ကျောင်းဆရာ ဖြစ်ဖို့ လွယ်လား

ကျောင်းဆရာ ဖြစ်ဖို့ လွယ်လား

မြန်မာပြည်မှာဆိုရင် ဘာ training မှ မလိုဘဲ guide သင်တာ ရပ်ကွက်ထဲကလေးကျူရှင်ပြတာတွေ စလုပ်လိုက်တာကနေ ကိုယ့်ကိုဆရာလို့ ခေါ်ဝေါ်ပြီး အများစုက ဆရာဖြစ်လာကြတယ်ဆိုတော့ ဆရာဖြစ်ရလွယ်ပါတယ်။

ဒါဖြင့် တခြားနိင်ငံတွေမှာကော ဘယ်လိုလဲ။
-Singapore မှာဆိုရင် ကလေးသေးသေးလေးတွေက အစ သူတို့ ကို စာပြဖို့ဆိုရင် DPL/ CIT/ DMT စတဲ့ training ယူပြီးသားဖြစ်ကြောင်း သက်သေပါတဲ့ဘွဲ့လက်မှတ်ရပြီးမှ အလုပ်လျှောက်လို့ရပါတယ်။

UK မှာ
ကလေးတွေ သင်မယ်ဆိုရင် Early Chilhood
အသက် ၁၅ အောက် သင်မယ်ဆို PECG / PGDCE
တက္ကသိုလ် အဆင့်ဆိုရင် သက်ဆိုင်ရာ specialty မှာ ကျွမ်းကျင်ကြောင်းပြတဲ့ဘွဲ့
အင်္ဂလိပ်ပြသီးသန့် ပုဂ္ဂလိကကျောင်းမှာလုပ်ရင် CEYLTA, CELTA , DELTA and B.A ; M.A in Education

ဒီလို လက်မှတ်တွေပါရုံနဲ့ အလုပ်ရပြီလား။

-No! အဲလက်မှတ်တွေပါရင် လူတွေ့  အင်တာဗျူးခေါ်တယ်။ ကြိုက်ရင် job trail လုပ်ခိုင်းတယ်။ one session သင်ပြတာကို panelist က checklist နဲ့ အကဲခတ်ပြီး သင့်တော်တဲ့သူကို ခန့်တယ်။

ဒါဆို အလုပ်ရပြီးရင် certified teacher ဆိုတော့ရွှေလက်သီး ကျူရှင်သင်စားလို့ ရပြီလား။
-No! လစာခလွဲရင် ဘာမှ မရသလို အပြင်ငွေ other incomes ရှိရင် အစိုးရကို tax ဆောင်ဖို့  အသိပေးရတယ်။

UKက တနေ့ လုပ်ချိန် ဘယ်လောက်လဲ။
-ဒါကတော့ ကျောင်းပေါ်မူတည်တယ်။ uni တွေမှာဆိုရင်တော့ contract အပေါ်မူတည်တယ်။ ယေဘူယျပြောရရင် full-time contract က တပတ် ၃၅ နာရီ ပါ။ ကျောင်းရယ်လို့  register လုပ်ပြီး လုပ်ငန်းဖွင့်သူတိုင်းက full-time staff တွေကို တပတ် ၂ရက် day off ပေးရပါတယ်။ အပိုဆင်းခိုင်းရင် OT ကြေးပေးရပါတယ်။ ဒါမှမဟုတ် lieu day( တရက် နားဖို့  အစားပြန်ရပါတယ်) ပေးရပါတယ်။

☄️ရန်ကုန်မှာလို ဆရာဖြစ်ပြီးရော မူကြိုဆရာ တက္ကသိုလ်ဆရာရောနေလား။
-UK မှာက သီးသန့်အလွှာနဲ့ အကန့်လေးတွေရှိကြတယ်။( မိတ်ဆွေလို ခင်လို့ ရောတာကလွဲရင် အလုပ်ကိစ္စတွေမှာမရောဘူး။ တက္ကသိုလ်ဆရာက မူကြိုကလေး ကျူရှင် မပြသလို ၅ တန်းဆရာမက ၉ တန်းကိုလည်း စာမသင်ဘူး။ )

မှတ်ချက်။ ။ နိင်ငံတွေရဲ့ စာသင်နှုန်းဂကွာခြားပုံကို နှိုင်းယှဉ်ရေးပြခြင်းသက်သက်ပါ။

Credit to original writer

Post Author: Ma Ma Lay