တစ်နေ့တာလုံး အဆင်ပြေနေစေမယ့် မနက်ခင်းအလေ့အကျင့်များ

တစ်နေ့တာလုံး အဆင်ပြေနေစေမယ့် မနက်ခင်းအလေ့အကျင့်များ

တစ်နေ့တာလုံး အဆင်ပြေနေစေမယ့် မနက်ခင်းအလေ့အကျင့်များ အလုပ်လုပ်ရာမှာ အရာရောက်ဖြစ်ထွန်းစေဖို့နဲ့ တစ်ပတ်လုံး အားအင်တွေ ရရှိစေဖို့အတွက် ထိရောက်တဲ့ မနက်ခင်း အလေ့အကျင့်လေးတစ်ခုခု ထူထောင်ဖို့ အရေးကြီးပါတယ်။ မိမိတစ်နေ့တာကို အစပြုပုံက မိမိအလုပ်ကို အချိန်မီပြီးမြောက်ခြင်း သို့မဟုတ် တစ်နေ့လုံး အလုပ်စားပွဲမှာ အချိန်ကုန်ခြင်း အဲဒီ ခြားနားချက်နှစ်ခု ဖြစ်စေနိုင်ပါတယ်။ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ စိတ်အားထက်သန်မှုပေးမယ့် မနက်ခင်း အလေ့အကျင့်လေး တချို့မှာတော့ အိပ်ရေးဝအောင် အိပ်ပါ အလုပ်တွင်အောင်ဆိုပြီး အိပ်ချိန်ခြိုးခြံချွေတာတာ ခဏအတွင်း အဆင်ပြေကောင်း ပြေနိုင်ပေမယ့် ရေရှည်မှာ သိပ်တော့ မကောင်းလှပါ။ အိပ်ရေးမဝခြင်းက အကျိုးယုတ်ခြင်းနဲ့ အလုပ်ပြုတ်တဲ့ ရှုံးဆုံး နစ်နာမှုသာ ဖြစ်စေပါလိမ့်မယ်။ မိမိစိတ်နဲ့ ခန္ဓာကိုယ်ကို ဦးစားပေးပြီး တစ်ည အနည်းဆုံး ၇ နာရီကနေ ၉ […]

ဆေးလိပ်မဖြတ်နိုင်သူတွေ ဒီ အချက် (၄) ချက်ကို မဖြစ်မနေ သိထားသင့်

ဆေးလိပ်မဖြတ်နိုင်သူတွေ ဒီ အချက် (၄) ချက်ကို မဖြစ်မနေ သိထားသင့်

ဆေးလိပ်မဖြတ်နိုင်သူတွေ ဒီ အချက် (၄) ချက်ကို မဖြစ်မနေ သိထားသင့် ဆေးလိပ်သောက်ခြင်းက ကျန်းမာရေး အန္တရာယ်တစ်ခုဆိုတာ ကျွန်ုပ်တို့တစ်ယောက်ချင်းစီ သိထားကြပြီဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက်အများစုဟာ ဆေးလိပ်မှာတွေ့တဲ့ အန္တရာယ်ဖြစ်စေတဲ့အရာတွေကို အဆုတ် သန့်ရှင်းခြင်းနဲ့ ပတ်သက်လာရင် ထိရောက်စွာ စွမ်းဆောင်နိုင်ကြောင်း သိပ္ပံပညာရှင်များမှ မကြာသေးမီက လေ့လာတွေ့ရှိခဲ့ပါတယ်။ အဆုတ်သန့်ရှင်းစေနိုင်တဲ့ အရာတွေထဲမှာ ဒီ (၄) ချက်လည်း ပါဝင်ပါတယ်။ ၁။ ကြက်သွန်ဖြူ ကြက်သွန်ဖြူက အဆုတ်ကျန်းမာခြင်းအတွက် အရေးပါပြီး အာဟာရဖြစ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ အဆုတ်စစ်ထုတ်နိုင်စွမ်းရှိပြီး အဆုတ်ကို လုံးဝသန့်ရှင်းစေနိုင်ပါတယ်။ ၂။ ဂျင်း ဂျင်းက အသက်ရှူမှုပိုင်းဆိုင်ရာ ကူညီပေးပြီး အညစ်အကြေးတွေ ဖယ်ရှားပေးပါတယ်။ ပြီးတော့ ဂျင်းမှာ ပိုးသတ်ဆေးနဲ့ ဘက်တီးရီးယား ခုခံကာကွယ်ပေးတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ […]

