ယနေ့အတွေး

ယနေ့အတွေး

ရေဒီယိုသတ္တိပါတဲ့ ဂျပန်​ငါး​တွေပိတ်​ပင်​ဘို့ ကိုရီးယားမှာဆန္ဒပြ arirang သတင်းကြည့်​ရင်း ယခင်​အ​တွေး​လေးဆက်​စပ်​​တွေးမိတယ်။

ယ​နေ့မြန်​မာပြည်​မှာ FDAစစ်​တာ​တော်​​တော်​​လေး လုပ်​လာတယ်​ မလုပ်​လို့ရလည်းမဖြစ်​​တော့ဘူး မဟုတ်​လျင်​ ကူးစက်​/မကူးစက်​​ရော ​ရောဂါ​ပေါင်းစုံဖြစ်​​နေမူမှာ စစ်​​မြေပြင်​ /ဆင်းရဲနွမ်းပါး အာဖရိက အချို့နိုင်​ငံ​တွေရဲ့ စံချိန်​ကို​တောင်​ ချီုးနေပြီဆို​တော့ အရိုးစည်းရိုးထိုး​ပေဘို့စု​ဆောင်း​ပေး​နေသလိုဖြစ်​လာ​တော့မယ်​။

တကယ်​​တော့ အစားအစာနှင့်​အသုံ​ဆောင်​ပစ္စည်း​တွေလုံခြုံမူမရှိတာ ယခင်​တည်းကသိပါတယ်​ ထိထိ​ရောက်​​ရောက်​တားနိုင်​တဲ့ အ​ခြေ​နေမရှိ တာရယ်​ အခြားအချက်​အလက်​မျိုးစုံရယ်​​ကြောင့်​ ထိ​ရောက်​စွာမလုပ်​ဖြစ်​တာပါ ထိုထဲမှာကုန်​​ဈေးနှုံးတက်​လာမှာလည်းပါမယ်​ထင်​တယ်​။

အစား​သောက်​နှင့်​ကုန်​ပစ္စည်​ထုတ်​လုပ်​သူ​တွေ/တင်​သွင်းသူ​တွေ အန္တရယ်​ဖြစ်​မှန်းသိ​ပေမဲ့ မျက်​စီိမှိတ်​လုပ်​​နေကြတာက အကျိုးမြတ်​ရယ်​ လုပ်​လို့ရတာရယ်​​ကြောင့်​ပါ အမှန်​ကန်​လုပ်​ရင်​ ​ဈေးကြီး​လာ​တော့မယ်​​လေ။

တွေးဖြစ်​တဲ့အ​တွေးက ယ​နေ့အစိုးရသစ်​လက်​ထက်​ စီးပွား​ရေးတုံးဆိုင်းတယ်​ ကုန်​​ဈေးနှုံး​တွေတက်​တယ်​​ ဘာ​ကြောင့်​လဲ
1- ​မြန်​မာ​ငွေတန်​ဘိုးကျတယ်

 2-အခွန်​​တွေတက်​လာတယ်​ (အခွန်​ကိစ္စကယခင်​​ရေးဘူးသလိုပါပဲ ဥပ​ဒေ​တွေ​ခေတ်​နဲ့မညီဘူး ညီ​ပေမဲ့ အဂတိတရား​ကြောင့်​ ညိနှိုင်းလုပ်​ကြတယ်​ ခုအစိုးရသစ်​လက်​ထက်​ အတိကျလုပ်​ရမယ်​ဆို​တော့ ဝန်​ထမ်းဘက်​​ရော စီးပွား​ရေးသမားလက်​​ရော အဆင်​သင့်​မဖြစ်​ဘူး။ ​ခုမှပေးလိုက်​တဲ့အခွန်​က ကုန်​ပစ္စည်း​ပေါ်သက်​​ရောက်​သွားတယ်​)

3- FDA အပါ အခြား​သောဝန်​ထမ်းစည်းမျည်းစည်းကမ်း​တွေပိုတိကျလာတယ်​ ဒီ​တော့ ကုန်​ကျစရိတ်​တက်​လာတယ်

 4- ယခင်​က အစိုးရက ဘတ်​ဂျတ်​လို​ငွေပြ ​ငွေစက္ကူ ပိုမိုရိုက်​ထုတ်​စနစ်​နဲ့ ​တိုင်းပြည်​ထဲ​ငွေ​တွေထည့်​​နေရာက ရုတ်​တရက်​ ရပ်​တန့်​စိစစ်​လိုက်​​တော့ ​ငွေကျုံသွားတယ်

5- ကြိုက်​​သောရှိ/မရှိ မူးယစ်​​ဆေးဝါး ​ရောင်းချမူကရတဲ့​ငွေ​တွေ တိုင်းပြည်​ထဲပုံစံတမျိုးနဲ့လှည့်​ဝင်​တာ နည်းသွားတယ်

6- ကမ္ဘာစီးပွား​ရေးလည်းတန့်​ချိန်​တိုက်​ဆိုင်​သွားတယ်

7- တိုင်းပြည်​ပြန်​ပို့​ငွေ​တွေနည်းသွားတယ်​ထင်​တယ်​ ဒါ​ပေမဲ့ ​ရွေး​ကောက်​ပွဲက ÷ – ဖြစ်​သွားတာ​ကြောင့်​ ဓနအင်​အား​တောင့်​တင်း​နေတဲ့အဖွဲ့စည်းကသူ​တွေ စိတ်​ချရတဲ့​နေရာ/ပစ္စည်း​ရွေ့ကြ​တယ်

