မိဘ​တွေ အသိဥာဏ်​နည်းလို့ သားသမီး​တွေ​မြေစာပင်​ဖြစ်​ရတာ

မိဘ​တွေ အသိဥာဏ်​နည်းလို့ သားသမီး​တွေ​မြေစာပင်​ဖြစ်​ရတာ

မိတ်​​ဆွေတစ်​​ယောက်​ရဲ့ ၅ လသား​ က​လေးငယ်​​လေးပုခတ်​ထဲအိပ်​​နေရင်း ဆုံးသွားတယ်​..ဘာ​ရောဂါမှမရှိဘူး..ဒီရက်​ထဲ ၄လ ၅လ က​လေး​လေး​တွေ အိပ်​​နေရင်းဆုံးသွားတာ(ကျွန်​​တော့်​ ပတ်​၀န်းကျင်​မှာတင်​) ၃ဦးရှိပြီ..အားလုံး ဘာ​ရောဂါမှ မရှိဘူး..ကျန်းကျန်းမာမာ​ ၀၀ကစ်​ကစ်​ လေး​တွေ..

ဒါ​ပေမဲ့ သူတို့အားလုံးမှာ တူညီတဲ့ အချက်​က​တော့သူတို့မိခင်​​တွေဟာ အစားသိပ်​​ရှောင်​တယ်​..ကျွန်​​တော့်​မိတ်​​ဆွေရဲ့ဇနီးဆိုရင်​ က​လေး​မွေးပြီးထဲကအစားစားရင်​ ဘဲဥ​ပြုပ်​​လေးလိုလို ၊ ထမင်းဆီဆမ်းလိုလိုငါး​ခြောက် ​​လေးလိုလိုနဲ့ ပြီးသွားတာများတယ်​..

(အစား​ရှောင်​ခြင်းဟာ မိခင်​​​ကောင်း​ပီသခြင်းလို့ မြန်​မာအမျိုးသမီး​တွေတလွဲဆံပင်​​ကောင်းတတ်​ကြပါတယ်​.. လွဲလှတယ်​ ​မေ​မေတို့ရယ်​)

အစား​ရှောင်​တဲ့(သိပ်​​ရှောင်​လွန်းတဲ့) မိခင်​​တွေရဲ့က​လေး​တွေဟာ ဘာ​ရောဂါမှမရှိဘဲ အိပ်​​နေရင်းနဲ့ ဆုံးသွားတတ်​တယ်​..ဒီ​ရောဂါကို Beri Beri (ဘယ်ရီ ဘယ်ရီ)​​ လို့​ခေါ်ပါတယ်​..မြန်​မာလိုဆို သူငယ်​နာ ကြဗဟုန်း​ပေါ့..

ကျွန်​​တော်​တို့ မြန်​မာ့ဓ​လေ့မှာ မီး​နေသည်​ကို အစား​ရှောင်​ခိုင်းတဲ့အင်​မတန်​မှားယွင်း​သော အယူအဆဆိုးကြီးတစ်​ခုရှိတယ်​..ဒီဓ​လေ့​ကြောင့်​ ဘီတာမင်​ B1 ချို့တဲ့ပြီး ​ကြွေလွင့်​သွားတဲ့ ရတနာ​လေး​တွေ များလှပြီ…ဆင်​ခြင်​နိုင်​ကြပါ​စေ..

(၂)ရွာက က​လေးတစ်​​ယောက်​ချက်​ကြိုးမှာ အနာ​ဖြစ်​​နေလို့ဆိုပြီး ကျွန်​​တော်​တို့ဖဒိုမြို့က က​လေး​ရောဂါ နဲ့ပတ်​သတ်​ရင်
သိပ်​ကို​တော်​လှတဲ့ တိုင်းရင်းသမား​တော်​ကြီးဆရာကံဆီကိုလာပြတယ်​..ကျွန်​​တော်​က ဆရာကြီးရဲ့သားဆီ သွားလည်​ရင်း ကြုံတုန်းစပ်​စုကြည့်​​​တော့ အမ​လေးဗျာ..က​လေးချက်​က ပုပ်​​ပွ​နေပြီ..

ဆရာကံက ​မေးတယ်​..က​လေးချက်​ထဲ ဘာ​တွေထည့်​ထားတာလဲဆို​တော့သူ့မိဘ​တွေကပြန်​​ဖြေတယ်​..နဂျီအိမ်​ (နကျယ်​အိမ်​) က ​မြေကြီးတွေကို ​ထောင်းထည့်​ထားတာတဲ့.အိမ်​နီးနားခြင်းက ​ပြောလို့လုပ်​ကြည့်​တာတဲ့..ဆရာကြီးဆို စိတ်​​တွေဆိုးလိုက်​တာ ဆိုတာ​လေ…ဆရာကြီး​ပေးလိုက်​တဲ့ အစွမ်းထက်​ တိုင်းရင်း​ဆေး​တွေနဲ့​ရော​ဒေါက်​တာကြီး​တွေရဲ့ အ​နောက်​တိုင်း​ဆေးဝါးများနဲ့ပါ ကုသ​ပေမဲ့ သိပ်​မကြာပါဘူး..က​လေး ဆုံးသွားတယ်​..

