“အမြင်ကို ပြောင်းကြည့်လိုက်ပါ”

“အမြင်ကို ပြောင်းကြည့်လိုက်ပါ” တစ်ခါတုန်းက သန်းကြွယ်သူဌေးတစ်ယောက်ဟာ မျက်စိဝေဒနာကို ခံစားနေရတာကြောင့်စိတ်ပင်ပန်းဆင်းရဲ လို့ နေပါတယ်။ သူဟာ နားလည်တက်ကျွမ်းတဲ့ သမားတော်တွေနဲ့ ပြသတိုင်ပင်ခဲ့ပြီး သူ့ မျက်စိရောဂါကိုကုသခဲ့ပါတယ်။ဝါရင့်ကျွမ်းကျင်တဲ့ သမားတော်တွေဆီက ဆေးထိုး ဆေးသောက်နဲ့ ကုသမှုများစွာကို မရပ်မနားခံယူခဲ့ပါတယ်။ ဒါပေမယ့် ဒီဝေဒနာက ကုသပေမယ့် မပျောက်ဘဲ ပိုဆိုးလာသလို ဖြစ်နေတယ်။နောက်ဆုံးမှာ ဘုန်းကြီးတစ်ပါးက သူဌေးရဲ့ ရောဂါဝေဒနာကို လာ ကြည့်ပါတယ်။ လာကြည့်တဲ့အခါ ဘုန်းကြီးက သူဌေးရဲ့ မျက်စိရောဂါအခက်အခဲကို နားလည်သွားပြီးသူရဲ့ မျက်စိအတွက် အစိမ်းရောင်တစ်မျိုးတည်းကိုသာ အာရုံစိုက်ကြည့်ဖို့ နဲ့ တခြားအရောင်တွေကို ကြည့်လို့ မရဘူး လို့ ပြောပါတယ်။ ရှင်းရှင်းပြောရရင် သူ့ မျက်စိရောဂါက အစိမ်းရောင်ကလွဲရင် ကျန်တဲ့ အရောင်တွေနဲ့ မတည့်တာပါ။အဲဒီ့တော့ သူဌေးဟာ ပန်းချီဆရာများကို ခေါ်စုပြီး အစိမ်းရောင်ဆေးတွေကို […]

ပါးစပ်နာ၊ ပါးစောင်နာရောဂါ

ပါးစပ်နာ၊ ပါးစောင်နာရောဂါ လောကမှာ ရှောင်လွှဲလို့မရတဲ့ အရာတွေအများကြီးရှိပါတယ်။ သေခြင်းတရားကို ဘယ်သူမှ မရှောင်လွှဲနိုင်ဘူး။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းစတဲ့ လောကဓံအနိမ့်အမြင့်တွေ ကိုလည်း ရှောင်လွှဲလို့မရဘူး။ ဆင်းရဲခြင်းဆိုတဲ့ နေရာမှာ စိတ်ဆင်းရဲတာ၊ ကိုယ်ဆင်းရဲတာ နှစ်ခုလုံးပါတယ်။ အာရုံငါးပါးခံစားနိုင်တဲ့ ခန္ဓကိုယ်ကြီးကိုက ဝေဒနာတွေခံစားနိုင်တယ်။ ဖြစ်၊ တည်၊ ပျက်သဘောအရ ကိုယ်ဖြစ်မယ်၊ တည်ရှိမယ်၊ ပျက်စီးမယ် ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေဘဲ။ အဲ့ဒီလိုဘဲ လူ့ခန္ဓာကိုယ်ကြီးကလည်း နေရာတိုင်းမှာတည်ရှိနေတဲ့ ပိုးမွှားတွေရန်က ရှောင်လွှဲလို့မရဘူး။ နေ့စဉ်နေ့တိုင်းရှုရှိုက်နေတဲ့လေထဲမှာပါနေတဲ့ပိုးမွှားတွေဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်နေပေမယ့် တစ်ခါတစ်လေမှသာ လက္ခဏာပြကြတယ်။ တော်တော်များများကို ခန္ဓာကိုယ်ကတိုက်ခိုက်ပြီး ဖြစ်နေတော့ဝင်မှန်းတောင်မသိလိုက်ကြဘူး။ နာတယ်၊ ကျင်တယ်၊ အနေရခက်တယ်ဆိုမှသာ သတိထားမိကြတော့တယ်။ အဲ့ဒီထဲမှာ သေးငယ်ပေမယ့် လူအတော်များများ သတိထားမိတတ်ကြတဲ့ အနာမျိုးကတော့ cold sore လို့ခေါ်တဲ့ပါးစပ်နာ၊ ပါးစောင်နာတစ်မျိုးပါဘဲ။ အင်္ဂလိပ်လို […]

