သားဆိုး၊ သမီးဆိုး

သားဆိုး၊ သမီးဆိုး တချို့တွေက ပြောကြပါသေးတယ်၊ “သူတို့ဘာသာသူတို့ ငါတို့ကို မွေးထားတာ၊ အမေ့ကျေးဇူးတွေဘာတွေဆိုတာ အပိုတွေပါကွာ” ဆိုပြီးတော့။ ဟုတ်ပြီ၊ မိခင်မေတ္တာကို နားမလည်သေးရင် ၃ပိဿာလောက်လေးတဲ့ ကျောက်ခဲကို ခါးမှာချည်ပြီး ၅ရက်လောက်နေကြည့်လိုက်၊ မိခင်မေတ္တာကို နားလည်သွားလိမ့်မယ်။ ရည်းစားနဲ့ကွဲတာကို ဖီးလ်တွေတက်ပြီး အသည်းတွေကွဲနေကြတယ်၊ မအေ နေမကောင်းတာကို ပြုစုရကောင်းမှန်း မသိကြပါဘူး။ ရည်းစားနဲ့ပြတ်တဲ့အချိန်ဟာ ပင်ညောင်ညိုလဲပြိုသွားတဲ့အချိန်ဆိုရင် အမေသေတဲ့အချိန်ဟာလည်း ရွှေမြင့်မိုရ်လဲပြိုတဲ့နေ့ပါပဲ။ ဒီသားသမီး စားသောက်ဖို့အတွက် ဈေးရောင်းရင်း ကားတိုက်သေတဲ့ အမေ့ကျေးဇူး ဘာနဲ့သွားပြမလဲ၊ ဒီသားသမီး ကျောင်းအပ်ဖို့အတွက် အပေါင်ဆိုင်ကို ပြေးရတဲ့ အမေ့ကျေးဇူး ဘာနဲ့သွားပြမလဲ၊ ဒီသားသမီး မှတ်၊ခြင်၊ယင် မကိုက်ဖို့အတွက် တစ်ညလုံးမအိပ်ဘဲနဲ့ စောင်ခြုံပေးရတဲ့ အမေ့ကျေးဇူး ဘာနဲ့သွားပြမလဲ ကဲပြော။ ခုနှစ်ဆယ်ကျော်လို့ ရှစ်ဆယ်စွန်းနေတဲ့ မိခင်အိုကို စိန်ရွှေပတ္တမြား၊ အိမ်မြေခြံကားတွေနဲ့ […]

အိမ်ကဘိုးဘိုး ၊ ဘွားဘွားတွေ အကြောင်း အတင်းပြောကြရအောင်

အိမ်ကဘိုးဘိုး ၊ ဘွားဘွားတွေ အကြောင်း အတင်းပြောကြရအောင် ဘိုးဘိုး၊ ဘွားဘွားတွေဟာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သဘာဝအရ ဟိုးအရင်ကနဲ့ မတူညီပဲ ပြောင်းလဲသွားတတ်တဲ့ အကျင့်လေးတွေ ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ လူငယ်တွေက သိရှိသဘောပေါက်ပြီး နားလည်ခွင့်လွှတ်ပေးနိုင်စေဖို့ ဒီစာလေးကရည်ရွယ်ပါတယ်။ ဒါမှသာ အသက်အရွယ်ကြီးရင့်တဲ့ လူကြီးသူမတွေနဲ့ လူငယ်တွေကြားမှာ နားလည်မှုရှိပြီး သာယာတဲ့မိသားစုလေးကို ပိုင်ဆိုင်မယ်လို့ မျှော်လင့်ပါတယ်။ – မေ့လျော့တတ်လာတယ် လူကြီးသူမတွေဟာ အသက်အရွယ်အရ ဦးနှောက်မှတ်ဥာဏ်တွေက အရင်လိုအလုပ်မလုပ်တော့တဲ့အခါ သတိမေ့လျော့ခြင်းတွေ ၊ သူငယ်ပြန်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်နာမည်ကို မမှတ်မိတာမျိုး၊ ပြောပြီးသားစကားတွေ ထပ်ခါထပ်ခါ ပြောတတ်တာမျိုး၊ အကြောင်းအရာတစ်ခုကို အကြိမ်ကြိမ်ပြန်မေးတတ်တာမျိုးတွေကို စိတ်ရှည်လက်ရှည်နဲ့ ပြန်လည်ဖြေကြားပေးဖို့ လိုအပ်ပါတယ် ။ – စကားအရမ်းပြောချင်ကြပါတယ် မိသားစုဝင်တွေဟာ သူတို့ရဲ့ အလုပ်ကိစ္စတွေ၊ […]

