ကျဆင်းလာသောမြန်မာဘာသာစကား ကျွမ်းကျင်နိုင်နင်းမှု

ကျဆင်းလာသောမြန်မာဘာသာစကား ကျွမ်းကျင်နိုင်နင်းမှု မနှစ်နှစ်ကုန်ပိုင်းလောက်က နယူးယောက် တိုင်း(မ်) သတင်းစာတွင် မြန်မာ ဘာသာစကားနှင့် ပတ်သက်သည့် သတင်းဆောင်းပါးတစ်ပုဒ် ဖတ်ရသည်။ ဆောင်းပါးဆိုလိုရင်းက မြန်မာဘာသာ စကားသည် အင်္ဂလိပ်ဘာသာစကားထက် နိုင်ငံရေးဝေါဟာရရှားပါးသည်၊ နိုင်ငံရေး ဆိုင်ရာ စကားလုံးများ၏ အဓိပ္ပာယ်ကို ပြည့်စုံတိကျအောင် ပြန်ဆိုနိုင်ရန် လုံလောက်သည့် ဝေါဟာရ မရှိ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအနာဂတ် အရေးကြီး နေချိန်တွင် မြန်မာဝေါဟာရ မလုံလောက်မှုမှာ နိုင်ငံရေးပြောင်းလဲမှုများ အတွက် နှောင့်နှေးမှု တစ်ခုဖြစ်သည်ဟူသော (ယခင်) သမ္မတအကြံပေး ဦးသန့်မြင့်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဆောင်းပါးရှင် တောမတ်ဖူလာက မြန်မာဘာသာ စကား ဖွံ့ဖြိုးမှု နောက်ကျပုံကို ထောက်ပြရေးသား ထားခြင်းဖြစ်သည် မြန်မာဝေါဟာရဆင်းရဲမှု ဆောင်းပါးတွင် မြန်မာနိုင်ငံသည် လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့်ကို တင်းကျပ်စွာ […]

တဒင်္ဂအေးချမ်းရာ

တဒင်္ဂအေးချမ်းရာ တစ်ခါတုန်းက မုတ္တာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ မုတ္တာဟာ မြတ်စွာဘုရားရှင်လက်ထက်တော်က ဆင်းရဲလှတဲ့ ပုဏ္ဏားမိသားစုရဲ့ သမီးလေးတစ်ယောက်ပါ။ အတိတ်ကုသိုလ်ကြောင့် ရုပ်ရည်လေးက လှပနေပါတယ်။ အရွယ်ရောက်လာတော့ မိဘတွေက ခါးကုန်းနေတဲ့ပုဏ္ဏားတစ်ယောက်နဲ့ အိမ်ထောင်ချပေးပါတယ်။ အိမ်ထောင်ကျတော့ ခါးကုန်းနေတဲ့ လင်ပုဏ္ဏားအိမ်ကို လိုက်သွားရပါတယ်။ ခါးကုန်းလင်ပုဏ္ဏားအိမ်ရောက်တော့ အိမ်မှုကိစ္စတွေအပြင် ကြိတ်ဆုံထဲ စပါးကို ကုန်းကုန်းထည့်ရပါတယ်။ ပြီးတော့ ကျည်ပွေ့ကို လက်နဲ့ကိုင် ကုန်းကုန်းစပါးထောင်း ဆန်ဖွတ်ရတဲ့အလုပ်ကို နေ့စဉ် လုပ်ရပါတယ်။ ဒီတော့ ခါးကုန်းတဲ့လင်ရယ်၊ ခါးကုန်းပြီး ကြိတ်ဆုံထောင်းရတာရယ်၊ ခါးကုန်းပြီး ကျည်ပွေ့ကိုင်ရတာရယ် အကုန်းသုံးမျိုးနဲ့ နေ့စဉ် ပေါင်းဖက်နေရပါတယ်။ အကုန်းသုံးမျိုးနဲ့ နေ့စဉ်ပေါင်းဖက်နေရတော့ နေ့တိုင်း စိတ်ဆင်းရဲနေရပါတယ်။ လွတ်မြောက်ရာ ထွက်ပေါက်ရှာတဲ့အခါ ဘိက္ခုနီမဝတ်ပြီး ဝိပဿနာတရားအားထုတ်ရေးလမ်းကြောင်းကို စဉ်းစားမိလိုက်ပါတယ်။ ဒါကြောင့် လင်ယောက်ျားကို ခွင့်တောင်းပြီး ဘိက္ခုနီမ […]

