ကိုယ်ပိုင်ဥစ္စာ မရှိ

ကိုယ်ပိုင်ဥစ္စာ မရှိ လောကကြီးမှာ တချို့ပုဂ္ဂ္ဂိုလ်တွေက အဆင်ပြေတယ်၊ တိုက်နဲ့ကားနဲ့၊ ကားမှတကယ့် Modern မြင့်တဲ့ ကားနော်။ တိုက်ကလည်း အင်မတန် အဆင့်မြင့်တဲ့ လုံးချင်းအိမ်၊ သိန်းတစ်ထောင်လောက်တန်တဲ့ တိုက်ကြီးပေါ့။ ခုဆို မကလောက်ဘူးထင်တယ်၊ သိန်းတစ်သောင်းလောက်တန်တဲ့ တိုက်အိမ်၊ ဒီတော့ ဒီလို ကိုယ်ပိုင်ဥစ္စာလေးတွေရှိကြတယ်။ ဘယ်ကုမ္ပဏီကြီးကိုပိုင်တယ်၊ ကားကြီးက ဘာကားကြီးစီးတာ၊ ဟုတ်ရဲ့လား၊ ချမ်းသာတဲ့ပုဂ္ဂ္ဂိုလ်တွေမှာ စာရင်းတွက်ထားလိုက်မယ်ဆိုရင် ပိုင်ဆိုင်တာတွေနည်းမှာ မဟုတ်ဘူး၊ ဒါ သူပိုင်တာပေါ့။ မြတ်စွာဘုရားက ဒါတွေကို ဓမ္မအမြင်နဲ့ကြည့်ရင် တစ်မျိုးမြင်မယ်တဲ့ “ လောကော – လောကကြီးမှာ၊ အဿကော – ကိုယ်ပိုင်ဥစ္စာဆိုတာ မရှိပါ၊ (ဟော ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် ကိုယ်ပိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့၊) ဘာဖြစ်လို့လဲ၊ သဗ္ဗံ – ရှိသမျှပစ္စည်းဥစ္စာကို၊ ပဟာယ […]

“ရဟန်းတော်များအပေါ်ဝစီကံသရမ်း နှုတ်ထွက်ကြမ်းခဲ့သည့် ဝက်နှုတ်သီးနှင့် ရွှေကိုယ်ပြိတ္တာ”

“ရဟန်းတော်များအပေါ်ဝစီကံသရမ်း နှုတ်ထွက်ကြမ်းခဲ့သည့် ဝက်နှုတ်သီးနှင့် ရွှေကိုယ်ပြိတ္တာ” အရှင်နာရဒမထေရ်သည် နံနက်စောစော ဆွမ်းခံရန် ရာဇဂြိုဟ်မြို့ထဲသို့ ကြွသွားစဉ် ကိုယ်သည် ရွှေအဆင်းရှိ၍ မျက်နှာကား ပုပ်သိုးသိုးရှိပြီး ပါးစပ်ကား ဝတ်နှုတ်သီးနှင့်တူ၏။ သူသည်အမြဲဆာလောင် နေသဖြင့် သနားဖွယ်ကောင်းလှ၏။ အရှင်နာရဒက ထိုပြိတ္တာနားသို့ချဉ်းကပ်၍ …”သင်၏ကိုယ်သည် အလုံးစုံ ရွှေအဆင်းရှိသည်ဖြစ်၍ အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ၏။ သင်၏ မျက်နှာသည်ကား ဝက်မျက်နှာနှင့်တူ၏။ သင်သည်ရှေးဘဝက အဘယ်ကံကို ပြုခဲ့ဖူးသနည်း”ဟု အရှင်နာရဒကမေး၏။ ထိုပြိတ္တာက …”အရှင်ဘုရား ကျွန်ုပ်သည် ကိုယ်ဖြင့် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏။ သို့သော် ဝစီသရမ်းမှု နှုတ်ထွက်ကြမ်း၍ ကြမ်းတမ်းသော စကားလုံးများဖြင့် ရဟန်းတော်များကို ရှုံ့ချပြောဆိုခဲ့ခြင်း အကုသိုလ်ကံကြောင့် ဝက်မျက်နှာ ဝက်နှုတ်သီးနှင့် အရုပ်ဆိုးလှ၍ အမြဲဆာလောင်မွတ်သိပ်နေသည့် ပြိတ္တာဘဝသို့ ရောက်နေခြင်းဖြစ်ပါတယ်။ ကိုယ်ဖြင့်စောင့်စည်းခဲ့သောကြောင့် ရွှေအဆင်းနှင့် […]

