ကျောင်းသားသစ်များ အက်ဆေး မရေးတတ်

ကျောင်းသားသစ်များ အက်ဆေး မရေးတတ် စာမေးပွဲရမှတ်အတွက် ဦးတည်ချက်ထားသော ပညာရေးစနစ် ဖျက်ဆီးမှုတွေကြောင့် တက္ကသိုလ်တက်စ ကျောင်းသားများ အက်ဆေး မရေးတတ်ဟု ကင်းဘရစ်တက္ကသိုလ်မှ ဆရာများက ယခုတပတ်တွင် ပြောကြားခဲ့သည်။ စာမေးပွဲရမှတ်အတွက် ဦးတည်ချက်ထားသော ပညာရေးစနစ်က ကျောင်းသားများ၏ အရေးအသား ကျွမ်းကျင်မှုများကို ယိုယွင်းနေစေလျှက် ရှိသည်ဟု ကင်းဘရစ်တက္ကသိုလ် ပညာရှင်များ၏ ပြောခဲ့သည်။ စာမေးပွဲအောင်ရေးအတွက် အက်ဆေးကို ရှုပ်ထွေးနက်နဲစွာ သတ်မှတ်ထားသော ပုံစံအတိုင်း ရေးသားခဲ့ရ သောကြောင့် ဘွဲ့ကြိုကျောင်းသား အတော်များများသည် မိမိတို့၏ ပင်ကိုယ်အနုပညာစွမ်းရည်ကို ပြသရန် အခက်အခဲရှိနေသည်ဟု ဆိုသည်။ ကျောင်းသားများသည် အသက် ၁၁မှ ၁၈ အရွယ်အထိ ကာလတလျှောက်လုံးမှာ သမားရိုးကျ ပုံစံသေများ အတိုင်း ရေးတတ်အောင် လေ့ကျင့်ခဲ့ရခြင်းကြောင့် တက္ကသိုလ် ဘာသာရပ်များတွင် မိမိတို့၏ ထင်မြင်ယူဆချက်များကို […]

ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း

ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း အစ္စရေး လူမျိုးလို့လည်း ခေါ်ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံးသော လူမျိုးထဲမှာ ပါဝင်ပါတယ်။သမိုင်းတစ်လျှောက်မှာလည်း အမျိုးမျိုးဖိနိပ်ခံရပြီး တိုင်းပြည်ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျူးလူမျိုးကို ကမ္ဘာမှာ ဥာဏ်ပညာအကောင်းဆုံးလူမျိုးလို့ သတ်မှတ်ကြပါတယ်။ ၂၀၁၅ခုနှစ် ကမ္ဘာတခွင်မှာ ဂျူးလူမျိုး လူဦးရေ ၁၄.၂ သန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၀.၂%ရှိတဲ့ ဂျူးလူမျိုးဟာ…. ဂျူးလူမျိုးများဟာ ၂၀ ရာစုအတွင်း နိုဘယ်ဆုရှင်များရဲ့ ငါးပုံတစ်ပုံ ၊ အမေရိကန်နိုင်ငံ သြဇာအရှိဆုံးသူများစာရင်းထဲက ၅၀% ၊ အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀% ၊ အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောက မှာ ၆၀%၊ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀%၊ Forbes စာရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ် […]

ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ

ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ

ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ မီးကင်ကြည့်မှ မြင်ရသော လျှို့ဝှက်စာ ************************** ကြက်သွန်နီနှင့် ဆပ်ပြာကိုဆတူရော၍ ထောင်းပြီး ရေအနည်းငယ်ဖြင့်ဖျော်ပါ။ အရည်ကြည်ကို စုတ်တံဖြင့်တို့ပြီး စက္ကူပေါ်တွင်စာရေးပါ ။ ခြောက်သွားပါက မီးကင်ပြီးမှ ပြန်ကြည့်နိုင်မည်ဖြစ်သည်။ ဖိုက်ဘာပစ္စည်းများ အရောင်တင်နည်း ************************** သွားတိုက်ဆေးနှင့် အုန်းဆီ ဆတူရော၍ ဂွမ်းဖြင့်ပွတ်တိုက်ပေးပါ။ ဟင်းအိုး ဆားငံသွားလျှင် ***************** မီးသွေးခဲ ရဲရဲတစ်ခဲအား ဆားငံနေသော ဟင်းအိုးထဲတွင် ၂မိနစ်ခန့် ထည့်ထားပြီး ပြန်ဆယ်လိုက်ပါ။ ဘုရားပန်းများ တာရှည်ခံအောင်ထားနည်း ***************************** ပန်းအိုးထဲသို့ ဘာမီတွန်(သို့) သကြား(သို့) ကန့်မှုန့်အနည်းငယ်(သို့) အကြွေစေ့-ကြေး ထည့်ပေးပါ။ ဘောလ်ပင် မှင်မလိုက်လျှင် ***************** အရက်ပျံပုလင်းထဲသို့ ဘောလ်ပင်ကို ၃မိနစ်ခန့် စိမ်ထားလိုက်ပါ။ ဖန်ခွက်အတွင်း ရေနွေးပူထည့်သော် မကွဲစေရန် ************************* ဇွန်းတစ်ချောင်းအား […]

