Categories

Archives

Our Networks

Meta

Blogger Contest : Win a Free Domain For 1-Year [ .COM/.NET/.ORG ]

Posted by admin on June 15th, 2008 and filed under Announcement |

ယနေ့အချိန်သည် IT Era ဖြစ်သည်၊ သတင်းနှင့်နည်းပညာ ကို ဆာလောင်ငတ်မွတ်ကြသည့် လူတိုင်းအတွက် အင်တာနက် ဆိုသော အရာက သတင်း အချက်အလက် များကို အလျင်မြန်ဆုံးနှင့် အလွယ်ကူဆုံး လူတိုင်းအတွက် ပေးစွမ်းနိုင်သည်မှာ ယုံမှား သံသယ ဖြစ်ဖွယ်မရှိ။ ထိုသို့ ထိုသို့သော အခြေအနေများ ထဲတွင် ၀ဘ်ဘလော့ဂ် တို့၏ အရေးကြီး အဆင့်အတန်း သတ်မှတ်ချက်ကလည်း တစ်နေ့တစ်ခြား မြင့်မား လာသည်မှာ အင်တာနက် သုံးစွဲနေကြသူတိုင်း သိနိုင်သော၊ မြင်နိုင်သော အဖြစ်အပျက် တစ်ခုဖြစ်သည်။

ကနောင်သည် ထိုအချက်ကို အလေးအနက် လက်ခံ သဘောပေါက်ပြီး သကာလ မြန်မာဘလော့ဂ် လောကအတွင်းရှိ ဘလောဂ္ဂါတို့၏ အကူအညီဖြင့် ကနောင်၏  စားသုံးသူ ဈေးကွက် ရှာဖွေမှုအား အထောက်အကူ ဖြစ်စေရန် သော်လည်းကောင်း၊ ကနောင်မှလည်း ထိုသို့သော ဘလော့ဂ္ဂါတို့၏ အကူအညီကို မေတ္တာ တုန့်ပြန်သောအားဖြင့်၊ ကျေးဇူး တုန့်ပြန်သောအားဖြင့် လည်းကောင်း အောက်ပါ ကံထူးရှင် ရွေးချယ်ပွဲ အစီအစဉ် တစ်ရပ်ကို စတင်လိုက်ပြီ ဖြစ်ပါသည်။

Contest နှင့် သက်ဆိုင်သည့် အချက်အလက်များ

(၁) Contest တွင် ပါဝင် ယှဉ်ပြိုင်ရန်အတွက် ကနောင်သို့ ပထမဦးဆုံး ဆက်သွယ်သူ ဘလော်ဂ္ဂါ လူကြီးမင်း (၁၀) ဦး အား ၁-နှစ်စာ ကိုယ်ပိုင် Domain [.COM / .NET / .ORG ] ကြိက်နှစ်သစ်ရာ တစ်ခုကို ကိုယ်ပိုင် Domain Panel နှင့်တကွ ကနောင်မှ မေတ္တာ လက်ဆောင် အဖြစ် ပြန်လည် ချီးမြှင့်သွားမည် ဖြစ်သည်။

(၂) Contest ကို ပါဝင်ယှဉ်ပြိုင်မည့် ဘလော်ဂ္ဂါ လူကြီးမင်း တစ်ဦး၏ ၀ဘ်ဘလော့ဂ်သည် အနည်းဆုံး Google ၏ PR-3 (Page Rank-3)  နှင့် အထက်ရှိရမည်။

မိမိ ၀ဘ်ဘလော့ဂ်၏ စာမျက်နှာ အဆင့်အတန်း(Page Rank) မည်မျှရှိသည်ကို စမ်းသပ်လိုပါက အောက်ပါ နေရာများတွင် သွားရောက်စမ်းသပ် နိုင်ပါသည်။ ကျွန်ုပ်တို့ ကနောင်အဖွဲမှ ပါဝင်ယှဉ်ပြိုင်သူ ဘလော့ဂ္ဂါ၏ PR ကို Google Toolbar ရှိ Page Rank အမှတ်အသားဖြင့် အတည်ပြုဆုံးဖြတ်မည် ဖြစ်သည်။

(၃) Contest တွင် ပါဝင်ဆင်နွဲလိုသည့် ဘလော့ဂ္ဂါ လူကြီးမင်း အနေဖြင့် ကနောင်၏ အောက်ပါ ၀န်ဆောင်မှု လေးမျိုးအကြောင်း နှင့် ယခု ပြုလုပ်သည့် ကနောင်၏ Contest အကြောင်းအား မိမိ၏ ဘလော့ဂ်တွင် ဆောင်းပါး တစ်ပုဒ် ရေးသားပေးရမည် ဖြစ်သည်။

