” မစင်ကို မစင်လို သဘောထား စွန့်မှ အနံ့ထွက်မည် “

” မစင်ကို မစင်လို သဘောထား စွန့်မှ အနံ့ထွက်မည် “ သားတို့လက်ထဲက ရှာဖွေစုစည်းထားသမျှ ပစ္စည်း အကြို က်နဲ့တွဲပြီး ရှာဖွေထားရတာချ ည်းဖြစ်လို့ စိတ်မစင်ကြယ်ဘူးသား။ သားတို့နေတဲ့အိမ် စိတ်ကြို က်နဲ့ ဆောက်ထားတယ်။ သားတို့ လုပ်နေတဲ့အလုပ် စိတ်ကြို က်ရာ အလုပ်။ သားတို့ ရယူထားတဲ့ မယား စိတ်ကြို က်ကပေးစားထား တာ။ သားတို့ ရှာဖွေတဲ့ အသုံးအဆောင်များ စိတ်ကြို က်က ရှာပေးထားတာ။ သည်တော့ စိတ်နဲ့ အကြို က် ပေါင်းပြီးရှာထားရတာ။ ရှာဖွေစဉ်မှာကော အခြားညစ်ပတ်စိတ်တွေ ကင်းလို့ လား။ သုံးဆောင်စဉ်မှာကော အခြားညစ်ပတ်စိတ်တွေ ကင်းလို့လား။ သိုမှီးထိန်းသိမ်းထားပေးရစဉ်မှာကော အခြားညစ်ပတ် စိတ်တွေ ကင်းလို့ ရှင်းလို့လား။ ဘယ်ကမှ […]

ဗုဒ္ဓဘာသာဝင်များသိသင့်သော..အမှတ်မှားနေသောအကြောင်းအရာအချို့

ဗုဒ္ဓဘာသာဝင်များသိသင့်သော..အမှတ်မှားနေသောအကြောင်းအရာအချို့ 1-ဘုရားကို ပရိနိဗ္ဗာန်စံခိုင်းတာ မာရ်နတ်အကြီးမဟုတ်ဘူးလို့ဆိုတယ်၊မာရ်နတ်သေးသေးလေးတဲ့မာရ်နတ်ကြီးကသာစံခိုင်းရင်ချက်ချင်းစံရမှာဆိုတာဟုတ်လား ?? 2-မာရ်နတ် ခိုင်းလို့ ပရိနိဗ္ဗာန်ပြုတာလား၊ ဝက်သားစားလို့လား ?? 3-မာရ်နတ်အခုဘယ်မှာလဲ ?? 4-မာရ်နတ်ကို နှောင့်ယှက်လို့မရအောင် ဘုရားကဘာလို့ တန်ခိုးနဲ့ မတားလဲ ?? 5-ရှင်ဥပဂုတ်ကမာရ်နတ်ကို ဆုံးမတယ်ဆိုတာ ဟုတ်လား ?? မာရ်ရဲ့အကြောင်းလေး အရင်ရှင်းရအောင် မာရ်ဆိုတာ မာရဆိုတဲ့ ပါဠိကနေလာတာ မာရဆိုတာ သေခြင်း၊ သေစေခြင်းလို့ အဓိပ္ပါယ်ရတယ်။မာရ်ဆိုတာ သေတတ်တဲ့သဘော သေအောင်သတ်တတ်တဲ့သဘောကိုပြောတာ။ ပရိနိဗ္ဗာန်မပြုခင် ၃လ အလိုမှာ တစ်ခါလာတောင်းပန်တယ်။အရှင်ဘုရား အဋ္ဌမသတ္တာဟမှာပြောခဲ့တဲ့ငါဘုရားမှာ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ ပရိသတ် လေးပါးတို့ကတရားတွေကို – ပိုင်ပိုင်နိုင်နိုင်မဆောင်ရွက်နိုင်ကြသေးဘူးဆိုလျှင် – သူတပါးကို မဟောပြောနိုင်သေးဘူးဆိုလျှင် – ဆန့်ကျင်ဘက်လာပြောလို့မှ မနှိမ်နင်းနိုင်သေးဘူးဆိုလျှင်ဂုဏ်အရည်အချင်းမပြည့်သေးသရွေ့ပရိနိဗ္ဗာန်မပြုသေးဘူးဆိုတဲ့စကား မှတ်မိပါသလားဘုရား။ ယခုအခါတွင် […]

မာရ်နတ်က ဘိက္ခုနီသာသနာကိုကျတော့ ဘာလို့ မနှောက်ယှက်ခဲ့တာလဲ ?

