မိဘ​တွေ အသိဥာဏ်​နည်းလို့ သားသမီး​တွေ​မြေစာပင်​ဖြစ်​ရတာ

မိဘ​တွေ အသိဥာဏ်​နည်းလို့ သားသမီး​တွေ​မြေစာပင်​ဖြစ်​ရတာ မိတ်​​ဆွေတစ်​​ယောက်​ရဲ့ ၅ လသား​ က​လေးငယ်​​လေးပုခတ်​ထဲအိပ်​​နေရင်း ဆုံးသွားတယ်​..ဘာ​ရောဂါမှမရှိဘူး..ဒီရက်​ထဲ ၄လ ၅လ က​လေး​လေး​တွေ အိပ်​​နေရင်းဆုံးသွားတာ(ကျွန်​​တော့်​ ပတ်​၀န်းကျင်​မှာတင်​) ၃ဦးရှိပြီ..အားလုံး ဘာ​ရောဂါမှ မရှိဘူး..ကျန်းကျန်းမာမာ​ ၀၀ကစ်​ကစ်​ လေး​တွေ.. ဒါ​ပေမဲ့ သူတို့အားလုံးမှာ တူညီတဲ့ အချက်​က​တော့သူတို့မိခင်​​တွေဟာ အစားသိပ်​​ရှောင်​တယ်​..ကျွန်​​တော့်​မိတ်​​ဆွေရဲ့ဇနီးဆိုရင်​ က​လေး​မွေးပြီးထဲကအစားစားရင်​ ဘဲဥ​ပြုပ်​​လေးလိုလို ၊ ထမင်းဆီဆမ်းလိုလိုငါး​ခြောက် ​​လေးလိုလိုနဲ့ ပြီးသွားတာများတယ်​.. (အစား​ရှောင်​ခြင်းဟာ မိခင်​​​ကောင်း​ပီသခြင်းလို့ မြန်​မာအမျိုးသမီး​တွေတလွဲဆံပင်​​ကောင်းတတ်​ကြပါတယ်​.. လွဲလှတယ်​ ​မေ​မေတို့ရယ်​) အစား​ရှောင်​တဲ့(သိပ်​​ရှောင်​လွန်းတဲ့) မိခင်​​တွေရဲ့က​လေး​တွေဟာ ဘာ​ရောဂါမှမရှိဘဲ အိပ်​​နေရင်းနဲ့ ဆုံးသွားတတ်​တယ်​..ဒီ​ရောဂါကို Beri Beri (ဘယ်ရီ ဘယ်ရီ)​​ လို့​ခေါ်ပါတယ်​..မြန်​မာလိုဆို သူငယ်​နာ ကြဗဟုန်း​ပေါ့.. ကျွန်​​တော်​တို့ မြန်​မာ့ဓ​လေ့မှာ မီး​နေသည်​ကို အစား​ရှောင်​ခိုင်းတဲ့အင်​မတန်​မှားယွင်း​သော အယူအဆဆိုးကြီးတစ်​ခုရှိတယ်​..ဒီဓ​လေ့​ကြောင့်​ ဘီတာမင်​ B1 ချို့တဲ့ပြီး ​ကြွေလွင့်​သွားတဲ့ […]

လ နဲ့ နေ ဘယ်သူကပိုအရေးပါသလဲ?