သားရှင်လို့သာအမေတွေကထင်နေကြတာ..တကယ်တော့သားတွေက

သားရှင်လို့သာအမေတွေကထင်နေကြတာ..တကယ်တော့သားတွေက လူပျို့အမေ (ရေအေး) (၁) ဒေါ်တင်မမကြီးအဖို့ ထုရသည့် ရင်ဘတ်သည် သူမ၏ ရင်ဘတ်ဖြစ်နေသောကြောင့် အသံထွက်ရုံ ခပ်သာသာလေး ထုလိုက်ရသည်။ သို့ကြောင့်ပင် စိတ်ထဲတွင် ရှိနေသည့် ကလိတိတိများသည် မကျေမချမ်းနိုင်ဘဲ “ဘယ်နှယ့်တော် … ပြောစရာလား။ တန်မှန်းမသိ၊ မတန်မှန်း မသိ’ ဟု ဆက်ပြီး ရေရွတ်မိ၏။ ထိုသို့ စဉ်းစားရင်းပင် ငြိမ်းလုလု မာနမီးတောက်သည် “ငါ့သား” ဆိုသည့် ဘဝင်လေဟပ်ကာ ချက်ချင်းပင် အသစ်တစ်ဖန် ပြန်လည်ကြီးထွား ပြန်လေရာ ပါးစပ်ကို စေ့စေ့ ပိတ်မထားနိုင်တော့ဘဲ “အံ့ကြီးကို သြပါရဲ့ တော်” ဟု အာလုတ်သံကြီးနှင့် ဟစ်မိ၏။ “သူ့သမီး အသားမည်းမ ကိုများ ငါ့သား အကောင်းစားနဲ့ ပေးစားချင်ရသေး သတဲ့” ဟု မကျေလည်စွာ ပွစိပွစိရွတ်ရင်း […]

လူကြီးများမှာတွင်တွေ့ရခဲသောကလေးတယောက်၏နူးညံ့သောနှလုးံသား

လူကြီးများမှာတွင်တွေ့ရခဲသောကလေးတယောက်၏နူးညံ့သောနှလုးံသား နေ့လယ်ထမင်းစားဆင်းချိန်မှာ သားတို့ကျောင်းက ဆရာမက ကျွန်မကို ဖုန်းလှမ်းဆက်တယ်။‘အံ့အံ့’တစ်ယောက် ဝရန်တာမှာ ဘောလုံးကစားရင်း ဘယ်ဘက်မျက်လုံး ဘောလုံးထိလို့ မျက်မှန်ပါ ကွဲသွားတယ်” ကျွန်မစိုးရိမ်တကြီး ကျောင်းလိုက်သွားပြီး သွေးထွက်နေတဲ့ဘယ်မျက်လုံးကို လက်နဲ့အုပ်ထားတဲ့အံ့အံ့ကို ဆေးရုံပို့လိုက်တယ်။ ဆရာဝန်က “တော်သေးတယ်.. မှန်ကွဲစတွေက မျက်ခွံကိုပဲထိပြီး မျက်ဆံကိုမထိမိလို့။ ဒါပေမယ့် ၆ချက်ချုပ်လိုက်ရတယ်” ပြောတယ်။ အိမ်ပြန်ရောက်တော့ ဝရန်တာမှာ ဘောလုံးကစားတဲ့အံ့အံ့ကို ကျွန်မ မအောင့်နိုင်ဘဲ ဆူမိတယ်။“ဝရန်တာမှာ ဘောလုံးမဆော့ရဘူးလို့ ဆရာမပြောထားတာ မဟုတ်လား၊ ဘာလို့ ဆရာမစကား နားမထောင်ရတာလဲ အံ့အံ့” “သားမဆော့ဘူး မေမေ။ သားအိမ်သာအသွားမှာ ‘ဂျယ်ဂျယ်’ ကန်လိုက်တဲ့ ဘောလုံးကြောင့် ထိသွားတာ။ ဆရာမက သားမလိမ္မာဘူးဆိုပြီး စိတ်ဆိုးတယ် မေမေ” နောက်တစ်နေ့ ကျောင်းကို ကျွန်မလိုက်သွားပြီး ဆရာမကို အကျိုးအကြောင်း ပြောပြခဲ့တယ်။ ဂျယ်ဂျယ်ကို […]

