သင်ဟာ မကြာခဏစိတ်ဓာတ်ကျတတ်တဲ့လူလား

သင်ဟာ မကြာခဏစိတ်ဓာတ်ကျတတ်တဲ့လူလား

ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀မှာ အဆင်မပြေမှုတွေ၊ လူမှုရေးပြဿနာတွေ နဲ့ အခြားလုပ်ငန်းခွင်အခက်အခဲတွေကြောင့် စိတ်ဓာတ်ကျဆင်းမှုတွေ ကြုံရတတ်ပါတယ်။

ဒါဟာလည်း တကယ်တော့ ထူးဆန်းလှတဲ့ကိစ္စမဟုတ်ပါဘူး ။ ဒါကြောင့် မိမိကိုယ်တိုင်လည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျဆင်းမှုတွေ ခံစားရတဲ့အခါ စိတ်ကိုဘယ်လိုပြင်ဆင်ပြီး ကြိုးစားနေထိုင်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ် ။

– စကားတွေပြောပါ

စိတ်ဓာတ်ကျဆင်းတဲ့ အခါအကောင်းဆုံး ကုစားနည်းကတော့ မိမိအပေါ်နားလည်ပေးနိုင်တဲ့သူတွေနဲ့ စကားပြောဆိုတာပါပဲ ။ မိမိရဲ့ ပြဿနာအခက်အခဲတွေကို ရင်ဖွင့်တိုင်ပင်ပါ ၊ အကြံဥာဏ်တောင်းခံပါ ။

Two is better than one ပါ ။ တစ်ယောက်တည်းကျိတ်မှိတ်ခံစားတာထက်စာရင် အများနဲ့အတူတူ ကျော်ဖြတ်တာဟာ အကောင်းဆုံးနည်းလမ်းတွေကို တွေ့ရှိစေမှာပါ။

– သစ္စာတရားကို ယုံကြည်ပါ

လက်ရှိပြဿနာတွေ အားလုံးကို ကျော်ဖြတ်နိုင်ဖို့ သင့်မှာ အင်အားပြင်းထန်တဲ့စိတ်စွမ်းအင်တွေ ရှိတယ်ဆိုတာယုံကြည်ထားပါ။ အခက်ခဲဆုံး အချိန်တွေကို ရောက်ရှိနေတယ်ဆိုရင်တောင် ဒါဟာ အကောင်းတွေပိုင်ဆိုင်ဖို့ အချိန်မကျသေးလို့မှတ်ပါ။ နေရာင်တွေကို မြင်ခွင့်ရဖို့ ညတွေကိုမလွှဲမသွေကျော်ဖြတ်ကြရမှာပါ။

– ကိုယ့်အကြောင်းတွေချည်းပဲမတွေးပါနဲ့

စိတ်ဓာတ်ကျဆင်းရတဲ့ အဓိကအကြောင်းအရာက မိမိရဲ့ပြဿနာတွေကိုသာ အချိန်ပြည့်တွေးတောနေလို့ ဖြစ်ရတာပါ။ တစ်ခါတစ်ရံမှာ စိတ်ကိုဟင်းလင်းဖွင့်ပြီး အခြားလူတွေရဲ့ ပြဿနာတွေ ၊ အခက်အခဲတွေကိုပါ မြင်အောင်ကြည့်ပါ။ အဲ့ဒီအခါ မိမိလက်ရှိကြုံတွေ့နေရသမျှဟာ အဆိုးဝါးဆုံးတွေ မဟုတ်သေးကြောင်း ဖြည့်တွေးခံစားတတ်လာမှာပါ။

– တရားထိုင်ပါ

တရားထိုင်ခြင်းဟာ စိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့အပြင် လက်ရှိပူပင်သောကတွေကနေ ခဏတာလွတ်မြောက်မှု ကိုခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် အတွေးတွေကို မှန်ကန်စေပြီးတော့ မိမိရဲ့စိတ်တွင်းက မမြင်ရတဲ့ အကြောက်တရားနဲ့ ပူပင်သောကတွေကို ဖျောက်ဖျက်ပစ်ပေးနိုင်ပါတယ် ။

Credit to upupmm

Post Author: Ma Ma Lay