ထားပြီး သိန်း ၇၀၀ လောက်ထုတ်ချေးတဲ့အခါ ဘယ်လိုမူနဲ့ ထုတ်ချေးသလဲ။

၁. အာမခံတင်တဲ့ အဆောက်အဦမှာ မြေဂရန် အမည်ပေါက်ရပါတယ်။

၂။ အုတ်အဆောက်အဦ ဖြစ်ရပါတယ်။

၃. မီးအာမခံ ထားရပါတယ်။

၎. ချေးငွေလိုတဲ့ အကြောင်းရင်းနှီးမြုပ်နှံမယ့် လုပ်ငန်းအကြောင်း အသေးစိတ် တင်ပြရပါတယ်။

၅. သုံးနှစ်ဆက်တိုက် အရှုံးမရှိတဲ့ အခြေအနေနဲ့ ဆောင်ထားတဲ့ အခွန်အခများ တင်ပြရပါတယ်။

၆။ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လိုင်စင်များတင်ပြရပါတယ်။

ဒိတော့ ဘဏ်က အာမခံအဖြစ် တင်ပြတဲ့ ပစ္စည်းကို သိန်းတစ်ထောင် တန်ပါတယ်လို့ ရာဖြတ်က တန်ဖိုးသင့်တဲ့အခ့ါ့၃၀%.. ၄၀% လောက်အထိ သိန်း ၃၀၀ နဲ့ ၄၀၀ကြားလောက်သာ ငွေသားအဖြစ် ၁၃% အတိုးနဲ့ ထုတ်ချေးပါတယ်။ အပေါင်ပစ္စည်းတန်ဖိုးပြည့်အတိုင်း ငွေသား သိန်းတစ်ထောင် ထုတ်မချေးပါဘူး။

အတိုးမဆပ်နိုင် အရင်းမဆပ်နိုင်တဲ့အခါ ဘဏ်မှာ အာမခံတင်ထားတဲ့ အဆောက်အဦကို တရားရုံး ဆုံးဖြတ်ချက်နဲ့ လေလံတင်ပြီး ရတဲ့ ငွေကနေ အရင်းအတိုး အကုန်နှုတ် သူရစရာရှိတာ အားလုံးရယူပြီးမှ ငွေချေးပြီး ပြန်မဆပ်နိုင်သူကို ကျန်တဲ့ ငွေ ပြန်ပေးပါတယ်။

ဘဏ်က Risk လုံးဝမယူတဲ့အတွက် ယုံကြည်မှုတွေ အရည်အချင်းတွေအပေါ် ကြည့်ပြီး ငွေ မချေးပါဘူး။ခိုင်မာတဲ့ အာမခံပစ္စည်းအပေါ်မှာကြည့်ပြီးမှသာ ချေးပါတယ်။ဒါက ဘဏ်တိုင်းရဲ့ ချေးငွေအပ်ငွေအပေါ် ထားတဲ့ စည်းမျဉ်းပါပဲ။

ဘဏ်တိုင်းရဲ့ ဥက္ကဌ ဒါမှမဟုတ် တာဝန်ရှိသူဟာ နေ့စဉ် ဘဏ်အပ်ငွေ ချေးငွေစုစုပေါင်း စာရင်းချုပ်ပြီး ဗဟိုဘဏ် ဥက္ကဌ ဒါမှမဟုတ် တာဝန်ရှိသူ။ ဘဏ္ဏာရေးဝန်ကြီး ဌာနက တာဝန်ရှိသူနဲ့ ညတိုင်း စည်းဝေးထိုင်ရပါတယ်။

ချေးငွေ တောင်းခံတာများလို့ သတ်မှတ်ထားတဲ့ပမာဏကျော်ပြီး ထုတ်ချေးဖို့ ခက်နေတဲ့ ဘဏ်အတွက် အပ်ငွေများနေတဲ့ဘဏ်က ပိုနေတဲ့ ငွေသားတွေကို လွဲပြောင်းချေးဌားနိုင်ဖို့ ဘဏ်အချင်းချင်း အကြား သင့်တော်တဲ့ အတိုးနှုန်းတခု သတ်မှတ်ပေးပြီး ဗဟိုဘဏ်က ထိန်းညှိပေးရပါတယ်။

လိုနေတဲ့ ဘဏ်အတွက် ပိုနေတဲ့ဘဏ်ကငွေကို ဗဟိုဘဏ်က ပွဲစားလုပ်ပေးတဲ့သဘောပါပဲ။ဒါကြောင့် ဘဏ်တွေဟာ ရန်သူမဟုတ်တဲ့ ယှဉ်ပြိုင်မှုနဲ့ လုပ်ဆောင်နေကြတဲ့အပြင် အခက်အခဲ တစ်ခုပေါ်တိုင်း ကူညီရိုင်းပင်းကြရပါတယ်။