မိဘက_မိဘပါပဲ

မိဘက_မိဘပါပဲ မထင်မရှားမြို့လေးတစ်မြို့မှာ အမေအိုတစ်ယောက်နဲ့အရွယ်ရောက်နေတဲ့သားတစ်ယောက်ရှိခဲ့တယ်မိခင်အိုကြီးက ကော်စုပ်ကော်ပျက် သံတိုသံစ ပစ္စည်းအဟောင်းဆိုင်လေးနဲ့သားလုပ်သူကိုကျွေးမွေးစောင့်ရှောက်လာခဲ့တယ် သားလုပ်သူကတော့ အလုပ်မလုပ် မိခင်အိုကြီးကိုလဲ ဝိုင်းမကူ အပေါင်းအသင်းတွေ”နဲ့သာ ပျော်ပါးနေခဲ့တယ်။ တစ်နေ့ သားလုပ်သူကမိခင်အိုကြီးကိုအပြစ်ပြောလာတယ်အမေရာ ဒီအလုပ်ကြီးမလုပ်ပါနဲ့ဗျာ ကျွန်တော်ရှက်လို့ပါ ဆိုပြီးပေါ့”မိခင်အိုကြီးကတော့သားလုပ်သူကိုအပစ်မမြင်ရှာဘူးလုပ်မြဲတိုင်းသာ ဆက်လုပ်နေခဲ့တယ်။ ဒီလိုနဲ့ကြာလာတော့ သားလုပ်သူက မိခင်အိုကြီးကိုထပ်ပြီးပြောလာပြန်တယ်ဟာဗျာ”ဒီအလုပ်ကြီးမလုပ်ပါနဲ့ဆို ရှက်ဖို့ကောင်းတယ်ဗျ ဒီလို”လုပ်နေတာ သူငယ်ချင်းတွေကြားထဲမှာ ကျွန်တော်မျက်နှာမပြရဲတော့ဘူးး” အမေဆက်လုပ်နေရင် ကျွန်တော်အမေနဲ့ မနေဘူးဆိုပြီးမိခင်အိုကြီးကိုထားပြီးတခြားမြို့ကိုထွက်သွားခဲ့တယ်..သားလေးမသွားပါနဲ့သားလေးရယ် ဒီအလုပ်မလုပ်လို့ အမေဘာအလုပ်လုပ်ရမှာလဲသားရယ် ရှက်စရာမဟုတ်ပါဘူးးးကွယ် မသွားပါနဲ့ အမေ့ကိုတစ်ယောက်ထဲထားမသွားပါနဲ့”ငိုယိုပြီးတောင်းပန်နေပေမယ့် သားလုပ်သူထားခဲ့ပြီလေ” ဒီလိုနဲ့ သားလွမ်းတဲ့စိတ်နဲ့ တစ်ငိုငိုတစ်ယိုယိုနဲ့ပေါ့ တစ်နေ့မှာတော့ မနေနိုင်အောင်သတိရတဲ့စိတ်ကြောင့်သားလုပ်သူကိုရှာဖို့”သူ့ရဲ့အဟောင်းပစ္စည်းအဝယ်ဆိုင်လေးကို ပစ်ထားခဲ့ပြီးးမရင်းနှီးတဲ့ တခြားမြို့လေးကို သားရှာပုံတော်ဖွင့်ခဲ့တယ်ပေါ့” ဟိုနေရာတွေ့နိုးနိုး ဒီနေရာတွေ့နိုးနိုးနဲ့ ရှာရင်းရှာရင်းးနဲ့ မျက်စိလည်လမ်းမှားပြီးဒုက္ခရောက်ရပြီလေ”’မိမိနေရပ်ကိုလဲမပြန်တက် သားလဲမတွေ့တဲ့ မိခင်အိုကြီးခမျာမှာတော့ ဒုက္ခတွေတစ်လှေကြီးနဲ့ပေါ့””တစ်နေ့ လမ်းဘေးတစ်နေရာမှာထိုင်နေတုန်း ခွေးလေးတစ်ကောင်အနားရောက်လာခဲ့တယ် ခွေးလေးကိုပိုက်ပြီသူ့သားလေးပြန်တွေ့ပြီဆိုတဲ့အသိနဲ့ပျော်နေခဲ့တယ်။ ခံစားရတဲ့စိဏ်ဒါဏ်ရာကြောင့် ခွေးလေးကိုသူ့ရဲ့ပျောက်ဆုံးသွားတဲ့သားအဖြစ်မြင်နေခဲ့တယ်”(စိတ်ဝေသနာ စွဲကပ်သွားရပြီ”)အဲ့အချိန်ကစပြီးးးးအမေအိုကြီးခမျာ […]

