ဖောင်းထုတာလေးတွေရပ်ကြ အကုသိုလ်လေးတွေလျော့ကြ

ဖောင်းထုတာလေးတွေရပ်ကြ အကုသိုလ်လေးတွေလျော့ကြ သေခြင်း ရှင်ခြင်းက အလွှာပါးပါးလေးတခုဘဲခြားထားတာပါ။အသဲကင်ဆာနဲ့အသက်ငင်နေတဲ့အူးလေး ဘုန်းကြီးဘေးနားနေရင်း ဦးဇင်းက ပျံလွန်တော်မမူသေးဘဲ ခုမှတတ်လာတဲ့ လူနာက သေသွားတယ်။ ကိုယ်တိုင်တရားမရှိပေမဲ့တရားကျ မိတယ်။သေခြင်းဆိုတာမေ့စရာလား။တနေ့ကိုယ်လဲသွားရမှာဘဲ။ဘာလို့မေ့နေကြတာလဲ။မသေခင် နောက်လာနောက်သားတွေတွက်ကြိုးစားလုပ်နေတဲ့သူတွေရှိသလို …မသေခင် အကုသိုလ်ယူနေသူတွေ ဆင်ခြင်စေချင်မိတယ်။ အမေအိုကြီး အသက်၇၀ကျော် တိုင်းပြည်အတွက်အလုပ်လုပ်နေတယ် ။လူ သက်တမ်းအရ သူဘယ်လောက်တောင်လုပ်နိုင်မလဲ။ မြန်မာပြည်မှာသူ့လိုလူဘယ်နှစ်ယောက်ရှိလဲ။ဇရာကိုမထောက်ဘဲ အလုပ်လုပ်နေတာ ကိုမှအားမနာ ပြောလိုက်ကြတာဆိုတာ ဒီသက်ကြားအိုကြီးက မြန်မာတပြည်လုးံအတွက်လုပ်နေတယ်ဆိုတာလေးကို နဲနဲလေးတောင်နားလည်နိုင်စွမ်းမရှိကြတဲ့ လူအန္ဓတွေပါလား။ ဗိုလ်ချုပ်သေ ရင်အေးပြီထင်တဲ့ ဂဠု န်ဦးစော ..ဗိုလ်ချုပ်သေပြီးတော့ နောင်တ ရခဲ့တယ်။ ခင်ဗျားတို့တတွေက ဦးစောထက်ပိုဆိုးသူတွေပါ။ဗိုလ်ချုပ်ရဲ့ ရှင်ခြင်း သေခြင်းအလွှာလေး တခုမှာမြန်မာတနိုင်ငံလုးံ ဘယ်လို ပျက်ဆီး ဆုးံရှုးံခဲ့ရလဲ။ အခုရှားရှားပါးပါး ထပ်ပေါ်လာတဲ့ ဗိုလ်ချုပ်သမီး ခေါင်းဆောင်တစ်ဦး အသက်ကြီးနေတာတောင်သူတတ်စွမ်းသလောက်တကမ္ဘာလုးံနဲ့ယှဉ်ပြိုင်ကြိုးစားလုပ်ဆောင်နေတာ။သူ လုပ်နိုင်သလောက်လုပ်ပေးနေတုန်း ကူညီနိုင်တဲ့ ခေါင်းမရှိတဲ့ ခင်ဗျားတို့ […]