တကယ်တော့ ဘဏ်တစ်ခု စိတ်မချရတဲ့အတွက် liquidity Crisis ဖြစ်တာကို ဝိုင်းမကူရင် ကိုယ့်ဘဏ်ကိုပါ ကူးစက်လာနိုင်လို့ပါပဲ။တချိန်တည်းမှာ ဒီလိုအဖြစ်ကို ဗဟိုဘဏ်က ရပ်တည်ဖြေရှင်းပေးတတ်ပါတယ်။ဘဏ်ပေါင်း ၂၂ ခုရဲ့ ၃၀%သော ငွေသားတွေဟာ ဗဟိုဘဏ်မှာ့ ရှိနေလို့ပါပဲ။

ဒိတော့ စိတ်ပူလို့ ဝိုင်းထုတ်ကြရင် ကိုယ့်စုဆောင်းငွေတော့ လက်ထဲ ရောက်လာပါတယ်။ အတိုး ဆုံးပါမယ်။တဆက်တည်းဘဏ်လုပ်ငန်းတွေ အခက်အခဲဖြစ်လို့ နှောင့်နေးတာတွေ ကြုံရပါမယ်။အခုဆို ကယ်ဆယ်ရေးလုပ်ဖို့ ငွေထုတ် ငွေလွဲတဲ့အခါ အချိန်အလွန်ကြာပါတယ်။

လန့်ပြီး ကုန်ဈေးနှုန်းကစားတာ မတည်ငြိမ်တာတွေ ဖြစ်ပါတယ်.။မထုတ်မိရင် ကိုယ့်စုဆောင်းငွေ ဆုံးမလားလို့ မေးစရာပါ။အပေါ်မှာ ပြောခဲ့တာတွေကို သိနားလည်ရင် အဖြေဆိုတာရှိပါတယ်.။ထုတ်ပါ မထုတ်နဲ့ ဆိုတာတော့ ၆၆၆ကျပ်တန် ဆုံးဖြတ်ချက်လား ၆၆သိန်းတန် ဆုံးဖြတ်ချက်လားပေါ်မှာလည်း တည်ပါသေးတယ်။

ဒီတော့ ထုတ်ပါလို့ မတိုက်တွန်းသလို မထုတ်ပါနဲ့လို့ မတားမြစ်လိုပါဘူး။၆၆၆ကျပ်တန် ဆုံးဖြတ်ချက်တွေကြောင့် ကုန်ဈေးနှုန်း မတည်ငြိမ်တဲ့အခါ ခံစားရမှာ ၆၆၆ကျပ်တန်တွေပါ။၆၆သိန်းတန်တွေအတွက်တော့ တက်လာတဲ့ ကုန်ဈေးနှုန်းဟာ သူ့ဂုတ်ပေါ် တက်နေတဲ့ ပရွတ်ဆိတ်လောက် အရေးမကြီးပါဘူး။ တတ်နိုင်တာကိုးတွေးဆနိုင်ကြပါစေ။

Refer Crd

ငွေစုဘဏ်တွင်ငွေစုသူ သေဆုံးသောအခါ ကျန်ရစ်သူမိသားစု မည်သို့ထုတ်ယူမည်နည်း။ငွေစုဘဏ်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ ( ၂၀၁၅)ပုဒ်မ ၈ ။ ငွေစုဘဏ်လုပ်ငန်းဥပဒေ ပုဒ်မ ၁၈ ပုဒ်မခွဲ(ဂ)ကိုအောက်ပါအတိုင်း အစားထိုးရမည်။

” (ဂ) အကျိုးခံစားခွင့်လွဲအပ်ထားခြင်းမရှိသောငွေစုသူသေဆုံးပါက စုငွေလက်ကျန်ကိုအမွေထိန်းစာလက်မှတ် သို့မဟုတ် အမွေဆက်ခံခွင့်လက်မှတ် တင်ပြရန်မလိုဘဲငွေစုဘဏ်မှ သတ်မှတ်ထားသည့် လိုအပ်သည့်စာရွက်စာတမ်းများတင်ပြနိုင်သူ ဇနီး ခင်ပွန်းသားသမီး တရားဝင်မွေးထားသောသားသမီး သို့မဟုတ် ယင်းတို့မရှိလျှင်မြေး သို့မဟုတ် ယင်းတို့မရှိလျှင် မိဘ ညီအစ်ကိုမောင်နှစ်မအား ထုတ်ပေးရမည် ”

Credit to Lin Chan Jia

Post Author: Ma Ma Lay