ငိုနေသူများအတွက်သတင်းကောင်း

ငိုနေသူများအတွက်သတင်းကောင်း ကျွန်တော်တို့ ရယ်ကြတယ်။ ငိုကြတယ်။ ရယ်လို့ငိုလို့မရတဲ့ မျက်နှာများနဲ့လည်း လက်ဆွဲနှုတ်ဆက်ကြသေးတယ်။ဟာသက လူကို ပျော်ရွှင်စေပါတယ်။ အပြုံးကိုလူတိုင်းက အလိုရှိတယ်။ မျက်ရည်ကျတာကိုတော့ ကျွန်တော်တို့ငြင်းပယ်ကြပါတယ်။ သို့သော်ဟာသရော၊ မျက်ရည်ကိုပါ ပူးတွဲလက်ခံကြရပါတယ်။ ဟာသနဲ့မျက်ရည်ကို တွဲဖက်လိုက်တဲ့အခါ ဘယ်လိုခံစားရမလဲ။စိတ်ဝင်စားဖို့ ကောင်းပါတယ်။ကျွန်တော်ကတော့ ဟာသ နဲ့မျက်ရည်၊ အဲဒီ နှစ်ခုပေါင်းလိုက်လျှင် “လောကဓံ” လူသားတစ်ယောက်ကို ရလောက်တယ်လို့ တွေးပါတယ်။ ဟာသ+မျက်ရည်=လောကဓံလူသား ကျွန်တော်တို့အတွက် ဟာသက အသက်ရှည်ဆေးတစ်ခွက်လို့ ပြောလျှင်မျက်ရည်က အားအင်ပြည့်ဖြိုးစေတဲ့ ပရိုတိန်းဓာတ် တစ်မျိုးဖြစ်တယ်လို့ ခံစားချင်ပါတယ်။ဟာသ အမျိုးမျိုး ရှိပါတယ်။ သဏ္ဍာန်လုပ်သရုပ်ဆောင်တာ (Impersonation) ပကာသနကိုဖောက်ထွင်းပစ်တာ (Debunking) မထိတထိရယ်သွေးလွှမ်းတာ(dry humour) ဇ၀နဥာဏ်ရွှင်တာ (witticism) သရော်တာ(satire) စာပြောင်စာပျက်(Parody)နဲ့ ရုပ်ပြောင် (caricature) စသည်ဖြင့် ဟာသအမျိုးမျိုး ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် […]

