ပိန်းဥ၊ ပိန်းရိုးစားသူများ သတိပြုဖွယ်

ပိန်းဥ၊ ပိန်းရိုးစားသူများ သတိပြုဖွယ် ပိန်းပင်၏ အမြစ်ဖြစ်သော ပိန်းဥတို့ သည် ဆိမ့်သော အရာသာရှိကာ၊ ကဆီ ဓာတ်ကော်ရည် ပြည့်ဝသော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး၊ အာလူးအစားထိုး အသီးအနှံအဖြစ် စားသုံးနိုင်ပါသည်။ သို့ သော်အာဟာရဖြစ်စေသည့်အရည်အသွေးက အာလူးထက် သာလွန်ကောင်း မွန်ပါသည်။ ပိန်းရိုးထဲတွင် ဗိုက်တာမင် A၊ ဗိုက်တာမင် C ၊ အမျှင်ဓာတ်နှင့် ပရိုတင်း ပမာဏတို့  မြင့်မားစွာပါရှိကြသလို၊ ပိန်းဥထဲတွင် ပိုတက် စီယမ်၊ကယ်လ်စီယမ်၊ ဗိုက်တာမင် C ၊ ဗိုက်တာမင် E ၊ ဗိုက်တာမင် B၊ မဂ္ဂနီစီယမ်၊ ကော့ပါး၊ ဗိုက်တာမင် A နှင့် ပရိုတင်း ဓာတ်တို့ ပါရှိပါသည်။ ပိန်းဥတွင်ပါရှိသော အမျှင်ဓာတ်သည် အားလူးထက် […]

ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန်ချက်

ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန်ချက် ၁။ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ်။ ၂။ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ်။ ၃။ စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ်။ ၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။ ၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ။ ၆။ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။ ၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ်။ ၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။ ၉။ […]

အမျိုးသမီများ နှင့် ကာမေသုမိစ္ဆာစာရကံ

အမျိုးသမီများ နှင့် ကာမေသုမိစ္ဆာစာရကံ {အမေး}အရှင်ဘုရား။ တပည့်တော်မ တစ်ခုလောက် လျောက်ထားချင်ပါတယ်ဘုရား။တပည့်တော်မနဲ့ တပည့်တော်မရဲ့ သူငယ်ချင်းတို့ ကာမေသုမိစ္ဆာ အကြောင်းကို ဆွေးနွေးကြည့်ပါတယ်။ဒီဘက်ခေတ်မှာက စိုးရိမ်စရာတွေ မြင်နေမိလို့ပါ ဘုရား။သူငယ်ချင်းကပြောပါတယ် ကျူးလွန်သူအိမ်ထောင်သည်သာလျှင် ကံထိုက်ပြီးတော့တစ်ဖက်လူသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသူဆိုပါက ကံမထိုက်ဟု ဆိုပါသည်။ သူတို့ချင်း အတည်ယူလိုက်ပြန်လျှင်တော့ နှစ်ဦးစလုံးကံမထိုက်တော့ဟုဆိုပါသည် ဘုရား။တပည့်တော်မကို ကာမေသုမိစ္ဆာအကြောင်းလေးအသေးစိတ်ဟောပြပေးပါ ရန် လေးစားစွာလျောက်ထားအပ်ပါသည် ဘုရား။ရိုသေစွာဖြင့်။။ {အဖြေ}လူပုဂ္ဂိုလ်များနေ့စဉ်ဆောက်တည်နေကျဖြစ်သော ငါးပါးသီလထဲမှ တတိယမြောက်သိက္ခာပုဒ်ဖြစ်ပါတယ်။ အဓိပ္ပါယ်မှာ “မေထုန်အကျင့်၊ ဝါ- မေထုန်ဝတ္ထုတို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသော အကျင့်တို့မှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏” ဖြစ်၏။ (ကာမေသု= မေထုန်အကျင့်၊ ဝါ- မေထုန်အမှုဝတ္ထုတို့၌၊ မိစ္ဆာစာရော- တကယ်ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်)။ မေထုန်အကျင့်ဆိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသားတို့ ပျော်ပါးရွှင်မြူး ကြည်နူးပေါင်းဖက် စက်ယှက်ခြင်းပင် […]

