စိတ်ရှည်ခြင်း

စိတ်ရှည်ခြင်း

စိတ်ရှည်ခြင်း စကားလုံးကတော့ ခပ်တိုတိုလေးပဲ ဒါပေမယ့်တော်တော်ကို မလွယ်ပါဘူး။ ကျွန်တော် အသက်မွေးဝမ်းကြောင်း ပြောင်းကာစကဆို လစာကလည်းနည်းတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု နည်းလာခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်မှာ သူငယ်ချင်း တစ်ယောက်က စိတ်ရှည်ရမယ်ဆိုတာကို သေသေ ချာချာ ရှင်းပြခဲ့လို့ ကျွန်တော် သဘောပေါက်ခဲ့တာ ပါ။ လူငယ်တွေထဲမှာလည်း ဒီလိုပဲ စိတ်မရှည်တဲ့ သူတွေ တစ်ခါတစ်လေ တွေ့ရတတ်တယ်။ အခု ရေတွင်းတူး အခုရေကြည်သောက်ချင်ကြတယ်။ ကိုယ်ကိုယ်တိုင်လည်း အဲ့လိုဖြစ်ခဲ့ဖူးတယ်။ ဒါပေ မယ့် အဲ့ဒါမဖြစ်နိုင်မှန်း နောက်တော့ သိလာတယ်။ ဖြစ်မယ်ဆိုရင်တောင် ဖြစ်နိုင်ခြေအရမ်း၊ အရမ်း နည်းလွန်းတယ်။ အင်မတန်ကံကောင်းလွန်းသူ တွေမှာပဲ ဖြစ်လိမ့်မယ်။ ဒီတော့ စိတ်ရှည်ခြင်းဟာ အရေးပါလာတာကို သတိထားမိလာတယ်။ ကြီးမားတဲ့အရာတိုင်း ဟာ ဖြစ်ပျက်ဖို့ အချိန်ယူရတတ်တယ်။ အဲ့ဒီလို ခက်ခက်ခဲခဲရယူမှလည်း အဲ့ဒီအောင်မြင်မှုဟာ ပိုပြီး အဖိုးတန်လေ့ရှိတယ်။ မြန်မြန်ဆန်ဆန် ပေါပေါလောလော ရယူလို့ရကြေးသာဆိုရင် အကုန်လုံး အောင်မြင်ချမ်းသာနေသူချည်း ဖြစ်နေပါလိမ့်မယ်။ ခက်လို့လည်း လူတိုင်းမရ တာပါ။ စိတ်ရှည်အောင် ကြိုးစားရတာ ခက်ပါ တယ်။ ဒါပေမယ့် […]

နောင်တ (၁၀) ပါး

နောင်တ (၁၀) ပါး

နောင်တ (၁၀) ပါး ၁။ ငယ်စဉ်အခါက ပစ္စည်းဥစ္စာမရှာခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာရခြင်း။ ၂။ ငယ်ရွယ်စဉ်က ပညာသင်ရန် အခွင့်ရေးရပါလျှက် ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာရခြင်း။ ၃။ ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း ။ ၄။ သတ္တဝါများအား သနားမဖက် ရက်စက်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ်ကြီးရင့်လာသောအခါ ယူကြုံးမရဖြစ်ကာ နောင်တကြီးစွာ ရခြင်း။ ၅။ မသွားလာအပ်သော သူမယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျတ်ဆီးမိခြင့်ကြောင့် မိမိသားသမီးရလာသောခါ နောင်တ တဖန် ပူပန်ရခြင်း။ ၆။ များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် […]

“ခင်ဗျား ဘယ်သူလဲ.. ဘယ်သွားမလို့လဲ..”

