ကိုယ်ပိုင်ဥစ္စာ မရှိ

ကိုယ်ပိုင်ဥစ္စာ မရှိ လောကကြီးမှာ တချို့ပုဂ္ဂ္ဂိုလ်တွေက အဆင်ပြေတယ်၊ တိုက်နဲ့ကားနဲ့၊ ကားမှတကယ့် Modern မြင့်တဲ့ ကားနော်။ တိုက်ကလည်း အင်မတန် အဆင့်မြင့်တဲ့ လုံးချင်းအိမ်၊ သိန်းတစ်ထောင်လောက်တန်တဲ့ တိုက်ကြီးပေါ့။ ခုဆို မကလောက်ဘူးထင်တယ်၊ သိန်းတစ်သောင်းလောက်တန်တဲ့ တိုက်အိမ်၊ ဒီတော့ ဒီလို ကိုယ်ပိုင်ဥစ္စာလေးတွေရှိကြတယ်။ ဘယ်ကုမ္ပဏီကြီးကိုပိုင်တယ်၊ ကားကြီးက ဘာကားကြီးစီးတာ၊ ဟုတ်ရဲ့လား၊ ချမ်းသာတဲ့ပုဂ္ဂ္ဂိုလ်တွေမှာ စာရင်းတွက်ထားလိုက်မယ်ဆိုရင် ပိုင်ဆိုင်တာတွေနည်းမှာ မဟုတ်ဘူး၊ ဒါ သူပိုင်တာပေါ့။ မြတ်စွာဘုရားက ဒါတွေကို ဓမ္မအမြင်နဲ့ကြည့်ရင် တစ်မျိုးမြင်မယ်တဲ့ “ လောကော – လောကကြီးမှာ၊ အဿကော – ကိုယ်ပိုင်ဥစ္စာဆိုတာ မရှိပါ၊ (ဟော ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် ကိုယ်ပိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့၊) ဘာဖြစ်လို့လဲ၊ သဗ္ဗံ – ရှိသမျှပစ္စည်းဥစ္စာကို၊ ပဟာယ […]

ဒါနအကျိုး

ဒါနအကျိုး တိရစ္ဆာန်ကိုလှူရင် ကိုယ်လှူတာထက် အဆတစ်ရာ ကောင်းကျိုးချမ်းသာရမယ်။ တချို့က ထင်ကောင်းထင်မယ်။ ကိုယ်ကတစ်ခါလှူတာ သူတို့က အဆတစ်ရာ ဘယ်လိုလုပ် အကျိုးပေးမတုန်းဆိုတော့ ဒါက လက်တွေ့ပြဖို့ရန် လွယ်တယ်လေ။ မျိုးစေ့လေးတစ်စေ့၊ ဥပမာ သရက်ပင်လေး စိုက်လိုက်တယ်။ ကိုယ်က တစ်စေ့ပဲစိုက်ရတယ်၊ သီးတဲ့အခါကျတော့ အများကြီးသီးတယ်။ ကိုယ်စိုက်တာ၊ ရင်းလိုက်တာက တစ်စေ့ပဲ ရင်းလိုက်တာပေါ့။ ရလာတဲ့အခါကျတော့ အသီးပေါင်း မြောက်များစွာ။ အဲဒါလိုပဲ ဒါနကောင်းမှုဟာ ကိုယ်လှူလိုက်တာကတော့ တစ်ခါပဲ၊ သို့သော် ဒီအလှူပေါ်မှာရှိတဲ့ စေတနာစွမ်းအားတွေဟာ မျိုးစေ့တွေဖြစ်တာ။ ဒါကြောင့် မြန်မာစကားမှာ “ညောင်စေ့လောက်လှူရင် ညောင်ပင်ကြီးလောက် အကျိုးရှိတယ်”ဆိုတာ ဒါပြောတာ။ အဲဒီမှာ မြတ်စွာဘုရားက တိရစ္ဆာန်တစ်ကောင်ကိုလှူတယ်ဆိုတဲ့နေရာမှာ တိရစ္ဆာန်ကို သနားလို့ ကျွေးတဲ့အလှူမျိုးဖြစ်တယ်။အိမ်မှာမွေးတဲ့ တိရစ္ဆာန်တစ်ကောင်ကို ဥပမာ- အန္တရာယ် ကာကွယ်ဖော်ရတဲ့ ခွေးတွေဘာတွေ […]