နိဗ္ဗာန်ရောက်ပြီး ပြန်လာနိုင်တဲ့နည်း

နိဗ္ဗာန်ရောက်ပြီး ပြန်လာနိုင်တဲ့နည်း ဒီနေ့(၂၁.၇.၁၇)မနက် ဒေသစံတော်ချိန်(၇.၁၀)မှာဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်လေဆိပ်ကိုဆိုက်ရောက်ပြီး(၉.၄၅)လောက် “မြန်မာ ဗုဒ္ဓဓမ္မစင်တာ”ကို ရောက်မဆိုက်မှာပဲခရီးသွားဖေါ်သီလရှင်ဆရာလေး ကေတုမာလာက-ဆရာတော်ဆိုရင်တော့ ဘယ်လိုဖြေမလဲမသိဘူး၊ခုတလော လူငယ်တစ်ဦးမေးထားတဲ့ မေးခွန်းတစ်ခုလူတွေအတော်စိတ်ဝင်စားနေလို့ဘုရား.. လူငယ်မေးတာက-“နိဗ္ဗာန်ဆိုတာက ဘာမှမရှိဘူးလို့ပြောကြလို့..တကယ်လို့ မတော်တဆ နိဗ္ဗာန်ကိုများရောက်သွားခဲ့ရင်နိဗ္ဗာန်က ပြန်လာလို့ရတဲ့နည်း ရှိ,မရှိ သိလိုပါတယ်..”တဲ့၊အဲဒါ ဆရာတော့်အဖြေလေးကိုနဲနဲသိပါရစေ..တဲ့။ ✅ဒီးမေးခွန်းကို ဒကာမကြီးဒေါ်ခင်လှတင်ကလဲမေးထားတယ်၊လာခါနီးအလုပ်များနေလို့မဖြေခဲ့ရဘူး၊ခုမှ ပေါင်းဖြေလိုက်ပါမယ်၊ ကိုယ်သဘောပေါက်သလောက်ပေါ့.. ပထမဆုံးက-“နိဗ္ဗာန်ဆိုတာ ဘာမှမရှိဘူး”ဆိုတဲ့မှတ်ချက်အမှားပါပဲ၊လူတစ်ယောက် နေပူတဲ့ခရီးရှည်ထဲသွားနေရာကအရိပ်ကောင်းတဲ့ သစ်ပင်ကြီးအောက် နားနေခွင့်ရလိုက်တဲ့အခါ..အပူတွေကင်းသွားသလိုမျိုးပေါ့၊စိတ်ထဲမှာ အပူတွေကင်းသွားတယ်၊အဲဒါကို ဘာမှမရှိတော့ဘူးလို့ ပြောမရပါဘူး၊အပူရဲ့နေရာမှာ အေးငြိမ်းမှုလေးရှိနေပါတယ်၊ ဒါကို ဘာသာဋီကာဆရာတော်လဲ ရှင်းပြဖူးပါတယ်။ သင်္ဂြိုဟ်ကျမ်းမှာ-“သုညတ=ဘာမှမရှိဘူး”ဆိုတာ အဲဒီအေးငြိမ်းမှုကိုပြောပြစရာ စကားလုံးအားဖြင့်လဲမရှိဘူး၊(လောကထက် လွန်သွားပြီဖြစ်လို့ ဖေါ်ပြောပြစရာလောကစကားလုံးမရှိတာပြောတာပါ၊) အေးငြိမ်းမှုလေးကတော့-“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ”ဆိုတဲ့ တရားဂုဏ်အတိုင်းမြင်နိုင်တဲ့ဉာဏ်ရသူတိုင်း ကိုယ်တိုင်ခံစားသိနိုင်ပါတယ်.. *သိနိုင်တယ်ဆိုကတည်းက ရှိလို့ပေါ့။သင်္ဂြိုဟ်မှာဆိုတဲ့-“အနိမိတ္တ”ဆိုတာ ခိုင်းနှိုင်းပြစရာရုပ်ဝတ္ထုသဏ္ဍာန်လဲမရှိဘူး၊”အပဏိဟိတ”ဆိုတာက နိဗ္ဗာန်ဆိုတဲ့အာရုံကတွယ်တာတပ်မက်စရာ အာရုံမျိုးလဲ မဟုတ်ဘူး၊နိဗ္ဗာန်ကိုမျက်မှောက်ပြုနေတဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကလဲတွယ်တာတပ်မက်တတ်တဲ့ တဏှာလောဘနဲ့မယှဉ်ဘူး၊ ဒါတောင့် […]