တစ်ခုမှ မလပ်သော တစ်ခုလပ်များ

တစ်ခုမှ မလပ်သော တစ်ခုလပ်များ အများစုက တစ်ခုလပ်ဆိုတဲ့ ဘဝကို လက်မခံရဲ ချမပြရဲကြတာ တွေ့ရပါတယ်…..တစ်ချို့ကတော့ မိမိဆွေမျိုးအသိုင်းအဝိုင်းအလယ်မှာ ရှက်ရွံ့အားငယ်လို့ လူတောမတိုးရဲ….. တစ်ချို့ကျတော့လည်း နောက်ထပ် အိမ်ထောင်တစ်ခု တည်ဆောက်ဖို့စဉ်းစားတဲ့အခါမှာ ကိုယ့်ရဲ့ အရင်အတိတ်ကို ချပြဖို့ သတ္တိမရှိလို့ ဖုံးဖိဖို့ ကြိုးစားရင်း အမြဲတမ်း လိမ်ညာနေရတဲ့ အဖြစ်ကိုရောက်….. တကယ်ဆို အဲ့ဒီလို ကိုယ့်ဘဝအမှန်ကို ချမပြရဲတာ အရမ်းကို မှားတယ်လို့ ကျွန်မ ယူဆပါတယ်….. တစ်ခုလပ်…. ဘာဖြစ်လဲ….. ဘာရှက်စရာ….. အားငယ်စရာ လိုလဲ…..????? ကိုယ့်အမှား/ ကိုယ့်အပြစ်မရှိဘဲ ကွဲခဲ့တဲ့ အိမ်ထောင်ရေးဆို ပိုတောင် ဂရုစိုက်ဖို့ မလိုဘူးလို့ ယူဆပါတယ်…. ဒါပေမယ့် ခက်တာက မြန်မာ့လူမှုပတ်ဝန်းကျင်မှာ အချို့အချို့သော သူတွေက တစ်ခုလပ်တို့ / မုဆိုးမတို့ ဆိုတာကို […]

စကား​ပြော​သော​ငွေ

စကား​ပြော​သော​ငွေ သူငယ်​ချင်း…မင်းမှာ​ငွေမရှိဘူးဆိုရင်​​လေမုန့်​ဟင်းခါးသည်​​တောင်​ ၊အဖက်​လုပ်​မယ်​မထင်​နဲ့ ။သူငယ်​ချင်း. ..မင်းမှာသာ ​ငွေရှိရင်​​လေ ၊5 star ​ဟော်​တယ်​ကြီး​တွေမှာ​တောင်​ ၊ မင်း​​ခြေ​တောင်​ မချရ​သေးဘူး ၊ကားတံခါးလာဖွင့်​သူထီးမိုး​ပေးသူ ၊​တွေကအဆင်​သင့်​ ၊လှပျိုဖြူ​လေး​တွေကလည်း ခါး​လေးညွတ်​ပြီး မင်္ဂလာပါလို့ ယဉ်​​ကျေးပျူငှါစွာ ခရီးဦးကြိုဆိုကြလိမ့်​မယ်​ ။ သူငယ်​ချင်း..မင်းမှာသာ​ငွေမရှိရင်​​လေ …အသည်းအသန်​​နေမ​ကောင်းဖြစ်​လို့​ဆေးရုံတက်​ကြည့်​ ၊ ဟိုလူ​ဟောက်​ ဒီလူ​ဟောက်​နဲ့ ၊ဂိတ်​​စောင့်​​တောင်​​ကြောက်​ရတယ်​ ။စမ်းသပ်​ဖို့ဆို​ဝေလာ​ဝေး စ​ပေါ်ပါလားလို့ အရင်​​မေးကြတယ်​ ။ အသက်​ကို အ​ပေါင်​ထားလို့ ရမယ်​ထင်​သလား ။ သူငယ်​ချင်း…မင်းမှာသာ​ငွေရှိရင်​​လေ ၊ဂိတ်​​စောင့်​ ကအစအရိုအ​သေ​ပေး ၊ အားလုံးပျာပျာသလဲနဲ့ ၊ ငါးမိနစ်​တစ်​ခါ လာစမ်းသပ်​လိမ့်​မယ်​ ။ ​ဆေးရုံအုပ်​နဲ့​တွေ့ချင်​​သေးလားအားလုံး Ok သူငယ်​ချင်း…မင်းမှာသာ​ငွေမရှိရင်​​လေ ယူထားတဲ့မိန်းမက​တောင်​ ၊ပြန်​အမ်းချင်​တယ်​လို့​အော်​​နေလိမ့်​မယ်​ ။ ​ယောက္ခမကမကြည်​ဖြူ ၊ မ​ထေမဲ့မြင်​စကား​ပြောသူ့သမီးနဲ့ မြန်​မြန်​ကွဲပါ​စေလို့ ၊ဆု​တောင်း​နေဦးမှာ။ သူငယ်​ချင်း…မင်းမှာသာ​ငွေရှိရင်​​လေ​ရွှေသမက်​ […]