ဘဝနှင့် လူ၏သက္ကရာဇ်များ

ဘဝနှင့် လူ၏သက္ကရာဇ်များ သက္ကရာဇ် (၁) အဲဒီတုန်းက ကောင်လေးက ရှိမှ အိမ်က ဖိုးသား တို့အရွယ် ၈ တန်းလောက် ရှိဦးမပေါ့။ဒါပေမယ့် ကျွန်တော့် ဆိုင် လာရင် မေးလိုက်သမျှ စာအုပ်တွေက တတ်ကျမ်းတွေကြီးပဲ။”ပီမိုးနင်း စာအုပ်တွေရှိလား” လို့မေးတဲ့ အခါလဲ မေးရဲ့။အဲဒီ့အချိန်တုန်းက ဖေမြင့် ရဲ့ တက်ကျမ်းတွေလဲ တစ်အုပ်ပြီးတစ်အုပ် စထွက်နေချိန်ပေါ့ဗျာ။ကျွန်တော့်မှာ သူ့အတွက် အလျင်မီအောင် ရှာရှာ ထားရတယ်။တခါတလေ သူ မေးတဲ့ စာအုပ်တွေ ကျွန်တော့်ဆိုင်မှာ မရှိရင် အနားက ဆိုင်တွေမှာ ရှာဖွေပေးရသေးတယ်။ သက္ကရာဇ် (၃) အခုဆို ကျွန်တော်နဲ့ ကောင်လေးတို့ သိကျွမ်းတာ ၂နှစ်လောက်ရှိပါပြီ။ဒါပေမယ့် ရင်းတော့ မရင်းနှီးသေးပါဘူး။ကောင်လေးက သူ့ကိုယ်သူ လူကြီးတစ်ယောက်လို့ သတ်မှတ်ထားပုံရပြီး လူကြီးပုံ အပြည့် ဖမ်းထားတာကိုး။”ဒီနှစ်တော့ […]

ဘ၀တိုက်ပွဲအတွက်နည်းလမ်းများ

ဘ၀တိုက်ပွဲအတွက်နည်းလမ်းများ ဇောက်ချလုပ်ကိုင်ပါ လုပ်ငန်းတစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းဖြင့် မိမိ ဘဝ၏တိုးတက်လမ်းကို ရှာသင့်သည် ။မိမိသည် မည်သည့်နေရာတွင့် ကျွမ်းကျင်သည်ဟု ပြောဆိုနိင်သူသည် သူလိုကိုယ်လို သာမာန်လူများထက် အခွင့် အရေးပိုသည်မှာ အထူးပြောရန်မလိုပေ ။ ထို့ကြောင့် ဘဝ တိုးတက်စေရန် ပထမ အဆင့် တစ်ခုဖြစ်သော skillful person ဖြစ်လာစေရန် တစ်နေရာတည်းစွဲမြဲစွာလုပ်ကိုင်းရင်း လုပ်ငန်းကျွမ်းကျင်မှုကို တည်ဆောက်ယူကြရန် အကြံပြုလိုက်ပါသည် ။ ကောင်းမွန်သောအလေ့ အကျင့်များကိုမွေးမြူပါ ကောင်းသောအလေ့ အကျင့်များကိုနေ့စဉ်ပြုသောသူသာ ကောင်းမွန်သောအနာဂတ်ဘ၀ကို ပိုင်ဆိုင်ရမည်မှာ ငြင်းရန်မလိုသောအချက်တစ်ချက်ဖြစ်သည် ။ ထို့ကြောင့်ကောင်းမွန်သောအလေ့ အကျင့်များကို နေ့ စဉ် ပုံမှန်ပြုလုပ်ပါရန်တိုက်တွန်းချင်ပါသည်။ အချိန်၊နေရာနှင့် ခွန်အား အောင်မြင်လိုသူတစ်ယောက်သည် အချိန် အခါကိုသိရမည် ။ မည်သည့် အချိန် မည်သည့်နေရတွင့် ခွန်အားကို မည်မျှစိုက်ထုတ်ရမည်ကို […]