(၄) အဆိုပါ ဆောင်းပါးရေးသားရန်အတွက် ကနောင် နှင့် တကွ အဆိုပါ ကွန်ယက်ဝန်ဆောင်မှု လေးမျိုးရှိ မည်သည့် စာမျက်နှာ နှင့် ရုပ်ပုံ အစိတ်အပိုင်းများကို မဆို ရည်ညွှန်းကိုးကား ရန်အတွက် အသုံးပြုနိုင်ပါသည်။

(၅) ပါဝင်ယှဉ်ပြိုင်သူ ဘလော်ဂ္ဂါ လူကြီးမင်း အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး အထက်ပါ ၀န်ဆောင်မှု လေးမျိုးအကြောင်း နှင့် ယခု Contest  အကြောင်း ဆောင်းပါး တစ်ပုဒ် ရေးသားပြီးသည်နှင့် တစ်ပြိုင်နက် services@kanaung.net သို့ Domain ပေးပို့ရမည့် လိပ်စာနှင့် ရေးသား ပြီးစီးကြောင်းအား အသိပေးအကြောင်းကြား ပေးရန်လိုအပ်ပါမည်။

(၅) အထက်ပါ အချက်များအားလုံးကို သဘောတူညီ ပြီးပါက ယခုဆောင်းပါး၏ Comment ကဏ္ဍတွင် မိမိပါဝင် ဆင်နွဲမည့် အကြောင်းအား အသိပေးသည့် အနေဖြင့် မိမိ၏ ၀ဘ်ဘလော့ဂ် လိပ်စာကို ရေးသွားပေးရန်သာ လိုပါမည်။ မှတ်ချက်ရေးသားရာတွင် ဖြည့်စွက်ရသည့် အီးမေးလ် အား အမှန်တစ်ကယ် သုံးစွဲနေသော အီးမေးလ် လိပ်စာကို ဖြည့်စွက်ပေးရပါမည်။

ကနောင်မှ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသည့် ဘလော်ဂ္ဂါ လူကြီးမင်း၏ Page Rank ကို စစ်ဆေးပြီးသည်နှင့် တစ်ပြိုင်နက်၊ PR 3 နှင့် အထက် ရှိသူ၊ စာရင်းပေးသွင်းပြီးသူ ဘလော်ဂ္ဂါ ၁၀-ဦး မပြည့်မချင်း ချက်ချင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရှိကြောင်းအား ဆက်သွယ် အကြောင်းကြားစာ ပေးပို့သွားမည် ဖြစ်သည်။

6 Responses

  1. Blogger Contest : Win a Free Domain For 1-Year [ .COM/.NET/.ORG ] | M B L 0 G G E R Says:

    [...] KaNaung Myanmar Web Design Free Domain Contest! [...]

  2. mmhan Says:

    Well, if that’s free. Count me in :D

  3. admin Says:

    Of course, our contest is totally FREE! We’ve just emailed to you. :) We appreciate your interest.

    Cheers!

  4. လူစိမ်း Says:

    ကျွန်တော်စိတ်ဝင်စားတယ်ဗျာ။မေးလ်လဲပို့ထားပြီးပါပြီ။
    PR ကတော့နှစ်ခါစစ်တာနှစ်မျိုးထွက်လာတယ်ဗျ။နှစ်ခါကဆက်တိုက် ၅ မိနစ်လောက်ပဲခြားပြီးစစ်တာ။ဟားဟားဟားဟား
    ကနောင်အောင်မြင်ပါစေ
    လူစိမ်း

  5. admin Says:

    [at] လူစိမ်း - ကိုလူစိမ်းခင်ဗျာ. စိတ်ဝင်တစ်စားနဲ့ ပါဝင်ယှဉ်ပြိုင်ရန် ဆက်သွယ် စာရင်းပေးမှု အတွက် ကနောင်မှ ကျေးဇူးအထူး တင်မိပါတယ်ခင်ဗျာ။ ကိုလူစိမ်း ဆီကို ကနောင်မှ အီးမေးလ် ပို့ထားပြီးပါပြီ။

    အောင်မြင်ပါစေ
    ကနောင်

  6. tt Says:

    ကျွန်တော့်လဲ Contest စာရင်းထဲထည့်လိုက်ပါခင်ဗျာ။

Leave a Comment

Please note: Comment moderation is enabled and may delay your comment. There is no need to resubmit your comment.