ဘွဲ့ အတုအစစ်ခွဲနည်း

ဘွဲ့ အတုအစစ်ခွဲနည်း

BA နဲ့ BSc ဆိုတာ bachelor degree ဆိုတာ သိကြတယ်ဆိုတော့ BSc(Zoo) ဆိုရင် Zoology နဲ့ ကျောင်းပြီးတယ်ဆိုပါတော့။ဒါဆို ကျွန်မက BA(French) အစား BA(Yangon) လို့ ရေးရင် ဘာသာရပ်က ရန်ကုန်လို့ ပြောနေသလို မဖြစ်ဘူးလား ။ ရန်ကုန် အထူးပြု ဘာသာရပ် ရှိလား။ ကြားဖူးကြလား။ ရွာသာကြီးက အရူးတောင်ကြားရင် အော်ရယ်လောက်တယ်။

ဒါဖြင့် PhD( USA) ဆိုတော့ United States of America ဘာသာရပ်နဲ့ ဘွဲ့ရတယ်ပေါ့။ ကမ္ဘာ့ထိပ်တန်း UCL မှာ အလုပ်လုပ်ခဲ့သမျှ သိဖူးသမျှထဲမှာ American studies , African Studies ဆိုတာတွေဘဲ ကြားခဲ့ဖူးတယ်။ PhD(USA )ကို study လုပ်တဲ့ ဘာသာ မတွေ့ဖူးဘူး။ အဲလိုဘဲ PhD( research )ဆိုတဲ့ဘွဲ့ ကမ္ဘာ မှာမရှိပေမယ့် မြန်မာ ဆရာလောကမှာရှိနေတယ်။

အိုကေ… PhD( research )ဆိုတော့ သူက research methods တွေကို အထူးပြုလေ့လာတာလား။ ဒါဆို PhD( research methods) လို့ ရေးရတော့မယ်။ PhD(research) ရယ်လို့ ရေးတာ မြန်မာဆရာ။ PhD ဘွဲ့မရဘဲ ဘွဲ့ဦးထုပ်ကို မြန်မာမှာဆောင်းကြတယ်။ ဒါဖြစ်သင့်လား။

USA ဆိုရင် American studies လား မေးရတော့မယ်။ because သူ့ မှာတင် American literature , history , cultures, economics စတဲ့ အပိုင်းတွေ ပြောစရာရှိလာပြီ။အဲလိုဘဲ PhD (English)ဆိုရင်လည်း literature လား ဘာလားမေးရမယ်။ တချို့က novel တွေ specialised လုပ်ပေမယ့် တချို့က plays( ပြဇာတ်)ကို အထူးပြုလေ့လာတယ်။

undergraduate က 92-120 credits နဲ့ ၄နှစ်တက်ရလို့ ဘာသာတွေ အများကြီးသင်ယူရပေမယ့် PhD က တစ်ဘာသာကိုပဲ အသေးစိတ်လေ့လာတာ။ အဲတော့ PhD ရဲ့ နောက်မှာပါတဲ့ဟာက အဲလူရဲ့ အထူးလေ့လာဘာသာရပ်ပါ။ အဲထဲကမှ အသေးဆုံး အပိုင်းကို စာတမ်းရေးရတာ။ ဥပမာ – PhD in language education ဆိုပါစို့ ။

ဘာသာစကားသင်တာပဲ ဆရာရယ် ကျောင်းသားရယ် ဖတ်စာအုပ်ရယ် ဒါပဲပေါ့လို့  အလွယ်ပြောလို့ရပေမယ့် PhD အတွက် စာတမ်းရေးတဲ့အခါ ဆရာတွေရဲ့ ဘယ် အပိုင်းကို ရေးမှာလဲဆိုတာက စပြောရမယ်။ ဆရာတွေရဲ့ အချိန်မှန်လာမှူကို ရေးမှာလား ၊ သူတို့ ရဲ့ ကျောင်းသားပေါ်ဆက်ဆံပုံကို ရေးမှာလား ကျောင်းအပေါ်ထားတဲ့ သူတို့ ခံယူချက်ကို လေ့လာမှာလား စသည်ဖြင့် narrow down လုပ်ယူရတယ်။