ကိုယ်ချင်းစာစိတ်ကို အသည်းထဲ နှလုံးထဲအထိ ထည့်ပေးတတ်ဖို့ပဲလိုတာ

ကိုယ်ချင်းစာစိတ်ကို အသည်းထဲ နှလုံးထဲအထိ ထည့်ပေးတတ်ဖို့ပဲလိုတာ မနေ့က သားတို့အတန်းထဲက ယောက်ျားလေးတစ်ယောက်က ပိုက်ဆံအိတ်ပျောက်သတဲ့..။ပိုက်ဆံအိတ်ထဲမှာပိုက်ဆံယန်း၈၀၀၀(မြန်မာငွေတစ်သိန်းနီးပါး) ပါတယ်..။ အထက်တန်းကျောင်းသားတစ်ယောက် အဲဒီလောက်တော့ပါကြတယ်လေ..။ အိမ်ကသားကတော့ ကိစ္စမရှိရင် အပိုမဆောင်ဘူး..တစ်ထောင်လောက်ပါလည်း သူကအေးဆေးပဲ..။ပိုက်ဆံအိတ်ပျောက်တာတော့ ဂျပန်ဆရာတွေဘယ်လိုဖြေရှင်းကြသလဲဆိုတာ အလွန်အမင်းစိတ်ဝင်စားလို့သားကိုရအောင်မေးကြည့်တာ…။ သားကပြန်မေးတယ်..။”မြန်မာပြည်မှာဆိုရင် ဘယ်လိုရှာသလဲ..?” မြန်မာပြည်မှာဆိုရင်လား..ဆရာကကျောင်းသားတိုင်းရဲ့အိတ်တွေကိုလိုက်ဖွင့် (သို့) အတန်းခေါင်းဆောင်က အိတ်တွေလိုက်စစ် (သို့) ယူတယ်လို့ယူဆတဲ့ကျောင်းသားကို ကျောင်းအုပ်ကြီးရုံးခန်းခေါ်စစ် (သို့) ဘယ်သူလို့ထင်သလဲလို့ စာနဲ့လျှို့ဝှက်ပြီးမေး…အဲဒါပဲလေ…။ “အတန်းပိုင်ဆရာက သိပ်အရှည်ကြီးမပြောဘူး…ပိုက်ဆံက၈၀၀၀လား…ကိုင်း ယူတဲ့လူက ဘယ်နှစ်ရက်သုံးနိုင်မလဲ…တစ်ရက်လား..နှစ်ရက်လား..တစ်ပတ်လား…သုံးနေတဲ့ကာလမှာ မင်း ပျော်မလား..မင်းပျော်နေတဲ့အချိန်မှာ မင်းရဲ့အတန်းဖော်က သူ့ပိုက်ဆံအိတ်လေးနဲ့ ပိုက်ဆံ၈၀၀၀ကို သတိရပြီး စိတ်မကောင်းဖြစ်နေမှာကိုတွေးမိသလား. .မင်းစိတ်သန့်သလား..တဒင်္ဂမဟုတ်ဘူးနော်…တစ်သက်လုံးစာကိုပြောတာ..ဆယ်မိနစ်နားချိန်ပေးမယ်..ခဏနားချိန်မှာ ကျောင်းထဲမှာလွတ်လွတ်လပ်လပ်နေနိုင်တယ်..ဆယ်မိနစ်ပြည့်ရင် ပြန်စမယ်..” ဆရာက အဲဒါပဲပြောပြီး အတန်းဖြုတ်လိုက်တာ ပျောက်တဲ့ကောင်လေးရဲ့ ဖိနပ်လော့ကာထဲကို ပိုက်ဆံ၈၀၀၀နဲ့ ပိုက်ဆံအိတ်ပြန်ရောက်နေသတဲ့…။ ဆရာ့ moral educationက တယ်ထိသကိုး…။ဘာ လောကနီတိမှရွတ်ပြမနေဘူး..။Psycho […]

