ေ အာင်မြင်ချင်ရင် ဒါလေးတွေ သတိထား

ေ အာင်မြင်ချင်ရင် ဒါလေးတွေ သတိထား!

(၁) သူများပြောတာကို မခံစားနဲ့။ အောင်မြင်ချင် ချီးကျူးမယ်၊ ကျရှုံးရင် ကဲ့ရဲ့မယ်။ ဒါ သဘာဝပါ။ ဝေဖန်တာတွေကနေ ကိုယ့်ရဲ့အားနည်းချက်တွေကိုပြင်လို့ရပါတယ်။ ဒါပေမယ့် ဒီဝေဖန်စကားတွေကို ရင်ဘတ်ထဲထည့်ပြီး မခံစားပါနဲ့။

(၂) အမြဲတမ်းမှန်တယ်မထင်နဲ့။ ကိုယ့်အမြင်တစ်ခုတည်းကပဲ အမြဲတမ်းမှန်တယ်လို့ မယူဆနဲ့။ သူ့ဘက်၊ ကိုယ့်ဘက် မတူတဲ့အမြင်တွေရှိတယ်ဆိုတာအမြဲ သတိထား။

(၃) နည်းနည်းပြော၊ များများနားထောင်။ ပြောတဲ့အလုပ်က မျှဝေဖို့ပါ။ နားထောင်တဲ့အလုပ်က သင်ယူဖို့ပါ။ တစ်ခုသတိထားရမှာက သင်ယူခြင်းမရှိဘဲနဲ့ မျှဝေဖို့မဖြစ်နိုင်ဘူးဆိုတာပါ။ များများနားထောင်တဲ့အကျင့်ကို မွေးယူပါ။

(၄) လက်တွေတွဲပါ။ ဆိုရိုးရှိပါတယ်။ “မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ။ ဝေးဝေးသွားချင်ရင် အတူသွားပါ” တဲ့။ ဆယ်ယောက်ပေါင်းထားတဲ့ စွမ်းအားက တစ်ယောက်တည်းထက် သာတယ်ဆိုတာ မေ့မထားပါနဲ့။

(၅) အပြစ်မတင်နဲ့။ သူတစ်ပါးရဲ့ အားနည်းချက်ကိုလည်း အပြစ်မတင်နဲ့။ ကံကြမ္မာကြောင့် ဖြစ်လာတာတွေကိုလည်း အပြစ်မတင်နဲ့။ ရလာတဲ့ ရလဒ်အပေါ်မှာ တာဝန်ယူဖို့သာ ပြင်ဆင်ပါ။

(၆) ခရီးရှည်ကြီး ဖြစ်တယ်။ ဘဝဆိုတာ ခရီးရှည်ကြီးပါ။ ဒီခရီးမှာ အခက်အခဲတွေပြည့်နေမှာဖြစ်ပြီး အောင်မြင်ခြင်းတွေ၊ ကျရှုံးခြင်းတွေ ပါဝင်နေမှာပါ။ ဒီခရီးကြီးက အရှုံးမပေးမချင်း မရှုံးနိုင်တဲ့ပြိုင်ပွဲကြီးပါ။

Credit (Focus Youth)

Post Author: Ko Sai