သင်သိပြီးရင်အများသိအောင်မျှဝေသင့်​ပါတယ်

သင်သိပြီးရင်အများသိအောင်မျှဝေသင့်​ပါတယ်​ (၁) တကိုယ်လုံးက ကြွက်သားတွေ နဲ့  အရိုးများနာကျင်ကိုက်ခဲနေပါသလား? ဂျင်း လက်တဆစ်လောက်ကို နေ့ တိုင်းစားပေး ပါ။ (အဆစ်ရောင်ရောဂါတွေအပြင်၊ အဆစ် တွင်းရှိ အရိုးနုများပျက်စီးတဲ့ရောဂါ တို့ ကိုပါ ၇၅ရာခိုင်နှုန်းလောက် သက်သာသွားစေ နိုင်ပါတယ်) (၂) သွားကိုက်ပြီး သွားဖုံးတွေရောင်ကိုင်းနေပါသလား? လေးညှင်းပွင့် ၂-ပွင့်ကို အာခံ တွင်းထဲမှာ ဖြည်းဖြည်းချင်းမြှု့ံ၍ ၀ါးပေးပါ။ (၃) ဘာအစာမှ စားချင်စိတ်မရှိဘဲ လေပူထနေပါသလား? ပန်းသီးတစ်ခြမ်းကို အ ခွံနွှာပြီးနောက် ညက်ညက်ဝါးစားပေးလိုက်ပါ။ (၄) နားကိုက်နေပါသလား? ကြက်သွန်ဖြူ ၃-တက် လောက်စားပါ။ (၅) ခေါင်းအုံပြီး ကိုက်ခဲနေပါသလား? ချယ်ရီသီး လက်တဆုပ် စာလောက် နေ့  စဉ်စားပေးပါ။ (၆) အူရောင်ငန်းဖျား […]

အာနာပါန အကျိုး ၅-မျိုး

အာနာပါန အကျိုး ၅-မျိုး (၁) အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ပါမူ ယခုခေတ်၊ ယခုကာလ၊ ယခုဘဝ၌ပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်နိုင်၏။ (၂) အကယ်၍ အသက်ရှိစဉ် ရဟန္တာအဖြစ်သို့ မရောက်သေးပါမူ သေခါနီးကာလ၌ သမသီသိ ရဟန္တာအဖြစ်သို့ ရောက်နိုင်သေး၏။ (၃) အကယ်၍ သမသီသိ ရဟန္တာ မဖြစ်နိုင်သေးပါမူ နတ်ပြည်သို့ ရောက်သောအခါ ဓမ္မကထိကနတ်သား တရားသံကို ကြားရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိနိုင်၏။ (၄) အကယ်၍ နတ်ပြည်၌ ရဟန္တာ မဖြစ်သေးပါမူ အရိမေတ္တယျဘုရား မပွင့်မီ ပစ္စေကဗုဒ္ဓါ အဖြစ်သို့ ရောက်နိုင်သေး၏။ (၅) အကယ်၍ ပစ္စေကဗုဒ္ဓါ မဖြစ်သေးပါမူ ပွင့်တော်မူလတ္တံ့ ကုန်သော အရိမေတ္တယျ အစရှိကုန်သော ဘုရားသခင်ကိုယ်တော်မြတ်ခြေတော်ရင်း၌ ဒါရုစိရိယမထေရ်ကဲ့သို့ ခိပ္ပါဘိညရဟန္တာ ဖြစ်ရတော့သည်။ […]

အဒိန္နာဒါနကံ အကြောင်း 

အဒိန္နာဒါနကံ အကြောင်း အဒိန္နာဒါန ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ နေ့စဉ်စောင့်ထိန်းနေကျ ငါးပါးသီလရဲ့ဒုတိယမြောက်သိက္ခာပုဒ်ဖြစ်ပါတယ်။မြန်မာလိုရှင်းရှင်းလေးပြောရရင် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်…ကြဉ်ရတဲ့သိက္ခာပုဒ်ပါ။ ရှောင်ကြဉ်ရင်ကောင်းကျိုးရမယ်။ လွန်ကျူးရင် ဆိုးကျိုးရမယ်။ လွန်ကျူးလို့ရမယ့် အကျိုးတရား (၆)ပါးရှိပါတယ်။ ပိုင်ရှင်က ကြည်ဖြူစွာမပေးသော ပစ္စည်းကိုခိုးယူခြင်း၊ တိုက်ယူခြင်း၊ နှိုက်ယူခြင်း၊ အကြပ်ကိုင်ပြီးယူခြင်း၊ ပရိယာယ် တစ်မျိုးမျိုးဖြင့် လှည့်ပတ်ပြီးယူခြင်း စတဲ့ အချက်တွေဟာ အဒိန္ဒာဒါန- သူတစ်ပါးဥစ္စာပစ္စည်းကို မတရားယူခြင်းမည်ပါတယ်။ အဲလို အဒိန္နာဒါနကိုလွန်ကျူးရင် (၁)။ အပါယ် ဒုဂ္ဂတိဘဝ သို့ရောက်ရှိရခြင်း။ (၂)။ ဆင်းရဲ မွဲတေခြင်း၊ (၃)။ ပစ္စည်းရအောင်မရှာနိုင်ခြင်း။ (၄)။ ရှိသမျှပစ္စည်း မတည်တံ့ခြင်း။ (၅)။ လိုအပ်သော ပစ္စည်း မရနိုင်ခြင်း။ (၆)။ ဆင်းဆင်းရဲရဲ နေရခြင်း စသော ဆိုးကျိုးများကို […]