သင် အသက်( 20 – 28 ) ဆိုလျှင် ဒါကိုမဖြစ်မနေဖတ်ပါ

သင် အသက်( 20 – 28 ) ဆိုလျှင် ဒါကိုမဖြစ်မနေဖတ်ပါ အလွတ်ရသလောက်နီးပါးဖြစ်အောင် ဖတ်ထားလိုက်ပါ အကျိုးရှိပါတယ်.. အသက် (၂၀)ကျော်အရွယ်ဟာ ဘ၀မှာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေဖြစ်လာသလို မိဘတွေကလည်း အရွယ်ရောက်လာသူတစ်ယောက်အနေနဲ့ ဆက်ဆံလာချိန်ဖြစ်ပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက်ကိုလည်း အရမ်းကိုစိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့တစ်ခုခုရပြီးသည်ဖြစ်စေ မရသေးဘူးဖြစ်စေ၊ (၂၀)ကျော်အရွယ်နဲ့ နောက်ပိုင်းမှာ အောင်မြင်ဖို့အတွက် စတင်ပြင်ဆင်တတ်ဖို့အရေးကြီးပါတယ်။ အများစုကတော့ ဒီအချိန်မှာ ထူးထူးခြားခြားပြောင်းလဲမှုတွေကိုလုပ်ဆောင်ဖို့နဲ့ ကြီးကြီးမားမားအောင်မြင်မှုကို ရယူဖို့က အရမ်းငယ်သေးတယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ အသက်(၂၀)ကျော်အရွယ်ဆိုတာ သင့်ရဲ့ဘ၀ တလျှောက်လုံးမှာ အောင်မြင်မှုတွေဆွတ်ခူးရယူနိုင်ဖို့အတွက် အလေ့အကျင့်ကောင်းတွေကို စတင်ပျိုးထောင် မွေးမြူသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် (၂၀)ကျော်တွေအတွက် ဒီနေ့လုပ် မနက်ဖြန်မှာ ထူးခြားချက်တွေ ခံစားရမယ့် လုပ်ဆောင်စရာ(၇)ခုကို […]

ဒါလည်းပြီးသွားမှာပါ

ဒါလည်းပြီးသွားမှာပါ တစ်ခါက ဘုရင်တစ်ပါးဟာ စိတ်ဆင်းရဲစရာတွေ့ကြုံ နေရလို့သူ့ရဲ့အမတ်ပညာရှိတွေကို ဆောင်ပုဒ်တစ်ခု ရေးသွင်းစေပါတယ်။ အဲဒီဆောင်ပုဒ်ဟာ တိုလည်းတို ရမယ်။အောင်မြင်နေတဲ့အခါမှာရော၊ နိမ့်ပါးနေတဲ့ အခါ မှာရော သုံးစွဲနိုင်ရမယ်လို့ ဆိုပါတယ်။ မှူးမတ်ပညာရှိတွေ အမျိုးမျိုးဆက်သပေမယ့် ဘုရင်က သဘောမကျပါဘူး။ နောက်ဆုံး သမီးတော်က ရေးပြီး ဆက်သ လိုက်မှ သဘောကျသွားပါတယ်။သမီးတော် ဆက်သတဲ့ ဆောင်ပုဒ်က 。。。“This ,too , will pass. ဒါလည်းပြီးသွားမှာပါ” တဲ့။ အိန္ဒိယနိုင်ငံမှာ ပထမဦးဆုံး အင်္ဂလိပ်ဘုရင်ခံချုပ် လုပ် သွားတဲ့ဝါရင်ဟေစတင်း(စ်)ဟာ အင်္ဂလန်ပြန်ရောက်တဲ့ အခါ သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေက ဘုရင်ခံဘ၀က အာဏာ အလွဲသုံးစားလုပ်တယ်ဆိုပြီး အမှုတင်ကြပါ တယ် ။ ဒီတော့ ဟေးစတင်း(စ်)ဟာ သူ့မှာအပြစ်မရှိဘူး ဆိုတာသိထားပေမဲ့ တရားရုံးမှာ ခုနစ်နှစ်တိုင်တိုင် အချိန် […]

