ပြင်းထန်စွာရိုက်နှက်ခြင်း  အရှက်ရအောင်ဒဏ်ပေးခြင်းက..လူသားမဆန်တဲ့ဆုးံမမှုပါ

ပြင်းထန်စွာရိုက်နှက်ခြင်း  အရှက်ရအောင်ဒဏ်ပေးခြင်းက..လူသားမဆန်တဲ့ဆုးံမမှုပါ

အခုချိန်​ထိ မရိုက်​ရင်​ ဘယ်​လိုဆုံးမရမလဲတို့ ​ဖင်​ချွတ်​အပြစ်​​ပေးတာ ​စေတနာ​ကြောင့်​ပါတို့ ထင်​​ယောင်​ထင်​မှား​ပြော​နေကြ​သေးတဲ့ ဆရာဆရာမ​​တွေ ကျန်​​နေ​သေးတဲ့ ပညာ​ရေးစနစ်​ထဲ ကိုယ့်​က​လေးကို ဘယ်​လိုသင်​ယူ​စေရမှာပါလိမ့်​။

ဆရာဆရာမ​တွေအ​နေနဲ့ မ,တစ်​ရာသား​တွေကို ထိန်းဖို့မလွယ်​ဘူးဆိုတာလည်း မှန်​တယ်​။ လူဦး​ရေက ရှိသင့်​တာထက်​ မတရားပိုများ​နေတာလည်း မှန်​တယ်​။ လခက မ​လောက်​တာလည်း မှန်​တယ်​။

ပေါက်​ကရ order ​တွေ အမျိုးမျိုးထွက်​တိုင်း လိုက်​ဖြည့်​ဆည်း​နေရတာလည်း မှန်​တယ်​။ ဒါ​ပေမယ့်​ ဒီ pressure ​တွေအတွက်​ ထွက်​​ပေါက်​က က​လေး​တွေမဖြစ်​သင့်​ပါဘူး။

နှမ်းခိုးစား​သောမင်းသားကို ညွှန်းပြီး ဒိသာပါ​မောက္ခကြီး​တောင်​ ရိုက်​​သေးတာလို့ မတွက်​ကပ်​ပါနဲ့။ အဲဒီပုံပြင်​ထဲကလူ​တွေ တကယ်​ရှိခဲ့ မရှိခဲ့ ဘယ်​သူမှ သက်​​သေမပြနိုင်​သလို ဒိသာပါ​မောက္ခကြီး​ခေတ်​မှာလည်း နည်းပညာ​တွေ မရှိခဲ့​သေး child psychology ကို မသိခဲ့​သေး research ​တွေ မလုပ်​ခဲ့​သေးပါဘူး။

ရိုက်​ခြင်းဟာ အပြုအမူ​ကောင်းကို နှစ်​ခြိုက်​စွာလက်​ခံ​စေတာမျိုး မဖြစ်​လာဘဲ အ​ကြောက်​တရား​ကြောင့်သာ အပြုအမူ​ကောင်းကို ‘လုပ်​ပြ’ရ၊ အပြုအမူ​ဆိုးကို ‘​ရှောင်​ပြ’ ရတာပါ။ ကိုယ်​တိုင်​ အရိုက်​ခံခဲ့ရတဲ့ဘဝ​တွေကို ​မေ့များ​နေပါသလား။

အရိုက်​ခံ​နေတုန်းအချိန်​မှာ ၀မ်းနည်းတယ်​ ရှက်​တယ်​ စိတ်​ဆိုးမယ်​ လုပ်​ရက်​​လေခြင်းလို့ စိတ်​နာမယ်​ အဲဒီခံစားချက်​​တွေပဲ ၀င်​​နေပါတယ်​။ ငါဒီဟာလုပ်​တာ မ​ကောင်းလို့ရိုက်​တာဆိုပြီး ဘယ်​သူမှ အသိမ၀င်​ပါဘူး။ ​ကောင်းမွန်​စွာ ရှင်းပြခြင်းကသာ အဆိုးနဲ့အ​ကောင်းကို ခွဲခြားလက်​ခံတတ်​လာ​စေပါတယ်​။

