ဒစ်ဂျစ်တယ်စီးပွားရေး

ဒစ်ဂျစ်တယ်စီးပွားရေး *ဒီလို လုပ်နေကျပဲလေ* ဆိုတဲ့ ပြောနေကျစကားကို ကျနော်တို့ဆက် ပြောနေဦးမှာလား။ ဒါဆိုရင်တော့ ဒစ်ဂျစ်တယ် စီးပွားရေး မှာ နောက်က ကျန်နေခဲ့မှာ သေချာနေပါပြီ။ ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy) ဆိုတာ ဘာလဲ ဒစ်ဂျစ်တယ် စီးပွားရေးဆိုတာ အလွယ်တော့ Digital Computer Information and Communication Technology ကို အခြေခံတဲ့ စီးပွားရေးလို့ ဆိုပါတယ်။ အလွယ်ပြောရရင်တော့ ဂဏန်းပေါင်းစက်လို ဒစ်ဂျစ်တယ် စက်ကလေးမျိုးတွေက အစ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊စမတ်ဖုန်း များ အလယ်၊ အဲဒါတွေအားလုံးကို ချိတ်ဆက်ပေးတဲ့ အင်တာနက်နဲ့ ဖေ့စ်ဘွတ်လို ဗိုင်ဘာလို apps တွေ အဆုံး ပါဝင်ပါတယ်။ ဒါအပြင် ထိတွေ့ လို့ မရတဲ့ ဥပဒေ […]

တက္ကသိုလ်ကို ဘာကြောင့် တက်ရသလဲ

ဘွဲ့ တစ်ခုခု ရဖို့၊ ပညာရေး ပြီးဆုံးဖို့၊ အလုပ်အကိုင်ကောင်းဖို့ ၊ အလုပ်ကောင်းတစ်ခုရရှိဖို့ စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ရှိတတ်ကြပါတယ်။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ပဲ တက္ကသိုလ်တက်တက်၊ တက္ကသိုလ်တက်ရောက်တဲ့ ( ၄) နှစ်တာကာလဟာ လူ့ဘဝအတွက် တန်ဖိုးအရှိဆုံးအချိန်၊ အလှပဆုံးအချိန်နဲ့၊ ပညာအရဆုံး အချိန်အခါ ဖြစ်ပါတယ်။ တန်ဖိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် ဘဝတစ်ခုလုံးအတွက် အခြေခံ အုတ်မြစ်ကောင်း တည်ဆောက်သွားနိုင်တဲ့ အချိန်အခါကောင်းဖြစ်ပါတယ်။ ဆွေးနွေးကြည့်ကြရအောင် ၁။ ကျောင်းနေဘက် ကောလိပ်တက်တက်၊ တက္ကသိုလ်တက်တက် သင်နဲ့သိကျွမ်းမဲ့ အတန်းဖေါ် အတန်းဘက်၊ ကျောင်းနေဖေါ် ကျောင်းနေဘက်များဟာ သင့်ဘဝတစ်ခုလုံးအတွက် အလွန်တန်ဖိုးရှိတဲ့ သူငယ်ချင်းများ ဖြစ်ကြပါတယ်။ နေရာစုံ၊ ဒေသစုံက ရောက်လာကြတဲ့သူများ ဖြစ်ကြပါတယ်။ နောင်တချိန်မှာ နယ်ပယ်အသီးသီးမှာ အထွဒ်အထိပ်ရောက်ကြမဲ့သူတွေ၊ အောင်မြင်ကြမဲ့ သူတွေ ပါဝင်ပါတယ်။ သူတို့ဟာ […]