ကျွန်​​တော့်​သား​လေး​မွေးကာစ ချက်​ကြိုးပြတ်​ခါစချက်​မှာ ပြည်​​လေးတစိုစို​ပေါ့..ကျွန်​​တော်​က စိုးရိမ်​လို့ ရန်​ကုန်​မြို့က နာမည်​အကြီးဆုံးက​လေးအထူးကု ဆရာဝန်​ကြီးကို ခက်​ခက်​ခဲခဲ ဘွတ်​ကင်​ယူပြီး​ငွေကုန်​​ကြေးကျခံလို့ သွားပြတဲ့အခါ သူကတစ်​ခွန်းထဲပြန်​​ပြောတယ်​..”က​လေးချက်​ထဲကို ဘာဆို ဘာမှ မထည့်​နဲ့.ဘာမှမထည့်​တာ က​လေးအတွက်​ အ​ကောင်းဆုံး​ဆေးပါပဲ..တဲ့”

ဟုတ်​ကဲ့..က​လေးချက်​က အနာအတွက်​ ရန်​ကုန်​မြို့က နာမည်​အကြီးဆုံး က​လေးအထူးကုဆရာဝန်​ကြီးဆီခက်​ခက်​ခဲခဲ ​ငွေကုန်​​ကြေးကျခံပြီးသွားပြတာ ဘာ​ဆေးမှ မ​ပေးလိုက်​ပါဘူး..(တကယ်​လည်း ဘာ​ဆေးမှ မလိမ်းဘဲ အနာက သူ့ဟာသူ​ပျောက်​သွားပါတယ်​..)

(၃)၁၃ နှစ်​သား ၈ တန်း​ကျောင်းသား​လေးတစ်​​ယောက်​​ဘောလုံးကန်​ရင်း ​ချော်​လဲလို့ ​ခြေ​ထောက်​နာသွားတယ်​..မိဘ​တွေက ချို့တဲ့သူ​တွေဖြစ်​​တော့ ဆရာဝန်​နဲ့မပြဘဲ​ဒေါက်​တာ ရမ်းကုဆီမှာ အ​​ကြွေးနဲ့ ​ဆေးသွားထိုးတယ်​..

အဲ့ဒီ​ဒေါက်​တာ ရမ်းကုက ​လက်​နာရင်​ လက်​ထဲ​ဆေးထိုးတယ်​..​ခြေ​ထောက်​နာရင်​ ​ခြေ​ထောက်​ထဲ​ဆေးထိုးတယ်​..ဘိုက်​နာရင်​ ဗိုက်​ထဲ​ဆေးထိုးတယ်​..​ခေါင်းကိုက်​ရင်​ ​နားထင်​ထဲ​ဆေးထိုးတယ်​..ဇက်​​ကြောတတ်​ရင်​ ဂုတ်​​ကို​​ဆေးထိုးတယ်​..

က​လေးက ​ခြေ​ထောက်​နာတာဆို​တော့ ​ခြေ​ထောက်​ထဲ ​ဆေးထိုးလိုက်​တာ တစ်​လပဲကြာတယ်​..က​လေး​အောက်​ပိုင်း ချိ သွားလိုက်​တာ..ဘယ်​လိုမှ ကု မရ​တော့ဘူး..

အဲ့ဒီ​တော့မှ ကျွန်​​တော်​တို့ပရဟိတအသင်းကိုဆက်​သွယ်​ပြီးအကူအညီ​တောင်းတယ်​..မသန်​စွမ်းက​လေးငယ်​​တွေ ပြန်​လည်​ထူ​ထောင်​​ရေးစင်​တာကိုပို့​ပေးလိုက်​ရတာ​ပေါ့..။တခြားက​လေး​တွေ ​ဘောလုံးကန်​​နေတာမြင်​တိုင်းဒီ​ကောင်​​လေး ဘ၀တစ်​​လျှောက်​လုံး နာကျင်​​နေရပါလိမ့်​မယ်​။

(အစိုးရအ​နေနဲ့ တစ်​နို​င်​ငံလုံးက ​ဒေါက်​တာရမ်းကု​တွေကို၆၆ဃ ပုဒ်​မလိုမျိုး အစွမ်းထက်​လှတဲ့ ပုဒ်​မတစ်​ခုခုပြဌာန်းပြီးလျှင်​လျှင်ြမ​န်​မြန်​ ထိထိ​ရောက်​​ရောက်​ အ​ရေးယူသင့်​တယ်​..)

ရေးခဲ့တဲ့ အဖြစ်​အပျက်​ ၃ ခုလုံးဟာ မိဘ​တွေ အသိဥာဏ်​နည်းလို့ သားသမီး​တွေ​မြေစာပင်​ဖြစ်​ရတာ..မိဘ​တွေရဲ့ ​ဗဟုသုတ မကြွယ်​၀မှု​ကြောင့်​ဒုက္ခ​ရောက်​ရတဲ့ သားသမီး​လေး​တွေကို​တွေ့တိုင်းစိတ်​မ​ကောင်းဘူး..ဒါ​ကြောင့်​ ကိုယ်​သိသ​လောက်​ မှတ်​သ​လောက်​​လေးနဲ့ကိုယ့်​ပတ်​၀န်းကျင်​က တကယ့်​အဖြစ်​အပျက်​​တွေကို ​မေ​မေတို့ ဆင်​ခြင်​နိုင်​ဖို့ ​ရေးလိုက်​ပါတယ်​..

ပုခတ်​လွှဲ​သော ​ရွှေလက်​ပိုင်​ရှင်​​လေးများ ဖြစ်ကြ​​ပါ​စေ..

Credit to ကိုစိုးထိုက်​(ဖဒို)

Post Author: Ma Ma Lay