လ နဲ့ နေ ဘယ်သူကပိုအရေးပါသလဲ? ဂျူးလူမျိုး ပုံပြင်တစ်ခုရှိတယ်။ တစ်နေ့ လူတစ်ယောက်က အဘိုးအိုတစ်ယောက်ကို မေးတယ်၊“ နေနဲ့လ ဘယ်ဟာပိုအရေးကြီးသလဲ”တဲ့။အဘိုးအိုက အကြာကြီးစဉ်းစားပြီးပြန်ဖြေတယ်၊“ လ ပေါ့ကွ၊ လက ပိုအရေးကြီးတာပေါ့ကွ”။ “ဘာဖြစ်လို့လဲ”….“ဘာဖြစ်လို့လဲဆိုတော့ လက ညကျမှထွက်တာ၊ ညအချိန်ဆိုတာ ငါတို့ အလင်းရောင် လိုအပ်နေတဲ့အချိန်လေ၊ နေ့အချိန်မှာ နဂိုတည်းက အလင်းရောင်ကရှိပြီးသား၊ နေက အဲ့အချိန်မှ ထွန်းလင်းပြနေတော့ အပိုပဲလေ.. ဟက်ဟက်.. ” လို့ အဘိုးအိုကြီးက ပြန်ဖြေတယ်။ သင်အဲ့ဒီအဖိုးကြီးကို အာရုံပဲလို့ မထင်မိဘူးလား၊ တကယ်တော့ ကျွန်မတို့အားလုံး အဲ့အဘိုးအို လိုပါပဲ။ ပုံပြင် (၂) ကလေးမ တစ်ယောက်၊ အမေနဲ့ရန်ဖြစ်ပြီး ဒေါသပုန်ထွက်ကာ အိမ်မှဆင်းသွားသည်၊ နောက်တစ်သက်လုံး ဒီစောက်အိမ်ကို သေတာတောင်ပြန်မလာဘူးဆုံးဖြတ်ထားသည်။ တစ်နေကုန် အပြင်မှာလျှောက်လှိမ့်နေသည်၊ […]

ကလေးတွေကို အောက်ပါအကျင့်ဆိုး သုံးခု ကို ဖျောက်ပေးပါ

ကလေးတွေကို အောက်ပါအကျင့်ဆိုး သုံးခု ကို ဖျောက်ပေးပါ ကလေးများဟာ အောက်ပါအကျင့်ဆိုးကြီး သုံးခုကို စွဲကပ်သွားပြီဆိုရင် ဘ၀တစ်ခုလုံး ထိခိုက်တတ်ပါတယ်။ မိဘများ အနေနဲ့ အလေးထားပြီး အမြန်ပြုပြင်ပေးစေလိုပါတယ်။ ၁။ မှီခိုလွန်းခြင်း၊ ဦးနောက်မသုံးလိုခြင်း၊ ပြသနာသေးသေးလေးကအစ မိဘကို အကူအညီတောင်းခြင်း။ အချစ်လွန်တော့ အနှစ်ဖြစ်တတ်ပါတယ်။ ကလေးများဟာ အရွယ်ကြီးလာတဲ့အထိ အစစ အရာရာ လူကြီးကို အားကိုးတကြီး ဆက်ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။ ပြသနာသေးသေးလေးကအစ ဖြေရှင်းဖို့ မစဉ်းစားဘူး၊ ဦးနောက်သုံးဖို့ လေးဖျင်းနေတတ်တယ်။ လူကြီးကို အားကိုးလွန်တဲ့ကလေးဟာ စိတ်ဓါတ်ပိုမို ပျော့ညံ့ တတ်ပါတယ်။ အကြံပေးချင်တာကတော့ နေ့စဉ် ပြုလုပ်ရတဲ့ ကိစ္စ အချို့မှာ မိဘများအနေနဲ့ ကလေးကို များများ လုပ်မပေးဖို့ လိုပါတယ်။ ဥပမာ ကလေးကိုယ့်ကိုကို ထမင်းစားခိုင်းတာမျိုး၊ ပန်းကန်သိမ်းခိုင်းတာမျိုး။ […]