မာရ်နတ်က ဘိက္ခုနီသာသနာကိုကျတော့ ဘာလို့ မနှောက်ယှက်ခဲ့တာလဲ ? မာရ်နတ်ဆိုတာ သံသရာလွတ်ကြောင်းကလွဲရင် ဘာလုပ်လုပ် အမြဲအကောင်းမြင်တယ်။သံသရာလွတ်ကြောင်း လုပ်လို့ကတော့ နည်းမျိုးစုံနဲ့တားတယ်။သိဒ္ဓတ္ထမင်းသား တောထွက်ချိန်မှာလည်း တားခဲ့တယ်။ဘုရားဖြစ်ကာနီးချိန်မှာလည်း လေကြီးမိုးကြီး ပြာပူမီးနဲ့ မှောင်ကြီးတစ်တန်ဓားလှံမကြွင်း ပစ်ခတ်ခွင်းပြီး နှောင့်ယှက်တယ် ဘေးနားမှာရှိနေတဲ့ ဘုရားဖြစ်တာနဲ့ ကြိုဆိုမယ့်သူတွေထွက်ပြေးကြတယ်။သိကြားမင်းက ခရုသင်း၊ ဗြဟ္မာမင်းက ထီးဖြူ၊ ပဉ္စသိင်္ခနတ်မင်းက ဗေလုဝစောင်း။ ကိုယ့်ပစ္စည်း ဘယ်နားကျန်မှန်းတောင်မသိအောင် ထွက်ပြေးကြတယ်။(တကယ်တော့ ဗေလုဝစောင်းက မာရ်နတ်ရဲ့အပိုင် ဘုရားလောင်း ၆နှစ်လုံးလုံးအပြစ်လုပ်ရင်ထောက်ပြပြီး ပျော်ပျော်ပါးပါးတီးဖို့ ဂျိုင်းကြားညှပ်လာတာ။၆နှစ်လုံး အပြစ်တစ်ချက်မှ မရှိတဲ့ ဘုရားလောင်းကို စိတ်ပျက်လက်ပျက်စောင့်ကြည့်ရင်းက ထွက်ကျနေခဲ့တာ။ ဒါကိုသိကြားမင်းက ကောက်ပြီး ပဉ္စသိင်္ခနတ်မင်းကိုပေးလိုက်တာ ###^^^ဒီနေရာမှာက ကျမ်းညှိစရာတွေများတာရယ် ပို့စ်နဲ့လည်းသိပ်မဆိုင်လို့ဒီလောက်ပါပဲ) သမီးတော် သုံးယောက်ရဲ့ အလှအပ၊ အတွေ့အထိ၊ အမွှေးနံ့သာ၊ အရက်သေစာမျိုးစုံနဲ့ နှောင့်ယှက်တယ်။မရဘူး။အရုဏ်တက်ချိန်မှာပဲ အရဟတ္တဖိုလ်အထွတ်တပ်တဲ့ အာသဝေါတရားတို့ […]