 8- ငြိမ်းချမ်း​ရေးအဆင်​မ​ပြေ​သေးတိုက်​ပွဲ​တွေ​ကြောင့်​ကုန်​သွယ်​မူထိခိုက်​သလို နယ်​စပ်​ကုန်​သယ်​မူမှာ အဓိကအခန်းကပါ​နေတဲ့ ငြိမ်းချမ်း​ရေးယူ/မယူအဖွဲ့​တွေရဲ့ လုပ်​ပိုင်​ခွင့်​ပြသာနာ တနည်းတဖုံသက်​​ရောက်​​နေနိုင်​တယ်

9- သဘာဝ​ဘေးအန္တရယ်​​ကြောင့့်ပျက်​ဆီးမူများလာတယ်

10- အစိုးရရဲ့စီးပွား​ရေးအ​ပေါ် အာရုံစိုက်​မူ အစပိုင်းမှာနည်းတယ်​ ​ပေါ်လစီ​တွေမငြိမ်​ဘူး (ထည့်​​ပြောရလျင်​ စီးပွား​ရေးအရထက်​ အလှအပနဲ့​ နိုင်​ငံတကာစံ​တွေပိုအားထားသလိုဖြစ်​တယ်

ဥပမာ-ကွမ်းကိစ္စ ကမှန်​​ပေမဲ့ ထိုလုပ်​ငန်းတခုလုံးမှိခို​နေတဲ့သူ​တွေ ထုတ်​ကုန်​မရှိ တဲ့တိုင်းပြည်​စီးပွား​ရေး​ပေါ်သက်​​ရောက်​မူတွက်​တာနည်းတယ်​ YBS ​ကျောင်းကား ဘယ်​​မောင်း ​မော်​ဒယ်​မြင့်​ ကိစ္စလည်းမှန်​​ပေမဲ့ သုံးလိုက်​ရတဲ့အရင်းနှီးများတယ်​ ချက်​ချင်းကြီးစီးပွား​ရေးအကျိုးမြတ်​ကပြန်​မရ​သေးဘူး ။လုပ်​ငန်း​ပေါ်မှိခိုထားတဲ့ လူ​တွေ အ​ပေါ်ယံများ​နေတဲ့ စီးပွား​ရေး​တွေထိကုန်​တယ်​)

11- မူဝါဒနှင့်​အ​ခြေ​နေကိုကြည့်​​နေတဲ့ ပြည်​ပက FDI ထင်​သ​လောက်​မဝင်​​သေးဘူး(ခုနှစ်​​မှာတော့တက်​လာတယ်​) ပြည်​တွင်းက ဓနရှင်​​တွေလည်း အစိုးရ က တိုင်းပြည်​ကို တကယ်​ငြိမ်းချမ်းတည်​ငြိမ်​​အောင်​အုပ်​ချုပ်​နိုင်​မလားကြည့်​ပြီး အသွင်​​ပြောင်းထားပို့ထားတာ​တွေအရည်​​ဖျော်​ကာ ပြည်​တွင်းမှာ မမြုပ်​နှံနိုင်​​သေးဘူး (အ​ပေါ်အချက်​ပါ မူဝါဒမတည်​ငြိမ်​တာရယ်​ ဥပ​ဒေအကာကွယ်​ရယ်​ စတာ​တွေ​ကြောင့်​ ပြည်​ပမှာ သွားမြုပ်​နှံကြတာလည်းပါတယ်​ဖတ်​ရတယ်​)

ဒီအချက်​​တွေထဲမှာ အစိုးရက ချက်​ချင်းလုပ်​နိုင်​တာက စီးပွား​ရေးကိုအာရုံပိုစိုက်​ကာ ယခုထက်​ မူဝါဒ​ကောင်း​ကောင်း​တွေ လုပ်​တာရယ်​ ​အခွန်​ဆိုတာ အစိုးရတရပ်​တွက်​မရှိမဖြစ်​လိုတာမှန်​​ပေမဲ့ ကုန်​​ဈေးနှုံးကျဆင်း​ရေး အခြား​သောဖိအား​တွေ မဖယ်​နိုင်​ခင်​ သင့်​​လျှော​သောအခွန်​အ​နေထား​ကောက်​ခံခြင်းပါ (အခွန်​လွတ်​​ပေးထားတဲ့ စာရင်းဇယားသိရှိ​အောင်​ 0.01 %ဆိုတာမျိုး​တွေကပိုအဆင်​​ပြေနိုင်​မလားပဲ ) ပြည်​ပFDI တွက်​ဆွဲအား​ကောင်း​ကောင်းလိုသလို ပြည်​တွင်းဓနရှင်​​တွေတွက်​ ဆွဲအားတွန်းအားလိုပါတယ်​ FDA လိုမျိုးက​တော့​လျော့လိုမဖြစ်​ဘူး။

Credit to Kyaw Zin

Post Author: Ma Ma Lay