ဖောင်းထုတာလေးတွေရပ်ကြ အကုသိုလ်လေးတွေလျော့ကြ

ဖောင်းထုတာလေးတွေရပ်ကြ အကုသိုလ်လေးတွေလျော့ကြ သေခြင်း ရှင်ခြင်းက အလွှာပါးပါးလေးတခုဘဲခြားထားတာပါ။အသဲကင်ဆာနဲ့အသက်ငင်နေတဲ့အူးလေး ဘုန်းကြီးဘေးနားနေရင်း ဦးဇင်းက ပျံလွန်တော်မမူသေးဘဲ ခုမှတတ်လာတဲ့ လူနာက သေသွားတယ်။ ကိုယ်တိုင်တရားမရှိပေမဲ့တရားကျ မိတယ်။သေခြင်းဆိုတာမေ့စရာလား။တနေ့ကိုယ်လဲသွားရမှာဘဲ။ဘာလို့မေ့နေကြတာလဲ။မသေခင် နောက်လာနောက်သားတွေတွက်ကြိုးစားလုပ်နေတဲ့သူတွေရှိသလို …မသေခင် အကုသိုလ်ယူနေသူတွေ ဆင်ခြင်စေချင်မိတယ်။ အမေအိုကြီး အသက်၇၀ကျော် တိုင်းပြည်အတွက်အလုပ်လုပ်နေတယ် ။လူ သက်တမ်းအရ သူဘယ်လောက်တောင်လုပ်နိုင်မလဲ။ မြန်မာပြည်မှာသူ့လိုလူဘယ်နှစ်ယောက်ရှိလဲ။ဇရာကိုမထောက်ဘဲ အလုပ်လုပ်နေတာ ကိုမှအားမနာ ပြောလိုက်ကြတာဆိုတာ ဒီသက်ကြားအိုကြီးက မြန်မာတပြည်လုးံအတွက်လုပ်နေတယ်ဆိုတာလေးကို နဲနဲလေးတောင်နားလည်နိုင်စွမ်းမရှိကြတဲ့ လူအန္ဓတွေပါလား။ ဗိုလ်ချုပ်သေ ရင်အေးပြီထင်တဲ့ ဂဠု န်ဦးစော ..ဗိုလ်ချုပ်သေပြီးတော့ နောင်တ ရခဲ့တယ်။ ခင်ဗျားတို့တတွေက ဦးစောထက်ပိုဆိုးသူတွေပါ။ဗိုလ်ချုပ်ရဲ့ ရှင်ခြင်း သေခြင်းအလွှာလေး တခုမှာမြန်မာတနိုင်ငံလုးံ ဘယ်လို ပျက်ဆီး ဆုးံရှုးံခဲ့ရလဲ။ အခုရှားရှားပါးပါး ထပ်ပေါ်လာတဲ့ ဗိုလ်ချုပ်သမီး ခေါင်းဆောင်တစ်ဦး အသက်ကြီးနေတာတောင်သူတတ်စွမ်းသလောက်တကမ္ဘာလုးံနဲ့ယှဉ်ပြိုင်ကြိုးစားလုပ်ဆောင်နေတာ။သူ လုပ်နိုင်သလောက်လုပ်ပေးနေတုန်း ကူညီနိုင်တဲ့ ခေါင်းမရှိတဲ့ ခင်ဗျားတို့ […]

