လုပ်ငန်းခွင်ဝင်နေကြတဲ့သူတွေ ဖတ်စေဖို့

လုပ်ငန်းခွင်ဝင်နေကြတဲ့သူတွေ ဖတ်စေဖို့

လုပ်ငန်းခွင်ဝင်နေကြတဲ့သူတွေ ဖတ်စေဖို့ ၁) တစ်ပါးသူဟာ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ကိုယ့်ကို နာကျင်အောင်လုပ်ခဲ့ပါစေ  သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်က ရနိုင်မှာဖြစ်တယ်။ ၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို၊ စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။ ၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။ ၄) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။ ) ၅)ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ ဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။ ၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် […]

သင်ဒါတွေ ပိုင်ဆိုင်နိုင်ပါစေ

သင်ဒါတွေ ပိုင်ဆိုင်နိုင်ပါစေ

သင်ဒါတွေ ပိုင်ဆိုင်နိုင်ပါစေ (၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။ (၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။ (၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။ (၄) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။ (၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။ (၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ […]

ဘဝလမ်းညွှန် လက်ဆောင်မွန်

ဘဝလမ်းညွှန် လက်ဆောင်မွန်

ဘဝလမ်းညွှန် လက်ဆောင်မွန် လူတိုင်းရဲ့ဘဝမှာ ရံဖန်ရံခါတော့ ကိုယ့်ကို မဟုတ်မမှန် ဝေဖန်တိုက်ခိုက်ခြင်းမျိုးကို ကြုံတွေ့ရတတ်ပါတယ်၊ အထူးသဖြင့်ကတော့ တစ်စုံတစ်ခုမှာ အောင်မြင်နေသူတွေအဖို့ ပိုလို့ကြုံရတတ်ပါတယ်။ သူတစ်ပါးထက် ခေါင်းတစ်လုံးပိုသာလေ အဝေးကမြင်သာလေပဲမဟုတ်လား ။ အဲဒီလို ကြုံရတဲ့အခါမှာ တုန့်ပြန်ဖြေရှင်းသင့်တဲ့ကိစ္စနဲ့ မဖြေရှင်းသင့်တဲ့ကိစ္စရယ်လို့ နှစ်မျိုးကွဲပြားတာကို သိဖို့လိုအပ်ပါတယ်၊ ကိုယ်အလေးထားရမယ့်သူတွေ အလေးထားအပ်တဲ့ဂုဏ်သိက္ခာမျိုးရှိတဲ့သူတွေရဲ့ ကျိုးကြောင်းဆီလျော်စွာ ဝေဖန်ခြင်းမျိုး အထင်မှားခြင်းမျိုးဆိုရင်တော့ မလွဲမသွေ တုန့်ပြန်ဖြေရှင်းရမှာဖြစ်ပြီး..ဒီလိုဖြေရှင်းခြင်းက ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပိုတက်စေပါတယ် ဒါပေမယ့်​ ကိုယ်အလေးထားလောက်စရာလည်းမဟုတ်.. လေးစားအပ်စရာလူလည်းမဟုတ်.. ကိုယ်နဲ့လည်းတန်းမတူ ကျိုးကြောင်းဆီလျော်စွာဝေဖန်ခြင်းလည်းမဟုတ်ဘဲ ကိုယ့်ကို မလိုတမာစိတ်နဲ့ သေးသိမ်စွာ စွပ်စွဲတိုက်ခိုက်တာမျိုးကိုတော့ တုန့်ပြန်ဖြေရှင်းတာမျိုးမလုပ်ဘဲ ခပ်မဆိတ်နေခြင်းကသာ ပိုပြီးသင့်လျော်ပါတယ်။ facebook ပေါ်မှာ အကောင့်တုတွေနဲ့ တမင်နှောက်ယှက်တိုက်ခိုက်နေသူတွေကိုတော့.. အရေးလုပ်စရာကိုမလိုပါဘူး.. ကိုယ်က အလင်းထဲကလူ.. သူက အမှောင်ထဲကလူ.. ဂုဏ်သိက္ခာချင်း အဆင့်အတန်းချင်းကိုက ကွာခြားပြီးသားပါ […]