အချစ်စစ်

အချစ်စစ် (၅)နှစ်အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ပြောတယ်။ နင်ခေါင်းကို ငဲ့ပြီးမျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲ့ဒါ ဘာအဓိပ္ပါယ်လည်းလို့ ငါ့ကိုမေးခဲ့တယ်။ (၁၅)နှစ်အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။ အင်္ကျီအနားစကို အဓိပ္ပါယ်မဲ့ လုံးချေကစားရင်းခေါင်းလေးကို ငုံ့ကာရှက်သွေးတွေဖြာပြီး နင်ပြုံးနေခဲ့တယ်။ (၂၀)နှစ်အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ပြောတယ်။ ငါ့ပုခုံးထက်မှာခေါင်းလေးကိုမှီရင်း ငါပျောက်ကွယ်သွားမှာကိုစိုးတဲ့အလား ငါ့လက်မောင်းကို နင်တင်းတင်းလေးဖက်ထားခဲ့တယ်။ (၂၅)နှစ်အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောခဲ့တယ်။မနက်စာကိုပြင်ဆင်ရင်း ငါ့နဖူးကိုတချက်နမ်းပြီး”သိပါတယ်…ထပါတော့လူပျင်းလေးရယ်”လို့ချစ်စနိုးနဲ့နင်ပြောခဲ့တယ်။ (၃၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ပြောတယ်။”တကယ်ချစ်ရင် ရုံးဆင်းချိန်လျှောက်မလည်နဲ့၊မှာတဲ့ပစ္စည်းတွေကိုလည်း ဝယ်ခဲ့ဖို့မမေ့နဲ့”လို့ နင်ရယ်ပြီးပြောခဲ့တယ်။ (၄၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ပြောတယ်။ ပန်းကန်တွေသိမ်းရင်း “ကောင်းပါပြီ.. ကောင်းပါပြီ ကလေးတွေကို စာပြလိုက်ပါဦး”လို့်စိတ်မရှည်စွာပြောခဲ့တယ်။ (၅၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ပြောတယ်။ သိုးမွှေးချည်ကို ထိုးရင်း”တကယ်လား နင့်စိတ်ထဲမှာ.. နင့်စိတ်ထဲမှာ ငါ့ကို စောစော သေစေချင်နေတယ်မဟုတ်လား”လို့ပြောပြီး တခစ်ခစ်နဲ့နင်ရယ်ခဲ့တယ်။ (၆၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ပြောတယ်။ ငါ့လက်မောင်းကိုတချက်ထုရင်း “အဘိုးကြီး…မြေးတွေတောင် ကြီးနေပြီ […]

ခက်ခဲသောအရာများ

ခက်ခဲသောအရာများ ‘ပဏ္ဏက’ဇာတ်ဝတ္ထုလေးပါ။ တစ်ခါတုန်းက မဒ္ဒဝမင်းကြီးရဲ့ မိဖုရားနဲ့ ပုရောဟိတ်ကြီးရဲ့ သားငယ်တို့ နန်းတော်ထဲမှာ မျက်လုံးချင်းဆုံမိကြပါတယ်။ မျက်လုံးချင်းဆုံမိတဲ့ အဲ့ဒီအခိုက်အတန့်လေးမှာပဲ နှစ်ဦးသားဟာ ရှေးအဆက်ဆက်က သံယောဇဉ်တွေ ကူးလူးယှက်တင်လို့ ငြိတွယ်သွားကြလေသတဲ့ ။ ပုရောဟိတ်သားဟာ အိမ်ပြန်ရောက်တော့ တမှိုင်မှိုင် တတွေတွေ နဲ့ အိပ်ရာထဲပဲလှဲနေလေတော့တယ် မစားမသောက် ချစ်ခြင်းအပူမီးက နှိပ်စက်လေတော့တယ် ပုရောဟိတ်ကြီးလည်း အကြောင်းစုံသိလေတော့ မိုးထားတဲ့ သန်လျက်ကို မကြောက်မရွံ့ သားဇောနဲ့ဘုရင်ကို အကြောင်းစုံလျှောက်တင်လေတယ်။ မင်းကောင်းမင်းမြတ် တပါးဖြစ်တဲ့ မဒ္ဒဝ ဘုရင်ကြီးက ကဲ … ၇ ရက်ယူစေ ၇ ရက်ပြည့်ရင် ပြန်ပေးပါ ဆိုပြီး သူနှစ်သက်သော မိဖုရားအား ပေးအပ်လိုက်တယ်။ သို့ပေသိ ပုရောဟိတ်သားနဲ့ မိဖုရားတို့ဟာ ၇ ရက်လည်းစေ့ရော ထွက်ပြေးကြပါလေရော ပုရောဟိတ် ကြီးကတော့ […]