“ခင်ဗျား ဘယ်သူလဲ.. ဘယ်သွားမလို့လဲ..” အစောင့်ရဲဘော်လေးက မေးလိုက်သည်..။ ပုံပန်းကိုလည်းကြည့်ပါဦးလေ..။ ခေါင်းမွေးတွေက စုတ်ဖွာ..၊ မေးရိုးကားကား မျက်စိပေါက်ကျဉ်းကျဉ်း ၀တ်ထားတာကလည်း စွပ်ကျယ်လက်တို တစ်ပတ်ရစ်ယောပုဆိုး..၊ သဲကြိုးနီ လေယာဉ်ပျံဖိနပ်နှင့် ပိန်ကပ်ကပ် မွဲခြောက်ခြောက်…. “ကျုပ် ဗိုလ်အောင် နဲ့ တွေ့ချင်လို့ပါ..” ရုံးကိစ္စလား အိမ်ကိစ္စလား ဆိုတော့ “အိမ်မှာတွေ့ပြီး ပြောမှဖြစ်မယ့် ရုံးကိစ္စပဲ..”တဲ့..။ ထိုသူသည်ပြောပြောဆိုဆို နှင့် ခြံအတွင်းသို့ ဇွတ်ကြီးဝင်ချလာ၍ အစောင့်ရဲဘော်လေးက ထိုသူကို လက်မောင်းရင်း ဆွဲထုတ်ကာ ခြံဝသို့ဆွဲထုတ်လိုက်သည်..။ တစ်ဆက်တည်း မာန်မဲကြိမ်းမောင်း လိုက်ပါသေးသည်..။ သို့သော် ထိုလူက အပြုံးမပျက်..။ “ခင်ဗျား..ဘယ်လိုလူလဲ.. ခင်ဗျားဘာကောင်လဲ.. ဒီလိုဗိုလ်မှုး တစ်ယောက်အိမ်ကို အရမ်းဝင်ချင်သလို ၀င်လို့ရမလား.. ခင်ဗျားကို ဘယ်သူဝင်ခွင့်ပေးလို့လဲ..” အထိ..စကားလုံးတွေ ဒီရေမြင့်တက်ခဲ့သည်..။ ထိုအခါမှ ထိုသူကဆို၏…။ “ကျုပ် […]

သုတအဖြာဖြာ

သုတအဖြာဖြာ

သုတအဖြာဖြာ ၁။ မြန်မာနိုင်ငံမှာ ပထမဆုံးဒေါက်တာဘွဲ့ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးမှာ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားဖြစ်ပါတယ် ။ ၂။ ရန်ကုန်တက္ကသိုလ်အား ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ။ ၃။ သင်္ကြန်အခါတွင် မဏ္ဍပ်များဆောက်၍ ရေကစားခြင်းသည် ပုဂံခေတ် နရသီဟကတေ့မင်း လက်ထက်ကစတင်ခဲ့တာပါ ။ ၄။ရန်ကုန်ကောလိပ်မှ ပထမဆုံး သိပ္ပံဘွဲ့ရရှိခဲ့သူမှာ ဒဗလျူမာတင်ဖြစ်ပါတယ် ။ ၅။ ကြေးမုံသတင်းစာကို ၁၉၅၇ ဧပြီလ ၁ ရက်နေမှာ စတင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ် ။ ၆။ ရန်ကုန်မြို့အား အလောင်းမင်းတရားကြီးက ၁၇၅၅ ခုနှစ် မေလ ၂ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ် ။ ၇။ မြန်မာအက္ခရာနှင့် ကြေးနန်းရိုက်နည်းကို ယောမင်းကြီးဦးဘိုးလှိုင်က စတင်တီထွင်ခဲ့ပါတယ် ။ […]