တစ်​​ယောက်​ချင်းစီ ​ပြောပြဖို့ ရှင်းပြဖို့ အချိန်​မရှိရင်​ အတန်းလိုက်​​ပြောပါ။ တစ်​တန်းလုံးကို အတူတူရှင်းပြရက်​နဲ့မှ တချို့တ​လေက နားမ၀င်​ဘူး မလုပ်​ဘူးဆိုရင်​ မိဘ​တွေနဲ့ ​ခေါ်​ဆွေး​နွေးပါ။ ဆရာမတစ်​​ယောက်​ဟာ က​လေးတစ်​​ယောက်​ကို ပျမ်းမျှခြင်း ​လေးဆယ့်​ငါးမိနစ်​က​နေ တစ်​နာရီခွဲပဲ ​တွေ့ရတာပါ။

မွေးကတည်းက အသားကျလာပြီး အသက်​ငါးနှစ်​မှ ​ကျောင်း​ရောက်​လာတဲ့ က​လေးတစ်​​ယောက်​မှာ မိဘရဲ့လွှမ်းမိုးမှုဟာ ရာခိုင်​နှုန်းပိုများ​ကြောင်း ရှင်းပြပါ။ ဆရာမဟာ စာသင်​ဖို့ မှား​နေတာ​တွေ မှား​ကြောင်း​ပြောပြီး အမှန်​ကိုပြဖို့ပဲ တာဝန်​ရှိပါတယ်​။

ထောင်​၀ါဒါလို ဆပ်​ကပ်​စရာလို ပုံသွင်း​ဖိနှိပ်​ဖို့ တာဝန်​မရှိပါ။ ဒီအ​ကြောင်းကို မိဘဖက်​က ​ကြေလည်​​အောင်​ ​ဆွေး​နွေးပါ။ ဘာမှမဆုံးမတာထက်​ ဆုံးမပုံမှားလို့ စိတ်​ဒဏ်​ရာရတာက ပိုဆိုးပါတယ်​။ လူငယ်​သဘာဝ တချို့ဆိုးတာ​လေး​တွေ အိမ်​စာမလုပ်​လာတာ​လေး​တွေ စာမကျက်​လာတာ​လေး​တွေက ဘာမှ​ရေရှည်​မှာ အ​ရေးမပါပါဘူး။

အဲဒီအ​ရေးမပါတာ​လေး​တွေကို အရာလုပ်​ပြီး အဆုံးမမတတ်​တဲ့အခါ က​လေးမှာ စိတ်​ဒဏ်​ရာရပြီး တစ်​သက်​လုံး လူ​တောမတိုးတာ ကိုယ့်​ကိုယ်​ကို ယုံကြည်​မှုမရှိတာ ဖြစ်​တတ်​ပါတယ်​။

မရိုက်​နဲ့လို့ အမိန့်​ထုတ်​တဲ့အခါ ရိုက်​​တော့မရိုက်​ဘဲ အိမ်​သာထဲ တံခါးပိတ်​ထားတာတို့ ​နောင်​ကြဉ်​​အောင်​ဆိုပြီး လူပုံအလယ်​မှာ တမင်​အရှက်​ခွဲတာတို့ စိတ်​ဓာတ်​ကျယုံကြည်​မှုမဲ့​အောင်​ ​ပြောတာတို့ အားလုံးဟာ လူမဆန်​မှု​တွေချည်းပါပဲ။

ကောင်း​စေချင်​လို့ ဆုံးမတာလို့ ကိုယ့်​ကိုယ်​ကိုညာပြီး ​ဒေါသအ​လျောက်​ စိတ်​အလိုလိုက်​ပြီး အပြစ်​​ပေးမှုအားလုံးဟာ လူသားမဆန်​ပါ။ ရက်​စက်​မှုပါ။

ကိုယ့်​ဖာကိုယ်​ ရှိ​နေတဲ့ pressure ​တွေ၊ အထက်​ကအမိန့်​​တွေ၊ deadline ​တွေ အဲဒီဖိစီးမှု​တွေ မခံနိုင်​ရင်​ အထက်​ကို လူညီညီနဲ့ ပြန်​တင်​ပြပါ၊ အာဏာပိုင်​ကို ​မေးခွန်းထုတ်​ပါ။ က​လေး​တွေအ​ပေါ် ပုံချစရာ ​ဒေါသ​ဖြေစရာ ဘာအ​ကြောင်းမှ မရှိပါဘူး။

Su Wai Hlaing

Post Author: Ma Ma Lay