“ရဟန်းတော်များအပေါ်ဝစီကံသရမ်း နှုတ်ထွက်ကြမ်းခဲ့သည့် ဝက်နှုတ်သီးနှင့် ရွှေကိုယ်ပြိတ္တာ”

“ရဟန်းတော်များအပေါ်ဝစီကံသရမ်း နှုတ်ထွက်ကြမ်းခဲ့သည့် ဝက်နှုတ်သီးနှင့် ရွှေကိုယ်ပြိတ္တာ” အရှင်နာရဒမထေရ်သည် နံနက်စောစော ဆွမ်းခံရန် ရာဇဂြိုဟ်မြို့ထဲသို့ ကြွသွားစဉ် ကိုယ်သည် ရွှေအဆင်းရှိ၍ မျက်နှာကား ပုပ်သိုးသိုးရှိပြီး ပါးစပ်ကား ဝတ်နှုတ်သီးနှင့်တူ၏။ သူသည်အမြဲဆာလောင် နေသဖြင့် သနားဖွယ်ကောင်းလှ၏။ အရှင်နာရဒက ထိုပြိတ္တာနားသို့ချဉ်းကပ်၍ …”သင်၏ကိုယ်သည် အလုံးစုံ ရွှေအဆင်းရှိသည်ဖြစ်၍ အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ၏။ သင်၏ မျက်နှာသည်ကား ဝက်မျက်နှာနှင့်တူ၏။ သင်သည်ရှေးဘဝက အဘယ်ကံကို ပြုခဲ့ဖူးသနည်း”ဟု အရှင်နာရဒကမေး၏။ ထိုပြိတ္တာက …”အရှင်ဘုရား ကျွန်ုပ်သည် ကိုယ်ဖြင့် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏။ သို့သော် ဝစီသရမ်းမှု နှုတ်ထွက်ကြမ်း၍ ကြမ်းတမ်းသော စကားလုံးများဖြင့် ရဟန်းတော်များကို ရှုံ့ချပြောဆိုခဲ့ခြင်း အကုသိုလ်ကံကြောင့် ဝက်မျက်နှာ ဝက်နှုတ်သီးနှင့် အရုပ်ဆိုးလှ၍ အမြဲဆာလောင်မွတ်သိပ်နေသည့် ပြိတ္တာဘဝသို့ ရောက်နေခြင်းဖြစ်ပါတယ်။ ကိုယ်ဖြင့်စောင့်စည်းခဲ့သောကြောင့် ရွှေအဆင်းနှင့် […]

