အမှန်တကယ် အရည်အချင်းနဲ့ ပြိုင်ဆိုင်ပါ

အမှန်တကယ် အရည်အချင်းနဲ့ ပြိုင်ဆိုင်ပါ စီမံဘဏ္ဍာ ဝန်ကြီးက ပညာရေးဥပဒေကို စောင့်ဖို့မလိုပဲ ပုဂ္ဂလိက တက္ကသိုလ်တွေ ဖွင့်ခွင့် ပြုမယ် ဆိုတဲ့ သတင်းထွက် လာပါတယ်..။ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဆီကို အဆိုပြုလွှာ တင်ရမယ် လို့လဲ ပါပါတယ်..။ ဖြစ်မယ် မဖြစ်ဘူး ဆိုတာထက် ပညာရေးအတွက် ယှဉ်ပြိုင်မှု ကောင်း တစ်ခုတော့ ဖြစ်လာမှာပါ..။ နှစ်ဆယ်ရာစုရဲ့ နောက်ဆုံး ဆယ်စုနှစ်လောက်ကနေ စခဲ့တဲ့ “အလွတ်ကျက် အလွတ်ဖြေ” ဆိုတဲ့ Secondary ပညာရေး ရယ် “ ဒီလောက်ကျက် ဒီလောက်ဖြေ” ဆိုတဲ့ Tertiary ပညာရေး ကနေ တဆင့် တက်တော့မယ့် အလားအလာပါ..။ “အာဂုံဆောင်” တဲ့ အဆင့်ကနေ “တွေးတောဆင်ခြင်” တဲ့ သင်ကြားရေး စနစ်ဆီကို […]

ကံကူလက်လှည့်

ကံကူလက်လှည့် ကျွန်တော် တက္ကသိုလ်တွင် ဆရာတစ်ယောက်အဖြစ် အမှုထမ်းခဲ့ဘူးပါသည်။စာသင်ကြားပို့ချမှုတွင်လည်း အပြောအဟော အသင်အကောင်းသည်ဟု အတန်အသင့် နာမည်ရခဲ့ပါသည်။တက္ကသိုလ် မရောက်သေးမီကလည်း တောင်တွင်းကြီးမြို့ မိုးထိ အလယ်တန်းကျောင်းတွင် အလယ်တန်းပြဆရာ အဖြစ်နှစ်နှစ်၊သုံးနှစ်ခန့် အမှုထမ်းခဲ့ဖူးပါသေးသည်။ ထိုစဉ်ကလည်း သင်ကြားမှုနှင့် ပတ်သက်၍ အတန်သင့် နာမည်ရခဲ့သည်ပင် ဖြစ်ပါသည်။ ကြွားဝါနေခြင်းမဟု မထင်ပါနှင့်။ကျွန်တော်အဖို့ ဘာမျှ ပင်ပင်ပန်းပန်းကြိုးစားမနေဘဲ အလွယ်တကူနှင့်ပင် ထိုသို့ အဆင့်လောက်ထိအောင် ရောက်နိုင်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် တော်ရုံတန်ရုံ စာသင်ကောင်းသည် ဆိုသော ဆရာမျိုးကိုလည်း …သြော်…..စာသင်ကောင်းတယ် ဆိုပဲ….. ဟုအောက့်မေ့လိုက်ရုံမျှသာရှိပါသည်။ စာသင်ကြားမှုနှင့်ပတ်သက်၍ ကျွန်တော် ကြောက်ဒူးတုန်ပြီး လန့်လောက်အောင်ကြုံခဲ့ရသည်မှာ ၁၉၆၃ – ၆၄ တစ်ဝိုက်လောက်ဆီက ဖြစ်ပါသည်။ သည်တော့ ကျွန်တော်က တက္ကသိုလ်တွင်ဆရာ ဖြစ်နေပါပြီ။တက္ကသိုလ်ကျောင်းပိတ်၍ ကျွန်တော့် ဇာတိ တောင်တွင်းကြီးမြို့ […]