"ဝေယျာဝစ္စကုသိုလ်၏အကျိုး"

“ဝေယျာဝစ္စကုသိုလ်၏အကျိုး”

“ဝေယျာဝစ္စကုသိုလ်၏အကျိုး” ဝေယျာဝစ္စလုပ်ဆောင်သူများအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ တရားတစ်ပုဒ်ပါ။ ဒီတရားတော်ကို ဖတ်ရှုလေ့လာ နာယူခွင့်ရသည့်အချိန်မှာ အရင်ကထက် ဝေယျာဝစ္စလုပ်ငန်း၊ ပရဟိတလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ချင်စိတ် ပို၍လုပ်ဆောင်ခွင့်ရအောင် ကြိုးစားကြမည်မှာ အမှန်ပင်ဖြစ်ပါတယ်။ ရတနာသုံးပါး၏ ဝေယျာဝစ္စ၊ မိဘနှစ်ပါး၏ဝေယျာဝစ္စ၊ ဆရာသမား၏ဝေယျာဝစ္စများကို လုပ်ဆောင်လေ့ရှိကြသည့် ရဟန်းရှင်လူ၊ အမျိုးကောင်းသား အမျိုးကောင်းသမီးများအတွက် ရရှိမည့် အကျိုးတရားကား များပေစွ။ သူတစ်ပါး၏ အလှူဒါနပြုလုပ်သည့်အခါ ဝေယျာဝစ္စကုသိုလ်များ လုပ်ဆောင်လေ့ရှိကြသည့် သူများအတွက် အကျိုးတရားသည်လည်း အနန္တပင်။ ဘုရားရောက်သည့်အခါ ဝေယျာဝစ္စဆောင်ရွတ်ကြသူများ၊ ဘုန်းတော်ကြီးကျောင်းများရောက်သည့်အခါ ဝေယျာဝစ္စဆောင်ရွတ် ကြသူများ၊ ဓမ္မသဘင်များ၊ အများအကျိုးပြုလုပ်ငန်းများ စသည့် လောကအတွက် သာသနာအတွက် ဘယ်နေရာရောက်ရောက် ဝေယျာဝစ္စဆောင်ရွတ်လုပ်ကိုင်လေ့ရှိသူများ အတွက် ကောင်းကျိုးချမ်းသာ တရားတို့ကား တိုင်းတာပြ၍ပင် မရလောက်အောင်ပင် ကြီးမားပေစွ။ ဝေယျာဝစ္စကုသိုလ်နဲ့ ပတ်သက်၍ ဝိပဿီမြတ်စွာဘုရား၏ သာသနာတော်၌ ဝေယျာဝစ္စလုပ်ဆောင်လေ့ရှိတဲ့ […]

"ခလေးကိုရိုက်နှက်ခြင်းရဲ့ အကျိုးဆက်များ"

“ခလေးကိုရိုက်နှက်ခြင်းရဲ့ အကျိုးဆက်များ”