ညီမတွေနဲ့ မိန်းခလေးတွေကို ဖတ်စေချင်လို့ပါ

ညီမတွေနဲ့ မိန်းခလေးတွေကို ဖတ်စေချင်လို့ပါ မိန်းခလေးတယောက်ကို အိမ်ထောင်ရှင် ယောက်ကျားတယောက်က လာကြိုက်ပီဆိုပါစို့… ပထမအဆင့် ကိုယ့်ကိုကိုယ်ပြန်မြင်ပါလွယ်မယ်ထင်လို့လား။အလကား စားရနိုင်မဲ့ ပုံပေါက်နေလို့လား။ငါ အဲ့လောက်အဆင့်မျိုးလား ပြန်စဉ်းစားပါ။အိမ်ထောင်သည် ယောက်ကျားတွေဟာ လွယ်မယ်ထင်ရင် လက်တည့်စမ်း သွေးတိုးစမ်း ကြည့်ကြမှာပါပဲ။( ဆဲခံနေရအုံးမယ် တချို့ယောက်ကျားမျိုးတွေကိုပြောတာပါရှင့်)။ မရလည်း အရှုံးမဟုတ်ဘူးလေလူတွေအများကြီးထဲံမှာမှ ဘယ်သူက တန်ဖိုးရှိတယ်။ဘယ်သူက လွယ်တယ်ဆိုတာ သူတို့သိပါတယ်။သင့်ကို ရွေးချယ်သွေးတိုးစမ်းပီဆိုကတည်းကသင့်မှာ အဆင့်သတ်မှတ်ချက်တခု သူတို့ထားပီးသားပါ။ ဒုတိယအဆင့် အိမ်ထောင်သည် ယောက်ကျားဖြစ်နေတဲ့အတွက် ရီးစားဘဝလို အနုအလှတွေခနတော့ကြွေအောင်ပြောပြပါလိမ့်မယ်(ဘယ်လိုပြောရမလဲသူသိခဲ့ပီးပီလေ)မကြာခင် သူ အဓိ ကလိုချင်တာ ရအောင် ယူတော့မှာပါ။ထပ်တလဲလဲလည်းရနေသရွေ့ ယူနေအုံးမှာပါပဲ။ တတိယအဆင့် သူသင့်ကို ခိုးတွဲတယ်ဆိုမှတော့ သူ့မိသားစု ကိုသူချစ်လို့ပါ။မချစ်ရင် ဘာမှ ဂရုမစိုက် သူလုပ်မှာပါ။သင့် ဓာတ်ပုံ ကိုသူ့ရဲ့ ဖုန်းwallpaper အဖြစ်သူထားရဲလား။မထားဘူး သူ့မိသားစု သူ့ကလေးပုံပဲ သူထားမှာပေါ့။ […]

“မိဘခြေရာ တောင်းယူလိုသူများအတွက်”

“မိဘခြေရာ တောင်းယူလိုသူများအတွက်” မိဘခြေရာခံယူနည်း မိဘခြေက္ခဏာ ခံယူပွဲသည် မြန်မာတို့၏ဂုဏ်ယူဖွယ်ရာ အလေ့အထ တစ်ခုဖြစ်၍မြန်မာ မိသားစုတိုင်း ခံယူကျင့်သုံးသင့်ပါသည်။ကျေးဇူးရှင် မင်းကွန်းဆရာတော် ဘုရားကြီးနှင့်ကုံလုံ ဆရာတော် ဘုရားကြီးတို့၏မိဘခြေရာ တောင်းယူပူဇော်နည်းမှာအောက်ပါအတိုင်း ဖြစ်ပါသည်။ မိဘခြေရာ တောင်းယူသောနေ့ဟာမိဘရော သားသမီးတွေပါ မင်္ဂလာရှိသောမွေးနေ့ (သို့မဟုတ်) မွေးရက်နှင့်မှတ်တမ်းအပ်သည့်နေ့များတွင်ကျင်းပလျှင် ပို၍ကောင်းမွန်၏။မိဘခြေရာတောင်းယူ မည့်အချိန်မှာမိဘကော သားသမီးပါ ရေချိုးသန့်စင်ပြီးသန့်ရှင်းသောအဝတ်များ ဝတ်ဆင်ပြီးဘုရားစင် ရှေ့မှာထိုင်ပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေမှာအရပ်လေးမျက်နှာ၊အရပ်ရှစ်မျက်နှာ၊အရပ် ဆယ်မျက်နှာရှိတဲ့ အထဲမှအထက်အရပ်ရပ်ကို ဦးထိပ်ပန်ဆင်ပြီးရတနာသုံးပါးကိုပူဇော်ကန်တော့ပါ။ပြီးလျှင် အရှေ့အရပ်မှာ မိဘ၊တောင်အရပ်မှာ ဆရာသမား၊မြောက်အရပ်မှာ ကျေးဇူးရှင်များကိုကန်တော့ပြီး ခင်ပွန်းကြီး (၁ဝ) ပါးအားဝန်ချတောင်းပန်ကာ ဘုရားစင်ရှေ့မှာငါးပါးသီလ ခံယူဆောက်တည်ပါ။ နေရာယူရန် ထို့နောက် မိဘမှ မြင့်သော မြတ်သောအရပ်မှာထိုင်ပြီး သားသမီးတို့မှမိမိတို့တတ်အားသရွှေ့ ကန်တော့ရန်ပစ္စည်းများဖြင့်ကန်တော့ပါ၊၊မိဘတို့ကလည်း ဆုပေး ချီးမြှင့်ပေးပါ။မိဘများမှ မွေးဖွားသန့်စင်တဲ့ အရွယ်ကစပြီးယနေ့မိဘများ ခြေရာမတောင်းယူမီအထိကံသုံးပါးဖြင့်မတော်တဆ […]

