အိမ်ကဘိုးဘိုး ၊ ဘွားဘွားတွေ အကြောင်း အတင်းပြောကြရအောင်

အိမ်ကဘိုးဘိုး ၊ ဘွားဘွားတွေ အကြောင်း အတင်းပြောကြရအောင်

ဘိုးဘိုး၊ ဘွားဘွားတွေဟာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သဘာဝအရ ဟိုးအရင်ကနဲ့ မတူညီပဲ ပြောင်းလဲသွားတတ်တဲ့ အကျင့်လေးတွေ ရှိပါတယ်။

ဒါတွေကို ကျွန်တော်တို့ လူငယ်တွေက သိရှိသဘောပေါက်ပြီး နားလည်ခွင့်လွှတ်ပေးနိုင်စေဖို့ ဒီစာလေးကရည်ရွယ်ပါတယ်။ ဒါမှသာ အသက်အရွယ်ကြီးရင့်တဲ့ လူကြီးသူမတွေနဲ့ လူငယ်တွေကြားမှာ နားလည်မှုရှိပြီး သာယာတဲ့မိသားစုလေးကို ပိုင်ဆိုင်မယ်လို့ မျှော်လင့်ပါတယ်။

– မေ့လျော့တတ်လာတယ်

လူကြီးသူမတွေဟာ အသက်အရွယ်အရ ဦးနှောက်မှတ်ဥာဏ်တွေက အရင်လိုအလုပ်မလုပ်တော့တဲ့အခါ သတိမေ့လျော့ခြင်းတွေ ၊ သူငယ်ပြန်ခြင်းတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် သင့်နာမည်ကို မမှတ်မိတာမျိုး၊ ပြောပြီးသားစကားတွေ ထပ်ခါထပ်ခါ ပြောတတ်တာမျိုး၊ အကြောင်းအရာတစ်ခုကို အကြိမ်ကြိမ်ပြန်မေးတတ်တာမျိုးတွေကို စိတ်ရှည်လက်ရှည်နဲ့ ပြန်လည်ဖြေကြားပေးဖို့ လိုအပ်ပါတယ် ။

– စကားအရမ်းပြောချင်ကြပါတယ်

မိသားစုဝင်တွေဟာ သူတို့ရဲ့ အလုပ်ကိစ္စတွေ၊ ကျောင်းကိစ္စတွေ တစ်နေကုန် အပြင်သွားနေကြရတဲ့အခါ အိမ်မှာကျန်ခဲ့တဲ့ ဘိုးဘိုးဘွားဘွားတွေဟာ စကားပြောဖော်ရှာတတ်ကြပါတယ်။

ဒီလိုမှမဟုတ်ရင်လည်း မိသားစုတွေပြန်လာတဲ့အခါ အရေးတယူနဲ့ အချိန်ပေးစကားပြောဆိုစေချင်ကြပါတယ်။ ဒါကြောင့် သင်အပြင်ကနေ မောမောပန်းပန်းနဲ့ ပြန်လာတဲ့အချိန် စကားတွေလာလာပြောတတ်တဲ့ ဘိုးဘိုး၊ဘွားဘွားတွေကို နားလည်ပေးရမယ်နော် ။

– လူငယ်တွေရဲ့အကူအညီတွေကို လိုအပ်ကြပါတယ်

တိုးတက်လာတဲ့ ခေတ်ကြီးမှာ နည်းပညာနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေအတွက် လူကြီးသူမတွေဟာ သင်တို့ရဲ့အကူအညီတွေကို အမြဲတမ်းလိုအပ်ကြပါတယ်။ တယ်လီဖုန်းမခေါ်ဆိုတတ်တာ၊ ရုပ်မြင်သံကြားစက် လိုင်းမပြောင်းတတ်တာ အစရှိတာတွေအတွက်လည်း စိတ်ရှည်ရှည်နဲ့ ကူညီပေးဖို့လိုအပ်ပါတယ်။

– ဂရုစိုက်ခံချင်ကြပါတယ်

သာမန်အသေးအဖွဲ ကျန်းမာရေးကိစ္စလေးတွေမှာတောင် သူတို့ကိုဂရုတစိုက် ရှိစေချင်လှပါတယ်။ ဆေးအချိန်မှန်မှန်တိုက်ပေးစေချင်တာမျိုး၊ တစ်ကိုယ်ရည်သန့်ရှင်းကိစ္စတွေကို ဂရုတစိုက်လုပ်ကိုင်ပေးစေချင်တာမျိုး ၊ ခြေဆုပ်လက်နယ်ပြုလုပ်ပေးတာမျိုး အစရှိတာတွေကို သတိတရနဲ့ ပြုစုပေးစေချင်ကြပါတယ်။

– ခေါင်းမာတတ်ကြပါတယ်

တစ်ခါတစ်ရံမှာ လူကြီ%B

Post Author: Ma Ma Lay