ဖခင်တစ်ယောက်မှ သူ၏ သမီး သို့ပေးသောစာ

ဖခင်တစ်ယောက်မှ သူ၏ သမီး သို့ပေးသောစာ သင်၏ သားသမီးများကိုလည်း ပေးဖတ်ပါ။ဤစာကို ဟောင်ကောင် နံမည်ကြီး တီဗွီ ချယ်နယ် တွင် အသံလွှင့်သူ လည်းဖြစ် ခလေး စိတ်ပညာဆိုင်ရာ ပါရဂူ တစ်ယောက်လည်း ဖြစ်သော ဖခင်တစ်ယောက်မှ သူ၏ သမီး ဖြစ်သူထံသို့ ရေးသားခဲ့ပါသည်။ အဆိုပါ စာပါ အကြောင်းအရာများသည် အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သားသမီးဖြစ်စေ မိဘဖြစ်စေ ကျွန်ုပ်တို့အားလုံးအတွက် အကြုံးဝင်ပါသည်။မိဘများမှ သားသမီးများကို ဆုံးမသည့် အခါ အဆိုပါ အကြောင်းအရာများကို ပြောဆိုသင်ကြားပေးသင့်ပါသည်။ သမီးရေ….ဖေဖေဒီစာကို ရေးလိုက်တာ အကြောင်း အရင်း၃ခုရှိပါတယ်။ ၁။ ဘဝရယ်၊ ကံကြမ္မာ ရယ်၊ ကံဆိုးမိုးမှောင်ကျမှုရယ်ဆိုတဲ့ အရာတွေဟာ ဘယ်တော့မှ ကြိုတင်မှန်းဆလို့ မရပါဘူး။ ဖေဖေတို့ ဘယ်လောက်သက်တမ်းအထိ နေရမယ်ဆိုတာလည်း […]