ကလေးတွေကို ဘာလေးတွေလို့ သဘောထားပြီးဆက်ဆံနေကြတာလဲ

ကလေးတွေကို ဘာလေးတွေလို့ သဘောထားပြီးဆက်ဆံနေကြတာလဲ ကလေးလေးက သူ့ဟာသူ မုန့်စားနေတယ်။ ဒါမှမဟုတ် အရုပ်လေးတစ်ရုပ်နဲ့ ဆော့နေတယ်ဆိုကြပါစို့။လူကြီးတစ်ယောက်က ကလေးကို စ ချင်လို့ အနားကပ်သွားတယ်။သူ့လက်ထဲက အရုပ်လေးကို လုယူလိုက်တယ်။ ကလေးဟာ ပထမ ကြောင်အအလေးဖြစ်သွားတယ်။ နောက် ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတဲ့ မေးခွန်းတွေပါတဲ့ မျက်လုံးနဲ့လူကြီးကို မော့ကြည့်မယ်။သူ့အရုပ်လေး ဒါမှမဟုတ် မုန့်လေးကို သူပြန်လိုချင်စိတ်ပေါ်လာတယ်။ဒါနဲ့ လက်လေးဖြန့်ပြီးတောင်းမယ်။ ပေးပါပေါ့။နိုးနိုးနိုးးး လူကြီးကအစကတည်းက လွယ်လွယ်ကူကူပေးဖို့ ယူထားတာမှမဟုတ်တာ။ ဘယ်ပေးမလဲ။ ကလေးလက်လေးနားကို ပေးမလိုလုပ်လိုက်။ကလေးက တကယ်ထင်ပြီး လက်လေးအကမ်းမှာ နောက်ပြန်ဆုတ်သွားလိုက်။“ဟင် . . ဘယ်လိုလဲ။ ပေးမယ်ထင်လို့ ယူတာလေ။ မပေးဘူးလား”နောက်တစ်ခါ လက်လေးနား ကပ်လာပြန်ရော . . ကလေးက ဒီတစ်ခါတော့ ဒီလူကြီး မနောက်လောက်ပါဘူးဆိုပြီးလှမ်းယူပြန်တော့ ပြန်ခွာသွားပြီး ကလေးမမီနိုင်တဲ့နေရာ ထားလိုက်ပြန်ရော။ […]

လူတွေ ဘာကြောင့် ဒေါသထွက်ရင် အော်ပြောသလဲ?