သဘောထား

သဘောထား ကိုယ့်အမြင်တစ်ခုတည်းနဲ့ အကြောင်းအရာတစ်ခုကို အဆုံးအဖြတ်ပေးခဲ့ရင် ဘယ်အရာမှ သိပ်ပြည့်စုံမှာ မဟုတ်ပါဘူး။ ကိုယ့်သဘောထားတစ်ခုတည်းနဲ့ သူများကို သွားတိုင်းရင် ဘယ်သူမှ သိပ်ပြည့်စုံမှာ မဟုတ်ပါဘူး။ ကိုယ့်အလိုတစ်ခုတည်းနဲ့ သူများကို သွားတောင်းဆိုခဲ့မယ်ဆိုရင် ဘယ်သူမှ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ မျက်စိသာ ပေတံလို သဘောထားခဲ့ရင် သူများကို မတိုင်းတာခင်မှာ ကိုယ့်ကိုယ်ကို အရင်တိုင်းကြည့်ပါ။ စိတ်ကိုသာ အလေးလို့ သတ်မှတ်ခဲ့ရင် သူများကို မချိန်တွယ်ခင်မှာ ကိုယ့်ကိုယ်ကို ချိန်တွယ်ကြည့်ပါ။ သူများအပြစ်ကိုချည်းရှာဖွေနေရင်၊ ကိုယ်ကကောဘယ်လောက်ပြည့်စုံနေလို့လဲ သူများအားနည်းချက်ချည်း ကြည့်နေမယ်ဆိုရင်၊ ကိုယ်လည်း မှားယွင်းမူတွေ အများကြီးပါ။ သူများကို တောက်ရှောက် အပြစ်ရှာနေတဲ့သူဟာ သူတစ်ပါးကို ပြသနာ အများကြီးမပေးနိုင်ပေမဲ့ ကိုယ်ကိုယ်တိုင် ဒုက္ခတွင်းထဲရောက်သွားနိုင်တတ်တယ်။ သူများအားနည်းချက်တွေကို တောက်ရှောက်ထောက်ကြည့်နေတဲ့သူဟာ သူတစ်ပါးကို အရှက်အများကြီး မပေးနိုင်ပေမဲ့ ကိုယ်ကိုယ်တိုင် သိက္ခာလုံးလုံးကြီး […]

ရိုးသားမှု

ရိုးသားမှု တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသောလူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်းမေးမြန်းသူက လူငယ်အား “အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။ လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကိုပြောပြသွားခဲ့သည်။ “လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကိုသွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကိုရောက်ပြီး မကြာဘူး သူဟာ ပြင်သစ်က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ၊ လက်မှတ်ပြရတဲ့ နေရာတွေ မရှိကြောင်း သတိပြုမိတယ်။ ကားပေါ် ရထားပေါ်မှာလဲလက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့လာစစ်ခဲ့ရင်လဲ ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်တောင်မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက်ကစားလိုက်ပြီး ကားစီးတိုင်းသူဟာ လက်မှတ် မဝယ်ဘဲ […]