(၁၅)မိနစ် တရားထိုင်နည်း

(၁၅)မိနစ် တရားထိုင်နည်း တစ်နေ့လျှင် (၁၅)မိနစ်ခန့် တရားထိုင်ကြည့်ပါ။ ထူးခြားသော အကျိုးကျေးဇူးများ၊ ထူးခြားသော ကံကောင်းမှုများ၊ သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည်။အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊ အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ၊ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။ ဘယ်လက်ဝါးကို အောက်ကထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။နှာသီးဝအဖျားတွင် ထွက်လေ၀င်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။ တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။ တစ်ဖန် ၀င်လေကြောင့် လှုပ်သွားသောအခါတွင်လည်း […]

ယောက်ျားတွေ ဘာကြောင့်လိမ်ပြောကြ တာလဲ

ယောက်ျားတွေ ဘာကြောင့်လိမ်ပြောကြ တာလဲ တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေး ရှိ သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏… ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး.. မြစ်စောင့်နတ် – ဘာကြောင့် များငိုနေရတာလဲ အသင်လူသား..သစ်ခုတ်သမား – ကျွန်တော့် ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ.. ထိုပုဆိန်နဲ့ပဲ ကျွန်တော် သက်မွေးရတာပါ အရှင်.. အသစ်လဲမ၀ယ်နိုင်ပါဘူး… ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ ရွှေပုဆိန် နဲ့ ပြန်ရောက်လာပြီး မြစ်စောင့်နတ် – ဒါသင့်ပုဆိန်လား သစ်ခုတ်သမား – မဟုတ်ပါဘူး ထိုအခါ မြစ်စောင့်နတ် လဲ ငွေပုဆိန်ကိုပြပြီးမြစ်စောင့်နတ် – […]

ဘဝနှင့် လူ၏သက္ကရာဇ်များ

ဘဝနှင့် လူ၏သက္ကရာဇ်များ သက္ကရာဇ် (၁) အဲဒီတုန်းက ကောင်လေးက ရှိမှ အိမ်က ဖိုးသား တို့အရွယ် ၈ တန်းလောက် ရှိဦးမပေါ့။ဒါပေမယ့် ကျွန်တော့် ဆိုင် လာရင် မေးလိုက်သမျှ စာအုပ်တွေက တတ်ကျမ်းတွေကြီးပဲ။”ပီမိုးနင်း စာအုပ်တွေရှိလား” လို့မေးတဲ့ အခါလဲ မေးရဲ့။အဲဒီ့အချိန်တုန်းက ဖေမြင့် ရဲ့ တက်ကျမ်းတွေလဲ တစ်အုပ်ပြီးတစ်အုပ် စထွက်နေချိန်ပေါ့ဗျာ။ကျွန်တော့်မှာ သူ့အတွက် အလျင်မီအောင် ရှာရှာ ထားရတယ်။တခါတလေ သူ မေးတဲ့ စာအုပ်တွေ ကျွန်တော့်ဆိုင်မှာ မရှိရင် အနားက ဆိုင်တွေမှာ ရှာဖွေပေးရသေးတယ်။ သက္ကရာဇ် (၃) အခုဆို ကျွန်တော်နဲ့ ကောင်လေးတို့ သိကျွမ်းတာ ၂နှစ်လောက်ရှိပါပြီ။ဒါပေမယ့် ရင်းတော့ မရင်းနှီးသေးပါဘူး။ကောင်လေးက သူ့ကိုယ်သူ လူကြီးတစ်ယောက်လို့ သတ်မှတ်ထားပုံရပြီး လူကြီးပုံ အပြည့် ဖမ်းထားတာကိုး။”ဒီနှစ်တော့ […]

မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ

မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ   ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။ တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက်ကတော့ တိုင်ပေမှာ လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူ ဖြစ်တယ်။ တိုင်ပေကတစ်ယောက် ကတော့ တရုတ်နှစ်သစ်ကူးအချိန် ရောက်တိုင်း ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့ ထွက်သွားပြီးကတည်းက အခုမှပထမဆုံး အကြိမ်ပြန်တွေ့ရတာ ဖြစ်တယ်။ ဗမာစကားပီသတဲ့လူတွေ သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာဆိုတော့ စကား တွေပြောလို့ မကုန်အောင်ဖြစ်နေကြ တယ်။ အဲဒီလိုစကားပြောကြရင်းက တစ်ခုသတိထားလိုက်မိတယ်။ ဂျပန် ကလာတဲ့ တပည့်မက ဗမာစကားကို ဘာသံမှမ၀ဲဘဲ ပီပီသသကြီးပြောနေတဲ့အချက် ဖြစ်တယ်။ အခုတလော ရေဒီယိုကနေကြားကြားနေရတဲ့ ဂျပန်ရောက်ဗမာတွေရဲ့ စကားပြောသံတွေ ဟာ ဂျပန်သံဝဲ၀ဲ နေကြတာတွေ့ရတယ်။ […]

အရမ်းညံ့ခဲ့တဲ့ ဘန်ဂျမင်

အရမ်းညံ့ခဲ့တဲ့ ဘန်ဂျမင်

အရမ်းညံ့ခဲ့တဲ့ ဘန်ဂျမင် ငါးတန်းကျောင်းသားဘန်ဂျမင်ဟာ သူ့ကိုယ်သူ အတန်းရဲ့ အညံ့ဆုံး အထုံဆုံးလို့ ထင်တယ်။ အတန်းဖော်တွေကလဲ ဘန်ဂျမင်ဟာ တို့အတန်းရဲ့အညံ့ဆုံး။ အတန်းပိုင်ဆရာမရဲ့ အတွေးမှာလဲ ဘန်ဂျမင်ဟာ အထုံဆုံး ကျောင်းသားတစ်ယောက်။ နှစ်ဝက် အဆင့်ဖော်ပြတဲ့ကဒ်ကိုအိမ်ကိုပြရတော့ မှတ်ချက် ။ ။ “ထူးခြားစွာ တိုးတက်မှုမရှိ (ညံ့)” တဲ့။ ဘန်ဂျမင်ကတော့ ကဒ်ကိုကိုင်ရင်းစဉ်းစားနေတဲ့ သူ့အမေကို လေပြေလေးနဲ့ပြောတယ်။ “ဒါပြသနာ သိပ်မရှိဘူး မဟုတ်လား မေမေ” ဘန်ဂျမင့်အမေရဲ့ အတွေးကတော့ ကွဲပြားတာအမှန်။ ၃ တန်းသာအောင်တဲ့ ဘန်ဂျမင့်အမေတွေးတာက ” ငါ့သားတွေ ဆင်းရဲတွင်းထဲက လွတ်ဖို့ တစ်ခုတည်းသော ထွက်ပေါက်က ကောင်းမွန်အသုံးကျတဲ့ပညာရေး ပဲ” ဒါပေမယ့် လက်ရှိမှာ သူ့သားနှစ်ယောက်ရဲ့ အဆင့်ဟာ တိုးတက်မှုရှိလှတယ် မဟုတ်ဘူး။ သူမနားလည်လိုက်တာက ငါ့သားတွေရဲ့ ပညာရေးကို […]

အမျိုးသမီးတွေ စိတ်ကျရခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကုစားနိုင်မလဲ

အမျိုးသမီးတွေ စိတ်ကျရခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကုစားနိုင်မလဲ