ဘိန်းမုန့်

ဘိန်းမုန့်

ဘိန်းမုန့် အမျိုးသမီးတစ်ယောက်ဟာ မိသားစုဝမ်းရေးအတွက် မနက်တိုင်း ဘိန်းမုန့် ဖုတ်ရောင်းပါတယ်။ မိသားစုဝင်တွေ လည်း နံနက်စာအဖြစ် ဘိန်းမုန့်ပဲ စားကြပါတယ်။ နောက်ပြီး မနက်တိုင်း မနက်တိုင်းမှာ န်းမုန့် တစ်ချပ် အပိုဖုတ်ထားပေးပြီး ပြတင်းပေါက်မှာ တင်ထားပေးပါတယ်။ သူမ အလုပ်မအားလပ်တဲ့အချိန်ရောက်လာရင် သူ့ဘာသာယူသွားနိုင်အောင်လို့ပေါ့။ သူမ သတိထားမိတာက ထိုအဖိုးကြီး မုန့်လာယူတိုင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းတောင်မပြောဘဲ မုန့်ယူပြီးပြန်ထွက်သွားတိုင်းအောက်ပါအတိုင်း ရေရွတ်ပြောပြောသွားတယ်။ . ” အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ ” . နေ့တိုင်း နေ့တိုင်း အဖိုးကြီးမုန့်လာယူတဲ့အခါ အဲ့ဒီလို ပဲ ရွတ်ရွတ်သွားတဲ့ အတွက် မုန့်ကျွေးရတဲ့ မိန်းမကြီးလည်း ဒေါကန်လာတာပေါ့။ . ” ဟင်း . . ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်လုံးတောင်မပြောဘဲ […]

မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ

မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ   ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။ တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက်ကတော့ တိုင်ပေမှာ လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူ ဖြစ်တယ်။ တိုင်ပေကတစ်ယောက် ကတော့ တရုတ်နှစ်သစ်ကူးအချိန် ရောက်တိုင်း ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့ ထွက်သွားပြီးကတည်းက အခုမှပထမဆုံး အကြိမ်ပြန်တွေ့ရတာ ဖြစ်တယ်။ ဗမာစကားပီသတဲ့လူတွေ သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာဆိုတော့ စကား တွေပြောလို့ မကုန်အောင်ဖြစ်နေကြ တယ်။ အဲဒီလိုစကားပြောကြရင်းက တစ်ခုသတိထားလိုက်မိတယ်။ ဂျပန် ကလာတဲ့ တပည့်မက ဗမာစကားကို ဘာသံမှမ၀ဲဘဲ ပီပီသသကြီးပြောနေတဲ့အချက် ဖြစ်တယ်။ အခုတလော ရေဒီယိုကနေကြားကြားနေရတဲ့ ဂျပန်ရောက်ဗမာတွေရဲ့ စကားပြောသံတွေ ဟာ ဂျပန်သံဝဲ၀ဲ နေကြတာတွေ့ရတယ်။ […]

အရမ်းညံ့ခဲ့တဲ့ ဘန်ဂျမင်

အရမ်းညံ့ခဲ့တဲ့ ဘန်ဂျမင်

အရမ်းညံ့ခဲ့တဲ့ ဘန်ဂျမင် ငါးတန်းကျောင်းသားဘန်ဂျမင်ဟာ သူ့ကိုယ်သူ အတန်းရဲ့ အညံ့ဆုံး အထုံဆုံးလို့ ထင်တယ်။ အတန်းဖော်တွေကလဲ ဘန်ဂျမင်ဟာ တို့အတန်းရဲ့အညံ့ဆုံး။ အတန်းပိုင်ဆရာမရဲ့ အတွေးမှာလဲ ဘန်ဂျမင်ဟာ အထုံဆုံး ကျောင်းသားတစ်ယောက်။ နှစ်ဝက် အဆင့်ဖော်ပြတဲ့ကဒ်ကိုအိမ်ကိုပြရတော့ မှတ်ချက် ။ ။ “ထူးခြားစွာ တိုးတက်မှုမရှိ (ညံ့)” တဲ့။ ဘန်ဂျမင်ကတော့ ကဒ်ကိုကိုင်ရင်းစဉ်းစားနေတဲ့ သူ့အမေကို လေပြေလေးနဲ့ပြောတယ်။ “ဒါပြသနာ သိပ်မရှိဘူး မဟုတ်လား မေမေ” ဘန်ဂျမင့်အမေရဲ့ အတွေးကတော့ ကွဲပြားတာအမှန်။ ၃ တန်းသာအောင်တဲ့ ဘန်ဂျမင့်အမေတွေးတာက ” ငါ့သားတွေ ဆင်းရဲတွင်းထဲက လွတ်ဖို့ တစ်ခုတည်းသော ထွက်ပေါက်က ကောင်းမွန်အသုံးကျတဲ့ပညာရေး ပဲ” ဒါပေမယ့် လက်ရှိမှာ သူ့သားနှစ်ယောက်ရဲ့ အဆင့်ဟာ တိုးတက်မှုရှိလှတယ် မဟုတ်ဘူး။ သူမနားလည်လိုက်တာက ငါ့သားတွေရဲ့ ပညာရေးကို […]