မနောကံသည်ကာယကံထက်အပြစ်ကြီး၏

မနောကံသည်ကာယကံထက်အပြစ်ကြီး၏ မြတ်စွာဘုရားရှင် နာဠန္ဒမြို့တွင် သီတင်းသုံးတော်မူစဉ်ကလည်း ထိုကဲ့သို့ အယူဝါဒ လွဲချော်ကြသူများနှင့် တရားစကား ဆွေးနွေးပြောဆိုခဲ့ရသည်များ ရှိ၏။ ထိုစဉ်က မြတ်ဗုဒ္ဓသည် ဒီဃတပဿီ အမည်ရှိသည့် နိကဏ္ဌ တိတ္တိဆရာကြီး၏ တပည့်နှင့် ဆုံတွေ့ကာ အယူဝါဒရေးရာများ ပြောဆိုဆွေးနွေးဖြစ်ခဲ့၏။ ဒီဃတပဿီနှင့် တွေ့စဉ် မြတ်ဗုဒ္ဓက သူ့အား “တပဿီ… သင်တို့ဆရာ နိကဏ္ဌသည် မကောင်းမှုပြုခြင်း၊ မကောင်းမှု ဖြစ်ခြင်းများသည် အဘယ်မျှသော ကံများကြောင့် ဖြစ်ကြောင်း ပညတ်သတ်မှတ်ပေးသနည်း..” ဟု မေးတော်မူလိုက်၏။ ဒီဃတပဿီက “အရှင်ဂေါတမ… နိကဏ္ဌသည် ကံကံဟု ပညတ်သတ်မှတ်မှု မရှိ၊ ဒဏ်ဒဏ်ဟုသာ ပညတ်သတ်မှတ်လေ့ရှိကြောင်း” ပြန်လည်လျှောက်ထား၏။ ထိုအခါ မြတ်ဗုဒ္ဓက “ဒီဃတပဿီ သို့ဆိုလျှင် သင်တို့ဆရာ ပြောသည့်အတိုင်း ဒဏ်ဟုဆိုလျှင် မကောင်းမှုပြုခြင်း၊ မကောင်းမှုဖြစ်ခြင်း၌ အဘယ်မျှလောက်သော […]

လုပ်သက်ရင့် ကျောင်းဆရာတစ်ဦးရဲ့ အတွေးအမြင်များ

လုပ်သက်ရင့် ကျောင်းဆရာတစ်ဦးရဲ့ အတွေးအမြင်များ လုပ်သက် အနှစ် သုံးဆယ်ခန့် ရှိပြီဖြစ်တဲ့ ကျောင်းဆရာတစ်ဦး ဟာ မိမိရဲ့ အတွေ့ အကြုံနဲ့ အတွေးအမြင်များကို အောက်ပါအတိုင်းရေးချထားပါတယ်။ ၁။ ကလေးကို “ထိုင်းအ ” သွားစေတဲ့ သွန်သင်ဆုံးမမူများ အပြစ်မြင်လွန်းခြင်း၊ နေရာတကာ ဝင်ရူပ်ခြင်း၊ ပြည့်စုံမူကို တောင်းဆိုလွန်းခြင်း၊ အမှတ်မြင့်မြင့်ကိုအလေးထားလွန်းခြင်း၊ အဖေနဲ့ အမေ မတည့်ခြင်း၊ကလေးများ ပြန်မေးပိုင်ခွင့်မပေးခြင်း၊ နေရာတိုင်းတွင်လုပ်ဆောင်ပေးခြင်း၊ ဝါသနာကို ထိန်းချုပ်ခြင်း၊ လူကြီးစကားနားထောင်ရမယ်ဆိုတာကို အလေးပေးလွန်းခြင်း၊ မြန်မြန်ဆန်ဆန် တိုးတက်စေလိုခြင်း၊ အသိရဲ့ ကလေးများ၊ အမျိုးရဲ့ ကလေးများထက်ထူးချွန်အောင် တွန်းအားပေးခြင်း စသည်တို့ ပါဝင်ပါတယ်။ ၂။ အငြိမ်မနေတတ်ခြင်း၊ အဆော့မက်ခြင်း အငြိမ်မနေတတ်ခြင်း၊ အဆော့မက်ခြင်း တို့ဟာ ကလေးများရဲ့ ပင်ကိုယ်သဘာဝဖြစ်တယ်။ တစ်ထိန်းတည်း ထိန်းနေလို့ မရပါဘူး။ […]