အမျိုးသမီးတွေ စိတ်ကျရခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကုစားနိုင်မလဲ စိတ်ကျမှုဟာ တစ်ဦးနဲ့တစ်ဦးမတူပါဘူး။ အထူးသဖြင့် ယောကျာ်းလေးနဲ့ မိန်းကလေးတွေမှာ မတူညီတတ်ပါဘူး။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက်ပိုပြီး စိတ်ကျလွယ်ပါတယ်။ မိန်းကလေးတွေရဲ့ စိတ်ကျရတဲ့အကြောင်းရင်းနဲ့ လက္ခဏာတွေ ဟာ ယောကျာ်းလေးတွေ စိတ်ကျရတဲ့အကြောင်းရင်းနဲ့လည်း မတူညီပါဘူး။ စိတ်ကျမှုဟာ ဆိုးရွားပြင်းထန်လှတဲ့ အခြေအနေတစ်ရပ်ပါပဲ။ အခန့်မသင့်ရင် ဘ၀ရဲ့အစိတ်အပိုင်းတိုင်းကို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ စိတ်ကျနေတဲ့အတွက်လူမှုဆက်ဆံရေး၊ အချစ်ရေး၊ အလုပ်အကိုင်နဲ့ ယုံကြည်ချက်တွေကို ထိခိုက်လာနိုင်ပါတယ်။ မိန်းကလေးတစ်ယောက် အတွက်တော့ စိတ်ကျတယ်ဆိုတာ ပုံမှန်ပါပဲ။ အမျိုးသားစိတ်ကျန်းမာရေးအဖွဲ့အစည်းရဲ့ အဆိုအရတော့ မိန်းကလေး ရှစ်ယောက်မှာ တစ်ယောက်ဟာ တစ်နေရာရာ၊ တစ်ချိန်ချိန်မှာ စိတ်ဓါတ် ကျနေနိုင်တယ်လို့ သိရပါတယ်။ ၀မ်းနည်းနေမယ်၊ အပြစ်ရှိတယ်လို့ ခံစားနေရမယ်၊ ပင်ပန်းနေမယ်ဆိုရင်တော့ စိတ်ကျလာနိုင်ပါတယ်။ သတင်းကောင်းကတော့ စိတ်ကျတာကိုကုသလို့ရပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်တဲ့ စိတ်ကျမှုနဲ့ အကျိုးသက်ရောက်မှုတွေကို […]

" ဖြစ်အောင်လုပ်ပါ "

” ဖြစ်အောင်လုပ်ပါ “

” ဖြစ်အောင်လုပ်ပါ “ ၁၉၅၇- ခုနှစ်က ကယ်လီဖိုးနီးယားတွင် (၁၀)နှစ်အရွယ် ကောင်လေးတစ်ယောက် ရည်မှန်းချက်ပန်းတိုင် တစ်ခု ချသည်။ အဲသည်အချိန်က အမေရိကန်ကြေးစား ဘောလုံး (ရပ်ဂဘီဘော) လောကတွင် ဂျင်(မ)ဘရောင်းသည် အကျော်ကြားဆုံး နောက်တန်းအလယ်လူဖြစ်သည်။ ပိန်တာရိုးကောင်လေးကသူ့အော်တိုလက်မှတ်လိုချင် သည်။ သည်ရည်မှန်းချက် အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲတချို့ရှိ နေသည်။ သူသည် လူမည်း ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းရ သူဖြစ်သည်။သူ့ခမြာ ဘယ်တုန်းကမှ ၀၀လင်လင် မစား ရ။အာဟာရ ချို့တဲ့မှုကြောင့်အရိုးပျော့ရောဂါ ရနေ သည်။ အရိုးပေါ်အရေတင်သည့် သူ့ခြေထောက် ခွင်ခွင် လေးကို သံမဏိထိန်းတံများဖြင့် ကျားကန်ပေးထား ရ သည်။ လောလောဆည်လည်းပိုက်ဆံမရှိသဖြင့် ဘောပွဲ ၀င်ကြည့်ရန် လက်မှတ်မ၀ယ်နိုင်။ ထို့ကြောင့် ဂျင်(မ) ဘရောင်း ကစားပြီး […]