သစ်ပင်ကြီးနှင့် သိမ်းငှက်

သစ်ပင်ကြီးနှင့် သိမ်းငှက်

သစ်ပင်ကြီးနှင့် သိမ်းငှက် ခြစ်ခြစ်တောက်ပူနေသည့် သဲကန္တာရထဲတွင် သစ်ပင်တစ်ပင်ထဲသာ ရှိ၏။ ထိုသစ်ပင်သည် အပူဒဏ်ကို အံတု၍ အသက်ရှင်နေ၏။ တနေ့တွင် သဲကန္တာရကိုဖြတ်၍ သိမ်းငှက်တစ်ကောင် ရောက်လာ၏။ သိမ်းငှက်လည်း သစ်ပင်ကိုမြင်ပြီး သစ်ကိုင်းပေါ်တွင် နားလိုက်ပါသည်။ ပူခြစ်နေသည့် ပတ်ဝန်းကျင်ကိုကြည့်လျက် ပြောလိုက်သည်မှာ – “သစ်ပင်ကြီး —- အသင်ဟာ သိပ်ထူးဆန်းပါလား။ ဒီလောက်ပူနေတဲ့နေရာမှာ ဘာလို့ရှင်သန်နေတာလဲ။ ဘယ်သူကများ သင့်ကို လိုအပ်နေလို့လဲ” “သင်ပါပဲ သိမ်းငှက်” “ငါ —- ဟုတ်လား ? ငါ မင်းကို မလိုအပ်ပါဘူး” “မင်း ငါ့ကို မလိုအပ်ဘူးဆိုရင် ငါ့အကိုင်းပေါ် မထိုင်ဘဲ သဲပူပူပေါ်ထိုင်နေရမှာလေ—- အခု မင်း ငါ့အကိုင်းတွေပေါ်မှာ ထိုင်နေနိုင်တာ မင်း ငါ့ကို လိုအပ်လို့ပေါ့” လူတစ်ချို့သည် ထိုပုံပြင်ထဲက […]

အနေသာလို့ အသာနေခဲ့ရင်

အနေသာလို့ အသာနေခဲ့ရင်

အနေသာလို့ အသာနေခဲ့ရင် *သား* မင်း အလုပ်မလုပ်တော့ဘူးလား….? မင်းကျောင်းပြီးတာလဲကြာပြီကွာ….. အဖေတို့ကျန်းမာရေးကောင်းတုန်းတော့ မင်း အလုပ်မလုပ်လည်းရတယ်….ဒါပေမယ့် အဖေတို့မရှိတော့ရင် ဘယ်သူ့ကို အားကိုးမလဲ…..? သား….အိမ်ထောင်ပြုရင် အိမ်ထောင်ဦးစီးတာဝန်ကိုဘယ်လို ယူမလဲ…..? မင်း လုပ်ကျွေးတာကို မိဘတွေကမျှော်လင့်လို့မဟုတ်ပါဘူးကွာ……. မိဘတွေက ဂုဏ်ယူပြီးကြွားချင်လို့ပါကွာ….. *ဖေဖေ*သား အလုပ်စဉ်းစားနေတုန်းပါ…. ရတဲ့အလုပ်ကြတော့ သား ရထားတဲ့ဘွဲ့နဲ့မတန်ပါဘူးဗျာ…. သားနဲ့ထိုက်တန်တဲ့အလုပ် တွေ့ရင်လုပ်မှာပါ ဖေဖေ…. မင်း…အဲဒီလို အကြောင်းပြချက်ပေးခဲ့တာ ဘယ်လောက်ကြာပြီ လဲ…? လူဆိုတာ အလုပ်တခုတော့လုပ်ရတယ်ကွ…. *ဦးနှောက်ဆိုတာ ပုံမှန်သွေးနေမှထက်သလို လူဆိုတာလည်း အလုပ်ပုံမှန်ရှိမှ မြတ် တာကွ……* မင်းကို အဖေမေးမယ်….. ခုချိန်မှာ မင်း ထမင်းစားဖို့တောင်ပူပင်နေရပြီဆိုရင် မင်းရထားတဲ့ ဘွဲ့နဲ့ ပညာနဲ့ မထိုက်တန်ဘူးဆိုပြီး ရတဲ့အလုပ်ကိုမလုပ်ပဲနဲ့ မင်းနဲ့ ထိုက်တန်တဲ့အလုပ်ကို စောင့်နေမှာလား….? သား ဖြစ်သူသည် […]

