Credit card ဆိုတာ. . . .

Credit card ဆိုတာ. . . .

Credit Card ဆိုသည်မှာ
ကြိုတင်သတ်မှတ်ထားသော ငွေပမာဏကို သတ်မှတ်ထားသော အတိုးနှုန်းဖြင့်
ချေးယူအသုံးပြုနိုင်သော Card အမျိုးအစားဖြစ်ပါသည်။
Credit Card ကို အဓိကအားဖြင့် Unsecured Credit Card နှင့် Secured Credit Card ဟူ၍ အမျိုးအစား နှစ်မျိုး ရှိနိုင်ပါသည်။
Unsecured Credit Card ဆိုသည်မှာ နိုင်ငံတစ်ကာတွင် တွင်ကျယ်စွာ အသုံးပြုနေသော Credit Card အမျိုးအစားဖြစ်ပါသည်။ ဤ Credit Card အမျိုးအစားကို သုံးစွဲခွင့်ရရှိရန် Card Issuing Bank ၏ Policy နှင့် Guideline များအရ သုံးစွဲမည့်သူ၏ Credit History၊ ငွေကြေးခိုင်မာမှု၊ အာမခံမည့်သူ၊ ၀င်ငွေရရှိမှု အခြေအနေ အစရှိသည့် အချက်အလက်များအပေါ်မူတည်ပြီး လူတစ်ဦးချင်းစီ၏ Credit Card သုံးစွဲနိုင်မှုငွေပမာဏကို သတ်မှတ်ထားပါသည်။
ဤ Unsecured Credit Card ကို အသုံးပြုရန် ဘဏ်တွင် အာမခံငွေထားရန် မလိုအပ်ပါ။
Secured Credit Card ဆိုသည်မှာ Credit Rating, Credit History မရှိသေးသော သူများအတွက် အထူးသင့်တော်သော Credit Card အမျိုးအစားဖြစ်ပါသည်။
ဤ Credit Card အမျိုးအစားကို သုံးစွဲခွင့်ရရှိရန် Card Issuing Bank ၏ Policy အရ ဘဏ်တွင် စာရင်းသေအပ်ငွေကို အာမခံငွေအဖြစ် ထားရှိရန် လိုအပ်ပါသည်။
နိုင်ငံတကာတွင် အကြောင်းအမျိုးမျိုးကြောင့် Unsecured Credit Card အသုံးပြုခွင့် မရရှိသေးသော သူများအား ကနဦးအနေဖြင့် Secured Credit Card ကို စတင်အသုံးပြုစေခြင်းဖြင့် အသုံးပြုသူ၏ Credit Rating ကို ဘဏ်မှ အချိန်ကာလတစ်ခုအတွင်း လေ့လာစောင့်ကြည့်ပြီးမှ Unsecured Credit Card ကို အသုံးပြုခွင့်ပေးပါသည်။
ကြိုတင်ချေးယူသုံးစွဲထားသော ငွေပမာဏကို သတ်မှတ်ထားသော ရက်အတွင်း ပြန်ဆပ်ပါကအတိုးနှုန်းပေးစရာမလိုအပ်ပါ။
Credit Card ကို Hotels, Restaurants, Travels & Tours, Jewellery, Souvenir Shop အစရှိသော စီးပွားရေးလုပ်ငန်းများရှိ စားပွဲတင်ကျသင့်ငွေဖြတ်စက်ဖြစ်သော POS Terminal များတွင် ငွေသားကိုင်ဆောင်စရာ မလိုဘဲ ၄င်း Card ဖြင့်ပေးချေနိုင်ပါသည်။
ထို့ အပြင် ” e – commerce ” ကဲ့သို့  ” Online Shopping Website ” များတွင်လည်း Credit Card ဖြင့် ၀ယ်ယူနိုင်ပါသည်။

Credit to သင့်အတွက် စီးပွားရေးဆိုင်ရာ နည်းပညာဝဘ်ဆိုဒ်

Post Author: Ko Sai