“ကနောင်” မှ အောက်ပါတို့ကို အသက်သာဆုံး နှုန်းထားများဖြင့် အရည်အသွေးမြင့် အကောင်းဆုံး ၀န်ဆောင်မှု ပေးနေပါသည်....
Privacy Policy
ကနောင်
“ကနောင်” အနေဖြင့် မိမိထံမှ ၀န်ဆောင်မှုများကို ရယူ သုံးစွဲသူများ၏ သတင်းအချက်အလက်များ အား လုံခြုံမှု အဆင့်အတန်း(လျှို့ဝှက်) အဖြစ် သတ်မှတ် ထိန်းသိမ်းထားရှိ သွားမည်။ “ကနောင်” ၏ ၀န်ဆောင်မှု အဆင့်တစ်ခုခုကို မှာကြားသုံးစွဲခြင်း အတွက် အဆင့်အလိုက် သတ်မှတ်ကာလ အတွင်း မှာကြားသုံးစွဲသူထံသို့ အတိအကျ ပို့ဆောင်ပေးသွားမည်။ “ကနောင်” ၏ ၀န်ဆောင်မှုကို ရယူအသုံးပြုရာတွင် “ကနောင်” မှ သတ်မှတ်ထားသော စည်းမျဉ်းများအား ချိုးဖောက်ရာမှ ကြုံတွေ့လာရသော ပြဿနာများမှ အပ ကျန်ရှိသည့် နည်းပညာဆိုင်ရာ အခက်အခဲများ၊ ပြဿနာများအားလုံးအား “ကနောင်” မှ တာဝန်ယူ ဖြေရှင်းပေးသွားမည်။
သုံးစွဲသူ
“ကနောင်” ၏ “ဝန်ဆောင်မှုများ” မှ အဆင့်တစ်ခုခုကို မှာကြားသုံးစွဲလိုသူသည် (Hosting Plan နှင့် တွဲလျက် ဆိုပါက) ကျသင့်ငွေ၏ ထက်ဝက်အား ဦးစွာပေးချေရန် လိုအပ်မည် ဖြစ်ပြီး (အကယ်၍ ဆန္ဒရှိပါက လည်း တစ်ပါတည်း ပေးချေနိုင်သည်) ကျန်ရှိသော ထက်ဝက်အား ၀န်ဆောင်မှုကို မှာကြားသူထံ “ကနောင်” မှအပ်နှံသည့် နေ့တွင် အပြီးပေးချေရပါမည်။ “ကနောင်” ၏ “ဝန်ဆောင်မှုများ” မှ အဆင့်တစ်ခုခုကို မှာကြားသုံးစွဲလိုသူသည် (Hosting Plan မပါ) ၀ဘ်ဒီဇိုင်းသီးသန့်သာ ဆိုပါက ၀န်ဆောင်မှုကို မှာကြားသည်နှင့် တပြိုင်နက် ကျသင့်ငွေအပြည့်အ၀ ကို တစ်ပါတည်း ပေးချေရပါမည်။ “ကနောင်” တွင် Hosting Plan နှင့် တွဲလျက် ၀န်ဆောင်မှုအား ရယူအသုံးပြုသူသည် နိုင်ငံတကာ အင်တာနက်ဥပဒေများ နှင့် မလွတ်ကင်းသော ကိစ္စရပ်များအား လွှင့်တင်ခြင်း မပြုသူ ဖြစ်ရမည်။ “ကနောင်” တွင် Hosting Plan နှင့် တွဲလျက် ၀န်ဆောင်မှုအား ရယူအသုံးပြုသူသည် (အထူးသဖြင့်) ညစ်ညမ်းရုပ်ပုံများ၊ ညစ်ညမ်းရုပ်ရှင်များ စသော လိင်မှုဆိုင်ရာ မီဒီယာများအား ထုတ်လွှင့်ဖော်ပြခြင်း မပြုသူ ဖြစ်ရပါမည်။