ပြင်းထန်စွာရိုက်နှက်ခြင်း  အရှက်ရအောင်ဒဏ်ပေးခြင်းက..လူသားမဆန်တဲ့ဆုးံမမှုပါ

ပြင်းထန်စွာရိုက်နှက်ခြင်း  အရှက်ရအောင်ဒဏ်ပေးခြင်းက..လူသားမဆန်တဲ့ဆုးံမမှုပါ အခုချိန်​ထိ မရိုက်​ရင်​ ဘယ်​လိုဆုံးမရမလဲတို့ ​ဖင်​ချွတ်​အပြစ်​​ပေးတာ ​စေတနာ​ကြောင့်​ပါတို့ ထင်​​ယောင်​ထင်​မှား​ပြော​နေကြ​သေးတဲ့ ဆရာဆရာမ​​တွေ ကျန်​​နေ​သေးတဲ့ ပညာ​ရေးစနစ်​ထဲ ကိုယ့်​က​လေးကို ဘယ်​လိုသင်​ယူ​စေရမှာပါလိမ့်​။ ဆရာဆရာမ​တွေအ​နေနဲ့ မ,တစ်​ရာသား​တွေကို ထိန်းဖို့မလွယ်​ဘူးဆိုတာလည်း မှန်​တယ်​။ လူဦး​ရေက ရှိသင့်​တာထက်​ မတရားပိုများ​နေတာလည်း မှန်​တယ်​။ လခက မ​လောက်​တာလည်း မှန်​တယ်​။ ​ပေါက်​ကရ order ​တွေ အမျိုးမျိုးထွက်​တိုင်း လိုက်​ဖြည့်​ဆည်း​နေရတာလည်း မှန်​တယ်​။ ဒါ​ပေမယ့်​ ဒီ pressure ​တွေအတွက်​ ထွက်​​ပေါက်​က က​လေး​တွေမဖြစ်​သင့်​ပါဘူး။ နှမ်းခိုးစား​သောမင်းသားကို ညွှန်းပြီး ဒိသာပါ​မောက္ခကြီး​တောင်​ ရိုက်​​သေးတာလို့ မတွက်​ကပ်​ပါနဲ့။ အဲဒီပုံပြင်​ထဲကလူ​တွေ တကယ်​ရှိခဲ့ မရှိခဲ့ ဘယ်​သူမှ သက်​​သေမပြနိုင်​သလို ဒိသာပါ​မောက္ခကြီး​ခေတ်​မှာလည်း နည်းပညာ​တွေ မရှိခဲ့​သေး child psychology ကို မသိခဲ့​သေး research ​တွေ […]

ကုရုဓမ္မဇာတ်(တော်သလင်းလပြည့်နေ့ ကုရုဓမ္မအခါတော်နေ့)

ကုရုဓမ္မဇာတ်(တော်သလင်းလပြည့်နေ့ ကုရုဓမ္မအခါတော်နေ့) (အပြည့်အစုံရေးထားသဖြင့် အနည်းငယ်ရှည်၏၊ ရဟန်းတော်များအတွက် တရားဟောရန် အဆင်ပြေနိုင်၏ အချိန်ရမှဖတ်စေချင်၏။ ရှယ်ထားပါ၊) ရှေးအခါက သာဝတ္တိပြည်မှာ မိတ်ဆွေသူငယ်ချင်းနှစ်ယောက်ရှိခဲ့ဘူးသည်၊ တစ်နေ့ သူတို့ နှစ်ယောက် ဘာစိတ်ကူးပေါက်တယ်မသိ၊ ဒို့ သင်္ကန်းဝတ်ကြရအောင်ကွာ-ဟုဆိုကာ နှစ်ဦး စလုံးစိတ်တူ ကိုယ်တူ သာသနာ့ဘောင်ဝင်ရောက် ရဟန်းပြုသွားကြလေသည်။ သင်္ကန်းဝတ်ပြီးသောအခါမှာလည်း အတူသွား အတူလာ အတူစား အမြဲ တတွဲတွဲနေဖြစ်ခဲ့ကြ သည်၊ တစ်နေ့ သူတို့နှစ်ပါး အစိရ၀တီမြစ်ထဲ ရေသွားချိုးကြရာ ရေထဲမှာအတန်ကြာတော့ ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ သဲသောင်ပြင်ပေါ်တက် သဲပူပူပေါ်မှာ ပက်လက်လှန်ကျောခင်း ဇိမ်ကျကျ အေးအေးဆေးဆေးနေရင်း မဆုံးနိုင်သော ရှေးဟောင်းနှောင်းဖြစ်တွေ အတိတ် အကြောင်းတွေ တသီတတန်းကြီးပြောနေဖြစ်ခဲ့ကြလေသည်။ ထိုအခိုက် ဟင်္သာနှစ်ကောင်ပျံလာသည်ကိုလှန်းမြင်လိုက်ကြရာ ရဟန်းငယ်က ကပြာ ကယာ ထကာ ကျောက်ခဲတစ်လုံးကိုပြေးတဲ့ကောက်ပြီး အရှင်ဘုရား ကြည့် […]

