တစ်ဖက်သားကို လေးစားတတ်သူဟာ ယဉ်ကျေးသူပါပဲ

တစ်ဖက်သားကို လေးစားတတ်သူဟာ ယဉ်ကျေးသူပါပဲ

စလုံးက အများပြည်သူသုံး ရထားတွေ၊ ဘတ်စ်ကားတွေမှာ Be Considerate ဆိုပြီး ရေးထားလေ့ရှိတယ်..

Considerate ရဲ့အဓိပ္ပါယ်က အခြားလူတွေ ကိုယ်ကြောင့် အဆင်မပြေမှု၊ အနှောင့်အယှက် ထိခိုက်မှု မဖြစ်အောင် ဂရုတစိုက်ပြုမူခြင်းပါပဲ…

အထူးသဖြင့် အများပြည်သူနဲ့ ယှဉ်တွဲအသုံးပြုနေရတဲ့ လမ်းတွေ၊ ယာဉ်တွေ၊ ရထားတွေ၊ စက်လှေကား၊ ဓာတ်လှေကားတွေမှာ အခြားသူအတွက် တွေးပေး၊ စဉ်းစားပေးပြီး ပြုမူတတ်ကြဖို့ အရမ်းအရေးကြီးတယ်..

ဒီခေါင်းစဉ်ခေါင်းထဲရောက်လာပုံကတော့ ပုဂံအမြန်ရထားစီးရတဲ့အတွေ့အကြုံကြောင့်ပါ..

ယောက်ျားလေးတစ်သိုက် ရထားပေါ်တက်လာတယ်…တက်လာကတည်းက အော်ဟစ်သောင်းကျန်းကြတာ သန်းခေါင်ထိပါပဲ.

Video Call တွေခေါ်ပြီး တစ်တွဲလုံး နားရှက်ရလောက်အောင် E လိုတွေရော၊ ဗမာလိုတွေရော မိုးမွှန်အောင် ဆဲကြတယ်…

အကြိမ်ကြိမ်သွားပြောမိဖို့ ထမိ၊ ကြည့်မိပေမယ့် ပြောလို့အဆင်မပြေရင် ပိုဆိုးသွားမှာမို့ စိတ်လျော့ရတယ်..သန်းခေါ်နားနီးမှ ငြိမ်သွားတယ်…နိုင်ငံခြားသားတွေရှေ့မှာလည်း ဖာ့ခ်ယူလို့ တစ်တွဲလုံး နားမခံသာအောင် အော်ဆဲနေတာမို့ တကယ် အရှက်ရစရာ ကောင်းတယ်.

အပြန်ရထားကျတော့လည်း မိန်းကလေးတစ်သိုက် သီချင်းတွေ အော်ဆို လိုက်လာကြတယ်..တော်ရုံ volume ဆို စာဖွဲ့စရာမရှိပါဘူး..အသံကုန်အော်ဟစ်ဆိုကြလို့ ဒီဘက်ခြမ်းမှာ ကိုယ်အပါအဝင် အေးဆေးစွာ အိပ်လိုက်ဖို့ကြိုးစားတဲ့သူတွေအတွက် အနှောက်အယှက်ကြီးစွာဖြစ်ရတယ်…

ခရီးသွားတဲ့အခါ အခြားခရီးဖော်တွေ ငါ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေမလားဆိုတဲ့ အသိမျိုး လုံးဝမရှိတဲ့သူတွေဟာ တော်တော်အံသြစရာကောင်းသလို တစ်ဖက်ကကြည့်ရင် သူတို့ အ့ပျော်လွန်နေလို့နေမှာပါလို့ ဖြေတွေးရတယ်..နို့မို့ လူရိုက်မှုတွေဖြစ်နိုင်တယ်…

တကယ်တန်းတွေးကြည့်ရင် အေးအေးဆေးဆေးသွားချင်ရင် ရထားတစ်တွဲလုံး ငှါးပါ့လားလို့ အငေါ်တူးလို့ရပေမယ့် အခြားခရီးဖော်တွေကို နှောင့်ယှက်နေတာ အေးဆေးစွာ အိပ်လိုက်ခြင်းမဟုတ်ပဲ အော်ဟစ်ဆူညံနေခြင်းကသာ နှောင့်ယှက်နေတာမို့ ဆူညံခြင်းနဲ့ ခရီးသွားလိုသူတွေသာ ရထားတစ်တွဲလုံး ငှါးပြီး စိတ်ကြိုက် သောင်းကျန်းသင့်ပါတယ်…