“ပိတ်လှောင်ခံထားရတဲ့ လူ့အဖွဲ့အစည်း”

“ပိတ်လှောင်ခံထားရတဲ့ လူ့အဖွဲ့အစည်း” ကျွန်တော့်ဆရာတစ်ယောက် ပြောဖူးပါတယ်။ ပွင့်လင်းတဲ့ လူ့မှုအသိုင်းအ၀ိုင်းမှာ သက်ကြီးရွယ်အိုတွေကို ဆေးကုသမှုပေးရင် အမေးခံနေရကျ မေးခွန်းတစ်ခု ရှိသတဲ့၊ ဆရာပေးတဲ့ဆေးကြောင့် ကျွန်တော်၊ ကျွန်မရဲ့ လိင်မှုကိစ္စ အနှောင့်အယှက်ဖြစ်နိုင်သလား ဆိုတာပါပဲ။ ထိခိုက်နိုင်တယ်ဆို ဆေးအမျိုးအစားပြောင်းပေးရတယ်၊ ဒီရောဂါက လိင်မှုကိစ္စကို ပြဿနာပေးနိုင်တယ်ဆိုရင် လူတွေက ပိုပြီး ကုသမှုကို ကြိုးစားခံယူလာကြတယ် လို့ ဆိုပါတယ်။ ကျွန်တော့်အတွက် တွေးစရာတွေ အများကြီးရသွားပါတယ်။ သြော် သူတို့တွေများ ပွင့်လင်းလိုက်တာ။ ကျွန်တော့်ကိုသာ လူနာက အဲ့လိုလာမေးရင် ကျွန်တော့်စိတ်ထဲ ဘယ်လိုဖြစ်သွားမလဲ၊ ဟင် ဒီလူကြီး တဏှာကြီးရန်ကော၊ ဒီအရွယ်ကြီးကျမှ၊ ဒီလိုထင်မိမှာပဲ။ တစ်ဆက်တည်းမှာပဲ နိုင်ငံခြားသူမိတ်ဆွေတချို့ကိုလည်း မြင်ယောင်လာတယ်။ သူတို့ဘ၀က ပျော်စရာပဲ။ ကိုယ်ပိုင်အလုပ်ရှိတယ်။ အိမ်ထောင်မရှိဘူး။ ဒါပေမယ့် Living together နေနေတဲ့အဖော်ရှိတယ်။ […]