ယခုနှစ် ၁၀ တန်းကျောင်းသား/သူများ စဉ်းစားတွေးခေါ်နိုင်စွမ်းကောင်းမှ ထူးချွန်စွာ ဖြေဆိုအောင်မြင်မည်

ယခုနှစ် ၁၀ တန်းကျောင်းသား/သူများ စဉ်းစားတွေးခေါ်နိုင်စွမ်းကောင်းမှ ထူးချွန်စွာ ဖြေဆိုအောင်မြင်မည် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မေးခွန်းပုံစံပြောင်းလဲမည်မဟုတ်ဘဲ စဉ်းစားတွေးခေါ်ပြီး ဖြေရမည့်မေးခွန်းမျိုးအဖြစ် ပြောင်းလဲမေးမြန်းသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။ ယခင် မေးနေကျမေးခွန်းပုံစံ (Question Type) ကို မူပြောင်းလဲသွားမည်မဟုတ်ဘဲ ပြဋ္ဌာန်းစာအုပ် (Text Book) ထဲမှ စာသားအတိုင်းမေးသည့်မေးခွန်းမျိုးကို စဉ်းစားတွေးခေါ်ရသည့် မေးခွန်းမျိုးအဖြစ် ပြောင်းလဲခြင်းဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။ ”ကလေးတွေ ဥာဏ်ရည်နဲ့ စဉ်းစားတွေးခေါ်ပြီး ဖြေရတဲ့ မေးခွန်းမျိုးပြောင်းမယ်၊ မေးခွန်းပုံစံ (Question Type) မ ပြောင်းဘူး၊ မေးခွန်းမှာ စာအုပ်ထဲက စာ သားတွေကို ထုတ်နုတ်ပြီး မေးတာကို အဲဒီ လို တိုက်ရိုက်မပေးဘဲ ဘယ်မေးခွန်း၊ ဘယ်စာပိုဒ်ကို […]

ပြောင်းလဲပြီးရင်း ပြောင်းလဲနေသော မြန်မာ့ပညာရေး လောက

ပြောင်းလဲပြီးရင်း ပြောင်းလဲနေသော မြန်မာ့ပညာရေး လောက

ပြောင်းလဲပြီးရင်း ပြောင်းလဲနေသော မြန်မာ့ပညာရေး လောက ပညာရေး လောကထဲတွင် ကျင်လည် ကျက်စားနေတဲ့ ကျွန်မအတွက် ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ သတင်း စကားတွေကိုတော့ မက်မက်မောမောကို ဖတ်ဖြစ် ပါတယ်။ ဖတ်လိုက် တိုင်းလည်း ရင်တွေမောရ ပါတယ်။ ပညာရေးကို စမ်းသပ် လိုက်တာဖြင့် ကျွန်မတို့ ကျောင်းသူ သက်တမ်း တစ်လျှောက်၊ အခု ကျွန်မတို့ ဆရာမ သက်တမ်း တစ်လျှောက်လုံး ပါပဲ။ အခုလည်း တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အပြင် တစ်ဆယ့်တစ်တန်း၊ တစ်ဆယ့်နှစ်တန်း ထားကြမယ် ဆိုတဲ့ သတင်းတွေ ကြားရသလို သင်ကြားနည်း စနစ်နဲ့ပတ်သက်လို့လည်း CCA ဆိုတာ စလာလို့နဲ့ တူပါတယ်။ သူငယ်တန်းနဲ့ ပထမတန်းမှာ စာမေးပွဲ မစစ်တော့ဘူးလို့လည်း ကြားသိရပြန် ပါတယ်။ […]