သင့်အချစ်ရေး ပြိုကွဲတော့မယ်ဆိုတာ မီးနီပြနေတဲ့ အချက်များ

သင့်အချစ်ရေး ပြိုကွဲတော့မယ်ဆိုတာ မီးနီပြနေတဲ့ အချက်များ အချစ်ရေး ခိုင်မြဲဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့အရာတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ သူစိမ်းနှစ်ယောက် လက်တွဲတာဖြစ်တဲ့အတွက် စိတ်သဘောထားမတိုက်ဆိုင်တာတွေ ၊အမူအကျင့်မတူတာတွေရှိနေနိုင်ပါတယ်။ တစ်ချို့အတွဲတွေက ပြတ်စဲလိုစိတ်ရှိကြပေမယ့် အချိန်ကြာတဲ့အထိ နောက်ဆုံးမှာ လက်တွဲသွားတတ်ကြပါတယ်။ လူတိုင်းကတော့ လွယ်လွယ်နဲ့ ဘယ်သူမှ အဆုံးသတ်ချင်မှာ မဟုတ်ပါဘူး။ ပြတ်ဆဲတော့မယ့် သင်တို့Relationship တစ်ခုမှာ ပြတ်ဆဲတော့မယ်အကြောင်းကို ပြနေတဲ့ မီးနီတစ်ချို့ရှိပါတယ်။ ၁။ဆန့်ကျင်ဘက်အမြင်တွေရှိနေတာ ဆန့်ကျင်ဘက်ဆိုတာဆွဲဆောင်နိုင်ပါတယ်။ ဒါပေမယ့်ဒီနေရာမှာဆန့်ကျင်ဘက်ဖြစ်နေတာ သိပ်တော့မကောင်းလှပါဘူး။ လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်ဖြစ်နေပြီဆိုရင် ရှေ့ဆက်ဖို့ အလုပ်မဖြစ်နိုင်ပါဘူး။ ဥပမာအနေနဲ့ဆိုရင် မ၀ါဒီတစ်ယောက်နဲ့ ရှေးရိုးဆန်တဲ့ ပါတနာတစ်ယောက်ကိုပဲတွဲမြင်ကြည့်ပါ။ ဒါကြောင့်တစ်ယောက်ယောက်နဲ့ပတ်သက်ပြီး သင်အသည်းအသန်မခံစားရသေးခင်မှာ ဒီလိုအခြေအနေတွေကို စဉ်းစားထားဖို့လည်းလိုပါတယ်။ ၂။မကြာခဏ ငြင်းခုန်ရတာ အသေးအမွှားလေးတွေကအစ မကြာခဏငြင်းခုန်နေရတယ်ဆိုရင် သင်တို့နှစ်ယောက်က ဘယ်လိုမှ စိတ်သဘောထားချင်းတိုက်ဆိုင်တဲ့သူတွေမဖြစ်နိုင်ပါဘူး။ဒီလို ခဏခဏငြင်းနေရတာကြာရှည်မှာ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ ၃။သင်တို့ရဲ့ဆက်ဆံရေးက […]

မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ ........

မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ ……..

မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ …….. ကြိုတင်စိတ်မော လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလောတကြီး လုပ်လို့ မရပါဘူး။ အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။ မင်္ဂလာခန်းမမှာ အဆင်ပြေချောမွေ့ရုံနဲ့တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆိုနိုင်ပါဘူး။ မင်္ဂလာဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာချမ်းမြေ့ စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။ လက်မထပ်ခင် ဆေးစစ်ခြင်း လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမှာ […]

