စကားမ​ချော်​​စေနဲ့

စကားမ​ချော်​​စေနဲ့

Greek နိုင်​ငံကို နှစ်​​ပေါင်း သုံးဆယ်​​ကျော်​ တိတိကျကျဆိုရင်​ နှစ်​​ပေါင်း (၃၃ နှစ်​) ​ကျော်​ အုပ်​ချုပ်​ခဲ့တဲ့ Pericles ပဲရိကလိစ်​ဟာ မိုးလင်းတိုင်း ​တောင်းတဲ့ ဆု​တောင်းတစ်​ခုရှိတယ်​တဲ့..

အကျိုးမရှိတဲ့စကား မသင့်​​တော်​တဲ့စကားကို တစ်​ခွန်း​တောင်​မှ သတိလက်​လွတ်​ ပါးစပ်​က​နေ ထွက်​မသွားတဲ့သူ ဖြစ်​ပါရ​စေ တဲ့။ဒါဟာ သူ ဘယ်​​လောက်​ discipline ကြီးကြီးနဲ့ သူ့ကိုယ်​သူ တည်​​ဆောက်​ထားသလဲ ဆိုတာ ပြတာပဲ။

ဒါ့​ကြောင့်​ပဲ သူဟာ Greek သမိုင်းမှာ Age of Pericles လို့ သတ်​မှတ်​ရတဲ့ထိ ​ပြောင်​​မြောက်​တဲ့ နိုင်​ငံ့​ခေါင်း​ဆောင်​ တစ်​​ယောက်​ဖြစ်​ခဲ့တယ်​​နော်​။ ပြီး​တော့ သူဟာ စကား​ပြော အင်​မတန်​ပိုင်​တဲ့သူ ဖြစ်​​တယ်​လို့ မှတ်​တမ်းတင်​ခံရတယ်​။

အင်​မတန်​လည်း သိက္ခာကြီး dignity ကြီးတယ်​။ ဘယ်​သူ့ကိုမှလည်း ​ချော့​ချော့​မော့​မော့ လုပ်​မနေပဲနဲ့ နိုင်​ငံကိုတည်​​ဆောက်​သွားတယ်​။ သူ့ရဲ့ ဥာဏ်​အ​မြော်​အမြင်​နဲ့ ချင့်​ချင့်​ချိန်​ချိန်​စရိုက်​ဟာ သူ့ရဲ့ ​ပြောင်​​မြောက်​တဲ့ personality ထဲမှာ အ​ကျော်​ကြားဆုံး ​ပေါ်ထွက်​ခဲ့တယ်​။

ဒါဟာ လူတစ်​​ယောက်​ ​ဖြစ်​နိုင်​ခဲတဲ့ ကိစ္စလို့ ​ပြောရမှာပါ။ ဒါ​ပေမယ့်​ ဒါဟာ မဖြစ်​နိုင်​ ခဲ့တာမှ မဟုတ်​ပဲ။သူလို သမိုင်းဝင်​လူက မနက်​တိုင်း​တောင်းတဲ့ ဆုဟာ သတိမပါ ဥာဏ်​မပါ စကားမ​ချော်​ပါရ​စေနဲ့ လို့ အဓိပ္ပါယ်​ရတဲ့ ဆုကို ​တောင်းတယ်​တဲ့ ​နော်​။

အဲဒီ​တော့ ပြန်​စဉ်းစားကြည့်​ရင်​ သတိလွတ်​ပြီး ကိုယ့်​ပါးစပ်​က ထွက်​ချင်​ရာ ထွက်​မိခဲ့လို့ ကိုယ့်​ဘာသာပြန်​ရှက်​​နေရတဲ့ စကား​တွေ ဘယ်​​လောက်​များသလဲလို့။ကိုယ့်​ဘာသာ ပြန်​ရှက်​​နေရတဲ့ အချိန်​မှာ သတိထားကြည့်​.. စိတ်​မှာ အားမရှိဘူး.. ​ပျော်​ရွှင်​ကြည်​နူးတဲ့စိတ်​ ရှိမ​နေ​တော့ဘူး .. စိတ်​က နုံနုံနဲ့နဲ့​လေး ဖြစ်​​နေတယ်​…