ချောက်နှုတ်ခမ်းပါးအထိနောက်ဆုတ်ခဲ့ရသည့် ခြေလှမ်းများ

ချောက်နှုတ်ခမ်းပါးအထိနောက်ဆုတ်ခဲ့ရသည့် ခြေလှမ်းများ (တစ်) တက္ကသိုလ်မှာ စာသင်တော့ အတန်း တော်တော်များများကို ကိုယ်တိုင်ဝင်ပြီး သင်ပေးဖြစ်ပါ တယ်။ ပါမောက္ခတော်တော်များ များဟာ မရေမတွက်နိုင်တဲ့ ထွေ လီကာလီကိစ္စတွေကြောင့် စာ သင်ချိန်ကို နည်းနည်းပါးပါးက လေးသာယူလေ့ရှိပေမယ့် ကျွန် တော်ကတော့ ပထမနှစ်ကနေ ပါရဂူအကြိုတွေအထိ သင်ပေး လေ့ရှိပါတယ်။ အတန်းတော်တော်များများ ဟာ စိတ်မောစရာတွေအတိနဲ့ ပေါ့။ သင်ရင်းသင်ရင်းနဲ့ ကျောင်း သားကျောင်းသူတွေ နားလည်ဖို့ ရာ နောက်ကိုဆုတ်ဆုတ်ပြီး ဆွေး နွေးပို့ချတဲ့အခါ ဘယ်လောက်အ ထိ နောက်ကိုပြန်ဆုတ်ပေးရမှာ ပါလိမ့်ဆိုတဲ့ အတွေးတွေက မကြာခဏပါ။ (နှစ်) အတန်းတစ်တန်းမှာက ဘာ သာပြန်သင်ရိုးပါပါတယ်။ တစ်ပုဒ်က ဆရာဇ၀နရဲ့ ဘာသာပြန် သင်ခန်းစာပေါ့။အဲသည့်မှာ Magazine ဆို တဲ့စကားလုံးပါလာပါတယ်။ အဲ […]

မြန်မာနိုင်ငံရှိ အဆင့်အမြင့်ဆုံး တက္ကသိုလ်များစာရင်း ကြေညာ

မြန်မာနိုင်ငံရှိ အဆင့်အမြင့်ဆုံး တက္ကသိုလ်များစာရင်း ကြေညာ ယခုနှစ်တွင် မြန်မာတစ် နိုင်ငံလုံးရှိ အဆင့်အမြင့်ဆုံး တက္ကသိုလ်များစာရင်းကို ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမျိုးသိမ်းကြီးက သြဂုတ်နောက်ဆုံးပတ်တွင် ပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လုပ် ငန်း ညှိနှိုင်းအစည်းအဝေးတွင် ကြေညာခဲ့သည်။ တက္ကသိုလ်အဆင့် သတ် မှတ်ချက်များ စတင်ထုတ်ပြန် သည့် ပထမဆုံးနှစ်တွင် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၈ ခုအနက် မန္တလေး တက္ကသိုလ်က အဆင့် (၁)ရရှိပြီး ရန်ကုန်တက္ကသိုလ်က အဆင့် (၂)ရရှိခဲ့သည်။ နည်းပညာ တက္ကသိုလ်များတွင် ရန်ကုန်နည်း ပညာတက္ကသိုလ်က အဆင့်(၁)၊ မန္တလေးနည်းပညာတက္ကသိုလ်က အဆင့်(၂)ရရှိပြီး ကွန်ပျူတာ တက္ကသိုလ်များတွင် မန္တလေး ကွန်ပျူတာတက္ကသိုလ်က အဆင့် (၁)၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် […]

ကျွန်တော်တို့အားလုံးရဲ့ ခေါင်းထဲမှာ ထည့်သွင်းစဉ်းစားဖို့ 

ကျွန်တော်တို့အားလုံးရဲ့ ခေါင်းထဲမှာ ထည့်သွင်းစဉ်းစားဖို့  ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေး (Sustainable) ဘက်ကို မတွေးပဲ၊ ကောက်ရိုးမီးလိုပဲတွေးတယ်။ လုပ်တယ်။တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိတဲ့ အလှူအတန်းကိုလှူစေချင်လို့ပါ။ “မြန်မာတွေလှူတိုင်း ကိုယ့်အတွက်၊ နောင်ဘ၀အတွက်၊ လောဘထားပြီးလှူတယ်။ တစ်ဦးတည်းကောင်းစားရေးအတွက်။ အင်္ဂလိပ်တွေက တိုင်းပြည်နဲ့ လူထုအကျိုးရှိမဲ့အရာကို မျှော်တွေးပြီးလှူတယ်။ နောင်ဘ၀မှာ ဘာဖြစ်ရမယ်ဆိုပြီး လောဘနဲ့ မလှူဘူး။ အင်္ဂလိပ်နဲ့ မြန်မာလှူပုံလှူနည်းကွာလို့  အင်္ဂလိပ်တွေဟာလက်တွေ့ ကျကျ တိုးတက်ပြီး၊ မြန်မာတွေဟာ မွဲသထက်မွဲလာတာပဲ” ပြီးခဲ့တဲ့အပတ်က အနာက်ဘက်ပြည်နယ်မှာရှိတဲ့ သဘာဝသိပ္ပံပြတိုက် (WA Museum) ဖြစ်လာအောင် နောက်ကွယ်မှာ လူတွေဘယ်လိုလုပ်လဲဆိုတာကို သွားလေ့လာရတယ်။ Behind the Sence လို့ ခေါ်တယ်။ တကမ္ဘာလုံးမှာရှိတဲ့ အကောင်ပလောင်တွေဖမ်းပြီး သုတေသနလုပ်တယ်။ အကောင်သစ်တွေ့ ရင် နာမည်ပေးတယ်။ […]