ကလေးလိုချင်သော အမျိုးသားများအတွက်

ကလေးလိုချင်သော အမျိုးသားများအတွက် 1. ဆီးနှင့် ကျောက်ကပ်အထူးကုဆရာဝန်ကို ပြသကြည့်ပါ။ ကလေးရရှိဖို့အတွက် လုံလောက်တဲ့ သုတ်ပိုးပမာဏ၊ သုတ်ပိုးကောင်းစွာရွေ့လျားနိုင်မှု စတဲ့အချက်တွေရှိဖို့လိုအပ်ပါတယ်။ ကလေးမရတဲ့ပြဿနာကြုံတွေ့နေရရင်တော့ ဆီးလမ်းကြောင်းအထူးကုဆရာဝန်တဲ့တိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုခံယူသင့်ပါတယ်။ 2. စီးကရက်နှင့် ဆေးခြောက်များဖြတ်ပါ။ စီးကရက်သောက်ခြင်းနှင့် ဆေးခြောက်သုံးခြင်းများကြောင့် သုတ်ပိုးကိုထိခိုက်စေတဲ့အတွက် ကလေးလိုချင်တယ်ဆိုရင် ဒါတွေဖြတ်ရပါမယ်။ 3. အသင့်ပြုလုပ်ထားသောအစားအစာများကိုရှောင်ပါ။ မျိုးပွားနိုင်စွမ်းကိုမြှင့်တင်ချင်တယ်ဆိုရင်တော့ အသင့်ပြုလုပ်ထားတဲ့အမြန်အစားအစာတွေကို ရှောင်ကြဉ်ဖို့အရေးကြီးပါတယ်။ သဘာဝအတိုင်းရရှိတဲ့အစားအစာတွေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများစားပါ။ သကြားနှင့်ဆားကိုလည်း ရှောင်ကြဉ်ရပါမယ်။ 4. အတွင်းခံဘောင်းဘီကြပ်ကြပ်မဝတ်ပါနဲ့။ အတွင်းခံဘောင်းဘီကြပ်ကြပ်ဝတ်ဆင်ခြင်းက စွဲဆောင်မှုရှိစေသော်လည်း သုတ်ပိုးတွေအတွက်တော့ မကောင်းပါဘူး။ အတွင်းခံဘောင်းဘီကြပ်ကြပ်တွေက ဝှေးစေ့ဆီကို သွေးလှည့်ပတ်မှုလျော့ကျစေပြီး သုတ်ပိုးထုတ်တာကိုလည်း လျော့နည်းစေပါတယ်။ 5. သစ်ဥသစ်ဖုနှင့် ဆေးဖက်ဝင်အပင်များ စားသုံးပါ။ လေ့လာမှုအမျိုးမျိုးအရ ဆေးဖက်ဝင်အပင်အချို့မှာ အမျိုးသားတွေရဲ့မျိုးပွားနိုင်စွမ်းကို ကောင်းစေတဲ့အစွမ်းရှိတယ်လို့တွေ့ရှိရပါတယ်။ လက်ဖက်စိမ်း၊ ဂျင်စင်း၊ ရို့စ်မေရီ စတာတွေက […]

မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်း

မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်း မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။တနည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဒိသာပါမောက္ခ ဆရာကြီးတဦး ရှိသည်။ သူသည် ပညာလည်းရှိသည်။ အကျင့်သီလလည်း ကောင်းသည်။ သူ့ထံသို့ အမျိုးကောင်းသား လုလင်များစွာတို့သည် လာရောက် အတတ်သင်ကြသည်။ ဆရာကြီးတွင် လှပယဉ်ကျေးသော သမီးပျိုကလေးတဦး ရှိသည်။ တနေ့တွင် ဆရာကြီးက-တပည့် လုလင်တို့ကို ကိုယ်ကျင့်တရားကောင်း-မကောင်း ငါစူးစမ်းမည်။သူတို့အထဲမှ ကိုယ်ကျင့်တရား ကောင်းသူကို ငါ့သမီးနှင့် လက်ဆက်ပေးမည်-ဟူ၍ ကြံစည်သည်။ ထို့နောက် သူသည် တပည့်လုလင်တို့ကို ခေါ်သည်။ အမောင်တို့-ငါ့ သမီးသည် အရွယ်ရောက်ပြီ။ ငါ့သမီး ဆင်မြန်းရန် သင်တို့အိမ်မှ အ၀တ်တန်ဆာတို့ကို မိဘဆွေမျိုးတို့ မသိအောင် တိတ်တဆိတ် ခိုးယူလာခဲ့ပါ။ အဖိုးအထိုက်ဆုံးသော အ၀တ်တန်ဆာကို ခိုးယူလာနိုင်သူအား ငါ့သမီးနှင့် ထိမ်းမြားပေးမည်-ဟူ၍ ပြောဆိုသည်။ တပည့်တို့သည် ဆရာကြီး၏ သမီးကို စုံမက်ကြသည်။ ထို့ကြောင့် ဆရာကြီး စေခိုင်းသည့်အတိုင်း အိမ်သို့ပြန်၍ အဖိုးတန် […]

ဝါတွင်းကာလအိမ်ပြောင်းအိမ်ရွေ့မလုပ်ကောင်း ဆိုတာဟုတ်ရဲ့လား

ဝါတွင်းကာလအိမ်ပြောင်းအိမ်ရွေ့မလုပ်ကောင်း ဆိုတာဟုတ်ရဲ့လား ဒကာတစ်ယောက်က “အရှင်ဘုရား ဝါဆိုချိန်နီးလာပြီဆိုတော့မြန်မာလူမျိုးများရဲ့ ဝါတွင်းကာလမှ အိမ်မပြောင်းရ၊ အိမ်မရွေ့ရစတဲ့ အယူအဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကိုတွေ့ရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိသလား၊ ဒီအယူအဆတွေကို လိုက်ပြီးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေကို သိလိုပါတယ်ဘုရား” စသဖြင့် မေးလျှောက်ဖူးလို့ ပြန်ပြီးဖြေပေးဖူးပါတယ်။ ဟုတ်ပါတယ်။ အဲဒီဒကာမေးလျှောက်သလိုပဲ မြန်မာနိုင်ငံမှာ ဝါတွင်းကာလနဲ့ ပတ်သက်တဲ့ အရိုးစွဲနေတဲ့ အမှားတွေ အများကြီးရှိပါတယ်။ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အယူအဆ အမှားတွေဟာကြာတော့ဘုရားပဲ ဟောသလိုလို၊ ကျမ်းဂန်တွေမှာပဲ ပါသလိုလိုဖြစ်ကုန်တာတွေ အများကြီးပါပဲ။ ဒီအများကြီးတွေထဲက မေးခွန်းရှင်မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်းရှိသလို ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။ဒီအယူအဆတွေဟာ ဘုရားဟောထဲမှာ မပါတဲ့၊ ဘုရားဟောနဲ့ […]

