``ဥပုသ်နေ့နဲ့ပတ်သက်သမျှသိကောင်းစရာများ´´

“ဥပုသ်နေ့နဲ့ပတ်သက်သမျှသိကောင်းစရာများ´´

“ဥပုသ်နေ့နဲ့ပတ်သက်သမျှသိကောင်းစရာများ´´ “ဥပုသ်နေ့နဲ့ပတ်သက်သမျှ သိကောင်းစရာများ” ဥပုသ်နေ့အကြောင်းနဲ့ပတ်သက်သမျှကို သိရှိနားလည်ဖို့ရန် လိုမယ်ထင်လို့ မိမိသိရှိသမျှ စုံလင်အောင် ရေးသားတင်ပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ “ဥပေါသထ”-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ၀သထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်ကျင့်သီလမပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့ အတွက် နေ့ရက်များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည်ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာကို အောက်ပါ အတိုင်း တွေ့ရပါတယ်။ တစ်လကို (၁) အဋ္ဌမီ လဆန်း၊ လဆုတ်(ရှစ်ရက်မြောက်နေ့)ဥပုသ်။ (၂) စတုဒ္ဒသီ (ရက်မစုံလအတွက် (၁၄)ရက်မြောက်လကွယ်နေ့) ဥပုသ်။ (၃) ပန္နရသီ (၁၅)ရက်မြောက် လပြည့်၊လကွယ်နေ့)ဥပုသ်။ (၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်ဟု အကျဉ်းအားဖြင့် […]

ဆားဝက်ခြံများကို အိမ်တွင်းကုထုံးဖြင့် ဖယ်ရှားနည်း

ဆားဝက်ခြံများကို အိမ်တွင်းကုထုံးဖြင့် ဖယ်ရှားနည်း

ဆားဝက်ခြံများကို အိမ်တွင်းကုထုံးဖြင့် ဖယ်ရှားနည်း ပထမဦးစွာ သူငယ်ချင်းများနှင့် မျှဝေချင်တာကတော့ ဆားဝက်ခြံတွေကို အိမ်သုံးပစ္စည်းလေးများနှင့် အလွယ်တကူ ဘယ်လိုနှိမ်နင်းရမလဲဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင် နှာခေါင်းဝန်းကျင် နဲ့ မေးစေ့နားမှာရှိနေတဲ့ ဆားဝက်ခြံတွေကြောင့် မှန်ကြည့်တိုင်း စိတ်ညစ်နေသူများ ရှိကြမှာပါ။ Admin ကိုယ်တိုင်လည်း အဲလိုမျိုးကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု ပြောပြမယ့် နည်းလမ်းလေးကို မှန်မှန်သုံးပြီး ဆားဝက်ခြံများရှင်းလိုက်လို့ အခုဆို မှန်ကြည့်တိုင်း စိတ်ချမ်းသာနေပြီရှင့်။ Ok ! ဆားဝက်ခြံတွေကို ဘယ်လိုမျိုး နှိမ်နင်းရမလဲဆိုတဲ့အကြောင်းလေးမပြောခင် ဆားဝက်ခြံတွေဟာဘာတွေလဲ ? ဘာကြောင့် ဆားဝက်ခြံများ ဖြစ်ပေါ်ရတယ်ဆိုတဲ့အကြောင်းလေး ဦးစွာပထမ ရှင်းပြချင်ပါတယ်။ ဆားဝက်ခြံများဟာ မျက်နှာမျာရှိတဲ့ မွှေးညှင်းပေါက်လေးတွေမှာ ပိတ်ဆို့နေတဲ့ အမဲရောင် (သို့) ၀ါဖန့်ဖန့်အရောင်ရှိသော အစက်အပျောက်လေးများဖြစ်ပါတယ်။ ၄င်းတို့ဟာ ၀က်ခြံဖြစ်ဖို့ ပထမဆုံးအဆင့်လို့လည်း ဆိုနိုင်ပါတယ်။ ၄င်းတို့မှတစ်ဆင့် […]