အနေအထားပြောင်း အမူးရောဂါ

အနေအထားပြောင်း အမူးရောဂါ ခေါင်းမူး၊ခေါင်းနောက်ဆိုတာမျိုးက လူတိုင်းနီးပါး ဖြစ်ဖူးကြုံဖူးကြပါတယ်။ ခေါင်း မူးတဲ့ပုံစံ အမျိုးမျိုးရှိသလို ဖြစ်တဲ့ရောဂါတွေလည်း မနည်းလှပါဘူး။ ဒါပေမယ့် ခေါင်းမူးတယ်ဆိုတိုင်း ရောဂါလို့ သတ်မှတ်ရင်မှားပါတယ်။ ဒီဘက်ခေတ်မှာ ရောဂါနဲ့မဆိုင်တဲ့ အရက်သောက်၊ဘီယာသောက်ပြီးမူးနေသူတွေဆိုတာလည်း အများသားလား။ အစားပျက်၊အအိပ်ပျက်ပြီး ခေါင်းမူးတာမျိုးက ရောဂါမှမဟုတ်တာ။ စွမ်းအင်ထုတ်လုပ်တဲ့အခါ လိုအပ်တဲ့ ဂလူးကိုစ့်ဓာတ်နည်းရင်လည်း ခေါင်းမူးတတ်တယ်။သွေးပေါင်ချိန် အတက်၊အကျကြောင့်မူးတာလည်း ကြုံဖူးလိမ့်မယ်။ serotonin များတဲ့အစားစာတွေ(ချီးစ်၊ထောပတ်၊ဝိုင်)ကလည်း ခေါင်းမူးစေတယ်။ ခေါင်းခိုက်မိပြီး ဦးခေါင်းထိမိသူတွေလဲ မူးတာတင်မက ထိုးအန်တာမျိုးပါ တွဲတတ်တယ်။ အစားသောက်၊အနေထိုင်မမှန်လို့ မူးသူတွေအနေနဲ့ စိုးရိမ်ဖို့မလိုပေမယ့် ခေါင်းထိခိုက်မိသူတွေမှာတော့ မပေါ့ဆသင့်ပဲ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ခေါင်းမူးတဲ့ရောဂါတွေထဲမှာ BPPV(benign paroxysmal positional vertigo) ခေါ်တဲ့ အမူးရောဂါမျိုးက ဆရာဝန်တွေကိုပါ ခေါင်းခြောက်စေတယ်။ BPPV ကို မြန်မာလို ပြန်ထားတာအတိအကျမရှိတဲ့အတွက် အလွယ်တကူပဲ […]

မိဘ​တွေ အသိဥာဏ်​နည်းလို့ သားသမီး​တွေ​မြေစာပင်​ဖြစ်​ရတာ

မိဘ​တွေ အသိဥာဏ်​နည်းလို့ သားသမီး​တွေ​မြေစာပင်​ဖြစ်​ရတာ မိတ်​​ဆွေတစ်​​ယောက်​ရဲ့ ၅ လသား​ က​လေးငယ်​​လေးပုခတ်​ထဲအိပ်​​နေရင်း ဆုံးသွားတယ်​..ဘာ​ရောဂါမှမရှိဘူး..ဒီရက်​ထဲ ၄လ ၅လ က​လေး​လေး​တွေ အိပ်​​နေရင်းဆုံးသွားတာ(ကျွန်​​တော့်​ ပတ်​၀န်းကျင်​မှာတင်​) ၃ဦးရှိပြီ..အားလုံး ဘာ​ရောဂါမှ မရှိဘူး..ကျန်းကျန်းမာမာ​ ၀၀ကစ်​ကစ်​ လေး​တွေ.. ဒါ​ပေမဲ့ သူတို့အားလုံးမှာ တူညီတဲ့ အချက်​က​တော့သူတို့မိခင်​​တွေဟာ အစားသိပ်​​ရှောင်​တယ်​..ကျွန်​​တော့်​မိတ်​​ဆွေရဲ့ဇနီးဆိုရင်​ က​လေး​မွေးပြီးထဲကအစားစားရင်​ ဘဲဥ​ပြုပ်​​လေးလိုလို ၊ ထမင်းဆီဆမ်းလိုလိုငါး​ခြောက် ​​လေးလိုလိုနဲ့ ပြီးသွားတာများတယ်​.. (အစား​ရှောင်​ခြင်းဟာ မိခင်​​​ကောင်း​ပီသခြင်းလို့ မြန်​မာအမျိုးသမီး​တွေတလွဲဆံပင်​​ကောင်းတတ်​ကြပါတယ်​.. လွဲလှတယ်​ ​မေ​မေတို့ရယ်​) အစား​ရှောင်​တဲ့(သိပ်​​ရှောင်​လွန်းတဲ့) မိခင်​​တွေရဲ့က​လေး​တွေဟာ ဘာ​ရောဂါမှမရှိဘဲ အိပ်​​နေရင်းနဲ့ ဆုံးသွားတတ်​တယ်​..ဒီ​ရောဂါကို Beri Beri (ဘယ်ရီ ဘယ်ရီ)​​ လို့​ခေါ်ပါတယ်​..မြန်​မာလိုဆို သူငယ်​နာ ကြဗဟုန်း​ပေါ့.. ကျွန်​​တော်​တို့ မြန်​မာ့ဓ​လေ့မှာ မီး​နေသည်​ကို အစား​ရှောင်​ခိုင်းတဲ့အင်​မတန်​မှားယွင်း​သော အယူအဆဆိုးကြီးတစ်​ခုရှိတယ်​..ဒီဓ​လေ့​ကြောင့်​ ဘီတာမင်​ B1 ချို့တဲ့ပြီး ​ကြွေလွင့်​သွားတဲ့ […]