မေတ္တာ လေ့ကျင့်ခန်း

မေတ္တာ လေ့ကျင့်ခန်း မေတ္တာဟာ မိမိရဲ့သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ့် လေ့ကျင်.ပေးမှ အစွမ်းထက်မယ်၊ မလေ.ကျင်.ရင် အစွမ်းမထက်ဘူး။အဲဒီတော. မေတ္တာဆိုတဲ. သဘောတရားကို ဘာနဲ့လေ့ကျင့်ရမလဲ၊ အာရုံနဲ့ပဲ လေ့ကျင့်ရမယ်။ စိတ်တစ်ခုကို ထက်မြက်လာအောင်လေ့ကျင့်ချင်ရင် အာရုံနဲ.လေ့ကျင့်ရမယ်။ ဓားထက်အောင် ဘာနဲ.လုပ်ရမလဲ၊ ကျောက်နဲ့သွေးရတယ်၊ကျောက်ပေါ်တင်ပြီးသွေးမှ ဓားထက်တယ်။ ထို့အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ.လုပ်ရမလဲ၊ အာရုံပေါ်တင်ပြီးတော့ လေ့ကျင့်ရမယ်။ မေတ္တာကို လေ့ကျင့်ခန်းလုပ်တဲ့နည်းတစ်ခု။ သာမာန်ကုသိုလ်ရရုံပို့တဲ့မေတ္တာမျိုး မဟုတ်ဘူး၊ သာမာန်ကုသိုလ်ရရုံ ပို့တဲ့မေတ္တာကတော့“သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု” ဆိုတာပေါ့။ ဘုရားရှိခိုးရင်လည်း မေတ္တာပို့တာပဲလေ၊ သတ္တ၀ါတွေချမ်းသာကြပါစေ၊ အဲဒီဟာမျိုးကို ပြောတာမဟုတ်ဘူး။ မေတ္တာလေ့ကျင့်ခန်းဝင်ပြီဆိုတာ meditation အလုပ်ကို လုပ်ရမှာကိုပြောတာ။ meditation ပုံစံနဲ့မေတ္တာကို အာရုံနဲ့လေ့ကျင့်ရမယ်။ အာရုံဆိုတာဘာလဲ၊ မိတ်ဆွေသူငယ်ချင်းစတဲ့သက်ရှိသတ္တ၀ါနဲ့လေ့ကျင့်ရမယ်။ သေသွားတဲ့သူနဲ့ လေ့ကျင့်လို့မရဘူး။ […]

မြန်မာပြည်ရှိ တရုတ်လူမျိုး

မြန်မာပြည်ရှိ တရုတ်လူမျိုး မြန်မာပြည်ရှိ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံတွင် မွေးဖွားသည့် သို့မဟုတ် ကြီးပျင်းသည့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ ဖြစ်သည်။ တရုတ်အစိုးရမှ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းအရ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများသည် လူဦးရေ စုစုပေါင်း၏ ၃ % ခန့်ရှိသည်ဟု သိရသည်။ လက်တွေ့တွင်မူ ဤအရေအတွက်ထက် ပိုမိုများပြားနိုင်သည်ဟု ခန့်မှန်းကြသည်။ ခွဲခြား ဆက်ဆံခြင်းခံရမည်ကို စိုးရိမ်၍ မိမိကိုယ်ကို ဗမာဟု ပြောဆိုနေသူများ၊ ကပြားများ၊ ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်း အထက်မြန်မာပြည်အတွင်းသို့ အလုံးအရင်းအလိုက် တရားမဝင် ပြောင်းရွှေ့လာသူများသည် စာရင်းတွင်ထဲတွင် ပါဝင်ခြင်း မရှိဟု ခန့်မှန်းရသည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများကို စစ်ဘက်အာဏာပိုင်များနှင့် အစုအစပ် လုပ်ကိုင်နေသည် ဆိုဦးတော့ စီးပွားရေး လုပ်ငန်းအများစုကို မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ […]

