အသည်းကွဲပြီးနောက် ဒီလိုလေးတွေပြောင်းလဲပါ

အသည်းကွဲပြီးနောက် ဒီလိုလေးတွေပြောင်းလဲပါ

ဘ၀မှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ အသည်းကွဲဖူးကြမှာပေါ့ ။ ခုထိမစွံသေးတဲ့ Forever alone အကြီးစားကြီးတွေကတော့ ခြွင်းချက်ပေါ့နော် ..။ အဲ့လိုအသည်းကွဲပြီးတဲ့အခါ အများစုဟာ အရင်ကနဲ့မတူပဲ စိတ်ရောလူပါ ပြောင်းလဲသွားတတ်ကြတာ အထူးပြောစရာမလိုပါဘူး ။

ဒါကြောင့် မတက်သာလို့အသည်းကွဲကြရတဲ့အခါ ဘယ်လိုကောင်းသောပြောင်းလဲခြင်းတွေနဲ့ ဘ၀ကိုရှေ့ဆက်သင့်လဲဆိုတာ အောက်မှာကြည့်လိုက်ကြရအောင်။

မိမိကိုယ်ကိုပိုပြီး ဂရုစိုက်သင့်ပါတယ်

Relationship တစ်ခုရှိနေစဉ်မှာ သင်ဟာ သူ့ရဲ့အကြိုက်တွေအတိုင်း နေထိုင်မှုပုံစံတွေ ၊ အလေ့အကျင့်တွေ ၊ အပေါင်းအသင်းကဏ္ဍတွေကို ကန့်သတ်ပစ်ခဲ့တာတွေ ရှိကောင်းရှိနိုင်ပါတယ်။ လမ်းခွဲပြတ်စဲပြီးတဲ့နောက်မှာတော့ သင်ဟာ ကိုယ်တိုင်အတွက် ပိုပြီးအချိန်ပေးဂရုစိုက်ဖို့ အဓိကလိုအပ်ပါတယ်။

တစ်နည်းအားဖြင့် မိမိကိုယ်တိုင်အတွက် ပျော်ရွှင်မှုကို ဘယ်နည်းနဲ့ရှာဖွေမလဲဆိုပြီး အမြဲတမ်း ကြိုးစားနေသင့်ပါတယ်။

ခွင့်လွှတ်တတ်ခြင်းအနုပညာကို သင်ယူပါ

သဘောထားကွဲလွဲမှုတွေ၊ တစ်ဦးနဲ့တစ်ဦးကြားက ညှိနှိုင်းလို့မရနိုင်တော့တဲ့ အဖုအထစ်လေးတွေကြောင့် လမ်းခွဲပြတ်စဲကြတဲ့အခါ နောက်ဆုံးမှာ အရာရာကို နားလည်ခွင့်လွှတ်လိုက်ပါ။ အမုန်းတရားဟာ တစ်ပါးသူဆီကိုမကူးစက်ခင် ကိုယ်တိုင်အရင်ဆုံး ပူပြင်းလောင်မြိုက်ရတာပါ ။ ဒါကြောင့် “Let it be’’ ပြီးခဲ့တာတွေ ပြီးပါစေတော့ ။

အနားမှာကျန်ရစ်ခဲ့တဲ့လူတွေကို ပိုပြီးတန်ဖိုးထားပါ

ချစ်သူက စွန့်ခွာသွားတဲ့အခါ သင်ဟာမိဘတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ တန်ဖိုးကိုပိုပြီး သိရှိလာပါလိမ့်မယ်။ ဒါကြောင့် နောက်ဆုံးမှာ ဘယ်သူတွေဟာ သင့်ရဲ့အနားမှာ အဆုံးထိရှိနေမှာလဲဆိုတာ သတိမူမိဖို့လိုအပ်ပါတယ်။ အကယ်၍ သိရှိခဲ့ရင်တော့ အချိန်မနှောင်းခင် တန်ဖိုးထားဆက်ဆံပေးဖို့ မမေ့ပါနဲ့။

နေသားကျတတ်အောင် ကြိုးစားပါ

ရုတ်တရက်မှာတော့ အတူရှိခဲ့ဖူးတဲ့ ကာလတွေ၊ အမှတ်တရတွေနဲ့ အဖြစ်အပျက်တွေဟာ သင့်ကိုဝမ်းနည်းစေမှာပါပဲ ။ နှစ်ယောက်စာ နေရာမှာ ဘေးကကွက်လပ်ဖြစ်သွားတဲ့ နေရာလွတ်လေးကို သတိတရနဲ့ လွမ်းဆွတ်မိတာ သဘာဝကျပါတယ်။ ဒါပေမယ့် ဒါတွေဟာအခိုက်အတန့်ပဲဆိုတာ ယုံကြည်ထားပါ။ ကာလတစ်ခုကြာတဲ့အခါ အားလုံးကိုတည်တည်ငြိမ်ငြိမ်နဲ့ နေသားတကျကျော်ဖြတ်နို်င်မှာပါ။

အသစ်တွေ သင်ယူပါ

ဒီလိုအချိန်မှာ စိတ်ရောလူပါ အနားမပေးပဲ တစ်စုံတစ်ခုသောအသစ်တွေကို သင်ယူဖို့ကြိုးစားပါ။ ဘာသာစကားအသစ်တွေ ၊ အတတ်ပညာတွေ ဒါမှမဟုတ် စာဖတ်တာ ၊ ခရီးထွက်တာ အစရှိတဲ့ ၀ါသနာပါတာ အားလုံးလုပ်ပါ။ ဒါဟာ အသည်းကွဲနေစဉ်ကာလအတွင်း သင့်ကိုကောင်းမွန်တဲ့ နေ့ရက်တွေကို ဖန်တီးပေးနိုင်မှာပါ။

Credit to upupmm

Post Author: Ma Ma Lay