လူတွေ ဘာကြောင့် ဒေါသထွက်ရင် အော်ပြောသလဲ? (တန်ဖိုးမဖြတ်နိုင်တဲ့ စာသားလေးမို့ ဖတ်ဖြစ်အောင်ဖတ်ခဲ့ပါ။) တစ်နေ့သ၌ သူတော်စင်တစ်ပါးနှင့် တပည့်ယောဂီတစ်စု တို့သည် မြစ်ဆိပ်သို့ ရေချိုးရန်ထွက်လာ ကြသည်။မြစ်ဆိပ်သို့ ရောက်သော် တစ်ယောက်ကို တစ်ယောက် ဒေါသတကြီးနှင့် အော်နေကြသော မိသားစုတစ်စုကို တွေ့လေ၏။ ဤတွင် သူတော်စင်သည် တပည့်တို့ဖက်သို့လှည့်၍ အပြုံးဖြင့် မေး၏။”တပည့်တို့… လူတွေဟာ ဘာအတွက်ကြောင့် ဒေါသထွက်ရင် တစ်ယောက် နဲ့ တစ်ယောက် အော်ပြောကြလဲ သိကြသလား?” ယောဂီတွေဟာ ခေတ္တမျှ စဉ်းစားကြပြီးတော့ တစ်ယောက် သော ယောဂီက ထပြောတယ်။”တပည့်တော်ထင်တာတော့… တည်ငြိမ်ရင့်ကျက်မှုဟာဒေါသ ဖြစ်စဉ် ခနမှာ ပျောက်သွားတဲ့ အတွက်ကြောင့် လူတွေ အော်ရတယ် ထင်ပါတယ်” ဒီအခါမှာ သူတော်စင်က ပြန်မေးတယ်။ “ဒါပေမယ့်လို့ မိမိ ဒေါသ […]

ဖခင်တစ်ဦးက သူ့သမီးလေးကို မွေးနေ့လက်ဆောင်အဖြစ် ဆိုဆုံးမတဲ့စကားလေး

ဖခင်တစ်ဦးက သူ့သမီးလေးကို မွေးနေ့လက်ဆောင်အဖြစ် ဆိုဆုံးမတဲ့စကားလေး သမီး ဖူးဖူး။ဒီနေ့ဟာ သမီးအသက် (၁၃)နှစ် ပြည့်တဲ့နေ့လေးနော်။Happy Birthday ပါ သမီးရယ်။သမီးကို ဖေဖေ မွေးနေ့ရောက်တိုင်း မွေးနေ့လက်ဆောင် စကားတွေ ရေးခဲ့တာလည်း ဒီနှစ်နဲ့ဆို သုံးနှစ် ပြည့်ခဲ့ပြီ သမီး။ ဒီနှစ်တော့ ဖေဖေတို့ မျိုးရိုးစဉ်ဆက် မှာကြားခဲ့တဲ့စကား သုံးခွန်းကို ဖေဖေက သမီးလေးကို ထပ်မှာပါရစေ။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ပြင်ရွာမှာ မွေးတဲ့သမီးဖိုးဖိုးရဲ့ အမေဒေါ်ကြင်ငွေက သမီးရဲ့ဖိုးဖိုး ဦးယုံရှိန် တိုင်းပညာရေးမှူး ဖြစ်တော့ ဒီစကားသုံးခွန်းကို မှာခဲ့တယ်။ ဖိုးဖိုးဟာ ဒီစကားအတိုင်း တိတိကျကျလိုက်နာခဲ့တယ်။နောက်တစ်ဖန် သမီးဖိုးဖိုးဦးယုံရှိန်က ဖေဖေ့ကို ဆရာဝန်ဖြစ်တော့ ဒီစကားသုံးခွန်းထပ်မှာပြန်တယ်။ဖေဖေလည်း ခုထိ လိုက်နာကျင့်သုံးဆဲပဲ။ ဒီနှစ်တော့ သမီးကို ဖေဖေက သမီးဘ၀ လမ်းညွှန်အဖြစ် ဒီစကားသုံးခွန်းကို […]