ရာဟုလာ

ရာဟုလာ

ရာဟုလာ အကျိုးရှိတာတွေမှတ်ဖို့ အကျိုးမရှိတာတွေမမှတ်ဖို့ သားတော်ရာဟုလာကို စောင့်ရှောက်တဲ့အနေနဲ့ ဂဏန်းမှတ်နည်းဖြင့် တရားဓမ္မကိုသင်ပြပေး၍ ရှင်ရာဟုလာကို ငယ်ငယ်လေးတည်းက မြတ်စွာဘုရားက တရားလမ်းကြောင်းပေါ်ရောက်အောင် ပို့ပေးထားခဲ့သည်။ ရာဟုလာ… ၁။ တစ်ခုဆိုတာ ဘာလဲ ၂။ နှစ်ခုဆိုတာ ဘာလဲ ၃။ သုံးခုဆိုတာ ဘာလဲ ၄။ လေးခုဆိုတာ ဘာလဲ ၅။ ငါးခုဆိုတာ ဘာလဲ ၆။ ခြောက်ခုဆိုတာ ဘာလဲ ၇။ ခုနစ်ခုဆိုတာ ဘာလဲ ၈။ ရှစ်ခုဆိုတာ ဘာလဲ ၉။ ကိုးခုဆိုတာ ဘာလဲ ၁၀။ ဆယ်ခုဆိုတာ ဘာလဲ ၁။ ရာဟုလာ တစ်ခုဆိုတာ ဘာလဲ? လူတိုင်းလူတိုင်းဟာ နေ့စဉ်နဲ့အမျှ ရှောင်လို့မရတဲ့တစ်ခုဟာ အစာအာဟာရတဲ့။ သတ္တ၀ါတွေအားလုံးဟာ အစာကြောင့် အသက်ရှင်ရတယ်။ အစာစားလို့ […]

လူသုံးယောက်

လူသုံးယောက်

လူသုံးယောက် မမေ့သင့်တဲ့ လူသုံးယောက်။ ၁။ အခက်အခဲကြုံ နေတဲ့ အချိန်မှာ ကူညီပေးတဲ့သူ။ ၂။ ဒုက္ခ အခက်အခဲကြုံ နေတဲ့ အချိန်မှာ ကိုယ့်ကို စွန့်ပစ်သွားတဲ့သူ။ ၃။ကိုယ့်ကို ဒုက္ခတွင်းထဲ ပို့တဲ့သူ။ နားလည်သင့်တဲ့ လူသုံးယောက်။ ၁။ ဖြစ်ပျက်စေတဲ့ သူ။ ၂။ ဖြစ်ပျက်နေတာကို ကြည့်တဲ့သူ။ ၃။ ဘာလို့ ဖြစ်ပျက်သလဲဆိုတာကို စူးစမ်းချင်တဲ့သူ။ ဝေးဝေးနေသင့်တဲ့ လူသုံးယောက်။ ၁။ဥာဏ်ရည်မရွှင်စေတဲ့ သူ။ ၂။ပျင်းစရာကောင်းတဲ့သူ။ ၃။ကျေးဇူးမသိတတ်တဲ့သူ။ အောင်မြင်မှုနဲ့ ပတ်သက်လာရင်ရှိတတ်တဲ့ လူသုံးယောက်။ ၁။မြေခွေး လိုလူ။ ၂။သိုးသူငယ်လို လူ။ ၃။သိုးထိန်းခွေးလို လူ။ အောင်မြင်စေတဲ့ လူသုံးယောက်။ ၁။တွန်းအားပေးတတ်သူ။ ၂။ရှုတ်ချ ဝေဖန်တတ်သူ။ ၃။ဆွဲကူဖေးမ တတ်သူ။ ကိုယ့်အတွက် လိုအပ်တဲ့ လူသုံးယောက်။ […]