အမျိုးသမီးတွေ စိတ်ကျရခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကုစားနိုင်မလဲ

အမျိုးသမီးတွေ စိတ်ကျရခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကုစားနိုင်မလဲ

အမျိုးသမီးတွေ စိတ်ကျရခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကုစားနိုင်မလဲ စိတ်ကျမှုဟာ တစ်ဦးနဲ့တစ်ဦးမတူပါဘူး။ အထူးသဖြင့် ယောကျာ်းလေးနဲ့ မိန်းကလေးတွေမှာ မတူညီတတ်ပါဘူး။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက်ပိုပြီး စိတ်ကျလွယ်ပါတယ်။ မိန်းကလေးတွေရဲ့ စိတ်ကျရတဲ့အကြောင်းရင်းနဲ့ လက္ခဏာတွေ ဟာ ယောကျာ်းလေးတွေ စိတ်ကျရတဲ့အကြောင်းရင်းနဲ့လည်း မတူညီပါဘူး။ စိတ်ကျမှုဟာ ဆိုးရွားပြင်းထန်လှတဲ့ အခြေအနေတစ်ရပ်ပါပဲ။ အခန့်မသင့်ရင် ဘ၀ရဲ့အစိတ်အပိုင်းတိုင်းကို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ စိတ်ကျနေတဲ့အတွက်လူမှုဆက်ဆံရေး၊ အချစ်ရေး၊ အလုပ်အကိုင်နဲ့ ယုံကြည်ချက်တွေကို ထိခိုက်လာနိုင်ပါတယ်။ မိန်းကလေးတစ်ယောက် အတွက်တော့ စိတ်ကျတယ်ဆိုတာ ပုံမှန်ပါပဲ။ အမျိုးသားစိတ်ကျန်းမာရေးအဖွဲ့အစည်းရဲ့ အဆိုအရတော့ မိန်းကလေး ရှစ်ယောက်မှာ တစ်ယောက်ဟာ တစ်နေရာရာ၊ တစ်ချိန်ချိန်မှာ စိတ်ဓါတ် ကျနေနိုင်တယ်လို့ သိရပါတယ်။ ၀မ်းနည်းနေမယ်၊ အပြစ်ရှိတယ်လို့ ခံစားနေရမယ်၊ ပင်ပန်းနေမယ်ဆိုရင်တော့ စိတ်ကျလာနိုင်ပါတယ်။ သတင်းကောင်းကတော့ စိတ်ကျတာကိုကုသလို့ရပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်တဲ့ စိတ်ကျမှုနဲ့ အကျိုးသက်ရောက်မှုတွေကို […]

" ဖြစ်အောင်လုပ်ပါ "

” ဖြစ်အောင်လုပ်ပါ “

” ဖြစ်အောင်လုပ်ပါ “ ၁၉၅၇- ခုနှစ်က ကယ်လီဖိုးနီးယားတွင် (၁၀)နှစ်အရွယ် ကောင်လေးတစ်ယောက် ရည်မှန်းချက်ပန်းတိုင် တစ်ခု ချသည်။ အဲသည်အချိန်က အမေရိကန်ကြေးစား ဘောလုံး (ရပ်ဂဘီဘော) လောကတွင် ဂျင်(မ)ဘရောင်းသည် အကျော်ကြားဆုံး နောက်တန်းအလယ်လူဖြစ်သည်။ ပိန်တာရိုးကောင်လေးကသူ့အော်တိုလက်မှတ်လိုချင် သည်။ သည်ရည်မှန်းချက် အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲတချို့ရှိ နေသည်။ သူသည် လူမည်း ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းရ သူဖြစ်သည်။သူ့ခမြာ ဘယ်တုန်းကမှ ၀၀လင်လင် မစား ရ။အာဟာရ ချို့တဲ့မှုကြောင့်အရိုးပျော့ရောဂါ ရနေ သည်။ အရိုးပေါ်အရေတင်သည့် သူ့ခြေထောက် ခွင်ခွင် လေးကို သံမဏိထိန်းတံများဖြင့် ကျားကန်ပေးထား ရ သည်။ လောလောဆည်လည်းပိုက်ဆံမရှိသဖြင့် ဘောပွဲ ၀င်ကြည့်ရန် လက်မှတ်မ၀ယ်နိုင်။ ထို့ကြောင့် ဂျင်(မ) ဘရောင်း ကစားပြီး […]