အမျိုးသမီးများ ဘုရား ဆုထူးပန်နိုင်

အမျိုးသမီးများ ဘုရား ဆုထူးပန်နိုင် တချို့သော အမျိုးသမီးတို့သည် မိမိတို့၏ အမျိုးသမီးဘ၀ကို နိမ့်ကျသော ဘ၀ဟု ထင်မြင်ယူဆကြသည်။ အရာရာတွင် အမျိုးသားများ၏ နောက်လိုက် သာ ဖြစ်ကြရပေသည်။ အလွန်မြင့်မြတ်သော ဘုရားအဖြစ်သို့ မရနိုင်ကြပေ။ ဆုထူးပန်ရန် မဖြစ်နိုင်ဟု ထင်မြင်ယူဆ နေကြသည်။ ဒီလို မဟုတ်ပါ။ အမျိုး သမီးများသည် အမျိုးသားများနှင့် တန်းတူ ဆောင်ရွက်နိုင်သော အခွင့်အရေး ရှိသည်။ ဘုရားဖြစ်ရန် ဆုထူးပန်ဆင်နိုင်သည်။မြတ်စွာဘုရားလက်ထက်တော် အခါက အမျိုးသမီးများ ဘုရား ဆုတောင်းကြသည့် သာဓကများ ရှိသည်။မြတ်စွာဘုရား ခုနစ်ဝါမြောက် ၀ါဆိုခါနီးတွင် တာဝတိံသာ နတ်ပြည်သို့ ကြွသွား ၍ အဘိဓမ္မာတရားဟောကြားသည်။ ၀ါကျွတ်သောအခါ အဘိဓမ္မာတရား ဟော ကြားပြီးဆုံးသောကြောင့်လူ့ပြည်သို့ ပြန်ကြွဆင်းတော်မူသည်။ ဘုရားရှင်ပြန်ဆင်း သောလမ်းတွင် နတ်ပရိသတ်များ စုံလင်စွာ […]

Single Mother နဲ့ မွေးစာရင်းပြဿနာ

Single Mother နဲ့ မွေးစာရင်းပြဿနာ ဖခင်မဲ့နေသောကလေးများကိုစာနာသင့်ပါတယ်။ကိုယ့်အပြစ်မဟုတ်ဘဲရခဲ့တဲ့ကလေးကိုတာဝန်ယူရမဲ့ခက်ခဲလွန်းလှတဲ့မိခင်တွေနဲ့ဒီကလေးတွေ ကိုအထပ်အခါခါထိုးနှက်ဖို့ဘဲဒီလူ့အသိုင်းဝိုင်းကလုပ်နေကြလို့ပါ။ မြန်မာ့ လူမှုအသိုက်အဝန်းသည် ကိုးလလွယ် ဆယ်လဖွား မိခင်၏ အခန်းကဏ္ဍထက် ဖခင်၏ အခန်းကဏ္ဍ က ပိုမိုအရာ ရောက်သည်ဟု ပြောဆိုရမည့် အခြေအနေမျိုး ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် လူသားတယောက်တွင် မွေးဖွားလာသည်မှစ၍ ပထမဦးဆုံး လူစာရင်းသွင်းသည် ဟု အလွယ်ပြောရမည့် မွေးစာရင်းကို စတင်ပြုလုပ်ရခြင်းက ထိုကလေးအတွက် ဖခင်အမည်နှင့် ဖခင်၏ မှတ်ပုံတင်အမှတ်တို့မှာ အရေးတကြီး လိုအပ်လာသည်။ မွေးစာရင်းပြုလုပ်ခြင်းမှာ မိစုံဖစုံ မွေးဖွားလာသည့် ကလေးငယ်တယောက်အတွက် လွယ်ကူနိုင်မည် ဆိုနိုင်သော်လည်း ဖခင်မဲ့နေသည့် ကလေးငယ်တဦး၏ ဘဝအတွက် များစွာ ခက်ခဲစေသည်။ ထိုကဲ့သို့ အခြေအနေမျိုး ရောက်ရှိလာသည့်အခါ မိမိအသက်ကို စတေး၍ သေမင်းနှင့် စစ်ခင်းမွေးဖွားပေးခဲ့သော Single Mother […]