ကြွေးဆပ်ဖို့လာတာပါ လို့ တွေးကြည့်လိုက်ပါ

ကြွေးဆပ်ဖို့လာတာပါ လို့ တွေးကြည့်လိုက်ပါ ဘ၀မှာ နာနာကျင်ကျင်နဲ့ရက်ပေါင်းများစွာ ထိခိုက်ခံစားနေရတဲ့ခံစားချက်တွေ လူတိုင်းမှာ ရှိကြပါတယ်။ အထူးသဖြင့် ချစ်တဲ့သူတွေ တန်ဖိုးထားတဲ့သူတွေ ဖြစ်တဲ့ ချစ်သူ ခင်ပွန်း အပါအဝင် မိသားစုတွေနဲ့မောင်နှမ သားချင်းတွေ နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေနဲ့ကိုယ်အရမ်းမျှော်လင့်ချက်ထားထားတဲ့ကိစ္စတွေမှာ ပိုပြီး ထိရှခံစားကြရတယ်။ ဥပမာ ပြောရရင်တော့ မိဘက ကိုယ့်ကို အခြားမောင်နှမတွေလောက် အရေးမထားပါလား၊ မချစ်ပါလားလို့ တွေးမိတဲ့အခါ။ အမေ့ရဲ့အချစ်နဲ့ဦးစားပေးမှုကို ကိုယ်က လိုချင်လေ၊မရလေ၊ အမေ့အတွက် ကိုယ်က အရေးမပါတဲ့သူဆိုတာကို ထပ်ခါထပ်ခါ သိလာရတဲ့အခါ တကယ့်ကို ကြေကွဲစရာပါပဲ။ နောက်ကိုယ်က ကိုယ့်ညီအစ်ကို မောင်နှမတွေအပေါ်မှာလည်း ကောင်းပါလျက်နဲ့ကိုယ့်မေတ္တာနဲ့စေတနာကို စော်ကားခံရတဲ့အခါမှာလည်း ၀မ်းနည်းကြေကွဲရပြန်ရော။ ပြီးတော့ ကိုယ်က ကြိုးစားပါလျက်နဲ့ကံတရားက မျက်နှာသာမပေးလို့မအောင်မြင်တဲ့အခါ စိတ်ထဲ လောကကြီးအပေါ် နာကြည်းမိတတ်ပြန်တယ်။ ဒါ့အပြင် ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် […]

“အမြင်ကို ပြောင်းကြည့်လိုက်ပါ”