နိဗ္ဗာန်ရောက်ပြီး ပြန်လာနိုင်တဲ့နည်း

နိဗ္ဗာန်ရောက်ပြီး ပြန်လာနိုင်တဲ့နည်း ဒီနေ့(၂၁.၇.၁၇)မနက် ဒေသစံတော်ချိန်(၇.၁၀)မှာဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်လေဆိပ်ကိုဆိုက်ရောက်ပြီး(၉.၄၅)လောက် “မြန်မာ ဗုဒ္ဓဓမ္မစင်တာ”ကို ရောက်မဆိုက်မှာပဲခရီးသွားဖေါ်သီလရှင်ဆရာလေး ကေတုမာလာက-ဆရာတော်ဆိုရင်တော့ ဘယ်လိုဖြေမလဲမသိဘူး၊ခုတလော လူငယ်တစ်ဦးမေးထားတဲ့ မေးခွန်းတစ်ခုလူတွေအတော်စိတ်ဝင်စားနေလို့ဘုရား.. လူငယ်မေးတာက-“နိဗ္ဗာန်ဆိုတာက ဘာမှမရှိဘူးလို့ပြောကြလို့..တကယ်လို့ မတော်တဆ နိဗ္ဗာန်ကိုများရောက်သွားခဲ့ရင်နိဗ္ဗာန်က ပြန်လာလို့ရတဲ့နည်း ရှိ,မရှိ သိလိုပါတယ်..”တဲ့၊အဲဒါ ဆရာတော့်အဖြေလေးကိုနဲနဲသိပါရစေ..တဲ့။ ✅ဒီးမေးခွန်းကို ဒကာမကြီးဒေါ်ခင်လှတင်ကလဲမေးထားတယ်၊လာခါနီးအလုပ်များနေလို့မဖြေခဲ့ရဘူး၊ခုမှ ပေါင်းဖြေလိုက်ပါမယ်၊ ကိုယ်သဘောပေါက်သလောက်ပေါ့.. ပထမဆုံးက-“နိဗ္ဗာန်ဆိုတာ ဘာမှမရှိဘူး”ဆိုတဲ့မှတ်ချက်အမှားပါပဲ၊လူတစ်ယောက် နေပူတဲ့ခရီးရှည်ထဲသွားနေရာကအရိပ်ကောင်းတဲ့ သစ်ပင်ကြီးအောက် နားနေခွင့်ရလိုက်တဲ့အခါ..အပူတွေကင်းသွားသလိုမျိုးပေါ့၊စိတ်ထဲမှာ အပူတွေကင်းသွားတယ်၊အဲဒါကို ဘာမှမရှိတော့ဘူးလို့ ပြောမရပါဘူး၊အပူရဲ့နေရာမှာ အေးငြိမ်းမှုလေးရှိနေပါတယ်၊ ဒါကို ဘာသာဋီကာဆရာတော်လဲ ရှင်းပြဖူးပါတယ်။ သင်္ဂြိုဟ်ကျမ်းမှာ-“သုညတ=ဘာမှမရှိဘူး”ဆိုတာ အဲဒီအေးငြိမ်းမှုကိုပြောပြစရာ စကားလုံးအားဖြင့်လဲမရှိဘူး၊(လောကထက် လွန်သွားပြီဖြစ်လို့ ဖေါ်ပြောပြစရာလောကစကားလုံးမရှိတာပြောတာပါ၊) အေးငြိမ်းမှုလေးကတော့-“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ”ဆိုတဲ့ တရားဂုဏ်အတိုင်းမြင်နိုင်တဲ့ဉာဏ်ရသူတိုင်း ကိုယ်တိုင်ခံစားသိနိုင်ပါတယ်.. *သိနိုင်တယ်ဆိုကတည်းက ရှိလို့ပေါ့။သင်္ဂြိုဟ်မှာဆိုတဲ့-“အနိမိတ္တ”ဆိုတာ ခိုင်းနှိုင်းပြစရာရုပ်ဝတ္ထုသဏ္ဍာန်လဲမရှိဘူး၊”အပဏိဟိတ”ဆိုတာက နိဗ္ဗာန်ဆိုတဲ့အာရုံကတွယ်တာတပ်မက်စရာ အာရုံမျိုးလဲ မဟုတ်ဘူး၊နိဗ္ဗာန်ကိုမျက်မှောက်ပြုနေတဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကလဲတွယ်တာတပ်မက်တတ်တဲ့ တဏှာလောဘနဲ့မယှဉ်ဘူး၊ ဒါတောင့် […]

ဘုရားရှစ်ခိုးတဲ့အခါ သြကာသ နဲ့ ဘာလို့ အစချီသလဲ...?

ဘုရားရှစ်ခိုးတဲ့အခါ သြကာသ နဲ့ ဘာလို့ အစချီသလဲ…?

ဘုရားရှစ်ခိုးတဲ့အခါ သြကာသ နဲ့ ဘာလို့ အစချီသလဲ…? သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံတည်းဟူသော သုံးပါးသောကံတို့တွင် တစ်ပါးပါးသော ကံဖြင့် တရံတဆစ် ပြစ်မှားမိသည်ရှိသော် ထို အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ( တနည်း သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ) ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမပ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ၊ သံဃာ ရတနာ တည်းဟူသော ရတနာမြတ်သုံးတို့ကို အရိုအသေ အလေးအမြတ် လုက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြောက် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား […]

မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်း

မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်း မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။တနည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဒိသာပါမောက္ခ ဆရာကြီးတဦး ရှိသည်။ သူသည် ပညာလည်းရှိသည်။ အကျင့်သီလလည်း ကောင်းသည်။ သူ့ထံသို့ အမျိုးကောင်းသား လုလင်များစွာတို့သည် လာရောက် အတတ်သင်ကြသည်။ ဆရာကြီးတွင် လှပယဉ်ကျေးသော သမီးပျိုကလေးတဦး ရှိသည်။ တနေ့တွင် ဆရာကြီးက-တပည့် လုလင်တို့ကို ကိုယ်ကျင့်တရားကောင်း-မကောင်း ငါစူးစမ်းမည်။သူတို့အထဲမှ ကိုယ်ကျင့်တရား ကောင်းသူကို ငါ့သမီးနှင့် လက်ဆက်ပေးမည်-ဟူ၍ ကြံစည်သည်။ ထို့နောက် သူသည် တပည့်လုလင်တို့ကို ခေါ်သည်။ အမောင်တို့-ငါ့ သမီးသည် အရွယ်ရောက်ပြီ။ ငါ့သမီး ဆင်မြန်းရန် သင်တို့အိမ်မှ အ၀တ်တန်ဆာတို့ကို မိဘဆွေမျိုးတို့ မသိအောင် တိတ်တဆိတ် ခိုးယူလာခဲ့ပါ။ အဖိုးအထိုက်ဆုံးသော အ၀တ်တန်ဆာကို ခိုးယူလာနိုင်သူအား ငါ့သမီးနှင့် ထိမ်းမြားပေးမည်-ဟူ၍ ပြောဆိုသည်။ တပည့်တို့သည် ဆရာကြီး၏ သမီးကို စုံမက်ကြသည်။ ထို့ကြောင့် ဆရာကြီး စေခိုင်းသည့်အတိုင်း အိမ်သို့ပြန်၍ အဖိုးတန် […]

ဝါတွင်းကာလအိမ်ပြောင်းအိမ်ရွေ့မလုပ်ကောင်း ဆိုတာဟုတ်ရဲ့လား

ဝါတွင်းကာလအိမ်ပြောင်းအိမ်ရွေ့မလုပ်ကောင်း ဆိုတာဟုတ်ရဲ့လား ဒကာတစ်ယောက်က “အရှင်ဘုရား ဝါဆိုချိန်နီးလာပြီဆိုတော့မြန်မာလူမျိုးများရဲ့ ဝါတွင်းကာလမှ အိမ်မပြောင်းရ၊ အိမ်မရွေ့ရစတဲ့ အယူအဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကိုတွေ့ရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိသလား၊ ဒီအယူအဆတွေကို လိုက်ပြီးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေကို သိလိုပါတယ်ဘုရား” စသဖြင့် မေးလျှောက်ဖူးလို့ ပြန်ပြီးဖြေပေးဖူးပါတယ်။ ဟုတ်ပါတယ်။ အဲဒီဒကာမေးလျှောက်သလိုပဲ မြန်မာနိုင်ငံမှာ ဝါတွင်းကာလနဲ့ ပတ်သက်တဲ့ အရိုးစွဲနေတဲ့ အမှားတွေ အများကြီးရှိပါတယ်။ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အယူအဆ အမှားတွေဟာကြာတော့ဘုရားပဲ ဟောသလိုလို၊ ကျမ်းဂန်တွေမှာပဲ ပါသလိုလိုဖြစ်ကုန်တာတွေ အများကြီးပါပဲ။ ဒီအများကြီးတွေထဲက မေးခွန်းရှင်မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်းရှိသလို ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။ဒီအယူအဆတွေဟာ ဘုရားဟောထဲမှာ မပါတဲ့၊ ဘုရားဟောနဲ့ […]

ဥပုသ်ဆောက်တည်ရာတွင် သတိထားရမည့်အချက်များ

ဥပုသ်ဆောက်တည်ရာတွင် သတိထားရမည့်အချက်များ တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ကြည့်မိသတဲ့။ အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ၀ါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။ အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကိုအရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာနေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ်။ သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါမပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကိုပြောပါတယ်။ အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ (၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။ လူ့ပြည်ရောက်တဲ့အခါ […]