မိတ်ဆွေစစ်ကို ရှာဖွေခြင်း

မိတ်ဆွေစစ်ကို ရှာဖွေခြင်း

မိတ်ဆွေစစ်ကို ရှာဖွေခြင်း တစ်ခါကလယ်သမားတစ်ဦးနှင့်မုဆိုးတစ်ဦးသည်အိမ်နီးနားချင်းများဖြစ်ကြသည်။လယ်သမားမှာဘဲများမွေးမြူးထားပြီးမုဆိုးမှာမူအမဲလိုက်ခွေးများမွေးမြူထား၏။ထိုခွေးများသည်မကြာခဏဆိုသလိုလယ်သမားအိမ်သို့ကျူးကျော်ဝင်ရောက်ပြီး ခြံထဲရှိဘဲများကိုကိုက်ဖြတ်စားသောက်လေသည်။လယ်သမားကခွေးများကိုလှောင်ထားပေးရန်အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်းမုဆိုးမှာ ခွေးများကို သေချာထိန်းသိမ်းထားခြင်းမရှိပေ။ သည်းမခံနိုင်သည့်အဆုံး လယ်သမားကြီးသည် ရွာသူကြီးထံ ခွေးများကို အရေးယူပေးဖို့ တောင်းဆိုခဲ့သည်။ ရွာသူကြီးက ”တကယ်လို့အရေးယူပေးလိုက်ရင်ခင်ဗျားမှာမိတ်ဆွေကောင်းအိမ်နီးချင်းကောင်းတစ်ယောက်လျော့သွားနိုင်ပြီး ရန်သူတစ်ယောက်တိုးလာနိုင်တယ် “ ။ ရန်သူတစ်ယောက်နဲ့ အိမ်နီးချင်းဖြစ်ချင်သလား . မိတ်ဆွေတစ်ယောက်နဲ့အိမ်နီးချင်းဖြစ်ချင်သလား”။သူက ” မိတ်ဆွေနဲ့ပဲ အိမ်နီးချင်းဖြစ်ချင်ပါတယ် “ လို့ ဖြေလိုက်တ ”ဒီလိုဆို ကျွ န်တော်ရဲ့အကြံဥာဏ်ကို လိုက်နာရမယ်။ အသင်ရဲ့ဘဲတွေ မဆုံးရှုံးစေသလို မိတ်ဆွေကောင်း တစ်ယောက်တိုးလာလိမ့်မယ်။ သို့နှင့်လယ်သမားကြီးမှာသူကြီးပြောတဲ့အတိုင်းအိမ်ရောက်ရောက်ချင်းအလှဆုံးဘဲသုံးကောင်ကိုရွေးပြီးမုဆိုးအားလက်ဆောင်ပေးလိုက်လေသည်။ထိုအခါမုဆိုးလည်းရရှိထားသောဘဲများကို ခွေးကိုက်မည်စိုးသောကြောင့်ခွေးများကို လှောင်ထားလေတော့သည်။ လယ်သမားအားလည်းကျေးဇူးတင်ပြီးမိမိအမဲလိုက်ရာမှရလာသောအသားများကိုလဲဝေငှတတ်လာသည်။လယ်သမားလဲ ခြံထွက်သီးနှံများဘဲဥများလက်ဆောင်အဖြစ်ပေးကမ်းခဲ့သည်။တဖြေးဖြေးနှင့်ချစ်ခင်မှု့များဖလှယ်ကြရင် နှစ်ဖက်စလုံးမှာအိမ်နီးချင်းမိတ်ဆွေကောင်းများ ဖြစ်လာကြသည်။ ကိုယ်လိုချင်တာကိုပဲဦးစားမပေးသင့်ပါဘူး။ကိုယ်ချင်းစာစိတ်ထားပြီးသူ့အတွက်လဲထည့်စဉ်းစားပေးပါ။ရန်သူတစ်ယောက်လို့ထင်ခံရရင်ပထမဆုံးအကျိုးဆက်ကအမုန်းခံရခြင်းပဲ။လောကလူသားအာလုံးဟာအမုန်းခံဘ၀ကို ရောက်ချင်တဲ့သူတစ်ယောက်မှမရှိကြသလိုလူတွေရဲ့အချစ်ခံရတဲ့ဘ၀ကိုမရောက်ချင်ကြတဲ့သူဆိုတာလည်းတစ်ယောက်မှမရှိပါဘူး။ကိုယ့်မှာရန်သူတစ်ယောက်ရှိနေရင်တောင်များတယ်လို့ဆိုရမှာ ဖြစ်ပြီးမိတ်ဆွေဦးရေ(၅၀)ရှိနေရင်တောင်နည်းတယ်ဟုပင်ဆိုရမှာပါ။ထိုကြောင့်ရန်သူဆိုတစ်ယောက်မှမရှိလေ ကောင်းလေပါပဲ။ Credit – Original Writer

ဘုရားမရှိတော့ပေမယ့်မာရ်နတ်က သိကြားမင်းတိုတာဝတိံသာ နတ်ပြည်ကိုဘာလို့သွားမသိမ်းလဲ ?

