“ကနောင်” မှ အောက်ပါတို့ကို အသက်သာဆုံး နှုန်းထားများဖြင့် အရည်အသွေးမြင့် အကောင်းဆုံး ၀န်ဆောင်မှု ပေးနေပါသည်....
About Us
စွန့်ဦးတီထွင်သူ "ကနောင်မင်းသားကြီး" အား ဂုဏ်ပြုလျက် ကျွန်တော်တို့ Web Design Company အား “ကနောင်” ဟုမှည့်ခေါ်ထား၏။
“ကနောင်” သည် နိုင်ငံတကာရောက် မြန်မာကျောင်းသား တစ်စုတို့၏ စုပေါင်းလုပ်ဆောင်မှု တစ်ခုမှ ထွက်ပေါ်လာသော အသီးအပွင့် တစ်ရပ်လည်း ဖြစ်၏။ ကနောင်တွင် ပါဝင်လုပ်ဆောင်နေသူ အားလုံးတို့သည် နိုင်ငံတကာတွင် ပညာသင်ကြား နေကြသော ကျောင်းသားများဖြစ်သည့် အားလျော်စွာ “ကနောင်” အနေဖြင့် ဒြပ်ထု၊ ဒြပ်ထည်နှင့် လက်တွေ့အားဖြင့် မြင်တွေ့၊ ကြည့်ရှု၊ စစ်ဆေးနိုင်သည့် ကုမ္ပဏီရုံးခန်း ဟူ၍ မရှိ၊ အစည်း အဝေး ခန်းမများ မရှိ၊ ဆိုင်းဘုတ်မရှိ၊ ဖိုင်တွဲများမရှိ၊ မြင်တွေ့နေကျ ကုမ္ပဏီတစ်ခု၏ အင်္ဂါရပ်များ “ကနောင်” တွင်ဘာမျှ လူကြီးမင်းတို့ တွေ့ရမည် မဟုတ်ပါ။
ဤသို့ဆိုလျင် "ကနောင်" မည်သို့၊ မည်ပုံ အလုပ်လုပ်၍ မည်သည့်နည်းစနစ်များ ဖြင့် ၀န်ဆောင်မှုများအား အဆင်ပြေချောမွေ့အောင်၊ ဆောင်ရွက်ပေးနေပါသနည်း ဟု မေးစရာရှိနိုင်ပါသည်။
“ကနောင်” ၏ အလုပ်လုပ်ပုံအား ဤနေရာ တွင် အပြည့်အစုံ ဖော်ပြထားပြီး ဖြစ်၏။
“ကနောင်” သည် အမှန်စင်စစ်အားဖြင့် အပြည့်အ၀ “ဒြပ်မဲ့ အဖွဲ့” (Virtual Team) တစ်ခုသာ ဖြစ်ပေသည်။