စိတ်နေစိတ်ထား နဲ့ ပျော်ရွှင်မူ

စိတ်နေစိတ်ထား နဲ့ ပျော်ရွှင်မူ မျက်မမြင်များက ပြောကြတယ်။ မြင်နိုင်ခြင်းဟာ အကြီးမားဆုံး ဘဝပျော်ရွှင်မူ၊ သူဆင်းရဲများက ပြောကြတယ်။ ပိုက်ဆံရှိခြင်းဟာ အကြီးမားဆုံးသော ဘဝပျော်ရွှင်မူ၊ သူတောင်းစားများက ပြောကြတယ်။ ထ္မင်းနပ်မှန်အောင် စားရရင် အကြီးမားဆုံးသော ဘဝပျော်ရွှင်မူအသဲအသန်လူနာများက ပြောကြတယ်။ အသက်ရှင်နိုင်ခြင်းကိုက အကြီးမားဆုံး ပျော်ရွှင်မူမသန်စွမ်းသူများက ပြောကြတယ်။ ပုံမှန်သွားလာနိုင်ခြင်းဟာ အကြီးမားဆုံးသော ဘဝပျော်ရွှင်မူသူတို့ တတွေ အလိုပြည့်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ အကြာကြီး မပျော်ရွှင်လိုက်ကြပါ။ ရှိပြီးသားဟာထက် ပိုပို လိုချင်လာလို့ ဖြစ်တယ်။ ဒါဆိုရင် ဘဝ ပျော်ရွှင်မူ အစစ်ဆိုတာ ဘာလဲ၊ ပျော်ရွှင်မူ ဆိုတာ စိတ်နေစိတ်ထား တစ်မျိုးဖြစ်သလို၊ ပီတိကျေနပ်မူ တစ်မျိုးလည်း ဖြစ်ပါတယ်။ ထိုးထွင်းသိမြင်မူ တစ်မျိုးဖြစ်သလို၊ လေဒဏ်မိုးဒဏ် ကြားက စိတ်ငြိမ်သက်မူ တစ်မျိုးလည်း […]

နို့ဆီခွက်ပုံပြင်

နို့ဆီခွက်ပုံပြင် ထိုတိုင်းပြည်သည် ဆန်ရေ စပါးပေါများကြွယ်ဝ သယံ ‘ဇာတများလည်း ထွက်ရှိပါ၏။ လူချွန်လူကောင်းများလည်း နေထိုင်ပါသည်။ သို့ သော် ထိုတိုင်းပြည်သည်ဘယ်သော အခါမှ တိုး တက်မှုမရှိခဲ့။ နှစ်ပေါင်းမြောက် မြားစွာ တလည်လည်နှင့် တိုးတက်ဖွယ်ရာ ဘာမှ မရှိဖြစ်နေလေတော့ သည်။ ပညာရှင်များက တီထွင်မှုမပြု၍ မဟုတ်။ တီထွင်ကြ၏။ထိုတီထွင် သမျှကိုလည်း ရေမြေ့ သနင်းနှင့် အဖွဲ့ဝင်များ က ‘ပြည်သူ့ဘဏ္ဍာ’ အဖြစ်သိမ်းပိုက်၏။ ထိုအခါ ပြည့် ရှင်နှင့် အပေါင်းပါ ဝန်မင်းများ မှာ ပြည်သူများဖြစ်ကြ၏။ ထို့ကြောင့် ပြည်သူ့ဘဏ္ဍာမှာ ပြည် သူဖြစ်သော မင်းနှင့်တပည့်ကျော် များပိုင်ကြ၏။ ရှိရှိသမျှသယံဇာတ များ သိမ်းသောအခါ မင်းနှင့် အပေါင်းပါများမှာ အာဏာရှင်များ ဖြစ် ပြီး သူတို့ပင် […]