ပိန်းဥ၊ ပိန်းရိုးစားသူများ သတိပြုဖွယ်

ပိန်းဥ၊ ပိန်းရိုးစားသူများ သတိပြုဖွယ် ပိန်းပင်၏ အမြစ်ဖြစ်သော ပိန်းဥတို့ သည် ဆိမ့်သော အရာသာရှိကာ၊ ကဆီ ဓာတ်ကော်ရည် ပြည့်ဝသော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး၊ အာလူးအစားထိုး အသီးအနှံအဖြစ် စားသုံးနိုင်ပါသည်။ သို့ သော်အာဟာရဖြစ်စေသည့်အရည်အသွေးက အာလူးထက် သာလွန်ကောင်း မွန်ပါသည်။ ပိန်းရိုးထဲတွင် ဗိုက်တာမင် A၊ ဗိုက်တာမင် C ၊ အမျှင်ဓာတ်နှင့် ပရိုတင်း ပမာဏတို့  မြင့်မားစွာပါရှိကြသလို၊ ပိန်းဥထဲတွင် ပိုတက် စီယမ်၊ကယ်လ်စီယမ်၊ ဗိုက်တာမင် C ၊ ဗိုက်တာမင် E ၊ ဗိုက်တာမင် B၊ မဂ္ဂနီစီယမ်၊ ကော့ပါး၊ ဗိုက်တာမင် A နှင့် ပရိုတင်း ဓာတ်တို့ ပါရှိပါသည်။ ပိန်းဥတွင်ပါရှိသော အမျှင်ဓာတ်သည် အားလူးထက် […]

ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန်ချက်

ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန်ချက် ၁။ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ်။ ၂။ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ်။ ၃။ စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ်။ ၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။ ၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ။ ၆။ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။ ၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ်။ ၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။ ၉။ […]

အမျိုးသမီများ နှင့် ကာမေသုမိစ္ဆာစာရကံ

အမျိုးသမီများ နှင့် ကာမေသုမိစ္ဆာစာရကံ {အမေး}အရှင်ဘုရား။ တပည့်တော်မ တစ်ခုလောက် လျောက်ထားချင်ပါတယ်ဘုရား။တပည့်တော်မနဲ့ တပည့်တော်မရဲ့ သူငယ်ချင်းတို့ ကာမေသုမိစ္ဆာ အကြောင်းကို ဆွေးနွေးကြည့်ပါတယ်။ဒီဘက်ခေတ်မှာက စိုးရိမ်စရာတွေ မြင်နေမိလို့ပါ ဘုရား။သူငယ်ချင်းကပြောပါတယ် ကျူးလွန်သူအိမ်ထောင်သည်သာလျှင် ကံထိုက်ပြီးတော့တစ်ဖက်လူသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသူဆိုပါက ကံမထိုက်ဟု ဆိုပါသည်။ သူတို့ချင်း အတည်ယူလိုက်ပြန်လျှင်တော့ နှစ်ဦးစလုံးကံမထိုက်တော့ဟုဆိုပါသည် ဘုရား။တပည့်တော်မကို ကာမေသုမိစ္ဆာအကြောင်းလေးအသေးစိတ်ဟောပြပေးပါ ရန် လေးစားစွာလျောက်ထားအပ်ပါသည် ဘုရား။ရိုသေစွာဖြင့်။။ {အဖြေ}လူပုဂ္ဂိုလ်များနေ့စဉ်ဆောက်တည်နေကျဖြစ်သော ငါးပါးသီလထဲမှ တတိယမြောက်သိက္ခာပုဒ်ဖြစ်ပါတယ်။ အဓိပ္ပါယ်မှာ “မေထုန်အကျင့်၊ ဝါ- မေထုန်ဝတ္ထုတို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသော အကျင့်တို့မှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏” ဖြစ်၏။ (ကာမေသု= မေထုန်အကျင့်၊ ဝါ- မေထုန်အမှုဝတ္ထုတို့၌၊ မိစ္ဆာစာရော- တကယ်ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်)။ မေထုန်အကျင့်ဆိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသားတို့ ပျော်ပါးရွှင်မြူး ကြည်နူးပေါင်းဖက် စက်ယှက်ခြင်းပင် […]