အချစ်ဆုံးကို နားလည်ပါ

အချစ်ဆုံးကို နားလည်ပါ ခင်ပွန်း တစ်ခါတလေမှာ သူဟာကလေးဆိုးကြီးနဲ့တူတတ်တယ်။ရုံးဝတ်စုံကိုချွတ်ပြီးနောက်သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့သူ့ကိုဗွေမယူပါနဲ့။ သွယ်ဝိုက်ပြီး အကြိမ်ကြိမ်သတိပေးမှကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကိုခွင့်လွှတ်နားလည်ပေးပါ။တကယ်တော့… သန်မာထွားကြိုင်းတဲ့သူ့ခန္ဓာအောက်ကအသည်းနှလုံးတစ်စုံဟာ ကိုယ့်ဆီကခွင့်လွှတ်နားလည်မှုနည်းနည်းနဲ့ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။ ဇနီး သူ့ဆီမှာကိုယ်တောင်းဆိုတဲ့အရာတွေကကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလိုသဘာဝကျပါသလား။ တခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။တစ်ခါတလေ သူ့အစား ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။ တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့ချိုမြိန်တဲ့စကားတွေ သူ့ကိုနည်းနည်းပိုပေးလိုက်ပါ။ သားသမီး သေးငယ်တဲ့သူ့ရဲ့လက်တွေက နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုးဖြစ်လာနိုင်မလဲ။ရီပို့ကတ်ပေါ်ကအမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။ စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလိုနူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံရှိသင့်ကြောင်းလည်းပြောပြပါ။သူကြီးပြင်းရာလမ်းတစ်လျှောက်မှာလမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။ မိဘ အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။ကိုယ့်သားသမီးတွေရဲ့ ငိုသံကကိုယ့်မိဘတွေရဲ့သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကိုကိုယ်မမေ့ပေမယ့်ကိုယ်အိမ်ပြန်ချိန်ကိုမျှော်နေတတ်တဲ့မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ကိုယ်လျှစ်လျှူရှူမိတတ်တယ်။ လောဘရမ္မက်ရဲ့တောင်းဆိုမှုကိုဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။အရေးကြီးတာက မိဘတွေကိုကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။ မောင်နှမ […]

နွေးနွေးထွေးထွေးအိမ်ထောင်ရေး

နွေးနွေးထွေးထွေးအိမ်ထောင်ရေး ကိုယ့်ကို အလိုလိုက်စေချင်တဲ့အခါ… ကိုယ့်ချစ်သူ(သို့)ကိုယ့်ခင်ပွန်းကို ကိုယ်ဖြစ်စေချင်တာလေးတွေဖြစ်ဖို့၊ သူတို့အနေနဲ့အချို့ကိစ္စရပ်တွေမှာ ကိုယ့်ကို ကိုယ့်အလိုအတိုင်း ကူညီဆောင်ရွက်ပေးဖို့ကို ကျွန်မတို့အမျိုးသမီးတွေက လိုလားတတ်ကြပါတယ်။ဒါကလည်း အရေးကြီးတဲ့ကိစ္စတစ်ခုလို့မြင်မိတယ်။ သူ့ကို ကိုယ်က အကူအညီတောင်းသင့်တာလား၊ ကိုယ့်ချစ်သူမို့ကိုယ့် ဇနီးမို့ ဖြစ်အောင်လုပ်ပေးရမယ်ဆိုတဲ့သဘောနဲ့အမိန့်ပေးပြီး စေခိုင်းသင့်တာလား လို့ပါ။ အကူအညီတောင်းတာ၊ Request (ပန်ကြားတာ)နဲ့ အမိန့်ပေးတာ၊ စေခိုင်းတာ မတူပါဘူး။ ဒီသဘောတရားကို သေချာနားလည်တဲ့သူတွေကတော့ ဘယ်တော့မှ ဘယ်သူ့ကိုမှ အမိန့်မပေးကြဘူး၊မစေခိုင်းကြပါဘူး။ သူတို့က အမြဲတမ်း ပြောလေ့ရှိတာကတော့ တစ်ခုလောက် အကူအညီတောင်းချင်တယ်၊ ကျွန်မ Request လုပ်ချင်ပါတယ်ဆိုပြီးတော့ပဲ သုံးလေ့ရှိတယ်။ အိမ်ထောင်ရေးမှာလည်း ကိုယ့်ခင်ပွန်းမို့ကိုယ့်ချစ်သူမို့ ဖြစ်အောင်လုပ်ပေးရမယ်လို့ကျွန်မတို့မိန်းမတွေက တယူသန် သတ်မှတ်ထားလေ့ရှိတယ်။ သူ ယောင်္ကျားပဲလုပ်ပေးရမှာပေါ့။ ဒါလေးတောင် လုပ်မပေးနိုင်ဘူးလားဆိုတဲ့အမြင်မျိုးလည်း ရှိကြပါတယ်။ ဒါကို မမှန်ဘူးလို့လည်း မပြောလိုပါဘူး။ ကိုယ့်ရဲ့တာဝန်နဲ့ဝတ္တရားကို သိပြီး […]