ရွှေမော်ဓောဘုရားသမိုင်း(ပဲခူး)

ရွှေမော်ဓောဘုရားသမိုင်း(ပဲခူး) ရွှေမော်ဓောဘုရားသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿ န၊ မင်းသီတ၊ မရင်သိန္န၊ မဝေါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။ ရွှေမောဓောဘုရားသည် ပဲခူး(မွန်ဘာသာဖြင့် ဗဂေါ)မြို့၏ ကျက်သရေဆောင်၊ ပဲခူးနယ်တစ်ဝိုက်တွင် အထင်ရှားဆုံး သာသနိက အဆောက်အအုံ တစ်ခုဖြစ်သည်။ ထိုဘုရားသည် ပဲခူးဒေသ၏ ဘာသာရေး သက်တမ်းတစ်လျှောက်တွင် အဓိကကျသော သာသနိကအမွေနှစ်ဖြစ်ပေသည်။ မူရင်းဘုရားသမိုင်း ရွှေတိဂုံစေတီတော်သမိုင်းနှင့် ဆင်ဆင်တူသည်။ ကုန်သည်ညီနောင်နှစ်ဦး(တဖုဿ နှင့် ဘလိက မဟုတ်ပါ။)က မြတ်စွာဘုရားထံမှ ဆံတော်နှစ်ဆူပင့်ဆောင်လာပြီး ပဲခူးဒေသမှာ စေတီတည်ထား ဌာပနာခဲ့ကြပါသည်။ ဘုရားသမိုင်းသည် အမျိုးမျိုးကွဲပြားနေပေခဲ့သော်လည်း […]

ရွှေစည်းခုံစေတီတော်သမိုင်း (ပုဂံ)

ရွှေစည်းခုံစေတီတော်သမိုင်း (ပုဂံ) ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း၊ မိုင်ဝက်ခန့် ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ(၇၅၀)ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀)၊ ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။ သမိုင်း ပုဂံပြည့်ရှင် အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမ၀ိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။ ပထမ ၀ိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။ အနော်ရထာမင်းကြီး သည် စွယ်တော်မြတ်ကို နန်းတော်ရှေ့  ရတနာပြဿ ဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ၀တ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော ရှင်အရဟံမထေရ်က သတ္တ၀ါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား […]

အာနန္ဒာဘုရားသမိုင်း

အာနန္ဒာဘုရားသမိုင်း အာနန္ဒာဘုရားကို ပုဂံခေတ် ကျန်စစ်သားမင်း(1084–1113)လက်ထက် AD(1090) တွင် တည်ထားတော်မူခဲ့သည်။ ကျန်စစ်သား မင်းလက်ထက်တွင် ဟိမဝန္တာတောရှိ နန္ဒမူလှိုဏ်ဂူမှ ရဟန္တာများ ပုဂံပြည်သို့ ကြွရောက်တော်မူလာကြသည်။ ထိုရဟန္တာအရှင်သူမြတ်များ၏မိန့်ကြားချက်အတိုင်း နန္ဒမူလှိုဏ်ဂူကို သဘောကျကာ နန္ဒမူလှိုဏ်ဂူကဲ့သို့ အာနန္ဒာစေတီတော်ကို တည်ထားတော်မူစေခဲ့ပါသည်။ အာနန္ဒာစေတီသည် ဂူပုထိုး(Temple) ပုံစံဖြင့် တည်ထားတော်မူသောစေတီတော်ဖြစ်ပါသည်။ အလျား(၁၆၈)ပေမြင့် ပြီး၊ အနံတစ်ဖက်လျှင်(၂၈၉)ပေ ရှိသည်။ အာနန္ဒာစေတီတော်တွင် ဘုရားဆင်းတုတော်၊ ဓာတ်တော်၊ မွေတော်များနှင့် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားများထည့်သွင်းကာ ဌာပနာထားသည်။ အာနန္ဒာစေတီတော်ပရဝုဏ် အတွင်း အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာတွင် မုခ်ဦး တစ်ခုစီဖြင့် မုခ်ဦး(၄)ခုရှိသည်။ အလယ်မဏ္ဍိုင် အရပ်လေးမျက်နှာတွင် ပွင့်တော်မူပြီးသော ဘုရားလေးဆူအား ရည်မှန်းကာ ဘုရားလေးဆူကို တည်ထား သည်။ ဘုရားတစ်ဆူလျှင် […]

ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင်ဘီစီ ၅၈၈ ကပင်စတင်ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း

ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင်ဘီစီ ၅၈၈ ကပင်စတင်ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း ဗုဒ္ဓဘာသာသည် မဂ်ဖိုလ် နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ဗုဒ္ဓမြတ်စွာဘုရားသည် သူကိုယုံကြည်သူများကို လည်းကောင်း၊ မယုံကြည်သူများကို လည်းကောင်း၊ မေတ္တာထားသော လူသတ္တဝါ တို့အား ဒုက္ခအပေါင်းမှကယ်တင်သော မေတ္တာဘုရား ဖြစ်သည်။ ဗုဒ္ဓဘာသာသည် မြန်မာ့ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ ဗုဒ္ဓဘာသာကို မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။ မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ . မြန်မာ့ဗုဒ္ဓသာသနာတော်အစ- တဖုဿ နှင့် ဘလ္လိကဟုလည်းကောင်း မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က […]

သီတင်းကျွတ်လပြည့်နေ့နှင့်ပွဲတော်များ

သီတင်းကျွတ်လပြည့်နေ့နှင့်ပွဲတော်များ မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံးဟောကြားတော် မူပြီး တရားစစ်သူကြီး ရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန် တည်းမှာ ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ်ခေါ်ဝေါ် ခဲ့ကြပါသည်။ အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ၀ါတွင်း သုံးလ […]

အဘိဓမ္မာ အခါတော်နေ့

အဘိဓမ္မာ အခါတော်နေ့ သီတင်းကျွတ်လ သည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမ မြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီကြယ် နှင့် လမင်း တို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရလူ့ယဉ်ကျေးမှုသမိုင်းကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသောမိုးကာလဟုလည်းကောင်း၊တောင်သူလယ်သမား တို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။ မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သောဗုဒ္ဓသာသနာတော်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့်တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် […]

ဘဝအတွက်ဘာသာ၊ ဘာသာအတွက်ဘဝ

ဘဝအတွက်ဘာသာ၊ ဘာသာအတွက်ဘဝ ကိုယ် သည်ဆောင်းပါးကိုရေးနေချိန်မှာ “ဆရာတော် ဒီအရေးမှာ တပည့်တော်တို့ တခုခုလုပ်ရမယ်” ဟု မချိတင်ကဲဆိုလာသူက ဘတ်ဖဲ လိုးမြို့ရောက်နေသည့် ညီမောင် “အရှင်မဏ္ဍလ” ပင်။ ငယ်သူတို့ရင်ဝယ် မီဒီယာတွေကတဆင့် မီးတို့ကူးပေလိမ့်၊ အပူတို့ ဟပ်ပေလိမ့်။ ကိုယ်သည်ပင် နယူးယောက်ရှိ “သာသနာ့ဥသျောင်” က ဥက္ကဌထေရ်ကို သဘောထားထုတ်ပြန်ဖို့ ကြားစမှာပင် လျှောက်ကြားခဲ့ပြီလေ။ အမိမြေ၊ ရခိုင်ဒေသက ငြိမ်းလေပြီးစမီးသည်လည်း ငယ်သူတို့ရင်ဝယ် ပြန်လည်နိုးကောင်းနေပေလိမ့်။ ထိုအကြောင်းသည် နှလုံးသွင်းမြဲ မေတ္တာကမ္မဋ္ဌာန်းကို ခြောက်သွေ့ကောင်း ခြောက်သွေ့သွားစေပေလိမ့်။ ညီတော်၊ နောင်တော်တို့ သီတင်းသုံးရာ ကျောင်းဝိဟာတို့ မီးရှို့ခံရသတဲ့၊ ကိုးကွယ်ရာ အဖမြတ်စွာ၏ ကိုယ်စားတော်ရုပ်ထုရုပ်ပွားတို့သည်လည်း မီးသင့်ခံတော်မူကြရသတဲ့။ နှစ်ပေါင်း နှစ်ရာ၊ သုံးရာခန့်ရှိ ကျောင်းဗိမာန်အမွေအနှစ် အဆောက်အဦတို့သည်လည်း ဆုံးရှုံးရပြီတဲ့။ သာသနာရိပ်၊ ဘာသာရိပ်၌ […]

ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ် ( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )

ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ် ( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း ) ဇာတံ သရဏတော ဘယံ-ကိုးကွယ်ရာမှ ဘေး ဖြစ်တတ်သည်-ဟူသော ဗုဒ္ဓစကားတော်အရ သတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္မများစွာ ရောက်ခဲ့ကြသည်။ ရောက်နေကြသည်။ ရောက်ကြလိမ့်ဦးမည်။ သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာ အဖြာဖြာကို လိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။ ဘေးအန္တရာယ်တခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။ ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ သစ်သီးစားချင်သူသည် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက် ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည် ဖြစ်၏။ ဒီဘက်ကမ်းမှ မြစ်ကို ဖြတ်၍ ဟိုဘက်ကမ်း […]

ဗုဒ္ဓဘာသာဆိုတာ ဘာသာမဟုတ်ဘူး

ဗုဒ္ဓဘာသာဆိုတာ ဘာသာမဟုတ်ဘူး “ငါဘုရားရဲ့ တရားတွေကို တွေးကြံနိုင်စွမ်းရှိသူတွေပဲ သိနိုင်မယ်” ( ဗုဒ္ဓ) ကျမက ဘာသာတရား ကိုင်းရှိုင်းလှတယ်မဟုတ်၊ ဗုဒ္ဓတရားကိုပဲ ကျင့်ကြံတယ်လို့ ပြောမိတိုင်းမေးခွန်းပေါင်းများစွာ ပြန်လာလေ့ရှိတယ်။ ကမ္ဘာ ပေါ်မှာ ဗုဒ္ဓတရားကို ဘာသာ တရပ်လို့ အများက သတ်မှတ်ထားပေမယ့် ကျမအတွက်တော့ ဒီလို မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ဆိုရရင်၊ ဒီတရားအကြောင်းကို ဘာမှမသိခင်၊ ဒီ အတွေးအမြင်နဲ့ ထုံးထမ်းတွေကို အတွင်းကျကျ မလေ့လာမိခင်တော့ ကျမလည်း ဒီလိုပဲ ထင်ခဲ့တယ်။ ပထမဆုံးအနေနဲ့ “ဘာသာ” ဆိုတာကို အဓိပ္ပါယ် ဖွင့်ရရင် “ယုံကြည်၊ ကိုးကွယ်ရာ စနစ် တခု” နဲ့ “လူသာမာန် မဟုတ်၊ တန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှု” ဆိုရမယ်။ အိန္ဒိယနဲ့ နီပေါကို […]

မြတ်စွာဘုရားဟာ agnostic ရော မဟုတ်ပါလား

မြတ်စွာဘုရားဟာ agnostic ရော မဟုတ်ပါလား မေး.. မြတ်စွာဘုရားဟာ agnostic ရော မဟုတ်ပါလား။ မြတ်စွာဘုရားဟာ agnostic နဲ့ ဘာလို့ မတူရတာလဲ။(မေး..ဦးသိန်းဇော်မြင့်) ဖြေ..ဒီမေးခွန်းမှာလည်း agnosticဆိုတဲ့ စကားလုံးဟာ အင်္ဂလိပ်စကားလုံးတစ်လုံးဖြစ်ပြီး မြန်မာလို ရှင်းပြမှပဲ ဆွေးနွေးလို့ ရပါတယ်။ Agnostic ဆိုတဲ့ စကားလုံးကို ဂရိဘာသာမှ “a” (မဖြစ်), “gnosis” (သိခြင်း) နှင့် “-tic” (သူ) အပိုင်း သုံးပိုင်းအဖြစ် သိရပါတယ်။ မြန်မာလို အလွယ်ဘာသာပြန်ရင် “သိသောသူမဟုတ်”လို့ အဓိပ္ပါယ် ရပါတယ်။ သို့သော် agnostic စကားလုံးရဲ့ အဓိပ္ပါယ်မှာ “အမှန်အစစ်ကို သိလို့ မရ” ဖြစ်ပါသည်။ မြန်မာအစိုးရမှ ထုတ်ဝေထားတဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ “ကင်္ခါဝါဒီ”လို့ ပြန်ပါတယ်။ ဟိုး […]