အခုအခြေအနေနဲ့တိုက်ဆိုင်နေလို့ပါ

အခုအခြေအနေနဲ့တိုက်ဆိုင်နေလို့ပါ ရုံးဆင်းချိန်မို့ထင်သည်…ဆူးလေကားမှတ်တိုင်၌ လိုင်းကားစောင့်နေသောလူတွေက နည်းနည်းနောနော မဟုတ် …ထောင်းလမောင်းထ၍နေလေသည်…လိုင်းကားတိုးစီးရသော ဒုက္ခကမသေးလှအခုလို ညနေစောင်းဆိုလျှင် ပို၍ဆိုးသေးသည်… လူတွေကကြပ်…ကားလမ်းတွေကပိတ်လူစော်နံ…ချွေးစော်နံ…အီးစော်နံကလေးသေးစော်နံနှင့်…ဒီကြားထဲ ကိုယ့်ခြေထောက်ကိုလူနင်းတာခံရဆင်းမည့်မှတ်တိုင်ကို တိုးဝှေ့ဆင်းရ ဆိုတော့တော်ရုံတန်ရုံ သည်းခံနိုင်ရုံဖြင့်လိုင်းကားတိုးစီးနိုင်မည်မထင်…ခန္ဓီပါရမီနှင့် ပြည့်စုံမှသာလိုင်းကားတိုးစီးနိုင်မည် ထင်သည်… ပြောရင်းဆိုရင်း…ကျနော်စီးရမည့် ဘတ်စ်ကားဆူးလေမှတ်တိုင်သို့ ဝင်ရောက်လာလေပြီ…ခုနကငြိမ်သက်နေသော လူအုပ်ကြီးတစ်ခုလုံးဝုန်းခနဲ ကားဆီသို့အလုအယက်ပြေးကာဖြင့်သူ့ထက်ငါအရင် တိုးဝှေ့တက်ကြလေသည်…ပြေးလာသောခွေးမကြီးအား အတင်းအလုအယက် နို့စို့ကြသောခွေးသားပေါက်လေးများကဲ့သို့ပင်… ဘတ်စ်ကားမှာ တစ်မုတ်ချင်းခရီးသည်တို့ဖြင့် ပြည့်ကြပ်ညပ်သွားလေတော့၏…စပါယ်ယာမှာ ယာဉ်စီးခ ကောက်ခံပြီးသည်နှင့်” မောင်း…ဆြာရေ…မောင်း !!! “” ယောက်လမ်းပါလား…ကျောက်တိုင်…ရွှေတိဂုံ သုံးလမ်း…မှတ်တိုင်လေးတွေမေးနေတယ်နော်ယောက်လမ်းပါသေးလား…အသံမကြားဘူး ဆြာရေ…မောင်း !!! ” ယောက်လမ်းမှတ်တိုင်လည်းရောက်ရော…ဂျီးဒေါ်ကြီးတစ်ယောက် ခြင်းတောင်းကြီးမနိုင်မနင်းဆွဲကာဖြင့်အတင်းတိုးဝှေ့ထွက်လာသည်…” အမလေး…လုပ်ကြပါအူး ဖယ်ကြပါအူးအား…အီး…အမလေး…ယောက်လမ်းပါတယ်…” ” ဟာ…ယောက်လမ်းပါသွားပြီဆြာ…နောက်တိုး “ယာဉ်မောင်းမှ…စပါယ်ယာအား” ခရီးသည်တွေကို သေသေချာချာမေးလေကွာ “” မေးနေတာပဲ ဆြာရေ…သူက ဘယ်ခြုံထဲရောက်နေလဲမှ မသိတာ…” ” ငင့် ” ဆင်းတာက […]

ပြည့်တန်ဆာအမျိုးသမီးထက် စိတ်ဓာတ် ပိုဆိုးနေကြပြီလား

ပြည့်တန်ဆာအမျိုးသမီးထက် စိတ်ဓာတ် ပိုဆိုးနေကြပြီလား ခုနက Sky Net Myanmar Movies လိုင်းက လာတဲ့ မွန်းတည့်ချိန်တွင် နေ၀င်သည် ဆိုတဲ့ ရှေးဟောင်းမြန်မာဇာတ်ကားကလေးကို ကြည့်နေမိတယ်။ မင်းသားက ကျော်ဟိန်း၊ မင်းသမီးက ချိုပြုံး။ ဇာတ်က ဘယ်လောက်နာသလဲတော့မမေးနဲ့။ စကတည်းက ကျော်ဟိန်းက ခါးပိုက်နှိုက်၊ ချိုပြုံးက ပြည့်တန်ဆာမ။ ဒီ့ထက်ပိုပြီးဇာတ်နာစရာလည်း မရှိတော့ဘူးလေ။ ကျော်ဟိန်းက ခါးပိုက်နှိုက်ဘ၀မှာ ပြေးရင်းလွှားရင်းနဲ့ ချိုပြုံးကို တွေ့တယ်။ သူတို့နှစ်ဦးသားဟာ အပြန်အလှန် ဘ၀တွေအကြောင်း စားမြုံ့ပြန်ကြရင်းနဲ့ နားလည်မှုရသွားကြတယ်။ ယူဖြစ်သွားကြပုံကလည်း ချိုပြုံးက တင်တင်မြရဲ့ သီချင်းကလေးကို နှစ်ယောက်သားအတူထိုင်ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ကလေးမှာ နားထောင်နေရင်းနဲ့ ခံစားသွားရတယ်ထင်ပါရဲ့ ။ကိုဝိုင်းရေ…ကျမ ရှင်နဲ့လာနေမယ်တဲ့။ ဘာမှ ချစ်စကားကြိုက်စကားမပါ။ အလွှာတွေက အောက်တန်းတကာ့ အောက်တန်းကျနေပေမယ့် သူတို့ရင်ထဲက ချစ်စကားကတော့ […]