“အမြင်ကို ပြောင်းကြည့်လိုက်ပါ” တစ်ခါတုန်းက သန်းကြွယ်သူဌေးတစ်ယောက်ဟာ မျက်စိဝေဒနာကို ခံစားနေရတာကြောင့်စိတ်ပင်ပန်းဆင်းရဲ လို့ နေပါတယ်။ သူဟာ နားလည်တက်ကျွမ်းတဲ့ သမားတော်တွေနဲ့ ပြသတိုင်ပင်ခဲ့ပြီး သူ့ မျက်စိရောဂါကိုကုသခဲ့ပါတယ်။ဝါရင့်ကျွမ်းကျင်တဲ့ သမားတော်တွေဆီက ဆေးထိုး ဆေးသောက်နဲ့ ကုသမှုများစွာကို မရပ်မနားခံယူခဲ့ပါတယ်။ ဒါပေမယ့် ဒီဝေဒနာက ကုသပေမယ့် မပျောက်ဘဲ ပိုဆိုးလာသလို ဖြစ်နေတယ်။နောက်ဆုံးမှာ ဘုန်းကြီးတစ်ပါးက သူဌေးရဲ့ ရောဂါဝေဒနာကို လာ ကြည့်ပါတယ်။ လာကြည့်တဲ့အခါ ဘုန်းကြီးက သူဌေးရဲ့ မျက်စိရောဂါအခက်အခဲကို နားလည်သွားပြီးသူရဲ့ မျက်စိအတွက် အစိမ်းရောင်တစ်မျိုးတည်းကိုသာ အာရုံစိုက်ကြည့်ဖို့ နဲ့ တခြားအရောင်တွေကို ကြည့်လို့ မရဘူး လို့ ပြောပါတယ်။ ရှင်းရှင်းပြောရရင် သူ့ မျက်စိရောဂါက အစိမ်းရောင်ကလွဲရင် ကျန်တဲ့ အရောင်တွေနဲ့ မတည့်တာပါ။အဲဒီ့တော့ သူဌေးဟာ ပန်းချီဆရာများကို ခေါ်စုပြီး အစိမ်းရောင်ဆေးတွေကို […]

ပါးစပ်နာ၊ ပါးစောင်နာရောဂါ

ပါးစပ်နာ၊ ပါးစောင်နာရောဂါ လောကမှာ ရှောင်လွှဲလို့မရတဲ့ အရာတွေအများကြီးရှိပါတယ်။ သေခြင်းတရားကို ဘယ်သူမှ မရှောင်လွှဲနိုင်ဘူး။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းစတဲ့ လောကဓံအနိမ့်အမြင့်တွေ ကိုလည်း ရှောင်လွှဲလို့မရဘူး။ ဆင်းရဲခြင်းဆိုတဲ့ နေရာမှာ စိတ်ဆင်းရဲတာ၊ ကိုယ်ဆင်းရဲတာ နှစ်ခုလုံးပါတယ်။ အာရုံငါးပါးခံစားနိုင်တဲ့ ခန္ဓကိုယ်ကြီးကိုက ဝေဒနာတွေခံစားနိုင်တယ်။ ဖြစ်၊ တည်၊ ပျက်သဘောအရ ကိုယ်ဖြစ်မယ်၊ တည်ရှိမယ်၊ ပျက်စီးမယ် ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေဘဲ။ အဲ့ဒီလိုဘဲ လူ့ခန္ဓာကိုယ်ကြီးကလည်း နေရာတိုင်းမှာတည်ရှိနေတဲ့ ပိုးမွှားတွေရန်က ရှောင်လွှဲလို့မရဘူး။ နေ့စဉ်နေ့တိုင်းရှုရှိုက်နေတဲ့လေထဲမှာပါနေတဲ့ပိုးမွှားတွေဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်နေပေမယ့် တစ်ခါတစ်လေမှသာ လက္ခဏာပြကြတယ်။ တော်တော်များများကို ခန္ဓာကိုယ်ကတိုက်ခိုက်ပြီး ဖြစ်နေတော့ဝင်မှန်းတောင်မသိလိုက်ကြဘူး။ နာတယ်၊ ကျင်တယ်၊ အနေရခက်တယ်ဆိုမှသာ သတိထားမိကြတော့တယ်။ အဲ့ဒီထဲမှာ သေးငယ်ပေမယ့် လူအတော်များများ သတိထားမိတတ်ကြတဲ့ အနာမျိုးကတော့ cold sore လို့ခေါ်တဲ့ပါးစပ်နာ၊ ပါးစောင်နာတစ်မျိုးပါဘဲ။ အင်္ဂလိပ်လို […]

