နေ့တိုင်းကန်တော့နေတာမို့…သိသင့်တဲ့အနက်အဓိပ္ပါယ်

နေ့တိုင်းကန်တော့နေတာမို့…သိသင့်တဲ့အနက်အဓိပ္ပါယ် ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုးကြရင် ရွတ်ဆိုနေကြတဲ့ အပ္ပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး ၊၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး ဆိုတာတွေရဲ့ အနက်အဓိပ္ပါယ်ပါ အပ္ပါယ်လေးပါး ၁။ ငရဲ ၂။တိရစ္ဆာန် ၃။ပြိတ္တာ ၄။အသူရကာယ် ကပ်သုံးပါး ၁။ ဒုဗ္ဘိက္ခရကပ် = ငတ်မွတ်ဘေးကပ် ၂။ သတ္တန္တရကပ် = လက်နက်ဘေးကပ် ၃။ ရောဂန္တရကပ် = ရောဂါလေးကပ် ရပ်ပြစ်ရှစ်ပါး ၁။ ငရဲ = ချမ်းသာမှုမရှိသောအရပ် ၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျောပေးသောသတ္တ၀ါ ၂။ ပြိတ္တာ = ကိုယ်လက်အင်္ဂါမမျှတသော သတ္တ၀ါ ၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိပြီး အသက်နာမ်မရှိသော ဗြဟ္မာဘုံ ၅။ ပစ္စန္တရော = […]

ရေဘ၀ဲအကြောင်းပြောချင်လို့

ရေဘ၀ဲအကြောင်းပြောချင်လို့…… မိတ်ဆွေရဲ့ ရုံးခန်းထဲမှာ ရေဘ၀ဲတစ်ကောင်ရှိနေတယ်..။ ရှာကြည့်… ရှာကြည့်…။တွေ့လား စားပွဲပေါ်.. စားပွဲအောက်.. ဘီရိုထဲ … ရေခဲသေတ္တာပေါ်… မတွေ့ဘူးလား..။ ဟိုမှာလေ.. .။ ခင်ဗျားရုံးခန်း ထဲက စားပွဲကြီးရဲ့ နောက်က ဆုံလည်ထိုင်ခုံကြီးပေါ်မှာ ထိုင်နေတာ ရေဘ၀ဲပေါ့..။ ဟုတ်တယ် .. အဲဒါ ကိုယ်ပါပဲ..။ ဘယ်သူပဲ ဘာပဲလုပ်ပေးနေနေ စိတ်တိုင်းမကျနိုင်တာ ရေဘ၀ဲပေါ့..။ အရာရာ ကိုယ်လုပ်မှ ပြီးတယ်ထင်..။ ကိစ္စအားလုံး သိချင်..။ “ဘာလုပ်လုပ် ငါ့တင်ပြပြီးမှလုပ်” “ငါ့လက်မှတ်ထိုး ခွင့်ပြုချက်မပါရင် ဘာမှမလုပ်နဲ့” .. အဲဒါရေဘ၀ဲပါပဲ..။ တကယ်တန်း ဆန်းစစ်ကြည့်ရင် အဲဒီရေဘ၀ဲဟာ နေရာတကာသာ ၀င်ပါချင်တာ.. အရာတိုင်းကို သူသိလို့ မဟုတ်ဘူး..။ လက်အောက်ငယ်သားအပေါ်စိတ်မချနိုင်တာ..။ သူတို့ လုပ်ရင်တော့ မှားတော့မှာပဲ.. ဆိုတဲ့ စိတ်နဲ့ […]