First Impression ရယူခြင်း

First Impression ရယူခြင်း

First Impression ရယူခြင်း လူတစ်ယောက်ဟာ အလုပ်ခွင် အင်တာဗျူးအတွက်ဖြစ်စေ၊ စီးပွားရေး လုပ်ငန်းမိတ်ဆွေသစ် တစ်ယောက်နှင့် တွေ့ဆုံသည် ဖြစ်စေ First Impression ရရှိဖို့ အလွန်အရေးကြီးပါတယ်။ စာဖတ်သူတွေ့ဆုံ၊ ရင်းနှီးခဲ့တဲ့ သူတစ်ယောက်ဟာ စာဖတ်သူရဲ့ ဘ၀တစ်လျှောက်လုံးမှာ တစ်နေနေရာကနေ အကူအညီပေးနိုင်တဲ့သူ ဖြစ်နိုင်ပြီး Bad Impression သာ ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ပြန်ပြောင်းဖို့ ခက်ပါတယ်။ အထူးသဖြင့် Sale အရောင်းနယ်ပယ်ထဲမှာဆိုရင် First Impression သည် အရေးကြီးဆုံးပါ။ ကိုယ့်ဖောက်သည် ဖြစ်လာဖွယ်ရှိတဲ့ လူအပေါ် First Impression အနေနဲ့ လွှမ်းမိုးနိုင်မှသာ အရောင်းအ၀ယ်ဖြစ်ပြီး repeat purchase ဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ်ခဲ့ရင်တော့ ဖောက်သည်က ကိုယ့်ရဲ့ ပြိုင်ဘက်ထံ ရောက်ရှိသွားမှာပါ။ ဒါ့ကြောင့်မလို့ ဘယ်လိုအခြေအနေမျိုးရောက်ရောက် First […]

မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ပါ

မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ပါ

မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ပါ ဘဝအောင်မြင်ရေးနည်းလမ်းအသွယ်သွယ်ရှိသည့်အနက် မိမိကိုယ် ကို ယုံကြည်မှု သည် အတော်အရေးပါသည့် အချက်ဖြစ်ပါသည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါက တစ်ရာရာခိုင်နှုံး အောင်မြင်ရန်သေချာပါသည်။ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ရာ တွင်အရေးပါသောအချက်များမှာ ၁။ သပ်ရပ်စွာဝတ်စားခြင်း အဝတ်အစားသည်လူ့အရည်အချင်းကို မလွှမ်းမိုးနိုင်သောငြား အသွင်ပြင်ကို တော့ပြောင်းလဲနိုင်သည်မှာ မငြင်းသာ သောအချက်ဖြစ်သည်။ သေသပ်ကျနစွာ ဝတ်စားဆင်ယင်ထားသောအခါ ကိုယ့်ကိုကိုယ်ပိုမို ယုံကြည်စိတ်ဝင်လာမည်။ အဝယ်ထက်ဝက်လျော့ ပြီး နှစ်ဆ ပိုသုံးပါ။ ဆိုလိုတာက အပေါစားအဝတ် အထည်တွေအများကြီးဝယ်မယ့်အစား အဖိုးတန်နာမည်ကြီးအဝတ်အထည်များ ကိုဝယ်ယူဝတ်ဆင်ခြင်းဖြင့် မိမိကိုယ်ကို ပိုမိုယုံကြည်လာပါလိမ့်မယ်။ ၂။ မြန်ဆန်သွက်လက်စွာလျှောက်ပါ ခြေလှမ်းရာတွင်လေးကန်ဖင့်နွှဲခြင်းသည် ယုံကြည်မှုကင်းမဲ့သူတို့၏အလေ့အထ ဖြစ်သည်။ ယုံကြည်ချက်ခိုင်မာပြတ်သား သူ၏ခြေလှမ်းမှာ မနှေးမမြန် သွက်သွက် လက်လက်ရှိကာ ကြည့်ရုံဖြင့်သိသာ သောခြေလှမ်းများဖြစ်ပါသည်။ သင့်ခြေလှမ်းကိုသွက်လက်တက်ကြွ အောင်ပြုပြင်ပါ။ ၃။ ကိုယ်ဟန်ကောင်းပါစေ သွားလာ […]

ဥာဏ်ကောင်းစေရန် နည်းလမ်း ၁၀ချက်

ဥာဏ်ကောင်းစေရန် နည်းလမ်း ၁၀ချက်

ဥာဏ်ကောင်းစေရန် နည်းလမ်း ၁၀ချက်   ဥာဏ်ကောင်းစေပါမယ်လို့တော့မဟုတ်ပါဘူ။ သေချာတာကတော့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်းများ ဖြစ်တဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်။ 1. Go for a walk with a friend လုပ်ငန်းခွင်ရယ်လို့မဟုတ်ပါဘူး။ သင်တန်း၊ကျောင်း တက်သူများအနေနဲ့လည်း ရုံးတက်၊ ကျောင်းတက်ချိန် မိတ်ဆွေ သူငယ်ချင်း နဲ့သွားရပါမယ်။ အဲဒီလိုသွားခြင်းက လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ စိတ်ပိုင်းဆိုင်ရာ တက်ကြွရေး တို့မှာ တိုးတက်စေမှာ ပြီး ဦးနှောက်ကို သန်မာစေပါတယ်။ 2. Solve Puzzles, Play Games ဥာဏ်စမ်းဂိမ်းများ၊ ပဟေဌိဂိမ်းများ ဆော့ကစားပေး ရပါမယ်။ ဖြေရှင်းရ ခက်သော ဆူဒိုခု၊ စာလုံးစီ တို့ကို ဆော့ကစား ပေးခြင်း၊ အလွယ်တ ကူ […]

စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်ဖြင့် လူငယ်များအလုပ်လုပ်ကြရန်လို

စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်ဖြင့် လူငယ်များအလုပ်လုပ်ကြရန်လို

စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်ဖြင့် လူငယ်များအလုပ်လုပ်ကြရန်လို နိုင်ငံတော် တိုးတက်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်ဖြင့် လူငယ်များအလုပ်လုပ်ကြရန် လိုကြောင်း ဆရာဒေါက်တာအောင်ထွန်းသက်က ပြောဆိုထားရာ ယင်းနှင့်ပတ်သက်ပြီး . . . . လူငယ်တွေက သင်တန်းတွေတက်ပြီးရင် ဝန်ထမ်းပဲလုပ်ကြတယ်။ သူတို့တွေ ပညာသင်နေတာဟာ လစာကောင်းကောင်းရမယ့် အလုပ်လုပ်ဖို့ပဲ ဖြစ်နေတယ်။ အဲဒီအယူအဆကို ပြောင်းလဲရမယ်။ နိုင်ငံရေး တိုးတက်တယ်ဆိုတာက လူတစ်ဦးချင်းဝင်ငွေမြင့်တက်လာတာပဲ။ ဝင်ငွေမြင့်တက်ဖို့ဆိုရင် ဝန်ထမ်းစိတ် မွေးနေလို့မရဘူး။ ကိုယ်ကိုယ်တိုင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ဖို့ စဉ်းစားသင့်တယ်။ အခုက လူတော်တော်များများက ဘွဲ့ရအလုပ်လျှောက်ပြီး သူများဝန်ထမ်းလုပ်ဖို့ပဲ စဉ်းစားနေတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်လိုစိတ်တွေ ပျောက်နေတယ်။ ဝန်ထမ်းလုပ်တယ်ဆိုတာ လူညံ့တွေလုပ်တာလို့ မြင်စေချင်တယ်။ ဆရာတို့လည်း အရင်ကလုပ်ခဲ့တာ။ အဲဒီတော့ လူညံ့စာရင်းထဲသွင်းရမှာပဲ။ သူများဆီမှာ မှီခိုပြီးလုပ်နေတာကို ကျေနပ်နေမယ့်အစား ကိုယ်ကဘယ်လိုလုပ်ငန်းလေးလုပ်ပြီး ဘယ်လိုရှာမယ်ဆိုတာ စဉ်းစားစေချင်တယ်။ ကိုယ့်စွမ်းအားကို အရင်တည်ပြီး […]

မေတ္တာသုတ်(မြန်မာပြန်)

မေတ္တာသုတ်(မြန်မာပြန်)

မေတ္တာသုတ်(မြန်မာပြန်) ၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိ္တန္ဒိဝ’ မတန္ဒိတော။ ၁။ မေတ္တာသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့ သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဥ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်။ ၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမဟေ။ ၂။ ချမ်းသာစွာအိပ်ရ၏၊ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိ မျှ မမြင်မက်၊ ဤသို့ အစရှိသော […]

ပြည့်စုံ ကောင်းမွန်တဲ့ Relationship

ပြည့်စုံ ကောင်းမွန်တဲ့ Relationship

ပြည့်စုံ ကောင်းမွန်တဲ့ Relationship ပြည့်စုံ ကောင်းမွန်တဲ့ Relationship တစ်ခု တည်ဆောက်နိုင်ဖို့ ဆိုတာ လူနှစ်ယောက်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပြီး ဒီအချက်တွေက အထောက်အကူ ပြုပေးမယ်လို့ ယူဆပါတယ်။ ကျန်းမာကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေး အတွက် လမ်းစများ။ ကျွန်တော်တို့တွေရဲ့ ချစ်သူခင်သူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ တယောက်ပေါ်တယောက် အဖုအထစ်မရှိဘဲ ပြေပြေလည်လည် ရေရှည်မှာ ပေါင်းသင်းဆက်ဆံနိုင်ဖို့ နည်းလမ်းအချို့ကို မျှဝေ လိုက်ပါတယ်။ ဘယ်လို နည်းလမ်းကောင်းတွေ ပါဝင်မလဲ ဆိုတာကို ကြည့်ကြရအောင်။ ပထမဆုံး အချက်ကတော့ ကိုယ့်ကိုယ်ကို အရင်မေးရမှာပါ။ ကိုယ်ချစ်တဲ့သူဆီက ကိုယ်က ဘာတွေကို လိုချင်လိုအပ်ပြီး သူတွက်လဲ ဘယ်အရာတွေကို ကိုယ်ဘက်က ဖြည့်ဆည်း ပေးနိုင်မလဲ ဆိုတာပါပဲ။ ဒီလိုသိပြီ ဆိုရင်တော့ သင်တို့ နှစ်ယောက် […]