ဘယ်​​လောက်​ နစ်​နာလိုက်​သလဲလို့..လူဆိုတာ ဥာဏ်​မြင့်​တတ်​တဲ့ သတ္တဝါ။ မ​နေ့က အသိဥာဏ်​နဲ့ ဒီ​နေ့ အသိဥာဏ်​​တောင်​ တူတာ မဟုတ်​ဘူး။ သတိနဲ့ ​နေတတ်​တဲ့သူဆိုရင်​ ခုဏက အသိဥာဏ်​နဲ့ ခုအသိဥာဏ်​​တောင်​ သိသိသာသာ ကွာသွားပြီဆိုတာ ကိုယ့်​ဥာဏ်​မှာ မြင်​​နေရတယ်​။

အဲဒီ​တော့ မ​နေ့က အ​ပျော်​လွန်​လို့ဖြစ်​​စေ ..​ဒေါသဖြစ်​လို့ဖြစ်​​စေ မာနဖြစ်​လို့ဖြစ်ျစ စိတ်​ကသိက​အောင့်​ ဖြစ်​လို့ ဖြစ်​​စေ ​ချော်​ခဲ့ မှားခဲ့တဲ့ စကား​လေး​တွေက ဒီ​နေ့ ဥာဏ်​နဲ့ ပြန်​ကြည့်​ရင်​ ရှက်​စရာ ဖြစ်​ရရင်​ မ​ကောင်းဘူး။

ကိုယ်​​ချော်​ခဲ့တဲ့စကားဟာ ကိုယ့်​သမိုင်းပဲ။

ကိုယ့်​သမိုင်းကိုယ်​ ​နေ့တိုင်း​ရေးတာပဲ။

စိတ်​ကလည်း အမှားတိုင်းကို recording လုပ်​မိလျက်​သားပဲ။

ကိုယ့်​ဘဝမြင့်​မား​တော့မယ့်​အခါကျ​တော့မှ ကိုယ်​ပါးစပ်​က ထွက်​ခဲ့တာ​တွေ ပြန်​မှတ်​မိ​နေရရင်​ အဆင့်​ဘယ်​​လောက်​မြင့်​မြင့်​ ၊ ရာထူး ဂုဏ်​ထူး ဘယ်​​လောက်​ကြီးကြီး ဘယ်​​တော့မှ သိက္ခာကြီးတဲ့ စိတ်​ခံစားမှုကို ခံစားရမှာ မဟုတ်​​ဘူး။
အဲဒီ​တော့ ဘဝကို ​နေတဲ့အခါ… မနက်​ဖြန်​ကျရင်​ ​နောင်​တချိန်​ကျရင်​ ရင့်​လာမယ့်​ ဥာဏ်​ကို ​​မျှော်​ပြီး နေပါ။

အနည်းငယ်​​တော့ ​စောင့်​စည်းရတာ ချုပ်​တည်းရတာ ရှိမှာ​ပေါ့။ကိုယ့်​ personality နဲ့ character ကို develop လုပ်​တဲ့အခါ ​ပေးဆပ်​ရမှု တချို့​တော့ ရှိမှာ​ပေါ့။ဒါ​ပေမယ့်​ ဒါကို မတန်​ဘူးလို့ ​ပြောမှာလား။စိတ်​ချမ်းသာမှု ရှိပြီး မြင့်​မားတဲ့ စိတ်​​နေစိတ်​ထားအတွက်​ မတန်​ဘူး ဆိုတာ မရှိပါဘူး။

Credit to Htet Htet Tun

Post Author: Ma Ma Lay