သေဆုံးသွားသော ဖုန်းနံပါတ်များ

သေဆုံးသွားသော ဖုန်းနံပါတ်များ ကိုယ့်ဖုန်းcontactsထဲမှာ ဖုန်းနံပါတ်များစွာ ရှိနေတယ်။ဒါပေမယ့် အားလုံးဟာ အသက်ဝင်မနေပါဘူး။တချို့ဖုန်းနံပါတ်တွေဟာ သေဆုံးနေကြပါပြီ။ တစ်ချိန်က ရင်းရင်းနှီးနှီး လိုအပ်ခဲ့တဲ့ ဖုန်းနံပါတ်တွေဟာ အခုအချိန်မှာ သူစိမ်းဆန်နေပြီး သိပ်မလိုအပ်တော့သလိုပါပဲ။ ဖုန်းနံပါတ်ဆိုတာ ကိုယ့်ဖုန်းထဲကို ရောက်လာခါစက ရင်းနှီးမှုရဲ့သင်္ကေတပါပဲ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တချို့ဖုန်းနံပါတ်တွေဟာ ကိုယ်နဲ့မဆိုင်တော့သလို အပိုဖြစ်နေပါတယ်။ တစ်ခါတစ်လေ သတိရလို့ ဖုန်းနံပါတ်တစ်ခုကို လွမ်းလွမ်းဆွတ်ဆွတ် ခေါ်ခဲ့မိပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူးလေ။ ဖုန်းကဒ်တွေ ဈေးပေါနေတဲ့ အခုခေတ်မှာ အတည်မှတ်ရတာလည်း ခက်သလိုပါပဲ။ တချို့လည်း ဖုန်းတော့ကိုင်ပါရဲ့ ကိုယ့်ကို မမှတ်မိဘူးလေ။ ဝေေ၀၀ါးဝါးနဲ့ ရင်းနှီးမှုတွေကို မနည်းအစပြန်ဆွဲထုတ်ပြရတယ်။ တစ်ချိန်က လိုအပ်ခဲ့ပေမယ့် အချိန်ကြာလာတဲ့အခါ မေ့သွားတာကိုတော့ ကိုယ်လည်း မတားမြစ်နိုင်ခဲ့ဘူးလေ။ သူ့ဖက်က ခဏတာမိတ်ဆွေလို့ သတ်မှတ်တာနေမှာပါ။ တချို့ဖုန်းနံပါတ်ကလေးတွေကတော့ အိပ်ပျော်နေကြလေရဲ့။ ကိုယ်သွားလှုပ်နိုးလိုက်မှ […]

ကိုယ့်ဘဝ ထဲကို ဝင်လာကြတဲ့ လူတွေဆိုတာ အမျိုးအစား (၃) မျိုး

ကိုယ့်ဘဝ ထဲကို ဝင်လာကြတဲ့ လူတွေဆိုတာ အမျိုးအစား (၃) မျိုး (၁) အကြောင်းရှိလို့ ဝင်လာသူ (၂) တခဏတာ ဝင်လာသူ (၃) တစ်ဘဝစာ ဝင်လာသူ ဆိုပြီးတော့ ဖြစ်တယ်။ လူတစ်ယောက်ကို သုံးသပ်ပြီး ဘယ်အမျိုးအစားမှန်း သိလိုက်တာနဲ့ ဒီလူ့အတွက် ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာ သိနိုင်ပါတယ်။ (၁)အကြောင်းရှိလို့ ဝင်လာသူတွေတဲ့။ ကိုယ့်ရဲ့ လိုအပ်ချက်တွေဟာ ပတ်ဝန်းကျင်မှာ ထင်သာ မြင်သာ ရှိလာတိုင်း ဒီလိုလူတွေနဲ့ ကြုံဖို့ ဆုံဖို့ ဖြစ်လာတတ်ပါတယ်။ ကိုယ့်ကို လမ်းပြပေးမယ့် လူတွေ ဖြစ်တယ်။ အခက်အခဲကို ကျော်လွှားဖို့ နည်းလမ်းပေးမယ့် လူတွေဖြစ်တယ်။ ဒါ့ကြောင့် ကိုယ့်လိုအပ်တဲ့ အကြောင်းကို မှီပြီး ရောက်လာလို့ အကြောင်းရှိ၍ ဝင်လာသူ လို့ ခေါ်ပါတယ်။ […]