ခေါင်းပန်းစုံတဲ့ ဒင်္ဂါးပြား

ခေါင်းပန်းစုံတဲ့ ဒင်္ဂါးပြား

ခေါင်းပန်းစုံတဲ့ ဒင်္ဂါးပြား ရှေးတုန်းက ရွာကြီးတစ်ရွာမှာနေကြတဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးကလေး ဇနီးမောင်နှံနှစ်ဦးမှာ သားယောက်ျားလေး မွေးဖွားလာတယ်။ နားလည်တတ် ကျွမ်းသူတွေဆီမှာဇာတာဖွဲ့ခိုင်းတော့ဒီကလေးဟာဘုရင်မင်းတို့နဲ့နီးစပ်သူဖြစ် မယ်။ ဘုရင်မင်းတို့အနားမှာ ခစားရပြီး ဘုရင်မင်းတို့ရဲ့ ယုံကြည်မှုကိုရရှိမယ်။ အင်မတန် ဘုန်းတန်ခိုးအာဏာကြီးမယ့် ကလေးဖြစ်တယ်လို့ ဟောလိုက်ပါ တယ်။ ကလေးရဲ့ အဖေနဲ့ အမေကလည်း အဲဒီဟောပြောချက်ကို ယုံကြည် တယ်။ ကလေးကိုလည်း မနက်ဖြန် သဘက်ခါဆိုသလိုပဲ မင်းခစား မှူးကြီး မတ်ရာ ဖြစ်လာတော့မယ် အတိုင်းဆက်ဆံတယ်။အနီးအနားမြို့တွေ ရွာတွေ ကဆရာတွေကိုအကုန်အကျခံပင့်ပြီးပညာရှိအမတ်ကြီးတွေတတ် သင့်တတ် ထိုက်တယ်လို့ထင်တဲ့ ပညာမှန်သမျှ လက်လှမ်းမီသရွေ့သင်ပေးတယ်။ အစစအရာရာ ဦးစားပေးတယ်။ ကလေးကလည်း တစ်နေ့မှာ ဘုရင့်ထံမှာ အမတ်ချုပ်ကြီးဖြစ်ဖြစ်၊ အမတ်ချုပ်ကြီးထက်ကြီးတဲ့ ရာထူးကြီးဖြစ်ဖြစ် မုချရ မှာပဲလို့ ယုံကြည်ပြီး ကြီးပြင်းလာပါသတဲ့။ အဲဒီကလေး လူငယ်ဘ၀ရောက်တဲ့တစ်နေ့ကျတော့တကယ်ပဲ […]

ဆိုလာအကြောင်းတစ်စေ့တစ်စောင်း

ဆိုလာအကြောင်းတစ်စေ့တစ်စောင်း

ဆိုလာအကြောင်းတစ်စေ့တစ်စောင်း ၁။ ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာ ဖြစ်ပါ သည်။ နေအလင်းရောင်တွင်ပါဝင်သော အလင်းမှုန်များမှ ဆိုလာပြား အတွင်းရှိ လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။ ၂။ ဆိုလာဆဲလ် ဆိုသည်မှာ အဘယ်နည်း။ ဆိုလာဆဲလ် ဆိုသည်မှာ အလင်းစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးသောအရာ ဖြစ်ပါသည်။ ဆဲလ်များသည် မည်သည့် စွမ်းအင် ကိုမျှသိုလှောင်ပေးနိုင်ခြင်းမရှိသောကြောင့် မည်သည့်အလင်းရောင် (နေရောင်ခြည်) မှမရရှိတော့သည့်အခါ ဆဲလ်အတွင်း၌ လျှပ်စစ် စီးဆင်းမှု မရှိတော့ပေ။ ထို့ကြောင့် လျှပ်စစ်စွမ်းအားကို ညဘက်ပိုင်းတွင် လိုအပ်ခဲ့ပါက လျှပ်စစ်စွမ်းအား သိုလှောင်ထားနိုင်သည့်အရာ (အဓိကအားဖြင့်) ဘက္ထရီနှင့်ချိတ်ဆက် တပ်ဆင်ဖို့ လိုအပ်ပါသည်။ ၃။ ဆိုလာဆဲလ် ဘယ်လိုအလုပ်လုပ်သလဲ။ အလင်းမှုန်များသည် ဆီလီကွန်အက်တမ်များမှ ပိုလျှံနေသော လျှပ်စစ်ဓါတ်မှုန်များကို […]