“ခလေးကိုရိုက်နှက်ခြင်းရဲ့ အကျိုးဆက်များ” ကျွန်မတို့ ပတ်ဝန်ကျင်မှာ အမြဲတွေ့ရတာကတော့ ခလေးက နည်းနည်း အပြစ်လုပ်တာနဲ့ ပြောဖို့ထက် လက် နဲ့ ပဲဖြစ်ဖြစ် တုတ်နဲ့ပဲဖြစ်ဖြစ် ဆွဲရိုက်တော့တာပါပဲ။ တစ်ချို့ကိစ္စတွေက နားလည်အောင်ရှင်းပြတာနဲ့ ရပါတယ် ရိုက်မှ ရင်ထဲစွဲပြီမှတ်မိတာပါမဟုတ်ပါ။ ရိုက်လိုက်မှပဲ ခလေးရဲ့ ရွဲတတ်တဲ့စိတ်ကို နိုးကြားလာအောင်လုပ်လိုက်တာနဲ့ အတူတူပဲ ပြီးတော့ ခလေးကို ရိုက်လိုက်လို့ ကြောက်သွားတာ မဟုတ်ပါဘူး ခလေးက တုတ်ကို ကြောက်တာပဲရှိတာပါ လူကို မကြောက်တတ်တော့ပါဘူး အရိုက်ခံရတဲ့ခလေး နဲ့ မိဘကြားမှာ ဆိုးကြိုးတွေ အများကြီးရှိလာနိုင်ပါတယ်။ ကျွန်မဆိုလိုတာက ခလေးကို သွန်သင်ဆုံးမလို့ မရဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ခလေးတွေကို ရိုက်လို့တော့ရပါတယ် ဒါပေမယ့် ဒေါသတကြီး ဆွဲရိုက်တာမျိုးမဟုတ်ပဲနဲ့ ဘာလုပ်လို့ရိုက်တယ် ဘာကြောင့် အရိုက်ခံရတယ်ဆိုပြီး နားလည်အောင်ပြောစေချင်တာပါ ဒေါသကြောင့်ရိုက်ရင် […]

ကိုယ်ဝန်ဆောင် မိန်းကလေးတွေအပေါ် မလုပ်သင့်သော ၁၄ ချက်

ကိုယ်ဝန်ဆောင် မိန်းကလေးတွေအပေါ် မလုပ်သင့်သော ၁၄ ချက်

ကိုယ်ဝန်ဆောင် မိန်းကလေးတွေအပေါ် မလုပ်သင့်သော ၁၄ ချက် ကိုယ်ချစ်ရတဲ့ ဇနီးဖြစ်သူက ကိုယ့်ရဲ့ရင်သွေးလေးကို မွေးပေးမယ်ဆိုရင် ဘယ်လောက်ပျော်စရာကောင်းမလဲ။ ကိုယ်ဝန်ဆောင်တယ်ဆိုတာဟာ မိန်းကလေးတွေသာသိပြီး ယောင်္ကျားဖြစ်သူက မသိတဲ့အချက်တွေ အများကြီးရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာလည်း မိခင်လောင်း မိန်းကလေးအနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမူတွေ အများကြီးရှိတယ်ဆိုတာ သိထားဖို့လိုပါလိမ့်မယ်။ မသိထားရင် တစ်ယောက်နဲ့တစ်ယောက်နားလည်မူတွေ လွဲပြီး ပြသာနာတွေနဲ့ ကြုံရမှာ အမှန်ပါ။ ဒါကြောင့် မဖြစ်သင့်တဲ့ ပြသာနာတွေကို ကြိုတင်ပြီး သိအောင် မလုပ်သင့်သော အချက်လေးတွေကို တင်ပြလိုက်ပါတယ်။ ၀၁. တစ်လိပ်သောက် သောက်လိုက်ဦးမယ်။ ဆေးလိပ်ကို ကိုယ်ဝန်ဆောင် မိန်းကလေးရဲ့ဘေးမှာ မသောက်သင့်ပါ။ ကလေးမှာ အဆုပ်နဲ့ပတ်သက်တဲ့ ရောဂါဖြစ်နိုင်ပါတယ်။ မိန်းကလေး ကိုယ်တိုင်လည်း ဆေးလိပ်မသောက်သင့်ပါ။ သောက်ခဲ့သည်ရှိသော် ကလေးက ကျန်းမာရေးချို့တဲ့သူဖြစ်တတ်ပါတယ်။ ၀၂. အရက်ကို […]

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး ၁။ ကြက်ဥနှင့် ကြက်သား အမိုင်နို အက်စစ်တွေက ဆံပင် သန်စွမ်း စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေ ပါပဲ။ ပရိုတင်းဓာတ် များများ ရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။ ၂။ ငါးနှင့် အိုမီဂါ- ၃ မပြည့်ဝ ဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်း စေပါတယ်။ အိုမီဂါ- […]

