ဘာလို့ သင့်Petsတွေကို မနမ်းသင့်တာလဲ

ဘာလို့ သင့်Petsတွေကို မနမ်းသင့်တာလဲ

ခွေးတွေ၊ကြောင်တွေချစ်လို့ အိမ်မှာမွေးထားတဲ့ ပိုင်ရှင်လေးတွေဟာ အမိုးတစ်ခုတည်းအောက်က သူတို့အိမ်မွေးတိရစ္ဆာန်လေးတွေကို မိသားစုသဖွယ်သဘောထားလို့ မကြာခဏနမ်းရှုံ့နေတာတော့ မထူးဆန်းတော့ပါဘူး။ဒါပေမယ့် ဒီလိုဖက်တာတို့၊နမ်းတာတို့ရဲ့နောက်မှာ ဖြစ်လာမယ့် နောက်ဆက်တွဲတွေက သိပ်ကြောက်စရာကောင်းပါတယ်။

ခွေးတွေရဲ့သွားရည်မှာ ဘက်တီးရီးယား ဘယ်လောက်နှုန်းပါဝင်နိုင်မလဲ?

လန်ဒန်မှာရှိတဲ့ Queen Mary Universityက Virology & Bacteriologyက ပါမောက္ခချုပ်John Oxfordက သင့်အိမ်မွေးခွေးတွေရဲ့ နှာခေါင်း၊ပါးစပ်နဲ့မေးရိုးတလျှောက်မှာ ဘက်တီးရီးယားတွေ ဘယ်လောက်ထိပါဝင်နေတယ်ဆိုတာကို “သွားရည်မှာသယ်ဆောင်လာ တဲ့ပိုးမွှားတင်မကပါဘူး။

ခွေးတွေဟာ သူတို့သက်တမ်းအများစုကို ညစ်ပေတဲ့အစုအပုံတွေကြားနှားခေါင်းတိုးဝှေ့ရင်း အချိန်ကုန်တာ များပါတယ်။ဒါကြောင့် သူတို့ရဲ့နှာခေါင်း၊ပါးစပ်တွေမှာ မရေတွက်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေ၊ရောဂါဖြစ်ပွားစေတဲ့ဗိုင်းရပ်စ်တွေအပြင် ပိုးမွှားအစုံပလုံပါဝင်နေပါတယ်”လို့ အသိပေးဝေမျှခဲ့ပါတယ်။

ဒီဘက်တီးရီးယားပိုးတွေ လူ့ခန္ဓာကိုယ်ကို ဝင်ရောက်လာတဲ့အခါမှာ ဘာတွေဖြစ်လာနိုင်သလဲ?

ဒီဘက်တီးရီးယားပိုးမွှားတွေဟာ လူကိုဆိုးဝါးတဲ့ကျန်းမာရေးပြသနာတွေ ဖြစ်ပေါ်စေပါတယ်။ဗြိတိန်ကအမျိုးသမီးတစ်ယောက်ဆို သူမရဲ့ခွေးရဲ့သွားရည်ကနေ ရောဂါကူးစက်ခံရပြီး အစပိုင်းမှာတော့ သိပ်သတိမထားမိသေးပါဘူး။နောက်မှ သွေးစစ်ချက်အဖြေတွေအရ capnocytophaga canimorsusလို့အမည်ရတဲ့ ခွေးတွေ ကြောင်တွေရဲ့ ပါးစပ်မှာအတွေ့များတဲ့ ဘက်တီးရီးယားပိုးကူးစက်ခံရကြောင်း သိခဲ့ရပါတယ်။

UKတဝှမ်းမှာ အလားတူဖြစ်ရပ်မျိုး 13ခုခန့်တွေ့ရှိခဲ့ရကြောင်းလည်း သိရပါတယ်။ (Capnocytophaga canimorsusဆိုတာ သင့်ရဲ့ဒဏ်ရာကနေတစ်ဆင့်ထိုးဖောက်ဝင်ရောက်လာပြီ သင့်ကိုဆိုးဝါးတဲ့အခြေအနေဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်)

သင့်အိမ်မွေးတိရစ္ဆာန်လေးတွေကနေ အခြားဘာရောဂါတွေ ကူးစက်နိုင်သေးလဲ?

သင့်ခွေးတွေ ကြောင်တွေကို နမ်းခြင်းအားဖြင့် ရရှိကူးစက်နိုင်တဲ့ အဖြစ်အများဆုံးရောဂါကတော့ Ringworm Infectionဖြစ်ပါတယ်။MRSR infectionကတော့ သင့်ခွေး သင့်ကိုလျှာနဲ့လျက်လိုက်ရုံနဲ့ သင့်အသားအရေကို ထိခိုက်စေနိုင်မယ့် ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါဆို အတတ်နိုင်ဆုံး ဒီလိုကူးစက်မှုတွေမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

1.သင့်ခွေးတွေကို မနမ်းပါနဲ့။သူတို့ရဲ့လျှာနဲ့ အလျက်မခံပါနဲ့။စားပွဲပေါ်မှာ အစာမကျွေးပါနဲ့။သူတို့နဲ့ အတူတူ တစ်ပန်းကန်တည်းမစားပါနဲ့။

2.သူတို့နဲ့ပွတ်သပ်ဆော့ကစားပြီးတိုင်း သင့်လက်ကို သေချာစင်ကြယ်စွာ ဆေးပါ။

3.သူတို့ကို ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြသပြီး ကာကွယ်ဆေးထိုးပေးပါ။

4.သူတို့ကိုရေချိုးပေးတဲ့အခါလည်း ပိုးသတ်ဆေးပါတဲ့ ရေချိုးဆပ်ပြာရည်နဲ့ ရေချိုးပေးပါ။

5.သူတို့နဲ့လမ်းလျှောက်ထွက်တဲ့အခါမှာလည်း လမ်းပေါ်ကမဟုတ်မဟတ် တစ်ခုတလေမျှမစားမိအောင် သတိပြုစောင့်ကြည့်ပေးပါ။

6.သူ့ကိုကျွေးတဲ့ ပန်းကန်လုံးကိုလည်း သေချာဆေးကြောပြီး ကျွေးပါ။

7.သင်ကျွေးသမျှကိုငြင်းဆန်လာချိန်နဲ့အခြား နေမကောင်းတဲ့လက္ခဏာတွေ ပြလာပါက ကျွမ်းကျင်ဆရာဝန်တွေနဲ့ ချက်ချင်းပြသပါ။

Credit to Cantwait2say

Post Author: Ma Ma Lay