ဘုရားမရှိတော့ပေမယ့်မာရ်နတ်က သိကြားမင်းတိုတာဝတိံသာ နတ်ပြည်ကိုဘာလို့သွားမသိမ်းလဲ ? မာရ်နတ်ဟာ နတ်ပြည် ၆ထပ်မှာ အထက်ဆုံး နတ်ဘုံမှာနေတယ်။နတ်ပြည် ၆ထပ်ရဲ့ စည်းစိမ်နဲ့ သက်တမ်းလေး နည်းနည်းပြောပြမယ်။ ☆စတုမဟာရာဇ်နတ်ပြည်ဆိုတာ မြင်းမိုရ်တောင်ရဲ့ အလယ်မှာရှိတယ်။ဓတရဋ္ဌ၊ ဝိရုဠှက၊ ဝိရူပက္ခ၊ ကုဝေရဆိုတဲ့ နတ်မင်းကြီး လေးပါးက အုပ်ချုပ်တယ်။စတုမဟာရာဇ်နတ်တွေဆိုတာ အလွန်တန်ခိုးကြီးတယ်။သက်တမ်းက နှစ်ပေါင်း ၅၀၀ ရှိတယ်။လူသက်နဲ့ဆို အနှစ် ၉သန်းရှိတယ်။ ☆တာဝတိံသာ သူ့ထက်ပိုပြီးမြင့်တယ်။ မြင်းမိုရ်တောင်ထိပ်မှာ ရှိတယ်။သိကြားမင်း ဦးမဃနဲ့တကွ ၃၃ယောက်သောနတ်မင်းကြီးတို့ အုပ်စိုးတယ်။အခေါင်နတ်မင်းကတော့ ဦးမဃပဲ။ (မာဃမဟုတ် မဃသာအမှန်)တခြားနတ်မင်းတွေလည်းရှိတယ်။ နတ်သားတစ်ယောက်တောင်မှ နတ်သမီးအခြွေအရံ၅၀၀ ခြံရံပြီး ကာမဂုဏ်ချမ်းသာကို ခံစားတယ်။သက်တမ်းက နှစ်၁၀၀၀ လူလိုတွက်ရင် ၃ကုဋေ၆သန်းရှိတယ်။ ☆ယာမာကနေစပြီး ဘုံဗိမာန်တွေဟာ ကောင်းကင်ယံမှာတည်တယ်။ယာမာနတ်တွေကို ဆင်းရဲခြင်းကင်းသောနတ်တွေလို့ခေါ်တယ်။နတ်ချမ်းသာကိုချည့် သီးသန့်ခံစားတဲ့နတ်တွေ။သက်တမ်းက နှစ် ၂၀၀၀ လူလိုတွက်ရင် ၁၄ကုဋေ၄သန်းရှိတယ်။နတ်ဘုံတိုင်းမှာ […]