ကံ ကံ၏အကျိုး

ကံ ကံ၏အကျိုး

ကံ ကံ၏အကျိုး ကံဆိုတာ ကမ္မ ဆိုတဲ့ ပါဠိက ဆင်းသက်လာတဲ့ ပါဠိသက်ဝေါဟာရဖြစ်ပါတယ်။ အဲဒီ ကံရဲ့အဓိပ္ပာယ်ကို အားလုံးနားလည်အောင် ပြောရရင် ကံ ဆိုတာ “အလုပ်”ပါ။ အလုပ်ဆိုတာ ကံပါ။ အလုပ်မကောင်းက ကံမကောင်းပါ။ ကံမကောင်းက အကျိုးပေး မကောင်းပါ။ အလုပ်ကောင်းမှ ကံကောင်းပါတယ်။ ကံကောင်းမှ အကျိုးပေး ကောင်းပါတယ်။ အေး – ကိုယ် ကံကောင်းလား မကောင်းလားဆိုတာ ဗေဒင်ဆရာတွေ နတ်ကတော်တွေ မသိနိုင်ပါဘူး။ ဘယ်သူ သိနိုင်သလဲ။ မိမိကိုယ်တိုင် သိနိုင်ပါတယ်။ ကာယကံ အပြုမကောင်းရင် ဝစီကံ အပြောမကောင်းရင် မနောကံ အကြံမကောင်းရင် ကံမကောင်းပါ။ ကံမကောင်းရင် အကျိုးပေး မကောင်းပါ။ ကာယကံ အပြုကောင်းရင် ဝိပဿနာ ကုသိုလ်ကံရယ်လို့ အမျိုးမျိုးရှိလာပြန်ပါတယ်။ အဲဒီလောက်မှ […]

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း 

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း 

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း ယနေ့ ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံခန့်မှာ ဘီပိုး ရောဂါကူးစက်ခံနေကြရပြီး နာတာရှည်ရော ဂါပိုးသယ်ဆောင်သူ သန်း ၃၅ဝခန့်ရှိကြောင်း၊ စီပိုးကူး စက်ခံရသူပေါင်းမှာလည်း သန်း ၁၈ဝရှိပြီး နှစ်စဉ်အကူး စက်ခံရသူ လေးသန်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစီရင်ခံစာမှာ မကြာသေးခင်က သတိပေးဖော်ပြ ထားပါတယ်။ ဘီပိုး စီပိုးဟာ ကူးစက်ရန်လွယ်ကူတာကြောင့် ကမ္ဘာနှင့်တစ်ဝန်း နှစ်စဉ်လူဦးရေ တစ်သန်းခန့် သေဆုံး နေရပါတယ်။ မြန်မာနိုင်ငံအနေနှင့်လည်း လူဦးရေသန်း ၆ဝ၏ ၁ဝရာခိုင်နှုန်းမှာ ရောဂါပိုးကူးစက်ခံရပြီးဖြစ်တာ ကြောင့် ကျန် ၅၄သန်းသောပြည်သူများအတွက် ကာကွယ် ဆေးထိုးဖို့ လိုအပ်နေပါပြီ။ အသည်းရောင်အသားဝါပိုး ဟုဆိုသော်လည်း အသားမဝါဘဲ အသည်းရောင်သောသူ များလည်း ရှိကြပါတယ်။ ဒါကြောင့် ဆေးပညာလောက မှာ အသည်းရောင်ဗိုင်းရပ်စ်ပိုးဟုသာ ခပ်တိုတို ခေါ်ဆို လေ့ရှိပါတယ်။ […]