အိုလာရင် ဘာတွေပြင်ဆင်ထားရမလဲ

အိုလာရင် ဘာတွေပြင်ဆင်ထားရမလဲ ကျွန်တော်တို့အားလုံး အိုရမဲ့လူတွေကြီးကြီးပါ။ ခုမအိုသေးပေမဲ့ ဖတ်ထားရင် ကိုယ့်အတွက် ကာကွယ်ဖို့ ပြင်ဆင်ချိန်ရသလို၊ ကိုယ့် မိဘတွေအတွက် ဆန်းစစ် ဆင်ခြင်လို့ ရနိုင်ပါတယ်။ အကြံလည်းပေးလို့ရတာပေါ့၊ အိုလာရင် ဘာတွေပြင်ဆင်ထားသင့်သလဲ၊ ဘာသာရေး ရှုထောင့်ကနေမဟုတ်ပဲ လက်တွေ့ ဘ၀ရှုထောင့်ကနေ ဆွေးနွေးကြည့်ရအောင်…. ၁။ အိုဖေါ် : လင်အိုမယားအို မေတ္တာကောင်းမွန်နေဖို့လိုပါတယ်။အရင်တုန်းက ချစ်ခဲ့ကြပေမဲ့ အသက်ကြီးလာတော့ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်မရတာမျိုး မဖြစ်သင့်ဘူး။ ယောက်ျားက သားဘက်၊ မိန်းမက သမီးဘက် ပိုရပ်တည်တာမျိုး မဖြစ်ရဘူး။ ငယ်ရွယ်တုန်းက လင်မယားဆိုပေမဲ့ အိုလာရင် အဖေါ် မွန်ဖြစ်ဖို့၊ ရပ်တည်ချက်တူညီဖို့ အလွန်အရေးကြီးပါတယ်။ ငယ်ငယ်တုန်းကတော့ ယောက်ျားပိုက်ဆံရှာ၊ ယောက်ျား အင်အားကောင်းတော့ အပြင်မှာ ပွေချင်တိုင်းပွေ၊သောက်စားချင်တို်င်းသောက်စား၊ အိမ်ကမိန်းမကို ခိုင်းဖက်လိုသဘောထားပြီး အော်လိုက်ငေါက်လိုက် လုပ်တဲ့ ယောက်ျားမျိုးဟာ၊ အိမ်ထောင်သက် အနှစ် ( ၂၀ […]

ကဲ! သင်​တို့​ရော ???

ကဲ! သင်​တို့​ရော ??? ကျွန်တော့်မိန်းမကို ကျွန်တော်မကူဘူး။ ပြီးခဲ့တဲ့အပတ်က ကျွန်တော့်အိမ်ကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်လာလည်တယ်။ ကျွန်တော်တို့ကော်ဖီသောက်၊ စကားပြောနေကြရင်းနဲ့ ကျွန်တော်က “ငါပန်းကန်ခဏသွားဆေးလိုက်ဦးမယ်၊ ပြန်လာခဲ့မယ်” လို့ပြောလိုက်တော့ သူက ကျွန်တော့်ကိုအံ့သြပြီးကြည့်တယ်။ ပြီးတော့ သူက “မင်းမိန်းမကို မင်းကူညီပေးတာကောင်းပါတယ်။ ငါကတော့ ငါ့မိန်းမကို မကူဘူး။ ကူရင်လဲငါ့မိန်းမက ကျေးဇူးတင်ပုံမရပါဘူး။ ပြီးခဲ့တဲ့အပတ်က ငါကြမ်းတိုက်ပေးတာ သူကကျေးဇူးတင်ပါတယ်လို့ တခွန်းတောင်မပြောဘူး” လို့ပြောတယ်။ အဲဒါနဲ့ကျွန်တော်ပန်းကန်မဆေးသေးပဲ သူနဲ့ခဏပြန်ထိုင်ပြီး စကားပြောတယ်။ သူငယ်ချင်း ဟေ့ကောင် … ငါက ငါ့မိန်းမကို “ကူညီတာ” မဟုတ်ဘူး။ တကယ်တော့သူကလဲ “အကူ” လိုတာမဟုတ်ဘူး။ သူကလက်တွဲဖော် (partner) လိုတာ။ ငါကဒီအိမ်မှာ၊ ဒီမိသားစုမှာ သူ့ partner ပဲ။ လူတွေကဘယ်လိုပဲသတ်မှတ်သတ်မှတ်၊ ယောက်ျားတစ်ယောက်အိမ်အလုပ်လုပ်တယ်ဆိုတာနဲ့ မိန်းမကိုကူတယ်လို့ငါတို့သတ်မှတ်လို့မရဘူး။ တစ်အိမ်လုံးအလုပ်တွေ […]