မာရ်ငါးပါးဆိုတာ မာရ်နတ်ငါးယောက်ကိုပြောတာလား

မာရ်ငါးပါးဆိုတာ မာရ်နတ်ငါးယောက်ကိုပြောတာလား မာရ် (၅)ပါးကို အကျဉ်း (၁) ကိလေသမာရ် (၂) ခန္ဓမာရ် (၃) မစ္စုမာရ် (၄) အဘိသခါင်္မာရ် (၅) ဒေဝပုတ္တမာရ် ☆ ကိလေသမာရ် ဆိုတာ တစ်ထောင့်ငါးရာကိလေသာတွေကိုပြောတာ လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ အစရှိတဲ့ ကိလေသာတွေဟာ စိတ်ကို ပူလောင်စေတတ်တယ်၊ ညစ်နွမ်းစေတတ်တယ်၊ ပင်ပန်းဆင်းရဲအောင် နှိပ်စက်တတ်တယ်။ဒီကိလေသာတွေ ရှိနေသရွေ့ကတော့ သံသရာမှာ တလည်လည်နဲ့ အမြဲသေနေဦးမှာပဲ။ဒီလိုသေစေတတ်လို့ ကိလေသာကို မာရ်လို့ခေါ်တယ်။ ☆ ခန္ဓမာရ် ဆိုတာ ဒီခန္ဓာ ၅ပါးကို ပြောတာပဲ။ ခန္ဓာရှိသရွေ့ သေနေဦးမှာပဲ။ဘယ်ခန္ဓာဖြစ်ဖြစ် သေနေဦးမှာပဲ။သေတတ်လို့ ခန္ဓာ ၅ပါးကို မာရ်လို့ခေါ်တယ်။ ☆ မစ္စုမာရ် ဆိုတာ သေခြင်းတရားပါပဲ။ မရဏကိုပြောတာပေါ့။သေတတ်တဲ့ မစ္စုကို မာရ်လို့ခေါ်တယ်။ […]

ငရဲကျကြောင်း တရား(၁၀) ပါး

ငရဲကျကြောင်း တရား(၁၀) ပါး (၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကိုသတ်လေ့ရှိခြင်း။ . (၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။ . (၃) မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။ . (၄) ပရိသတ်အလယ်၌ တံစိုးလက်ဆောင် စသော လာဘ်အမိသကြောင့်မဟုတ်မမှန် ပြောလေ့ရှိခြင်း။ . (၅) ညီညွှတ်သူများ အချင်းချင်း ကွဲပြားအောင် ကုန်းချောစကား ပြောကြားတတ်ခြင်း။ . (၆) သူတစ်ပါးတို့၏ နားစပ်ခါးစေတတ်လျက် အမျက်ထွက်ဖွယ် စကား ကြမ်းတမ်းသောစကားကိုပြောကြားတတ်ခြင်း။ . (၇) အကျိုးမဲ့ အခါမဲ့ တရားမဲ့ဖြစ်သော ပြိန်းဖျင်းသော စကားကိုပြောဆိုတတ်ခြင်း။ . (၈) သူတစ်ပါးတို့၏ […]

ကံမြင့်အောင် လုပ်ပေးပါ

ကံမြင့်အောင် လုပ်ပေးပါ

ကံမြင့်အောင် လုပ်ပေးပါ များစွာသောသူတို့သည် ကံဆိုသော စကားလုံးနှင့်ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ကြ၏။ တွေ့ကြုံခံစားရသော အခြေအနေတစ်ရပ်အပေါ် မူတည်ကာ ကံကောင်းသည်၊ ကံဆိုးသည်၊ကံနိမ့်သည်၊ ကံမြင့်သည်၊ ကံလိုက်သည် ကံမလိုက်၊ ကံစပ်သည် ကံမစပ်၊ ကံစွမ်းရှိသည်၊ ကံစွမ်းမရှိစသည်ဖြင့် ကောက်ချက်ဆွဲကာ သုံးနှုန်းပြောဆိုတတ်ကြသည်။ သို့သော်လည်း ကံဆိုသည့်စကားလုံး၏ ဆိုလိုရင်းအဓိပ္ပာယ် ကိုထဲထဲဝင်ဝင်ဆစ်ပိုင်းကာ နားလည်သဘောပေါက်ခြင်း မရှိကြသည်သာ များပါသည်။ အထူးအားဖြင့် စီးပွားရေး၊ ကျန်းမာရေး၊လူမှုရေးတို့အဆင်မပြေချိန်တွင် ကံကို ယိုးမယ်ဖွဲ့ကာ တရားခံရှာကြ၏။ မိမိကိုယ်တိုင်က ကံနိမ့် နေပြီဟု အထင်ရှိချိန်၊ တစ်ဦးတစ်ယောက်က အကြောင်းပြပြောဆိုလာချိန်တွင် ထိတ်လန့်တုန်လှုပ်တတ်ကြပြီး၊ ကံဇာတာမြင့်နေသည် ကံကောင်းချိန်ဖြစ်သည်ဟုဆိုလာပါက ကျေနပ်အားရတတ်ကြ၏။ ထို့ကြောင့်ပင်လျှင် ကံကောင်းစေသည်ဟု ပြောဆိုသောအဆောင်လက်ဖွဲ့စသည်တို့ကို ရှာဖွေ စုဆောင်းကြ၏။ မိမိ၏ကံကိုမြင့်တက် သွားအောင် လုပ်ပေးနိုင်သည်ဟုဆိုသူတို့ကို အလွယ်တကူ အလေးထားဆည်းကပ်ကြလေတော့သည်။ ရန်ကုန်မြို့ထဲရှိ အလွန်ရင်းနှီးသော […]