ဂျပန်တွေစခဲ့တဲ့ ဦးနှောက်ရောင်ခြင်း

ဂျပန်တွေစခဲ့တဲ့ ဦးနှောက်ရောင်ခြင်း ကာကွယ်ဆေးအကြောင်းမပြောခင် ဂျပန်ဦးနှောက်ရောင်ခြင်း အကြောင်းကို စတင်ပြောပါမယ်။ ဂျပန်ဦးနှောက်ရောင် ရောဂါဟာ Japanese encephalitis virus တမျိုးကြောင့် ဖြစ်ပါတယ်။ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ flavivirus မျိုးနွယ်စု ဗိုင်းရပ်စ်ထဲမှာ ပါဝင်ပါတယ်။single-stranded RNA ဗိုင်းရပ်စ်မျိုးဖြစ်ပါတယ်။ အာရှဒေသတွေ(အထူးသဖြင့် အာရှအရှေ့စွန်းဒေသ၊အရှေ့တောင်အာရှ နဲ့ အနောက်ပိုင်း ပစိဖိတ်ဒေသတွေ)မှာ အဓိကတွေ့ရပါတယ်။ ကမ္ဘာတဝှမ်း တနှစ်ကို လူသုံးသောင်းမှ ငါးသောင်းထိ ကူးစက်ခံရပြီး သေနှုန်းက ၁၀မှ ၂၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။အရင်ခေတ်တွေက သေနှုန်းပိုမိုမြင့်မားကြတယ်။မြို့ထက် ရွံ့နွံထူထပ်တဲ့ တောမှာ ပိုမိုအဖြစ်များတယ်။ငှက်၊ဝက်စတဲ့ တိရိစ္ဆာန်တွေက ရောဂါပိုးသယ်ဆောင်ကြတယ်။ရောဂါပိုးသယ်ဆောင်တဲ့ တိရိစ္ဆာန်တွေကို culex မျိုးနွယ်စု ခြင်ကိုက်ခြင်းကြောင့် ရောဂါပိုး ပျံ့နှံ့စေတယ်။ကူးစက်ခံရတဲ့ခြင်က လူတွေကို ကိုက်တဲ့အခါ ရောဂါပိုးက လူတွေဆီပျံ့နှံ့စေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ လူ လူချင်းမကူးစက်တတ်လို့ […]

အားသွင်းရင် ဒါတွေ စဉ်းစား

အားသွင်းရင် ဒါတွေ စဉ်းစား

အားသွင်းရင် ဒါတွေ စဉ်းစား အိုင်တီပစ္စည်း၊ မိုဘိုင်းပစ္စည်းတွေကို အသုံးများလာတယ်။ အဲဒီ ပစ္စည်းကို အိမ်ထဲမှာထိုင်မသုံးဘဲ အပြင်သယ် သုံးဖို့ရည်ရွယ်ထားတော့ သူ့မှာ ဘက်ထရီအားကိုးနဲ့ အလုပ်လုပ်နိုင်အောင် စီစဉ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အဲဒီပစ္စည်းတွေကို မကြာမကြာ အားသွင်း ကြရပါတယ်။ Pokémon Go ကစားတဲ့လူတွေများ ဘက်ထရီအားအပြည့် သွင်းတာတောင် မလောက်လို့ Powerbank နှစ်လုံးလောက် ဆောင်ရပါသေးတယ်။ ဖုန်းတွေ၊ တက်ဘလက်တွေ၊ ကွန်ပျူတာတွေ အားသွင်းတာ အလွယ်သားမဟုတ်လား။ အားသွင်းကြိုးလေး ထိုးပြီး အိမ်သုံးမီး ပလပ် ပေါက်မှာ ထိုးထားလိုက်ရုံလေးဥစ္စာ။ ဟုတ်ကဲ့ … လူဗြိန်းတွေတွေးရင်တော့ ရိုးရိုးလေးပါပဲ။ အဲဒီ ရိုးရိုးလေးအတိုင်း လုပ်ကြလို့ ကွန်ပျူတာတွေ သက်တမ်းစေ့မနေတာ၊ Hard disk တို့ motherboard တို့ […]