ဘွဲ့ အတုအစစ်ခွဲနည်း

ဘွဲ့ အတုအစစ်ခွဲနည်း BA နဲ့ BSc ဆိုတာ bachelor degree ဆိုတာ သိကြတယ်ဆိုတော့ BSc(Zoo) ဆိုရင် Zoology နဲ့ ကျောင်းပြီးတယ်ဆိုပါတော့။ဒါဆို ကျွန်မက BA(French) အစား BA(Yangon) လို့ ရေးရင် ဘာသာရပ်က ရန်ကုန်လို့ ပြောနေသလို မဖြစ်ဘူးလား ။ ရန်ကုန် အထူးပြု ဘာသာရပ် ရှိလား။ ကြားဖူးကြလား။ ရွာသာကြီးက အရူးတောင်ကြားရင် အော်ရယ်လောက်တယ်။ ဒါဖြင့် PhD( USA) ဆိုတော့ United States of America ဘာသာရပ်နဲ့ ဘွဲ့ရတယ်ပေါ့။ ကမ္ဘာ့ထိပ်တန်း UCL မှာ အလုပ်လုပ်ခဲ့သမျှ သိဖူးသမျှထဲမှာ American studies , African Studies ဆိုတာတွေဘဲ […]

ကျောင်းဆရာ ဖြစ်ဖို့ လွယ်လား

ကျောင်းဆရာ ဖြစ်ဖို့ လွယ်လား မြန်မာပြည်မှာဆိုရင် ဘာ training မှ မလိုဘဲ guide သင်တာ ရပ်ကွက်ထဲကလေးကျူရှင်ပြတာတွေ စလုပ်လိုက်တာကနေ ကိုယ့်ကိုဆရာလို့ ခေါ်ဝေါ်ပြီး အများစုက ဆရာဖြစ်လာကြတယ်ဆိုတော့ ဆရာဖြစ်ရလွယ်ပါတယ်။ ဒါဖြင့် တခြားနိင်ငံတွေမှာကော ဘယ်လိုလဲ။ -Singapore မှာဆိုရင် ကလေးသေးသေးလေးတွေက အစ သူတို့ ကို စာပြဖို့ဆိုရင် DPL/ CIT/ DMT စတဲ့ training ယူပြီးသားဖြစ်ကြောင်း သက်သေပါတဲ့ဘွဲ့လက်မှတ်ရပြီးမှ အလုပ်လျှောက်လို့ရပါတယ်။ UK မှာ ကလေးတွေ သင်မယ်ဆိုရင် Early Chilhood အသက် ၁၅ အောက် သင်မယ်ဆို PECG / PGDCE တက္ကသိုလ် အဆင့်ဆိုရင် သက်ဆိုင်ရာ specialty မှာ ကျွမ်းကျင်ကြောင်းပြတဲ့ဘွဲ့ အင်္ဂလိပ်ပြသီးသန့် […]

“အောင်မြင်သူတွေရဲ့ စာဖတ်အလေ့အကျင့်”

“အောင်မြင်သူတွေရဲ့ စာဖတ်အလေ့အကျင့်” အရမ်းအောင်မြင်သူတွေမှာ တူညီတဲ့ အလေ့အကျင့်တစ်ခု ရှိကြတယ်။အဲဒါ စာဖတ်ခြင်းပါ။တခါမှာ လူတစ်ယောက်က စတော့ရှယ်ယာ ဂုရုကြီးလို့ နာမည်ကြီးတဲ့ Warren Buffet (ပိုင်ဆိုင်မှု US $67 billion) ကို ကြီးပွားချမ်းသာချင်လို့ ဘာလုပ်ရမလဲလို့ မေးတယ်။ သူက သူ့စာကြည့်ခန်းထဲက စာအုပ်စင်ကို လက်ညိုးထိုးပြပြီး ခုလို ပြောတယ်။ “တနေ့ကို စာမျက်နှာ ၅၀၀ အထိ စာဖတ်ပါ။ အဲဒီကမှ knowledge ရမှာပါ။ knowledဆိုတာ နှစ်ထပ်တိုးလိုပဲ။ နဲနဲသိလာလေ ပိုပိုပြီး သိလာလေပါပဲ။ ဒါပေမဲ့ ငါပြောတဲ့အတိုင်း လုပ်တဲ့သူ အလွန်ကို နည်းတယ်ဆိုတာ ငါသိပါတယ်။ ဒါကြောင့်လဲ ကြီးပွားအောင်မြင်သူ အလွန့်ကိုနည်းပါးတာပေါ့” တဲ့။ တကယ်လဲ Warren Buffet ဟာ စာအရမ်းဖတ်သူပါ။ […]