ဘိက္ခူနီ သာသနာ အစ မိထွေးတော်ဂေါတမီက

ဘိက္ခူနီ သာသနာ အစ မိထွေးတော်ဂေါတမီက မိထွေးတော်ဂေါတမီသည် ဘိက္ခုနီရဟန်းမသာသနာတော်ကို စတင်ဖော်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ အမျိုးသမီးများ ဘိက္ခုနီသာသနာတော်သို့ ၀င်ရောက်ရန်အတွက်ရှေ့ဆောင်လမ်းပြအဖြစ် ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ နောက်ဆုံး ရဟန်းမဘ၀တွင် သိက္ခာဝါအကြီးဆုံး(ရတ္တညူမဟတ္တ) အရာ၌ ဧတဒဂ်ရခဲ့သည်။ မဟာပဇာပတိဂေါတမီ ထေရီမကြီး၏ ကြိုးစားမူကြောင့် သာသနာတော်သို့ အမျိုးသမီးများ များစွာဝင်ရောက်ခဲ့ကြပြီး အကျွတ်တရားရသူ တရားဖြန့်ပွားသူ သာသနာပြုအမျိုးသမီးများစွာ ပေါ်ထွန်းခဲ့သည်။ သာသနာ၌ ထူးခြားစွာ ဧတဒဂ်ရခဲ့သော အမျိုးသမီး (၁၃)ဦး ပေါ်ပေါက်ခဲ့ရသည်။ဤအရှင်မလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ဟံသာဝတီမြို့၌ စည်းစိမ်ကြွယ်ဝသော အမတ်ကြီးတစ်ဦး၏ သမီးဖြစ်ခဲ့သည်။ တနေ့တွင် ပဒုမုတ္တရဘုရားရှင်ထံသို့ ဖခင်နှင့်အတူ တရားနာလိုက်သွားရာ ဘုရားရှင်က မိထွေးဖြစ်သော ရဟန္တာထေရီမကြီးအား သိက္ခာအကြီးဆုံးအရာ၌ ဧတဒဂ်ထားသည်ကို တွေ့ရ၍ ထိုဆုကိုတောင်းယူလိုသော ဆန္ဒဖြစ်ခဲ့သည်။ ဖခင်ထံ ခွင့်ပန်ပြီး ဘုရားအမှူးရှိသော သံဃာတော်များကို […]

ထမင်းချိုးကိုကပ်လှူသူ

ထမင်းချိုးကိုကပ်လှူသူ ရှေးလူဖြစ်စဉ် ဆွေမျိုးပျက်စီးအထီးကျန်သော သူဆင်းရဲမဖြစ်ကာ သူတပါးအိမ်အဖီကိုအမှီပြုနေရသူ ဖြစ်ပါလျက်အသျှင်မဟာကဿပအားထမင်းချိုးကို ကိုယ်ထိလက်ရောက်လှူဒါန်းခဲ့သောကြောင့် ကွယ်လွန်သောအခါနိမ္မာနရတိနတ်ပြည်၌ ချမ်းသာပျော်ရွှင်စွာ ဖြစ်ရသော နတ်သမီးအကြောင်းဖြစ်၏။ (စည်းစိမ်ဥစ္စာဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသောသူတစ်ပါးအိမ်အဖီကို မှီ၍ နေရသော မိန်းမသည် . . ဆွမ်းအလို့ငှါလှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော အရှင်ဘုရားအားကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကိုကိုယ်ထိလက်ရောက် ပေးလှူဖူးပါပြီ။ ထိုမိန်းမသည် လူ့ကိုယ်ခန္ဓာကို စွန့်၍ အဘယ်ဘဝသို့ လားရောက်ရလေသနည်း(ဟု သိကြားမင်းကမေး၏)။(စည်းစိမ်ဥစ္စာဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသောသူတစ်ပါးအိမ်အဖီကို မှီ၍ နေရသော မိန်းမသည် . . ဆွမ်းအလို့ငှါလှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော ငါ့အားကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိလက်ရောက်ပေးလှူခဲ့ဖူး၏။ ထိုမိန်းမသည်လူ့ကိုယ်ခန္ဓာကို စွန့်၍ ဤလူ့ဘဝမှ ကင်းလွတ်စုတေ သောအခါတန်ခိုးကြီးသောနတ်တို့ရှိရာ နိမ္မာနရတိနတ်ပြည်၌ ချမ်းသာခြင်းသို့ ရောက်၍ မွေ့လျော် စံပျော်နေရ၏ဟု (အသျှင်မဟာကဿပမိန့်တော်မူ၏)။ […]