သမိုင်းအစဉ်အလာအရ သက်မှတ်တဲ့ ယဉ်ကျေးမှုစရိုက်တွေဆိုတာ မေးခွန်းထုတ်ဖို့၊ အရပ်ဒေသအချိန်အလိုက် ပြောင်းလဲဖို့သင့်ပေမယ့် “ကိုယ့်အပြုအမူကြောင့် သူတစ်ပါးစိတ်အနှောင့်အယှက် ဖြစ်နိုင်လား”ဆိုပြီး စဉ်းစားပေးတတ်တဲ့ ယဉ်ကျေးမှုကတော့ နေရာမရွေး အချိန်မရွေး နိုင်ငံမရွေး ကျင့်သုံးသင့်တယ်…

အခြားသူတွေအတွက် စဉ်းစားအပေးတတ်ဆုံး နိုင်ငံဟာ ယဉ်ကျေးမှု မြင့်မားတယ်လို့ သက်မှတ်ရမှာဖြစ်ပြီး အဲ့ဒီစံနဲ့ဆို ဂျပန်ဟာ ယဉ်ကျေးမှုမြင့်မားတယ်လို့ဆိုချင်ပါတယ်…

ကားတွေဟာ လမ်းသွားသူတွေကို လေးစားသမှု ရပ်ပေး၊ အရှိန်လျှော့ပေးတတ်သလို လမ်းလျှောက်သူတွေဟာလည်း ကားတွေကို တလေးတစား ကူးဖြတ်တတ်တယ်..စက်လှေကားတွေမှာ တစ်ဖက်ရပ် နေရာချန်ပေးတတ်သလို အဆောက်အဦးတွေထဲဝင်တဲ့အခါ နောက်လူအတွက် တံခါးဖွင့်ပေးတတ်တာမျိုးတွေ ရှိတယ်…

ယဉ်ကျေးတတ်ဖို့ဆိုတာ မူလဗီဇလား. သင်ယူလေ့ကျင့်ရတာလား မေးရင်တော့ ကိုယ်လည်း မသိပါဘူး..ကိုယ့်အတွက်တော့ အချို့ ယဉ်ကျေးမှုတွေက အော်တိုဖြစ်ပြီး အချို့ယဉ်ကျေးမှုတွေက သင်ယူရတယ်..

အချို့ယဉ်ကျေးမှုတွေကတော့ ကိုယ်ပိုင်အသိမရှိသေးခင် အတုမြင်အတတ်သင်၊ ကိုယ့်ရှေ့က လူတွေလုပ်တာမြင်ပြီး လိုက်လုပ်ရတာမျိုးပဲ..ဥပမာ စည်းကမ်းရှိရှိ တန်းစီရတာမျိုး၊ စက်လှေကားတွေမှာ တစ်ဖက်ရပ်ပေးရတာမျိုး၊ အမှိုက် မပစ်တာမျိုးပေါ့…ဒါမျိုးဆို အသိမရှိသေးတဲ့ ကလေးတွေကို လူကြီးတွေက လုပ်ပြပြီး သင်ပေးရတာမျိုးပါ..

ဒီတော့ အများပြည်သူသုံး ယာဉ်ရထားလမ်းကြောင်းတွေမှာ သွားလာတဲ့အခါ ကိုယ်ဟာ မခံရပ်နိုင်အောင် ဆူညံနေပြီလားဆိုတာ သတိထားပါ…ပြီးရင် ကျန်တဲ့သူတွေနဲ့ ဆက်သွယ်ပြောဆို တောင်းပန်ပါ..ဖော်ရွေပာ..အသံလျော့ပါ..

ဘယ်သူမဆို လေးစားမှုကို သဘောကျပါတယ်..နို့မို့ရင်တော့ ကိုယ်ဟာ ယဉ်ကျေးဖွယ်ရာမရှိတဲ့သူလို့ သက်မှတ်ခံရမှာပါပဲ…ဒါဟာ တကယ် ရှက်ဖို့ကောင်းတဲ့ အဖြစ်တွေပါပဲ..

SYTD

Post Author: Ma Ma Lay