အသားဖြူချင်သူများအတွက်နည်းလမ်းများ

အသားဖြူချင်သူများအတွက်နည်းလမ်းများ

အသားဖြူချင်သူများအတွက်နည်းလမ်းများ အသားဖြူတာဟာ မိန်းမတွေအတွက် လိုလားတောင်းတအပ်တဲ့ အလှအပ တစ်ခုပဲ ဖြစ်ပါတယ်။ အသားညိုတဲ့သူတွေ အတွက်တော့ အသားဖြူဝင်း လှပဖို့ဆိုတာ ဘဝအတွက် ကြိုးစားရမယ့် ပန်းတိုင် တစ်ခုလိုပါပဲ။ အသားဖြူစေတဲ့ အလှကုန်တွေ ပေါသလို အသားဖြူစေတဲ့ သဘာဝဖြစ်နည်းတွေ လည်း ရှိပါတယ်။ အသားဖြူချင်သူများ အတွက် သိသင့်သိထိုက်စရာ အဖြာဖြာကို ဖော်ပြလိုက်ရပါတယ်။ သဘာဝဖြစ် အသားဖြူနည်းများ သဘာဝဖြစ် ပစ္စည်းတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေ အရင်ဖော်ပြသွားပါမယ်။ ကရိကထလည်း မများ၊ ဈေးလည်း မကုန်တဲ့ ပစ္စည်းတွေနဲ့ အများသူငါ လက်လှမ်းမီ သုံးလို့ရတာတွေကို ဦးစားပေး တင်ပြသွားမှာ ဖြစ်ပါတယ်။ လိမ္မော်ခွံနဲ့ အသားဖြူနည်း လိမ္မော်သီးအခွံကို နေပူထဲ လှမ်းပေးပါ။ လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်မှာ ကြိတ်ပြီး ပေါင်ဒါလို အမုန့်ဖြစ်သွားအောင် […]

သားသမီးများကို ဒီအကျင့်လေးတွေ ပျိုးထောင်ပေးထားကြပါ

သားသမီးများကို ဒီအကျင့်လေးတွေ ပျိုးထောင်ပေးထားကြပါ

သားသမီးများကို ဒီအကျင့်လေးတွေ ပျိုးထောင်ပေးထားကြပါ မိဘတိုင်းဟာ သားသမီးတွေကို ကျန်းမာပျော်ရွှင်စေချင်ပါတယ်။ လူတစ်လုံး သူတစ်လုံး ပေါက်ပေါက်မြောက်မြောက် ဖြစ်စေချင်ပါတယ်။ လူတစ်ဦးရဲ့ အမူအကျင့်ဟာ ဘ၀ကကြမ္မာနဲ့ တိုက်ရိုက်ဆက်သွက်နေတတ်တဲ့အတွက်ကြောင့် အောက်ဖေါ်ပြပါ အကျင့်လေးများကို သားသမီးတွေ ငယ်စဉ်အခါက ပျိုးထောင်ပေးသင့်တယ်လို့ ပညာရှင်များက ညွန်ပြထားပါတယ်။ ၁။ ပြောတဲ့အတိုင်းတကယ်လုပ်တယ်။ ( ကတိတည်ခြင်း ) ကတိတည်ခြင်းဟာ လူ့ဘ၀မှာ အခြေခံအကျဆုံး နဲ့ အလိုအပ်ဆုံး သောအမူအကျင့်တစ်မျိုးဖြစ်ပါတယ်။ ကတိမတည်တဲ့လူဟာ မတိုးတက်နိုင်ပါဘူး။ ၂။ စိတ်ရှည်ရှည်နားထောင်တတ်တယ်။ ( သူတစ်ပါးအားလေးစားတတ်ခြင်း ) တစ်ဘက်သားစကားကို လေးလေးစားစား စိတ်ရှည်ရှည် နားထောင်ပေးတတ်ခြင်း အကျင့်ဟာ ယဉ်ကျေးခြင်းရဲ့ အခြေခံအမူအကျင့်တစ်ခုဖြစ်ပါတယ်။ အတွေးအခေါ် နဲ့ အသိဥာဏ်တွေကို လက္ခံရရှိဖို့ အထောက်အကူအပြုဆုံး အမူအကျင့်ဖြစ်ပါတယ်။ ၃။ စည်းမျဉ်းစည်းကမ်းလိုက်နာတတ်တယ်။ ( […]