စိတ်ဒုက္ခပေးတဲ့ လူတွေကို လုံးဝမတုံ့ပြန်သင့်တဲ့ အကြောင်းအရင်း (၅) ခု

စိတ်ဒုက္ခပေးတဲ့ လူတွေကို လုံးဝမတုံ့ပြန်သင့်တဲ့ အကြောင်းအရင်း (၅) ခု

စိတ်ဒုက္ခပေးတဲ့ လူတွေကို လုံးဝမတုံ့ပြန်သင့်တဲ့ အကြောင်းအရင်း (၅) ခု ဒီလူတွေကိုသာ သင့်ဘဝထဲက ထုတ်ထားနိုင်တာနဲ့ နေ့စဉ်နေ့တိုင်းမှာ သိသိသာသာ ပျော်ရွှင်လာတာကို တွေ့ရပါလိမ့်မယ်။ ၁ – မနာလိုတဲ့ လူ၊ မုန်းတဲ့လူ၊ သာရင် မကျေနပ်တဲ့လူ စတဲ့ လူအမျိုးအစားတွေဟာ သင့်ဘဝတစ်လျှောက်လုံးတွေ့ရမှာပါ။ ဒီလူတွေကို အရေးစိုက်တုံ့ပြန်လိုက်တာဟာ သူတို့ သင့်ကို စိတ်ဒုက္ခပေးလို့ရအောင် အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပါတယ်။ ၂ – လူတိုင်းက သင့်ကို မကြိုက်နိုင်ပါဘူး။ ဒါကို သင်လက်ခံရပါမယ်။ သင့်ကို မကြိုက်တဲ့လူတိုင်းကို သင်တုံ့ပြန်နေစရာ မလိုပါဘူး။ ၃ – သူတစ်ပါးကို အရေးစိုက်နေရတဲ့လူတွေဟာ သူတို့မှာ ကိုယ်ပိုင်ဘဝမရှိပါဘူး။ အခြားလူကို မုန်းတီးမှု၊ မနာလိုမှု၊ စတာတွေနဲ့ပဲ သူတို့ဘဝကို တည်ဆောက်ထားတာပါ။ ကိုယ်ဝါသနာပါရာ၊ ကိုယ်ရည်မှန်းထားရာကိုပဲ ပုံမှန်ဆက်လျှောက်သွားပြီး […]

အပျော်ရွှင်ဆုံး၊ အလှပဆုံး

အပျော်ရွှင်ဆုံး၊ အလှပဆုံး

အပျော်ရွှင်ဆုံး၊ အလှပဆုံး တစ်ခါတုန်းက တောအုပ်တစ်ခုထဲမှာ ကိုယ့်ဘ၀နဲ့ ကိုယ်ကျေနပ်နေတဲ့ ကျီးကန်း တစ်ကောင် ရှိတယ်။ ဒါပေမယ့် တစ်နေ့ကျတော့ သူက အဲ့ဒီ တောအုပ်ထဲမှာ ဘဲငန်း တစ်ကောင်ကို တွေ့ခဲ့တယ်။ အဲ့ဒီလို တွေ့လိုက်ရတဲ့ အချိန်မှာ ဘဲငန်းကျတော့ သူ့လိုမဟုတ်ဘဲ ဖြူဖွေးနေတယ်။ ဒါ့ကြောင့် “ဘဲငန်းဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက် အလှပဆုံးငှက် ဖြစ်ရမယ်” လို့ သူ ကောက်ချက် ချခဲ့တယ်။ အဲ့ဒီလိုကျီးကန်းက သူ ထင်တဲ့အကြောင်း ဘဲငန်းကို သွားပြောတော့ ဘဲငန်းက သူလည်း သူ့ကိုယ်သူ အဲ့ဒီလို ထင်ခဲ့ဖူးတဲ့ အကြောင်း ပြန်ပြောတယ်။ ဒါပေမယ့် သူဟာ အရောင်နှစ်မျိုးရောစပ်ထားတဲ့ ကြက်တူရွေးကို မြင်လိုက်ရတဲ့အချိန်မှာ သူထက်ပိုပြီး ပျော်ရွှင်နေတဲ့ ငှက်၊ လှပနေတဲ့ ငှက် ရှိတယ်ဆိုတာကို […]