အမှန်တကယ် အရည်အချင်းနဲ့ ပြိုင်ဆိုင်ပါ

အမှန်တကယ် အရည်အချင်းနဲ့ ပြိုင်ဆိုင်ပါ စီမံဘဏ္ဍာ ဝန်ကြီးက ပညာရေးဥပဒေကို စောင့်ဖို့မလိုပဲ ပုဂ္ဂလိက တက္ကသိုလ်တွေ ဖွင့်ခွင့် ပြုမယ် ဆိုတဲ့ သတင်းထွက် လာပါတယ်..။ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဆီကို အဆိုပြုလွှာ တင်ရမယ် လို့လဲ ပါပါတယ်..။ ဖြစ်မယ် မဖြစ်ဘူး ဆိုတာထက် ပညာရေးအတွက် ယှဉ်ပြိုင်မှု ကောင်း တစ်ခုတော့ ဖြစ်လာမှာပါ..။ နှစ်ဆယ်ရာစုရဲ့ နောက်ဆုံး ဆယ်စုနှစ်လောက်ကနေ စခဲ့တဲ့ “အလွတ်ကျက် အလွတ်ဖြေ” ဆိုတဲ့ Secondary ပညာရေး ရယ် “ ဒီလောက်ကျက် ဒီလောက်ဖြေ” ဆိုတဲ့ Tertiary ပညာရေး ကနေ တဆင့် တက်တော့မယ့် အလားအလာပါ..။ “အာဂုံဆောင်” တဲ့ အဆင့်ကနေ “တွေးတောဆင်ခြင်” တဲ့ သင်ကြားရေး စနစ်ဆီကို […]

ကံကူလက်လှည့်

ကံကူလက်လှည့် ကျွန်တော် တက္ကသိုလ်တွင် ဆရာတစ်ယောက်အဖြစ် အမှုထမ်းခဲ့ဘူးပါသည်။စာသင်ကြားပို့ချမှုတွင်လည်း အပြောအဟော အသင်အကောင်းသည်ဟု အတန်အသင့် နာမည်ရခဲ့ပါသည်။တက္ကသိုလ် မရောက်သေးမီကလည်း တောင်တွင်းကြီးမြို့ မိုးထိ အလယ်တန်းကျောင်းတွင် အလယ်တန်းပြဆရာ အဖြစ်နှစ်နှစ်၊သုံးနှစ်ခန့် အမှုထမ်းခဲ့ဖူးပါသေးသည်။ ထိုစဉ်ကလည်း သင်ကြားမှုနှင့် ပတ်သက်၍ အတန်သင့် နာမည်ရခဲ့သည်ပင် ဖြစ်ပါသည်။ ကြွားဝါနေခြင်းမဟု မထင်ပါနှင့်။ကျွန်တော်အဖို့ ဘာမျှ ပင်ပင်ပန်းပန်းကြိုးစားမနေဘဲ အလွယ်တကူနှင့်ပင် ထိုသို့ အဆင့်လောက်ထိအောင် ရောက်နိုင်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် တော်ရုံတန်ရုံ စာသင်ကောင်းသည် ဆိုသော ဆရာမျိုးကိုလည်း …သြော်…..စာသင်ကောင်းတယ် ဆိုပဲ….. ဟုအောက့်မေ့လိုက်ရုံမျှသာရှိပါသည်။ စာသင်ကြားမှုနှင့်ပတ်သက်၍ ကျွန်တော် ကြောက်ဒူးတုန်ပြီး လန့်လောက်အောင်ကြုံခဲ့ရသည်မှာ ၁၉၆၃ – ၆၄ တစ်ဝိုက်လောက်ဆီက ဖြစ်ပါသည်။ သည်တော့ ကျွန်တော်က တက္ကသိုလ်တွင်ဆရာ ဖြစ်နေပါပြီ။တက္ကသိုလ်ကျောင်းပိတ်၍ ကျွန်တော့် ဇာတိ တောင်တွင်းကြီးမြို့ […]

ပြင်းထန်စွာရိုက်နှက်ခြင်း  အရှက်ရအောင်ဒဏ်ပေးခြင်းက..လူသားမဆန်တဲ့ဆုးံမမှုပါ

ပြင်းထန်စွာရိုက်နှက်ခြင်း  အရှက်ရအောင်ဒဏ်ပေးခြင်းက..လူသားမဆန်တဲ့ဆုးံမမှုပါ အခုချိန်​ထိ မရိုက်​ရင်​ ဘယ်​လိုဆုံးမရမလဲတို့ ​ဖင်​ချွတ်​အပြစ်​​ပေးတာ ​စေတနာ​ကြောင့်​ပါတို့ ထင်​​ယောင်​ထင်​မှား​ပြော​နေကြ​သေးတဲ့ ဆရာဆရာမ​​တွေ ကျန်​​နေ​သေးတဲ့ ပညာ​ရေးစနစ်​ထဲ ကိုယ့်​က​လေးကို ဘယ်​လိုသင်​ယူ​စေရမှာပါလိမ့်​။ ဆရာဆရာမ​တွေအ​နေနဲ့ မ,တစ်​ရာသား​တွေကို ထိန်းဖို့မလွယ်​ဘူးဆိုတာလည်း မှန်​တယ်​။ လူဦး​ရေက ရှိသင့်​တာထက်​ မတရားပိုများ​နေတာလည်း မှန်​တယ်​။ လခက မ​လောက်​တာလည်း မှန်​တယ်​။ ​ပေါက်​ကရ order ​တွေ အမျိုးမျိုးထွက်​တိုင်း လိုက်​ဖြည့်​ဆည်း​နေရတာလည်း မှန်​တယ်​။ ဒါ​ပေမယ့်​ ဒီ pressure ​တွေအတွက်​ ထွက်​​ပေါက်​က က​လေး​တွေမဖြစ်​သင့်​ပါဘူး။ နှမ်းခိုးစား​သောမင်းသားကို ညွှန်းပြီး ဒိသာပါ​မောက္ခကြီး​တောင်​ ရိုက်​​သေးတာလို့ မတွက်​ကပ်​ပါနဲ့။ အဲဒီပုံပြင်​ထဲကလူ​တွေ တကယ်​ရှိခဲ့ မရှိခဲ့ ဘယ်​သူမှ သက်​​သေမပြနိုင်​သလို ဒိသာပါ​မောက္ခကြီး​ခေတ်​မှာလည်း နည်းပညာ​တွေ မရှိခဲ့​သေး child psychology ကို မသိခဲ့​သေး research ​တွေ […]

ကုရုဓမ္မဇာတ်(တော်သလင်းလပြည့်နေ့ ကုရုဓမ္မအခါတော်နေ့)

ကုရုဓမ္မဇာတ်(တော်သလင်းလပြည့်နေ့ ကုရုဓမ္မအခါတော်နေ့) (အပြည့်အစုံရေးထားသဖြင့် အနည်းငယ်ရှည်၏၊ ရဟန်းတော်များအတွက် တရားဟောရန် အဆင်ပြေနိုင်၏ အချိန်ရမှဖတ်စေချင်၏။ ရှယ်ထားပါ၊) ရှေးအခါက သာဝတ္တိပြည်မှာ မိတ်ဆွေသူငယ်ချင်းနှစ်ယောက်ရှိခဲ့ဘူးသည်၊ တစ်နေ့ သူတို့ နှစ်ယောက် ဘာစိတ်ကူးပေါက်တယ်မသိ၊ ဒို့ သင်္ကန်းဝတ်ကြရအောင်ကွာ-ဟုဆိုကာ နှစ်ဦး စလုံးစိတ်တူ ကိုယ်တူ သာသနာ့ဘောင်ဝင်ရောက် ရဟန်းပြုသွားကြလေသည်။ သင်္ကန်းဝတ်ပြီးသောအခါမှာလည်း အတူသွား အတူလာ အတူစား အမြဲ တတွဲတွဲနေဖြစ်ခဲ့ကြ သည်၊ တစ်နေ့ သူတို့နှစ်ပါး အစိရ၀တီမြစ်ထဲ ရေသွားချိုးကြရာ ရေထဲမှာအတန်ကြာတော့ ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ သဲသောင်ပြင်ပေါ်တက် သဲပူပူပေါ်မှာ ပက်လက်လှန်ကျောခင်း ဇိမ်ကျကျ အေးအေးဆေးဆေးနေရင်း မဆုံးနိုင်သော ရှေးဟောင်းနှောင်းဖြစ်တွေ အတိတ် အကြောင်းတွေ တသီတတန်းကြီးပြောနေဖြစ်ခဲ့ကြလေသည်။ ထိုအခိုက် ဟင်္သာနှစ်ကောင်ပျံလာသည်ကိုလှန်းမြင်လိုက်ကြရာ ရဟန်းငယ်က ကပြာ ကယာ ထကာ ကျောက်ခဲတစ်လုံးကိုပြေးတဲ့ကောက်ပြီး အရှင်ဘုရား ကြည့် […]