နေ့တိုင်းကန်တော့နေတာမို့…သိသင့်တဲ့အနက်အဓိပ္ပါယ်

နေ့တိုင်းကန်တော့နေတာမို့…သိသင့်တဲ့အနက်အဓိပ္ပါယ် ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုးကြရင် ရွတ်ဆိုနေကြတဲ့ အပ္ပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး ၊၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး ဆိုတာတွေရဲ့ အနက်အဓိပ္ပါယ်ပါ အပ္ပါယ်လေးပါး ၁။ ငရဲ ၂။တိရစ္ဆာန် ၃။ပြိတ္တာ ၄။အသူရကာယ် ကပ်သုံးပါး ၁။ ဒုဗ္ဘိက္ခရကပ် = ငတ်မွတ်ဘေးကပ် ၂။ သတ္တန္တရကပ် = လက်နက်ဘေးကပ် ၃။ ရောဂန္တရကပ် = ရောဂါလေးကပ် ရပ်ပြစ်ရှစ်ပါး ၁။ ငရဲ = ချမ်းသာမှုမရှိသောအရပ် ၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျောပေးသောသတ္တ၀ါ ၂။ ပြိတ္တာ = ကိုယ်လက်အင်္ဂါမမျှတသော သတ္တ၀ါ ၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိပြီး အသက်နာမ်မရှိသော ဗြဟ္မာဘုံ ၅။ ပစ္စန္တရော = […]

ပဟေဠိဆန်သော အဆုံးအမများ

ပဟေဠိဆန်သော အဆုံးအမများ

ပဟေဠိဆန်သော အဆုံးအမများ ၁။ တစ်နေ့ လက်ခုပ် သုံးခါတီး။ ၂။ ငါးဟင်းကြီးများ အမြဲစား။ ၃။ ရေအေး အခါခါသောက်။ ၄။ တောင်ဝှေးသုံးချောင်းထောက်။ အန္တရာယ်ကင်းပျောက်။ မဂ်ဖိုလ်နိဗ္ဗာန်ရောက်။ ================================= ၁။ “တစ်နေ့လက်ခုပ်သုံးခါတီး”ဆိုသည်မှာ တစ်နေ့လျှင် သုံးကြိမ် ဘုရားရှိခိုးပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။ (အိပ်ယာထတစ်ကြိမ်၊ အလုပ်အကိုင်သွားခါနီးတစ်ကြိမ်၊ အိပ်ယာဝင်တစ်ကြိမ်)။ ================================= ၂။ “ငါးဟင်းကြီးများအမြဲစား” ဆိုသည်မှာ ငါးပါးသီလကို အမြဲလုံခြုံအောင် စောင့်ထိန်းပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ================================= ၃။ “ရေအေးအခါခါသောက်” ဆိုသည်မှာ အေးမြသော မေတ္တာ ဘာဝနာတရားကို အကြိမ်ကြိမ်ပွါးပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ================================= ၄။ “တောင်ဝှေးသုံးချောင်းထောက်” ဆိုသည်မှာ အနိစ္စ-မမြဲခြင်း၊ ဒုက္ခ-ဆင်းရဲခြင်း၊ အနတ္တ-ကိုယ်စိုးကိုယ်ပိုင် […]