အတွင်းစိတ်ထဲမှာသာ အာရုံအပြည့်အဝ စူးစိုက်ထားမယ်ဆိုရင်

အတွင်းစိတ်ထဲမှာသာ အာရုံအပြည့်အဝ စူးစိုက်ထားမယ်ဆိုရင် ဖေ​ဖေ သမီး ဘုရား​ကို ​နောက်​တစ်​ခါ ထပ်​မသွား​တော့ဘူး ဘာဖြစ်​လို့လဲ သမီး ဘုရား​ကို သမီးသွား​တော့ ​တွေ့တဲ့လူတိုင်းက ဘုရားဝတ်ပြုနေတဲ့ အချိန်မှာတောင်​ ဖုန်းသုံး​နေတဲ့သူနဲ့ အတင်း​ပြော​နေတဲ့သူနဲ့ ဘယ်​သူမှ တလေးတစား မရှိကြဘူး သူတို့​အားလုံးဟာ သူ​တော်​​ကောင်း​ယောင်​ ​ဆောင်​​နေကြတာပဲ ​ဖေ​ဖေ။ အင်း ဒါဆို သမီး ဘုရား​ မသွား​တော့ဖို့ မဆုံးဖြတ်​ခင်​ ​ဖေ​ဖေ သမီးကို တစ်ခုလောက်​ လုပ်​ခိုင်းလို့ရမလား ​ပြောကြည့်​​လေ ​ဖေ​ဖေ ဘာများလဲ ဒါဆို သမီး ဖန်​ခွက်​ထဲ ​ရေအပြည့်​ထည့်​ပြီး ဘုရားကို ၂ ပတ်​ လမ်း​လျောက်​ရမယ်​ ဒါပေမယ့်​ ​ရေ​တော့ လုံးဝမဖိတ်​ရဘူး​နော်​။ဒါ​လေးများ ​အေး​ဆေး လုပ်​နိုင်​ပါတယ်​ ​ဖေဖေ။သမီး ပြန်ရောက်ပီ ဖေဖေ ဒီမှာကြည့်​ ​ရေ […]

စကားမ​ချော်​​စေနဲ့

စကားမ​ချော်​​စေနဲ့ Greek နိုင်​ငံကို နှစ်​​ပေါင်း သုံးဆယ်​​ကျော်​ တိတိကျကျဆိုရင်​ နှစ်​​ပေါင်း (၃၃ နှစ်​) ​ကျော်​ အုပ်​ချုပ်​ခဲ့တဲ့ Pericles ပဲရိကလိစ်​ဟာ မိုးလင်းတိုင်း ​တောင်းတဲ့ ဆု​တောင်းတစ်​ခုရှိတယ်​တဲ့.. အကျိုးမရှိတဲ့စကား မသင့်​​တော်​တဲ့စကားကို တစ်​ခွန်း​တောင်​မှ သတိလက်​လွတ်​ ပါးစပ်​က​နေ ထွက်​မသွားတဲ့သူ ဖြစ်​ပါရ​စေ တဲ့။ဒါဟာ သူ ဘယ်​​လောက်​ discipline ကြီးကြီးနဲ့ သူ့ကိုယ်​သူ တည်​​ဆောက်​ထားသလဲ ဆိုတာ ပြတာပဲ။ ဒါ့​ကြောင့်​ပဲ သူဟာ Greek သမိုင်းမှာ Age of Pericles လို့ သတ်​မှတ်​ရတဲ့ထိ ​ပြောင်​​မြောက်​တဲ့ နိုင်​ငံ့​ခေါင်း​ဆောင်​ တစ်​​ယောက်​ဖြစ်​ခဲ့တယ်​​နော်​။ ပြီး​တော့ သူဟာ စကား​ပြော အင်​မတန်​ပိုင်​တဲ့သူ ဖြစ်​​တယ်​လို့ မှတ်​တမ်းတင်​ခံရတယ်​။ အင်​မတန်​လည်း သိက္ခာကြီး dignity ကြီးတယ်​။ ဘယ်​သူ့ကိုမှလည်း […]