ပြီးမှ research သဘောအရ ဘယ်လို လေ့လာမှာလဲ ဘယ်နိင်ငံက ဘယ်လိုဆရာတွေကို လေ့လာမှာလည်း ပြန်ခွဲထုတ်ရတယ်။ ဥပမာ – special needs လိုတဲ့ ကလေးတွေ သင်တဲ့ ဆရာတွေက သာမန်ကျောင်းမှာသင်တဲ့ဆရာတွေ မတူတဲ့ အချက်တွေရှိတယ်။ သုတေသန ပိုင်းကို နောက်မှ ထပ်ရေးပေးမယ်။

အဲတော့ PhD(Psychology) ဆိုရင် သူက paychology ကို သင်ယူထားတယ် ဒါပေမယ့် အတိုရေးချင်ရင် PhD(Psyh) နဲ့ ရေးလို့ ရပေမယ့် PhD( USA) , PhD( German University) လို့ ရေးရင် ဘွဲ့သာရှိ အထူးပြု ဘာသာမရှိ ဖြစ်နေမှာပေါ့။

ဒီလို ဘွဲ့သာရှိ ဘာသာရပ်မရှိတဲ့ ဆရာက ဘယ်လို အတတ်ပညာတွေနဲ့ ကျောင်းသားကို ပညာမျှဝေမှာပါလိမ့်။ တွေးကြည့်ပါဦး။အခုမှ PhD တက်နေတုန်းဆိုရင် PhD candidate ( History) ရေးလို့ရတယ်။ ဒါမှမဟုတ် PhDstudent ( Public Health) လို့  သုံးလို့ရတယ်။

လက်ရှိအတန်းပညာကို အမှန်တိုင်းရေးတာရှက်စရာမဟုတ်ဘူးမရှိတာကို ရှိဟန်ဆောင်လိမ်တာက လိမ်လည်မှူမြောက်ပြီး ဥပဒေအရ ထောင် ၃ နှစ်ထိ ကျနိင်တာမို့  ရိုးသားကြစေလိုသည်။အဲတော့ PhD ( UK), PhD(USA) စတာတွေ မြင်ရင် ဘယ်ဘာသာနဲ့ ကျောင်းပြီးတာလဲမေးကြည့်ပါ။ မေးခွန်းကိုရှောင်ပြီး ကိုယ့်ကို ရန်ပြန်လုပ်တာ သူတို့ မဖြေနိင်ဘူး ဆိုတာသိတာနဲ့ အလိမ်ဆိုတာ သိပါ။

အစစ်နဲ့အတု ခွဲရတာ လွယ်ပါတယ်။ ဒိထက်ပိုခွဲချင်ရင် year of graduation ကိုမေးပါ။ supervisor ရဲ့ နာမည်မေးပါ။ မေ့နေသယောင်လုပ်ပြရင် အတုပါ။ တကယ် PhD ရလာသူတိုင်းက အဲ supervisor ကို ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ သေအထိမမေ့ဘူး။

နာမည်နောက်မှာ PhD မြင်တိုင်း စွပ်အထင်ကြီး လက်အုပ်ချီ ရှိသမျှ ပုံအောတာဟာ ကိုယ့်ကို မွဲအောင်လုပ်သလို ဖြစ်စေပါတယ်။ အသိနဲ့ သတိကပ်ပါ။လူတိုင်း ပစ္စည်းမှန် လူမှန်နဲ့တွေ့ပြီး နေရာအမှန်မှာ ကောင်းမွန်တဲ့ဘဝတစ်ခု ရကြပါစေလို့ ဆုတောင်းပေးပါတယ်။

Credit to Original Writer

Post Author: Ma Ma Lay