ကျနော် ဖုန်းတစ်လုံးဖြစ်ချင်တယ်

ဓာတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းနေစေဖို့အတွက် ကျင့်သုံးရမယ့် အချက် (၁၁) ချက်

ဓာတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းနေစေဖို့အတွက် ကျင့်သုံးရမယ့် အချက် (၁၁) ချက် သူများတွေပြောတဲ့ ဓာတ်ပုံစားတယ်၊ ဓာတ်ပုံစားတယ်ဆိုတာဟာ အပြင်မှာထက် ဓာတ်ပုံထဲမှာ ပိုချစ်ဖို့ကောင်းတာ၊ ပိုကြည့်ကောင်းတာမျိုးကို ပြောချင်တာပါ။ တစ်ခါတစ်လေ ဓာတ်ပုံရိုက်တဲ့အခါ တောင့်တောင့်တင်းတင်းကြီး ဖြစ်တတ်တဲ့သူတွေအတွက်တော့ အပြင်မှာ ကြည့်ကောင်းနေရင်တောင် ဓာတ်ပုံထဲလည်းရောက်ရော အနေအထားမကျ မျက်နှာတည်တည်တင်းတင်းကြီးတွေ ဖြစ်နေရော။ ဒီတော့ ဓာတ်ပုံရိုက်တဲ့အခါ ကိုယ့်ရှိရင်းစွဲထက်ကို ပိုမိုဆွဲဆောင်အားကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်လေးတွေ ပြောပြပေးလိုက်ပါတယ်။ ၁။ကိုယ်က ဓာတ်ပုံရိုက်လိုက်တိုင်း မျက်လုံးမှိတ်သွားတတ်တဲ့သူဆိုရင်တော့ ကိုယ့်ဓာတ်ပုံတွေတိုင်းမှာ မျက်လုံးမှေးမှေးနဲ့ အိပ်ငိုက်နေတဲ့ပုံတွေ များနေမှာပေါ့။ ဒီ့အတွက် အကြံပေးချင်တာက ဓာတ်ပုံရိုက်တော့မယ်ဆိုတာနဲ့ မျက်လုံးကို မှိတ်ထားလိုက်ပြီး ရယ် ဒီ ၁ ၂ ၃ ဆိုတဲ့အချိန်ရောက်မှသာ မျက်လုံးကို ဖွင့်လိုက်ပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။ ၂။မေးနှစ်ထပ်ဖြစ်နေတဲ့သူဆိုရင်တော့ လည်ပင်းကို […]

ရေချိုးတဲ့အခါ ဒီအချက်လေးတွေ မှားယွင်းစွာ လုပ်ဆောင်တတ်ကြတာ

ရေချိုးတဲ့အခါ ဒီအချက်လေးတွေ မှားယွင်းစွာ လုပ်ဆောင်တတ်ကြတာ

ရေချိုးတဲ့အခါ ဒီအချက်လေးတွေ မှားယွင်းစွာ လုပ်ဆောင်တတ်ကြတာ ရေချိုးခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းဖို့နဲ့ အသားအရေအတွက် ကောင်းတယ်ဆိုပေမယ့် နည်းလမ်းအမှားတွေနဲ့ ရေချိုးမိတဲ့အခါမှာတော့ အကျိုးရလာဒ်မကောင်းနိုင်ပါဘူး။ ဒီတော့ ရေချိုးတဲ့အခါ ဘယ်လိုအချက်မျိုးတွေကို သတိထားသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။၁။ရေအကြာကြီး ချိုးတာမျိုး တစ်ခါတစ်လေ ရေချိုးခန်းထဲမှာ စိတ်ကြိုက် ရေအကြာကြီး ချိုးမိလိုက်တာမျိုးတွေ ရှိပါတယ်။ ဆယ်မိနစ်ထက်ကြာအောင် ရေချိုးလိုက်မယ်ဆိုရင် သင့်အရေပြားရဲ့ သဘာဝ အလျှောက်ဖြစ်ပေါ်နေတဲ့ အဆီတွေ ခမ်းကုန်ပါလိမ့်မယ်။ ရေနွေးနဲ့ ချိုးတာမျိုးဆိုရင် ပိုဆိုးပါသေးတယ်။ အစက်အပြောက်တွေ ဖြစ်နိုင်တာမို့ ဆယ်မိနစ်ထက် ပိုကြာအောင် ရေမချိုးဖို့ ပြောချင်ပါတယ်။ မျက်နှာသုတ်ပုဝါနဲ့ ကြမ်းတမ်းစွာ ပွတ်မိတာမျိုး ရေချိုးခန်းက ကိုယ်တိုက်ဘရက်ရှ်၊ ပုဝါ စတာတွေနဲ့ အရေပြားကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တာမျိုးတွေလည်း မလုပ်သင့်ပါဘူး။ တော်သင့်သလောက်သာ သန့်ရှင်းရေးလုပ်ပါ။ ရေချိုးပြီးသွားတဲ့အခါမှာလည်း ကိုယ်သုတ်ပုဝါနဲ့ ရေစင်အောင် […]

သဘာဝနည်းနဲ့ သင့်ဆံနွယ်တွေကို အရှည်မြန်စေဖို့

သဘာဝနည်းနဲ့ သင့်ဆံနွယ်တွေကို အရှည်မြန်စေဖို့

သဘာဝနည်းနဲ့ သင့်ဆံနွယ်တွေကို အရှည်မြန်စေဖို့ မိန်းမတို့ ဘုန်းဆံထုံး ဆိုတဲ့ စကားဟာ ရှေးကျခဲ့ပြီ လို့ဆိုသော်ငြားလဲ ယနေ့ခေတ်လို အလှအပခေတ်ကြီးမှာ သန်စွမ်းတဲ့ ဆံနွယ်လေးတွေရှိနေတာက လာဘ်တစ်ပါးပဲဖြစ်ပါတယ်။ ဆံနွယ်တွေကို ပိုပြီး ရှည်လာအောင်နဲ့ သန်စွမ်းလာအောင်လို့ ဆေးအမျိုးမျိုး ပေါ်လာကြပေမယ့် အကောင်းဆုံးကတော့ သဘာဝနည်းလမ်းတွေက အန္တာရာယ်အကင်းဆုံးဖြစ်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းတွေကတော့ ဆံနွယ်တွေ အရှည်နှေးနေတယ်လို့ ထင်နေကြတဲ့ အမျိုးသမီးတွေ အတွက် သဘာဝနည်းလမ်းလေးတွေနဲ့ ဆံပင်အရှည်မြန်အောင် လုပ်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။   အစာစားပါ အလှအပအတွက် အစာရှောင်နေတဲ့အချိန်၊ အစာကောင်းကောင်းမွန်မွန်မစားတာတွေက သင့်ခါးဗိုက်ပိုင်းတင် မဟုတ်ဘဲ သင့်ဆံနွယ်တွေကိုပါ ထိခိုက်နေတယ်ဆိုတာ သတိထားမိပါသလား။ ဆံနွယ်တွေကလဲ အခြားကိုယ်ခန္ဒာအစိတ်အပိုင်းများနည်းတူ အာဟာရနဲ့ အဆီဓါတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့်မို့ အစာမစားဘဲနေခြင်းက ဆံနွယ်တွေကို အရှည်နှေးစေနေတာဖြစ်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ အစာမျှမျှတတ ပြန်စားဖို့နဲ့ သကြားတွေကို ရှောင်ကြဉ်စားသောက်သင့်ပါတယ်။   […]