ထမင်းချိုးကိုကပ်လှူသူ

ထမင်းချိုးကိုကပ်လှူသူ ရှေးလူဖြစ်စဉ် ဆွေမျိုးပျက်စီးအထီးကျန်သော သူဆင်းရဲမဖြစ်ကာ သူတပါးအိမ်အဖီကိုအမှီပြုနေရသူ ဖြစ်ပါလျက်အသျှင်မဟာကဿပအားထမင်းချိုးကို ကိုယ်ထိလက်ရောက်လှူဒါန်းခဲ့သောကြောင့် ကွယ်လွန်သောအခါနိမ္မာနရတိနတ်ပြည်၌ ချမ်းသာပျော်ရွှင်စွာ ဖြစ်ရသော နတ်သမီးအကြောင်းဖြစ်၏။ (စည်းစိမ်ဥစ္စာဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသောသူတစ်ပါးအိမ်အဖီကို မှီ၍ နေရသော မိန်းမသည် . . ဆွမ်းအလို့ငှါလှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော အရှင်ဘုရားအားကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကိုကိုယ်ထိလက်ရောက် ပေးလှူဖူးပါပြီ။ ထိုမိန်းမသည် လူ့ကိုယ်ခန္ဓာကို စွန့်၍ အဘယ်ဘဝသို့ လားရောက်ရလေသနည်း(ဟု သိကြားမင်းကမေး၏)။(စည်းစိမ်ဥစ္စာဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသောသူတစ်ပါးအိမ်အဖီကို မှီ၍ နေရသော မိန်းမသည် . . ဆွမ်းအလို့ငှါလှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော ငါ့အားကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိလက်ရောက်ပေးလှူခဲ့ဖူး၏။ ထိုမိန်းမသည်လူ့ကိုယ်ခန္ဓာကို စွန့်၍ ဤလူ့ဘဝမှ ကင်းလွတ်စုတေ သောအခါတန်ခိုးကြီးသောနတ်တို့ရှိရာ နိမ္မာနရတိနတ်ပြည်၌ ချမ်းသာခြင်းသို့ ရောက်၍ မွေ့လျော် စံပျော်နေရ၏ဟု (အသျှင်မဟာကဿပမိန့်တော်မူ၏)။ […]

ဒါန၏ထူးခြားသောအကျိုးးတရားများ

ဒါန၏ထူးခြားသောအကျိုးးတရားများ ကုသိုလ်ကံဖြစ်စေ အကုသိုလ်ကံဖြစ်စေ မူလကံနှင့်တူသော အကျိုးကိုပေးတတ်၏။စွန့်ကြဲပေးကမ်းးလှူဒါန်းသည့်အခါ ပေးလှူသူ၌ အလှူခံပုဂ္ဂိုလ်အားကောင်းကောင်းမွန်မွန် စားစေချင်သော ၀တ်စေချင် နေစေချင်သောစေတနာရှိ၏။ ထိုစေတနာသည် တူသောအကျိုးပေးသဖြင့် ပေးလှူသူသည် ဘဝများစွာ၌ကောင်းကောင်းမွန်မွန်စားရ ၀တ်ရ နေထိုင်ရသော အကျိုးကျေးဇူးများကိုရရှိခံစားရ မည်ဖြစ်၏။ မနာပဒါယီလဘတေမနာဝံ =မြတ်နိုးဖွယ်ရာပစည်းဝတ္တုကို ပေးလှူသူသည် မြတ်နိုးဖွယ်ရာ ပစည်းဝတ္ထုကိုရရှိနိုင်၏ဟု ဟောတော်မူသည်နှင့်အညီဒါနသည် တူညီသောအကျိုးတရားကို ပေးမည်မှာ သေချာ၏။သရက်စေ့မှ သရက်ပငါပေါက်၍ မရန်းစေ့မှ မရန်းပင်ပေါက်သည့်သဘောနှင့်တူ၏။ ဒါနသည်မိမိသူတစ်ပါးနှင့်နှစ်ဦးသား၏ အကျိုး၊ ပစုပ္ပန်လောကအကျိုး တမလွန်လောကအကျိုးအမျိုး မျိုးကိုပြီးစေနိုင်၏၊အခြံအရံ.အကျော်အစော်၊ ကျက်သရေ.စည်းစိမ်ချမ်းသာတို့ကိုလည်း ပေးစွမ်းနိုင်၏။ တရားသဖြင့်ရသောပစည်းဥစာကို တရားထူးရသောပုဂ္ဂိုလ်တို့အား လှူဒါန်းလျှင်ငရဲကြီးရှစ်ထပ် နှင့်အခြံအရံ ငရဲများကို လွန်မြောက်၍ နတ်ပြည်သို့လားရောက်ရ၏။ (သံ၊ ၁ ၂၀) လွန်ကဲထူးချွန်မွန်မြတ်သော လောကီစည်းစိမ်နှင့် လောကုတ္တရာချမ်းသာအားလုံးတို့ကိုလည်း ဖြစ် ထွန်းပေါ်ပေါက် လာစေနိုင်၏။ (ဒီ။ဋီ၊ ၂။ […]