တစ်ခုမှ မလပ်သော တစ်ခုလပ်များ

တစ်ခုမှ မလပ်သော တစ်ခုလပ်များ အများစုက တစ်ခုလပ်ဆိုတဲ့ ဘဝကို လက်မခံရဲ ချမပြရဲကြတာ တွေ့ရပါတယ်…..တစ်ချို့ကတော့ မိမိဆွေမျိုးအသိုင်းအဝိုင်းအလယ်မှာ ရှက်ရွံ့အားငယ်လို့ လူတောမတိုးရဲ….. တစ်ချို့ကျတော့လည်း နောက်ထပ် အိမ်ထောင်တစ်ခု တည်ဆောက်ဖို့စဉ်းစားတဲ့အခါမှာ ကိုယ့်ရဲ့ အရင်အတိတ်ကို ချပြဖို့ သတ္တိမရှိလို့ ဖုံးဖိဖို့ ကြိုးစားရင်း အမြဲတမ်း လိမ်ညာနေရတဲ့ အဖြစ်ကိုရောက်….. တကယ်ဆို အဲ့ဒီလို ကိုယ့်ဘဝအမှန်ကို ချမပြရဲတာ အရမ်းကို မှားတယ်လို့ ကျွန်မ ယူဆပါတယ်….. တစ်ခုလပ်…. ဘာဖြစ်လဲ….. ဘာရှက်စရာ….. အားငယ်စရာ လိုလဲ…..????? ကိုယ့်အမှား/ ကိုယ့်အပြစ်မရှိဘဲ ကွဲခဲ့တဲ့ အိမ်ထောင်ရေးဆို ပိုတောင် ဂရုစိုက်ဖို့ မလိုဘူးလို့ ယူဆပါတယ်…. ဒါပေမယ့် ခက်တာက မြန်မာ့လူမှုပတ်ဝန်းကျင်မှာ အချို့အချို့သော သူတွေက တစ်ခုလပ်တို့ / မုဆိုးမတို့ ဆိုတာကို […]

စကား​ပြော​သော​ငွေ

စကား​ပြော​သော​ငွေ သူငယ်​ချင်း…မင်းမှာ​ငွေမရှိဘူးဆိုရင်​​လေမုန့်​ဟင်းခါးသည်​​တောင်​ ၊အဖက်​လုပ်​မယ်​မထင်​နဲ့ ။သူငယ်​ချင်း. ..မင်းမှာသာ ​ငွေရှိရင်​​လေ ၊5 star ​ဟော်​တယ်​ကြီး​တွေမှာ​တောင်​ ၊ မင်း​​ခြေ​တောင်​ မချရ​သေးဘူး ၊ကားတံခါးလာဖွင့်​သူထီးမိုး​ပေးသူ ၊​တွေကအဆင်​သင့်​ ၊လှပျိုဖြူ​လေး​တွေကလည်း ခါး​လေးညွတ်​ပြီး မင်္ဂလာပါလို့ ယဉ်​​ကျေးပျူငှါစွာ ခရီးဦးကြိုဆိုကြလိမ့်​မယ်​ ။ သူငယ်​ချင်း..မင်းမှာသာ​ငွေမရှိရင်​​လေ …အသည်းအသန်​​နေမ​ကောင်းဖြစ်​လို့​ဆေးရုံတက်​ကြည့်​ ၊ ဟိုလူ​ဟောက်​ ဒီလူ​ဟောက်​နဲ့ ၊ဂိတ်​​စောင့်​​တောင်​​ကြောက်​ရတယ်​ ။စမ်းသပ်​ဖို့ဆို​ဝေလာ​ဝေး စ​ပေါ်ပါလားလို့ အရင်​​မေးကြတယ်​ ။ အသက်​ကို အ​ပေါင်​ထားလို့ ရမယ်​ထင်​သလား ။ သူငယ်​ချင်း…မင်းမှာသာ​ငွေရှိရင်​​လေ ၊ဂိတ်​​စောင့်​ ကအစအရိုအ​သေ​ပေး ၊ အားလုံးပျာပျာသလဲနဲ့ ၊ ငါးမိနစ်​တစ်​ခါ လာစမ်းသပ်​လိမ့်​မယ်​ ။ ​ဆေးရုံအုပ်​နဲ့​တွေ့ချင်​​သေးလားအားလုံး Ok သူငယ်​ချင်း…မင်းမှာသာ​ငွေမရှိရင်​​လေ ယူထားတဲ့မိန်းမက​တောင်​ ၊ပြန်​အမ်းချင်​တယ်​လို့​အော်​​နေလိမ့်​မယ်​ ။ ​ယောက္ခမကမကြည်​ဖြူ ၊ မ​ထေမဲ့မြင်​စကား​ပြောသူ့သမီးနဲ့ မြန်​မြန်​ကွဲပါ​စေလို့ ၊ဆု​တောင်း​နေဦးမှာ။ သူငယ်​ချင်း…မင်းမှာသာ​ငွေရှိရင်​​လေ​ရွှေသမက်​ […]