အကောင်းဆုံး တုန့်ပြန်ခြင်း

အကောင်းဆုံး တုန့်ပြန်ခြင်း

အကောင်းဆုံး တုန့်ပြန်ခြင်း ပတ်ဝန်းကျင်မှာ ကိုယ်အောင်မြင်လာရင် ကိုယ်ဆီလက်ဆန့်ပြီး လာနှုတ်ဆက်တဲ့သူတွေ နည်းသလောက်……… ကိုယ်ကျရှုံးသွားခဲ့ရင် ကိုယ့်ကိုလှောင်ပြောင်ပြီးထိုးမယ့်လက်တွေ၊ ကြိတ်ပြီးတီးမယ့် လက်ခုတ်တွေသိပ်များတယ်…..…. ရေနစ်သူ……ဝါးကူထိုးသလိုပါပဲ။ ဒုက္ခရောက်နေချိန် လှမ်းဆွဲကူပေးမယ့် လက်တွေထက်……… ချောက်ထဲကျဖို့ တွန်းချမယ့်လက်တွေ……ဆွဲချမယ့်လက်တွေနဲ့ ကြုံခဲ့ရဖူးပြီ……… ကိုယ့်ကောင်းကျိုးလိုလားသလိုနဲ့ နောက်ကွယ်မှာ ကိုယ့်မကောင်းကြောင်းကြံချောက်တွန်းနေတဲ့သူတွေနဲ့ လည်း ကြုံတွေ့ခဲ့ရဖူးပြီ……… ရှေ့တင်ပြုံးပြပြီး နောက်ကွယ်မကောင်းသတင်းလွှင့် မဲ့ရွဲ့ပြနေတဲ့ မျက်နှာတွေလည်း မြင်တွေ့ခဲ့ရဖူးပြီ……. သူတစ်ပါးအကျိုး ပျက်စီးကြောင်းတွေးလို့ ကိုယ်ကျိုးကောင်းသွားသလား ဆိုတော့လည်းသူတို့ကိုယ်တိုင် ဒုက္ခပင်လယ်တွေဝေနေရပါသေးတယ် ဒီလူတွေကိုမှတ်ထားတယ်……..ဒါပေမဲ့ သူတို့ပြန်ပျက်စီးကြောင်းအတွက် လက်စားချေတုန့်ပြန်မှာတော့ မဟုတ်ဘူး…….. သူတို့တွေကြောင့် ရင်နှီးလာရတဲ့ ဒုက္ခတွေ၊အခက်အခဲတွေ ဆင်းရဲသောကတွေ ကြားထဲကနေ ကြိုးစားရုန်းကန်ထွက်ရင်း..…….ကိုယ့်ဘဝကို သူတို့ထက်သာတဲ့ ဘဝရပ်တည်မှု၊ သူတို့ထက်သာတဲ့ အခြေအနေတွေ ဖြစ်လာအောင်ကို ကြိုးစားပြီး နေပြလိုက်ဖို့ပါ……… ဒါသူတို့အတွက်ကော၊ ကိုယ့်အတွက်ပါ အကောင်းဆုံး တုန့်ပြန် လိုက်ခြင်းပါပဲ……… […]

ဘုရားရှစ်ခိုးတဲ့အခါ သြကာသ နဲ့ ဘာလို့ အစချီသလဲ...?

ဘုရားရှစ်ခိုးတဲ့အခါ သြကာသ နဲ့ ဘာလို့ အစချီသလဲ…?

ဘုရားရှစ်ခိုးတဲ့အခါ သြကာသ နဲ့ ဘာလို့ အစချီသလဲ…? သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံတည်းဟူသော သုံးပါးသောကံတို့တွင် တစ်ပါးပါးသော ကံဖြင့် တရံတဆစ် ပြစ်မှားမိသည်ရှိသော် ထို အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ( တနည်း သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ) ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမပ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ၊ သံဃာ ရတနာ တည်းဟူသော ရတနာမြတ်သုံးတို့ကို အရိုအသေ အလေးအမြတ် လုက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြောက် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား […]