ကုရုဓမ္မဇာတ်(တော်သလင်းလပြည့်နေ့ ကုရုဓမ္မအခါတော်နေ့)

ကုရုဓမ္မဇာတ်(တော်သလင်းလပြည့်နေ့ ကုရုဓမ္မအခါတော်နေ့) (အပြည့်အစုံရေးထားသဖြင့် အနည်းငယ်ရှည်၏၊ ရဟန်းတော်များအတွက် တရားဟောရန် အဆင်ပြေနိုင်၏ အချိန်ရမှဖတ်စေချင်၏။ ရှယ်ထားပါ၊) ရှေးအခါက သာဝတ္တိပြည်မှာ မိတ်ဆွေသူငယ်ချင်းနှစ်ယောက်ရှိခဲ့ဘူးသည်၊ တစ်နေ့ သူတို့ နှစ်ယောက် ဘာစိတ်ကူးပေါက်တယ်မသိ၊ ဒို့ သင်္ကန်းဝတ်ကြရအောင်ကွာ-ဟုဆိုကာ နှစ်ဦး စလုံးစိတ်တူ ကိုယ်တူ သာသနာ့ဘောင်ဝင်ရောက် ရဟန်းပြုသွားကြလေသည်။ သင်္ကန်းဝတ်ပြီးသောအခါမှာလည်း အတူသွား အတူလာ အတူစား အမြဲ တတွဲတွဲနေဖြစ်ခဲ့ကြ သည်၊ တစ်နေ့ သူတို့နှစ်ပါး အစိရ၀တီမြစ်ထဲ ရေသွားချိုးကြရာ ရေထဲမှာအတန်ကြာတော့ ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ သဲသောင်ပြင်ပေါ်တက် သဲပူပူပေါ်မှာ ပက်လက်လှန်ကျောခင်း ဇိမ်ကျကျ အေးအေးဆေးဆေးနေရင်း မဆုံးနိုင်သော ရှေးဟောင်းနှောင်းဖြစ်တွေ အတိတ် အကြောင်းတွေ တသီတတန်းကြီးပြောနေဖြစ်ခဲ့ကြလေသည်။ ထိုအခိုက် ဟင်္သာနှစ်ကောင်ပျံလာသည်ကိုလှန်းမြင်လိုက်ကြရာ ရဟန်းငယ်က ကပြာ ကယာ ထကာ ကျောက်ခဲတစ်လုံးကိုပြေးတဲ့ကောက်ပြီး အရှင်ဘုရား ကြည့် […]

ယခုနှစ် ၁၀ တန်းကျောင်းသား/သူများ စဉ်းစားတွေးခေါ်နိုင်စွမ်းကောင်းမှ ထူးချွန်စွာ ဖြေဆိုအောင်မြင်မည်

ယခုနှစ် ၁၀ တန်းကျောင်းသား/သူများ စဉ်းစားတွေးခေါ်နိုင်စွမ်းကောင်းမှ ထူးချွန်စွာ ဖြေဆိုအောင်မြင်မည် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မေးခွန်းပုံစံပြောင်းလဲမည်မဟုတ်ဘဲ စဉ်းစားတွေးခေါ်ပြီး ဖြေရမည့်မေးခွန်းမျိုးအဖြစ် ပြောင်းလဲမေးမြန်းသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။ ယခင် မေးနေကျမေးခွန်းပုံစံ (Question Type) ကို မူပြောင်းလဲသွားမည်မဟုတ်ဘဲ ပြဋ္ဌာန်းစာအုပ် (Text Book) ထဲမှ စာသားအတိုင်းမေးသည့်မေးခွန်းမျိုးကို စဉ်းစားတွေးခေါ်ရသည့် မေးခွန်းမျိုးအဖြစ် ပြောင်းလဲခြင်းဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။ ”ကလေးတွေ ဥာဏ်ရည်နဲ့ စဉ်းစားတွေးခေါ်ပြီး ဖြေရတဲ့ မေးခွန်းမျိုးပြောင်းမယ်၊ မေးခွန်းပုံစံ (Question Type) မ ပြောင်းဘူး၊ မေးခွန်းမှာ စာအုပ်ထဲက စာ သားတွေကို ထုတ်နုတ်ပြီး မေးတာကို အဲဒီ လို တိုက်ရိုက်မပေးဘဲ ဘယ်မေးခွန်း၊ ဘယ်စာပိုဒ်ကို […]

ချောက်နှုတ်ခမ်းပါးအထိနောက်ဆုတ်ခဲ့ရသည့် ခြေလှမ်းများ

ချောက်နှုတ်ခမ်းပါးအထိနောက်ဆုတ်ခဲ့ရသည့် ခြေလှမ်းများ (တစ်) တက္ကသိုလ်မှာ စာသင်တော့ အတန်း တော်တော်များများကို ကိုယ်တိုင်ဝင်ပြီး သင်ပေးဖြစ်ပါ တယ်။ ပါမောက္ခတော်တော်များ များဟာ မရေမတွက်နိုင်တဲ့ ထွေ လီကာလီကိစ္စတွေကြောင့် စာ သင်ချိန်ကို နည်းနည်းပါးပါးက လေးသာယူလေ့ရှိပေမယ့် ကျွန် တော်ကတော့ ပထမနှစ်ကနေ ပါရဂူအကြိုတွေအထိ သင်ပေး လေ့ရှိပါတယ်။ အတန်းတော်တော်များများ ဟာ စိတ်မောစရာတွေအတိနဲ့ ပေါ့။ သင်ရင်းသင်ရင်းနဲ့ ကျောင်း သားကျောင်းသူတွေ နားလည်ဖို့ ရာ နောက်ကိုဆုတ်ဆုတ်ပြီး ဆွေး နွေးပို့ချတဲ့အခါ ဘယ်လောက်အ ထိ နောက်ကိုပြန်ဆုတ်ပေးရမှာ ပါလိမ့်ဆိုတဲ့ အတွေးတွေက မကြာခဏပါ။ (နှစ်) အတန်းတစ်တန်းမှာက ဘာ သာပြန်သင်ရိုးပါပါတယ်။ တစ်ပုဒ်က ဆရာဇ၀နရဲ့ ဘာသာပြန် သင်ခန်းစာပေါ့။အဲသည့်မှာ Magazine ဆို တဲ့စကားလုံးပါလာပါတယ်။ အဲ […]

မြန်မာနိုင်ငံရှိ အဆင့်အမြင့်ဆုံး တက္ကသိုလ်များစာရင်း ကြေညာ

မြန်မာနိုင်ငံရှိ အဆင့်အမြင့်ဆုံး တက္ကသိုလ်များစာရင်း ကြေညာ ယခုနှစ်တွင် မြန်မာတစ် နိုင်ငံလုံးရှိ အဆင့်အမြင့်ဆုံး တက္ကသိုလ်များစာရင်းကို ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမျိုးသိမ်းကြီးက သြဂုတ်နောက်ဆုံးပတ်တွင် ပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လုပ် ငန်း ညှိနှိုင်းအစည်းအဝေးတွင် ကြေညာခဲ့သည်။ တက္ကသိုလ်အဆင့် သတ် မှတ်ချက်များ စတင်ထုတ်ပြန် သည့် ပထမဆုံးနှစ်တွင် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၈ ခုအနက် မန္တလေး တက္ကသိုလ်က အဆင့် (၁)ရရှိပြီး ရန်ကုန်တက္ကသိုလ်က အဆင့် (၂)ရရှိခဲ့သည်။ နည်းပညာ တက္ကသိုလ်များတွင် ရန်ကုန်နည်း ပညာတက္ကသိုလ်က အဆင့်(၁)၊ မန္တလေးနည်းပညာတက္ကသိုလ်က အဆင့်(၂)ရရှိပြီး ကွန်ပျူတာ တက္ကသိုလ်များတွင် မန္တလေး ကွန်ပျူတာတက္ကသိုလ်က အဆင့် (၁)၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် […]

ကျွန်တော်တို့အားလုံးရဲ့ ခေါင်းထဲမှာ ထည့်သွင်းစဉ်းစားဖို့ 

ကျွန်တော်တို့အားလုံးရဲ့ ခေါင်းထဲမှာ ထည့်သွင်းစဉ်းစားဖို့  ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေး (Sustainable) ဘက်ကို မတွေးပဲ၊ ကောက်ရိုးမီးလိုပဲတွေးတယ်။ လုပ်တယ်။တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိတဲ့ အလှူအတန်းကိုလှူစေချင်လို့ပါ။ “မြန်မာတွေလှူတိုင်း ကိုယ့်အတွက်၊ နောင်ဘ၀အတွက်၊ လောဘထားပြီးလှူတယ်။ တစ်ဦးတည်းကောင်းစားရေးအတွက်။ အင်္ဂလိပ်တွေက တိုင်းပြည်နဲ့ လူထုအကျိုးရှိမဲ့အရာကို မျှော်တွေးပြီးလှူတယ်။ နောင်ဘ၀မှာ ဘာဖြစ်ရမယ်ဆိုပြီး လောဘနဲ့ မလှူဘူး။ အင်္ဂလိပ်နဲ့ မြန်မာလှူပုံလှူနည်းကွာလို့  အင်္ဂလိပ်တွေဟာလက်တွေ့ ကျကျ တိုးတက်ပြီး၊ မြန်မာတွေဟာ မွဲသထက်မွဲလာတာပဲ” ပြီးခဲ့တဲ့အပတ်က အနာက်ဘက်ပြည်နယ်မှာရှိတဲ့ သဘာဝသိပ္ပံပြတိုက် (WA Museum) ဖြစ်လာအောင် နောက်ကွယ်မှာ လူတွေဘယ်လိုလုပ်လဲဆိုတာကို သွားလေ့လာရတယ်။ Behind the Sence လို့ ခေါ်တယ်။ တကမ္ဘာလုံးမှာရှိတဲ့ အကောင်ပလောင်တွေဖမ်းပြီး သုတေသနလုပ်တယ်။ အကောင်သစ်တွေ့ ရင် နာမည်ပေးတယ်။ […]

ကိုယ့်ဆီမှာကော..ဒုတိယလူတွေအခြေအနေ

ကိုယ့်ဆီမှာကော..ဒုတိယလူတွေအခြေအနေ တရုတ်ပြည်ကို ခဏသွားတော့ သတိထားမိတဲ့အချက်ကဌာနတွေမှာ အကြီးအကဲတွေက အရွယ်လွန်တွေ။ဒါပေမယ့် သူတို့က ရုပ်ပြလောက်ပဲ။တကယ်ကြောက်စရာကောင်းအောင် ထက်မြက်တာကဒုတိယလူတွေ။ သူတို့ကို ဘယ်လိုလေ့ကျင့်ထားတယ်မသိဘူး။ကိုယ်တွေပါးစပ်အဟောင်းသားဖြစ်ရတယ်။တရုတ်တွေအင်္ဂလိပ်စာ မကောင်းဘူးမထင်နဲ့အဲ့ဒီလူတွေစကားပြောနေတာ ရုပ်မမြင်ရရင်အမေရိကန်လာပြောနေတယ်ထင်ရတယ်။သူတို့က ဌာနကို ဦးဆောင်ကွပ်ကဲတာပါပဲ။ အဲ့ဒီဒုတိယလူတွေနားမှာ တပည့်လေးတွေ အနည်းဆုံးလေး ငါး ယောက်ပါတယ်။၂ဝ ကျော် ၃ဝ အရွယ်လေးတွေ။ညစာစားပွဲလုပ်တော့ တရုတ်အဖွဲ့တွေက ကျွန်တော့်နားမှာအဲ့ဒီကလေးတစ်ယောက်ကို နေရာလာချတယ်။ခင်ဗျားအင်္ဂလိပ်လို ပြောချင်ရင် ပြောလို့ရအောင်ပါတဲ့။ ငတိလေးက အင်္ဂလိပ်လို သိပ်ကောင်းတယ်။ကျွန်တော်က သူတို့ပြည်နယ်ကို စိတ်ဝင်စားကြောင်းမြန်မာပြည်အနေအထားနဲ့ ဆင်တူကြောင်း ပြောတော့သူက တစ်လုံးချင်းထောက်တော့တာပဲ။နည်းနည်းရင်းနှီးလာတော့ မင်းက အင်္ဂလိပ်စာသိပ်ကောင်းတယ်ဘယ်မှာသင်ခဲ့လဲဆိုတော့ ပီကင်းတက္ကသိုလ်မှာ သင်တာပါတဲ့။ ဟုတ်လား ငါက ပါရဂူဘွဲ့အတွက်ပြင်ဆင်နေလို့မင်းတို့ပြည်နယ်အကြောင်း စိတ်ဝင်စားတယ်လို့ပြောတော့ကျွန်တော်က ခင်ဗျားတို့ယဉ်ကျေးမှုအကြောင်းအထူးပြုပြီးပီကင်းတက္ကသိုလ်မှာ PhD ယူထားတာဗျဒါကြောင့် ခင်ဗျားပြောတာတွေကို တစ်ခုချင်းပြန်မေးနေတာတဲ့။ ဟိုစကားပြန်ကလေးမဆိုရင်မြန်မာဘာသာနဲ့ မဟာဝိဇ္ဇာယူထားတာတဲ့။မောင်လင်းတစ်ယောက် ပါးစပ်ပိတ်သွားပြီး သူတို့ရှေ့မှာစကားအပိုမပြောရဲတော့ပါ။ပြောချင်တဲ့အချက်ကသူတို့နိုင်ငံဟာ လူကြီးတွေရဲ့ နေရာကို […]

ဆရာကြီးဆရာမကြီးများ..သိစေချင်ပါသည်

ဆရာကြီး ဆရာမကြီးများ..သိစေချင်ပါသည် Board of Studies မနက်​ဖြန်​လုပ်​မည့်​ သတ္တ​ဗေဒဌာရဲ့သင်​ကြား​ရေး​ဆွေး​နွေးပွဲအတွက်​ ​ပြောင်းလဲ​စေလို့သည့်​အတွက်​ အဆဲ​တောင်းခြင်းပါ။Curriculum ဆိုတာ Course ​တွေကို Sequential ဖြစ်​​​အောင်​ သင်​ယူရန်​ Subjects အလိုက်​လုပ်​တာလို့အတိုဆုံးနားလည်​ထားတယ်​။ မြန်​မာနိင်​ငံမှာဘာသာရပ်​တခုရဲ့ တက္ကသိုလ်​များဆိုင်​ရာ အဆင့်​အမြင့်​ဆုံးပါ​မောက္ခများနှင့်​ပညာရပ်​ဆိုင်​ရာအကြံ​ပေးအဖွဲ့ရဲ့ သင်​ကြားမှုဆိုင်​ရာ သင်​ရိုး အကြဲဖတ်​စံနစ်​ နဲ့ပတ်​သက်​ပြီးအဆင့်​အမြင့်​ဆုံး​ဆွေး​နွေးပွဲဆိုတာ Board of Studies ပါ။ ပညာ​ရေးဆိုင်​ရာ​ဆွေး​နွေးပွဲမှာ ရန်​ကုန်​တက္ကသိုလ်​မှဌာနအကြီးအကဲက ​ဆြော်​သြသူဖြစ်​ပြီးတစ်​နိင်​ငံလုံး ထက်​¾/​အောက်​တက္ကသိုလ်​များပါဝင်​ပါတယ်​။သတ္တ​ဗေဒဘာသာရပ်​အတွက်​ ရန်​ကုန်​ နှင့်​မန္တ​လေး တက္ကသိုလ်​အတွက်​ Centre of Excellence COE programme မှက​လေးများသာ အမှတ်​အမြင့်​ဆုံး ၄၅၀-၅၀၀ကြား​ခေါ်ပြီး ကျန်​တက္ကသိုလ်​များအတွက်​ ၃၀၀ မှတ်​ ပတ်​ချာလည်​ခန့်​နှင့်​​ခေါ်ပါတယ်​။ BSc MSc MRes တို့က​ကျောင်းတိုင်းတွင်​ရှိပြီး PhD က​တော့ရန်​ကုန်​နှင့်​မန္တ​လေးတွင်​ရှိပါတယ်​။BSc သင်​ရိုး ပထမနှစ်​ […]

“ပညာရေးကို မေ့ထားမယ်ဆိုရင်”

“ပညာရေးကို မေ့ထားမယ်ဆိုရင်” ဒီမိုကရေစီ စနစ်သို့ ဦးတည်သော ပြုပြင်ပြောင်းလဲရေး စတင် သည့် အချိန်အခါက စ၍ ပထမဆုံး ထွက် ပေါ်လာသည့် အသံနှင့်ယခုတိုင် မဆိတ်သေးသည့် တစ်ခုတည်းသော အသံမှာ ပညာရေးပြုပြင် ပြောင်းလဲ ရန်ဆို သော အသံပင်ဖြစ်သည်။ မည်မျှထိ ပြုပြင်ပြောင်းလဲပေးရန်ဆိုလျှင် Revolation ဆိုသည့် အလုံးစုံပြု ပြင်ဖို့အထိ “ဘာကြောင့်များ တတ်သိ ပညာရှင်တွေ၊ ဒီမိုကရက်တစ်အင်အားစုတွေ ပညာရေးဆိုတာကို အထူး အလေးဂရုပြုပြောနေရတာပါလဲ”။ ပညာရေးဆိုတာ နိုင်ငံတစ်နိုင်ငံ အတွက် အသက်ပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ တိုင်းပြည်တစ်ပြည်အတွက် ပညာရေး တိုးတက်မှု ဆုတ်ယုတ်မှု အတိုးအလျော့ မည်မျှအရေးပါသည် အရေးကြီးသည် ဆိုတာကို ဥပမာ ပြရလျှင် နိုင်ငံတစ်နိုင်ငံသည် လူတစ်ယောက် ဆိုပါက ပညာရေးသည် ဦးနှောက် […]

အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တွေက သင်ကြားသောနည်းလမ်းတစ်နည်း

အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တွေက သင်ကြားသောနည်းလမ်းတစ်နည်း အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တွေကသင်ကြားတဲ့ သင်ကြားနည်းတိုင်းကို ကျွန်တော်ကိုယ်တိုင်အကုန်လည်းမသိသလို သိသမျှတိုင်းကိုလည်း ဆောင်းပါးတစ်ခုတည်းနဲ့ ပြောလိုမရပေမဲ့ ကျွန်တော်သိတဲ့ အသုံးဝင်တဲ့နည်းလမ်းတစ်ခုကို ပြောပြချင်ပါတယ်။ Why…Why…( ဘာကြောင့်လဲ….ဘာကြောင့်လဲ…….) ကိုဆက်တိုက်မေးခြင်း ဒီနည်းလမ်းကိုပြောပြရမယ်ဆိုရင် ဥပမာအမေရိကန်ပြည်ထောင်စုက ကမ္ဘာကျော်တီထွင်သူတွေ ၊ နယ်ပယ်အသီးသီးက ပညာရှင်တွေဘာလို့ ပေါ်ထွက်လာတာလဲကို ဘာကြောင့်လဲလို့ မေးကြည့်ရအောင်။ မေးလိုက်တဲ့အခါ အမေရိကန်လူမျိုးတွေက အလိုလိုပိုတော်လို့ လားဆိုတော့ မပာုတ်ပါဘူး။ ကျွန်တော့်ကိုယ်ပိုင်အတွေ့ အကြုံအရ အမေရိကန်တွေပာာ မွေးကတည်းကတော်လို့ မပာုတ်ပါဘူး။ သူတို့ မွေးလာကတည်းက သူတို့ အတွက် A,B,C,D,E စသင်တဲ့ကာလကစပြီး စာသင်ပေးတဲ့မူကြိုစနစ်တွေ ၊ သူငယ်တန်းကစပြီး သင်ထောက်ကူပစ္စည်းအပြည့်အစုံနဲ့ ဆရာမတွေက ကျောင်းသား ၊ ကျောင်းသူတွေကိုဂရုစိုက်ပြီး သူတို့ တွေ ကိုယ့်ပာာကိုယ်တွေးခေါ်စဉ်းစားနိုင်အောင် မေးခွန်းထုတ်မှုတွေ အတန်းထဲတွင်လည်း မင်းဘာထင်လဲဆိုတဲ့ […]

သင်တန်း မသွားနိုင်သူတွေအတွက် အင်္ဂလိပ်စာ လေ့လာနည်း

သင်တန်း မသွားနိုင်သူတွေအတွက် အင်္ဂလိပ်စာ လေ့လာနည်း သင်တန်း ကောင်းကောင်းလေးတစ်ခုတက်ပြီးလေ့လာနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့်ဘယ်လိုမှကို အချိန်မပေးနိုင်လို့ သင်တန်း မတက်ဘူးဆိုရင်လည်း အလကားတော့ အချိန်မဖြုန်းသင့်ပါဘူး။ အောက်ပါ နည်းလမ်း လေးတွေနဲ့ လေ့လာထားလို့ရပါတယ်။ ကျွန်တော့် ရဲ့ “အင်္ဂလိပ်စကား အမြန်ဆုံးပြောတတ်ဖို့” ဆိုတဲ့ စာအုပ် ထဲက နည်းလမ်းအချို့ဖြစ်ပါတယ်။ အသုံးများတဲ့ Grammar Pattern အချို့ကိုလေ့လာပါ။Grammar ကိုအများကြီးစလေ့လာစရာမလိုပါဘူး။ Pattern တွေအများကြီးလေ့လာရင် ထုံသွားတတ်ပါတယ်။ဖြည်းဖြည်းသာလေ့လာပါ။ ဒါပေမယ့် အသုံးအများဆုံးတွေကို အရင် လေ့လာ ပါ။ နေ့တိုင်း စကားလုံး အသစ် လေ့လာပါ ကျွန်တော် လေ့လာ ခဲ့စဉ်က ကျွန်တော့် အိပ်ရာခြေရင်းမှာ နေ့တိုင်း စကားလုံး(၁၀)ရေးထားတဲ့ စာရွက်တစ်ရွက်ကပ်ထားပါတယ်။ တစ်နေ့ကို (၁၀)လုံးလေ့လာပါတယ်။ (၅) လုံးနိုင်ရင် (၅) […]