ဖောင်းထုတာလေးတွေရပ်ကြ အကုသိုလ်လေးတွေလျော့ကြ

ဖောင်းထုတာလေးတွေရပ်ကြ အကုသိုလ်လေးတွေလျော့ကြ သေခြင်း ရှင်ခြင်းက အလွှာပါးပါးလေးတခုဘဲခြားထားတာပါ။အသဲကင်ဆာနဲ့အသက်ငင်နေတဲ့အူးလေး ဘုန်းကြီးဘေးနားနေရင်း ဦးဇင်းက ပျံလွန်တော်မမူသေးဘဲ ခုမှတတ်လာတဲ့ လူနာက သေသွားတယ်။ ကိုယ်တိုင်တရားမရှိပေမဲ့တရားကျ မိတယ်။သေခြင်းဆိုတာမေ့စရာလား။တနေ့ကိုယ်လဲသွားရမှာဘဲ။ဘာလို့မေ့နေကြတာလဲ။မသေခင် နောက်လာနောက်သားတွေတွက်ကြိုးစားလုပ်နေတဲ့သူတွေရှိသလို …မသေခင် အကုသိုလ်ယူနေသူတွေ ဆင်ခြင်စေချင်မိတယ်။ အမေအိုကြီး အသက်၇၀ကျော် တိုင်းပြည်အတွက်အလုပ်လုပ်နေတယ် ။လူ သက်တမ်းအရ သူဘယ်လောက်တောင်လုပ်နိုင်မလဲ။ မြန်မာပြည်မှာသူ့လိုလူဘယ်နှစ်ယောက်ရှိလဲ။ဇရာကိုမထောက်ဘဲ အလုပ်လုပ်နေတာ ကိုမှအားမနာ ပြောလိုက်ကြတာဆိုတာ ဒီသက်ကြားအိုကြီးက မြန်မာတပြည်လုးံအတွက်လုပ်နေတယ်ဆိုတာလေးကို နဲနဲလေးတောင်နားလည်နိုင်စွမ်းမရှိကြတဲ့ လူအန္ဓတွေပါလား။ ဗိုလ်ချုပ်သေ ရင်အေးပြီထင်တဲ့ ဂဠု န်ဦးစော ..ဗိုလ်ချုပ်သေပြီးတော့ နောင်တ ရခဲ့တယ်။ ခင်ဗျားတို့တတွေက ဦးစောထက်ပိုဆိုးသူတွေပါ။ဗိုလ်ချုပ်ရဲ့ ရှင်ခြင်း သေခြင်းအလွှာလေး တခုမှာမြန်မာတနိုင်ငံလုးံ ဘယ်လို ပျက်ဆီး ဆုးံရှုးံခဲ့ရလဲ။ အခုရှားရှားပါးပါး ထပ်ပေါ်လာတဲ့ ဗိုလ်ချုပ်သမီး ခေါင်းဆောင်တစ်ဦး အသက်ကြီးနေတာတောင်သူတတ်စွမ်းသလောက်တကမ္ဘာလုးံနဲ့ယှဉ်ပြိုင်ကြိုးစားလုပ်ဆောင်နေတာ။သူ လုပ်နိုင်သလောက်လုပ်ပေးနေတုန်း ကူညီနိုင်တဲ့ ခေါင်းမရှိတဲ့ ခင်ဗျားတို့ […]

(၁၅)မိနစ် တရားထိုင်နည်း

(၁၅)မိနစ် တရားထိုင်နည်း တစ်နေ့လျှင် (၁၅)မိနစ်ခန့် တရားထိုင်ကြည့်ပါ။ ထူးခြားသော အကျိုးကျေးဇူးများ၊ ထူးခြားသော ကံကောင်းမှုများ၊ သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည်။အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊ အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ၊ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။ ဘယ်လက်ဝါးကို အောက်ကထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။နှာသီးဝအဖျားတွင် ထွက်လေ၀င်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။ တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။ တစ်ဖန် ၀င်လေကြောင့် လှုပ်သွားသောအခါတွင်လည်း […]