ကိုယ့်ဆီမှာကော..ဒုတိယလူတွေအခြေအနေ

ကိုယ့်ဆီမှာကော..ဒုတိယလူတွေအခြေအနေ တရုတ်ပြည်ကို ခဏသွားတော့ သတိထားမိတဲ့အချက်ကဌာနတွေမှာ အကြီးအကဲတွေက အရွယ်လွန်တွေ။ဒါပေမယ့် သူတို့က ရုပ်ပြလောက်ပဲ။တကယ်ကြောက်စရာကောင်းအောင် ထက်မြက်တာကဒုတိယလူတွေ။ သူတို့ကို ဘယ်လိုလေ့ကျင့်ထားတယ်မသိဘူး။ကိုယ်တွေပါးစပ်အဟောင်းသားဖြစ်ရတယ်။တရုတ်တွေအင်္ဂလိပ်စာ မကောင်းဘူးမထင်နဲ့အဲ့ဒီလူတွေစကားပြောနေတာ ရုပ်မမြင်ရရင်အမေရိကန်လာပြောနေတယ်ထင်ရတယ်။သူတို့က ဌာနကို ဦးဆောင်ကွပ်ကဲတာပါပဲ။ အဲ့ဒီဒုတိယလူတွေနားမှာ တပည့်လေးတွေ အနည်းဆုံးလေး ငါး ယောက်ပါတယ်။၂ဝ ကျော် ၃ဝ အရွယ်လေးတွေ။ညစာစားပွဲလုပ်တော့ တရုတ်အဖွဲ့တွေက ကျွန်တော့်နားမှာအဲ့ဒီကလေးတစ်ယောက်ကို နေရာလာချတယ်။ခင်ဗျားအင်္ဂလိပ်လို ပြောချင်ရင် ပြောလို့ရအောင်ပါတဲ့။ ငတိလေးက အင်္ဂလိပ်လို သိပ်ကောင်းတယ်။ကျွန်တော်က သူတို့ပြည်နယ်ကို စိတ်ဝင်စားကြောင်းမြန်မာပြည်အနေအထားနဲ့ ဆင်တူကြောင်း ပြောတော့သူက တစ်လုံးချင်းထောက်တော့တာပဲ။နည်းနည်းရင်းနှီးလာတော့ မင်းက အင်္ဂလိပ်စာသိပ်ကောင်းတယ်ဘယ်မှာသင်ခဲ့လဲဆိုတော့ ပီကင်းတက္ကသိုလ်မှာ သင်တာပါတဲ့။ ဟုတ်လား ငါက ပါရဂူဘွဲ့အတွက်ပြင်ဆင်နေလို့မင်းတို့ပြည်နယ်အကြောင်း စိတ်ဝင်စားတယ်လို့ပြောတော့ကျွန်တော်က ခင်ဗျားတို့ယဉ်ကျေးမှုအကြောင်းအထူးပြုပြီးပီကင်းတက္ကသိုလ်မှာ PhD ယူထားတာဗျဒါကြောင့် ခင်ဗျားပြောတာတွေကို တစ်ခုချင်းပြန်မေးနေတာတဲ့။ ဟိုစကားပြန်ကလေးမဆိုရင်မြန်မာဘာသာနဲ့ မဟာဝိဇ္ဇာယူထားတာတဲ့။မောင်လင်းတစ်ယောက် ပါးစပ်ပိတ်သွားပြီး သူတို့ရှေ့မှာစကားအပိုမပြောရဲတော့ပါ။ပြောချင်တဲ့အချက်ကသူတို့နိုင်ငံဟာ လူကြီးတွေရဲ့ နေရာကို […]