ငါးပါးသီလနှင့်ပရဟိတ

ငါးပါးသီလနှင့်ပရဟိတ လူတွေကငါးပါးသီလကိုပရဟိတလုပ်ငန်းမှန်းသိတဲ့လူအင်မတန်မှနည်းတယ်။ဒါလည်းပရဟိတပဲ။ငါးပါး သီလဆိုတာ အင်မတန်မှ အရေးပါတဲ့ ဝါရိတ္တသီလမျိုး။ မလုပ်ရဘူးဆိုတာကိုရှောင်တဲ့သီလမျိုး၊ ဒီနေရာမှာလည်း ငါးပါးသီလဟာ မြတ်စွာဘုရားက ပညတ်ထားလို့ ရှောင်ရတာမျိုး မဟုတ်ဘူး။ မြတ်စွာဘုရားက ဒါလုပ်ရင် အပြစ်ဖြစ်တယ်။ ဒါကို ရှောင်ရင် ကောင်းကျိုးချမ်းသာတွေ ရတယ်ဆိုတာ လမ်းညွှန်မှုပြုတာပဲ ဖြစ်တယ်။ သီလဆိုတဲ့ သဘာဝတရားဟာ စဉ်းစားကြည့်၊ ကိုယ်ကိုယ်တိုင် ကိုယ်ကျင့်သီလ ဆောက်တည်လိုက်တာဟာ ကိုယ့်အတွက်ပဲလို့ ဒီလိုအောက်မေ့ကြတယ်။ ဒါနကျတော့ အများအတွက်လို့ ထင်ကြတယ်လေ။ ကိုယ်က ပေးလိုက်ကမ်းလိုက်၊ ကျွေးမွေးလိုက်တဲ့လူတွေ စားသောက်သွားတာ ကြည့်ပြီး ဒါနကတော့ အများအတွက်ပဲ။ သီလကတော့ ကိုယ့်အတွက်လို့ ထင်ကြတာ။ သီလကလည်း ဒါနလိုပဲ အများအတွက် အကျိုးဖြစ်တာ။ ကိုယ့်အတွက် အကျိုးမဖြစ်ဘူး ပြောတာ မဟုတ်ဘူး။ ကိုယ့်အတွက်လည်း အကျိုးဖြစ်တယ်။ သို့သော် အများအတွက် […]

Auto mind (အော်တိုစိတ်)

Auto mind (အော်တိုစိတ်) ကားမောင်းတဲ့အခါ manual gear၊ auto gear ဒီလိုရှိတယ်ဆိုပြီးတော့ ကပ္ပိယတွေ ဘုန်းဘုန်းကို ပြောပြပါတယ်။ ဘုန်းဘုန်းတော့ ကိုယ်တိုင် ကားမမောင်းဖူးပါဘူး။ မောင်းလည်း မမောင်းတတ်ဘူး။ auto gear နဲ့ ဆိုရင် လူသက်သာပါတယ်တဲ့။ လူလည်း သက်သာတယ်။ ခြေထောက်လည်း သိပ် မနင်းရဘူး။ လက်လည်း အမြဲတမ်း gear ကို အပြောင်းအရွှေ့ လုပ်မနေရဘူး။ အော်တိုဂီယာ။အော်တိုဂီယာနဲ့ မောင်းတဲ့ကားဆိုရင် လမ်းကလည်းကောင်းတယ်၊ ဖြောင့်ဖြူးတယ် ဆိုရင်တော့ ဒါ လူ သက်သာတယ်ပေါ့။ manual gear နဲ့ (auto gear မဟုတ်တဲ့ကား) မောင်းခိုင်းတယ်။ သူ သုံးနာရီလောက် မောင်းလိုက်ရတာ အရမ်းပင်ပန်းသွားတယ်auto gear နဲ့ မောင်းနေရင် […]