ဘဝမှာ ရင်ဆိုင်ရမယ့် အတားအဆီး (၄)ခု

ဘဝမှာ ရင်ဆိုင်ရမယ့် အတားအဆီး (၄)ခု

1. LAZINESS
သင်ဟာ ဘဝမှာအောင်မြင်လိုသူ ၁ယောက်ဖြစ်ရင် အဆိုပါ အချက်ကိုကျော်လွှားနိုင်ရပါမယ်။ တခါတခါမှာ သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျောက်လှမ်းနေချိန်မှာ အခြေအနေအရပ်ကြောင့် ပျင်းရိလေးကန်မှု နွံထဲကို ကျရောက်သွားတဲ့အခါ ယိမ်းယိုင်သွားတတ်ကြတယ်။ဒါဟာ လူတွေရဲ့ သဘာဝပါပဲ။ ဒါလေးကို သတိပြုပီး ကျော်လွှားနိုင်ရပါမယ်။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ၊ လက်အောက်ငယ်သားတွေမှာလည်း “ငပျင်း” တွေနဲ့ ကြုံရမှာဖြစ်ပါတယ်။အဲ့တာကို သင်ရင်ဆိုင်နိုင်ဖို့ အဆင်သင့်ဖြစ်အောင် ကြိုးစားပါ။

2. LIE
လိမ်ညာမှုထဲမှာ သင့်ကိုသင် လိမ်တာပိုဆိုးပါတယ်။ ငါဘာတွေလုပ်နေတာလဲ။ငါ ဘယ်ကိုသွားနေတာလဲ ဆိုတာ ပြန်ဆန်းစစ်ပါ။ ဆင်ခြေတွေ သိပ်မပေးပါနဲ့။ မနက်ဖန်စောင့်လိုက်အုန်းမယ် ဆိုပီး မနက်ဖန်လည်းတကယ်မလုပ်နိုင်တာမျိုးတွေ သင့်ဘဝမှာ ဘယ်နကြိမ်လောက်ရှိသွားပီလဲ။ သင့်ရဲ့အောင်မြင်မှု ပမာန ဆိုတာ သင်နေ့စဉ်ဘာလုပ်နေသလဲပေါ်ပဲ မူတည်ပါတယ်။
သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် ၊ လက်အောက်ငယ်သားတွေကလည်း သင့်ကို “လိမ်”မယ်။ ဆင်ခြေတွေပေးမယ်။ မိုးရွာတယ် ၊နေမကောင်းဘူး အစရှိတဲ့ အကြောင်းပြချက်တွေပေးမယ်။ သင် ကျော်ဖြတ်နိုင်ပါစေ။

3. REJECTION
သင့်လုပ်ဆောင်ချက်တွေ မအောင်မြင်ခင် ၊ အကောင်အထည် မပေါ်ခင် အချိန်မှာ Rejection လို့ခေါ်တဲ့ (ငြင်းပယ်မှု) တွေ ပိုများပါတယ်။ သင့်ရဲ့ ယုံကြည်မှုကို လူအများစုရဲ့ ငြင်းပယ်မှု တွေနဲ့ ကြုံရပါမယ်။ သင်ယုံကြည်ရာကို လူတိုင်းလက်မခံနိုင်တာ လူ့သဘာဝဖြစ်ပါတယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေဆိုရင် ဈေးကြီးကြောင်း ပြောဆိုပီး ၊ ဈေးပေါတဲ့ ပစ္စည်းဆိုရင်လည်း အပေါစားဟု လူတွေ ကန့်ကွက်ကြပါမယ်။နောက်ဆုံး သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် ၊ လက်အောက်ငယ်သားတွေရဲ့ Rejection ကို ကြုံရပါမယ်။သင်ဟာ ငြင်းပယ်မှုဒဏ်ကနေ ဖောက်ထွက်နိုင်ပါစေ။

4. QUIT
သင့်လုပ်ငန်းမှာ အခက်အခဲမျိုးစုံ ၊ ပြဿနာမျိုးစုံ ကြုံလာတဲ့ အခါမှာ လူ့သဘာဝအရ လက်လျော့ပစ်တတ်ကြတယ်။ နောက်ဆုံး စွန့်လွတ်လိုက်တယ်ဆိုတဲ့ အထိပေါ့။ သင် အဲ့ဒီအထဲက လူ၁ယောက်မဖြစ်ပါစေနဲ့။ သင်ဖြစ်ချင်တဲ့ အရာ ၊ သင်လိုချင်တဲ့ အရာတွေဟာ သင်ယုံကြည်နေတဲ့ နေရာမှာ ရှိတယ်ဆိုရင် အဆုံးတိုင်လျောက်လှမ်းပါ။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် ၊ လက်အောင်ငယ်သားတွေထဲမှာလည်းအရှုံးပေးသွားတဲ့သူတွေနဲ့ ကြုံရမှာပါ။ သင်မှတ်ထားရမှာ ၁ခုက “အောင်မြင်တဲ့ သူတွေဟာ ဘယ်တော့မှ အရှုံးမပေးကြဘူး” ဆိုတာပါပဲ။

အောင်မြင်လိုသူတိုင်း အတွက် အထက်ပါအချက် (၄)ချက်ကိုကြုံရမှာဖြစ်တဲ့ အတွက် သင်ကျော်ဖြတ်တဲ့ အခြေနေပေါ်မူတည်ပီး သင့်ရဲ့ အောင်မြင်မှုကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။

သင်ရော ဘယ်နံပါတ်တွေနဲ့ ကြုံနေရပီလဲဆိုတာ ပြောကြည့်???

အားလုံးအဆင်ပြေပါစေ


Credit to DR. NAY LIN

Post Author: Ko Sai