သားသားလိုချင်လား မီးမီးလိုချင်လား

သားသားလိုချင်လား မီးမီးလိုချင်လား မိသားစုရယ်လို့ဖြစ်လာရင် လူတိုင်းက မိမိတို့ရဲ့ မျိုးဆက်၊ရင်သွေးကို တောင့်တတတ်ကြစမြဲပါ။ ယောကျာင်္းလေးပဲရရ၊မိန်းကလေးပဲ ရရ ဘာဖြစ်ဖြစ် ချစ်မယ်ဆိုတာက မိဘတွေရဲ့ စစ်မှန်တဲ့မေတ္တာဖြစ်ပါတယ်။ ကိုယ့်မိသားစုဘဝထဲကို ဝင်လာမယ့်ကလေးကို မိဘတိုင်းက တန်ဖိုးထားကြတယ်။ ပမယ့် တဖက်မှာလည်း မျိုးရိုးဆိုတာက ရှိနေပြန်တယ်။ အထူးသဖြင့် ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ သားယောကျာင်္းက ပိုအရေးပါလို့ ယောကျာင်္းလေးမွေးအောင် နည်းမျိုးစုံကြိုးစားလာတယ်။ တရုတ်နိုင်ငံမှာ သားယောကျာင်္းလေးမဟုတ်ရင် ကိုယ်ဝန်ဖျက်ချပစ်တယ်။ ကျား၊မ ကွာခြားမှုကြောင့် ကလေးဖျက်ချသူက တရုတ်နိုင်ငံမှာတင် ၃၄ရာခိုင်နှုန်းထိရှိတယ်။ ဒါမျိုးကို sex-selective abortion လို့ ခေါ်ပါတယ်။ ရလာဒ်ကတော့ မိန်းကလေးဦးရေ နည်းပါးလာပြီး ယောကျာင်္းလေးဦးရေ ပိုများလာတယ်။ ကျား၊မအချိုးအစား ကွာဟချက် ကြီးလာတယ်။ ကမ္ဘာ့အနောက်ခြမ်းမှာ မိန်းကလေးဦးရေပိုများပေမယ့် ကမ္ဘာ့အရှေ့ခြမ်းမှာတော့ ယောကျာင်္းလေးဦးရေက တနေ့တခြား […]

“ကိုယ့်ကိုယ်ကိုယ်ချစ်ပါ”

“ကိုယ့်ကိုယ်ကိုယ်ချစ်ပါ” အချိန်သည်လည်း အကုန်မြန်၏။ လူတို့သည်လည်း အပြောင်းအလဲမြန်၏။ စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။ Be_Strong(သန်မာပါ) ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ Stay_like_Independent_person (မမှီခိုတဲ့သူတယောက်ဖြစ်နေပါ) ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။ Be_Active (တက်ကြွနေပါစေ) ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။ ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။ ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။ ဘယ်သူ့မှမစောင့်နဲ့။ ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။ ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။ အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။ Believe_Yourself (မိမိကိုယ်ကိုယ်ယုံကြည်ပါ) ကိုယ့်ကိုယ်ကိုယ်ယုံ။ အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။ […]