အာလူးကြိုက်သောသူများ သတိပြုဖွယ်

အာလူးကြိုက်သောသူများ သတိပြုဖွယ် ပန်းချီဆရာကြီး “ဗင်းဆင့်ဗင်ဂိုး” ရဲ့ “အာလူးစားသူများ” ပန်းချီကားဟာ ကမ္ဘာကျော်ပါတယ်။ ကမ္ဘာကျော် “အာလူးစားသူများ” ပန်းချီကားထဲက လူတွေကတေ့ အစာရေစာရှားပါးလို့ အာလူးတစ်မျိုးတည်းကို ညစာအဖြစ်စားနေတဲ့ပုံလေး ဆွဲထားတာပါ။ ယခုရေးမယ့်ဆောင်းပါးကတော့ အာလူးကြိုက်တဲ့လူတွေ အတွက်ပါ။ အာလူးအရသာတွေ့သွားရှာတဲ့လူတွေဟာ အာလူးကိုစားလာတာများလာလို့ အာလူးအကြောင်း တစေ့တစောင်းဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။ အာလူးတွေမှာ ပိုတက်စီယမ်သတ္တုဓာတ် မြင့်မားကြွယ်ဝပါတယ်။ သင့်လျောမှန်ကန်တဲ့ ပိုတက်စီယမ်သတ္တုဓာတ်ဆားပမာဏကို စားပေးနိုင်ပါက သွေးတိုးရောဂါဖြစ်နိုင်ခြေနည်းပါး ကျဆင်းစေနိုင်ပါတယ်။ သို့သော် သင့်တင့်မျှတတဲ့ ပမာဏထက် ပိုလာရင်တော့ ဆိုလိုတာက အာလူးအများကြီးစားမိရင် ကယ်လိုရီတွေ တက်လာတော့မယ်ဆိုတာ ကြိုသတိပေးလိုပါတယ်။ အာလူးကို အသားနဲ့ရောချက်တဲ့ဟင်း ဒါမှမဟုတ် အာလူးပြုတ် ဒါမှမဟုတ် ဆီနဲ့အားရပါးရကြောထားတဲ့ အာလူးကြော်ဆိုရင်တော့ သင့်မှာမလိုချင်တဲ့ ကယ်လိုရီတွေရော၊ အဆီဓာတ်တွေရော အပိုဆုတွေ ထပ်ထပ်ရမှာမလွဲပါဘူး။ သွေးတိုးရောဂါနဲ့ ပိုတက်စီယမ်သတ္တုဓာတ်ဆား စားပေးခြင်း […]

ရယ်မောခြင်းသည် လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်စေနိုင်

ရယ်မောခြင်းသည် လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်စေနိုင်

ရယ်မောခြင်းသည် လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်စေနိုင် ရယ်မောခြင်းဟာ သွေးဖိအားကို လျော့ကျ စေပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့အပြင် ခန္ဓာကိုယ် ခုခံအားစနစ်ကိုလည်း တွန်းအား ပေးတဲ့အတွက် ကိုယ်တွင်း လမ်းလျှောက် လေ့ကျင့်ခန်းလို့ ခေါ်ဆိုနိုင်ကြောင်း ကာလီဖိုးနီးယားပြည်နယ် လိုမာလင်ဒါ တက္ကသိုလ်မှ ပညာရှင်တွေရဲ့ လေ့လာမှုမှာ ဖော်ပြပါတယ်။ အဲဒီလေ့လာမှုမှာ ပါဝင်သူတွေကို ဟာသ ကားတွေ မိနစ် ၂၀ ကြာ ကြည့်ခိုင်းပြီးနောက် နေ့စဉ် ဗာဟီရတွေကို ဆက်လက် လုပ်ဆောင်စေတဲ့အခါ ၎င်းတို့မှာ စိတ်ဖိစီးမှု ဟော်မုန်း၊ သွေးဖိအားနဲ့ ကိုလက်စထရောတို့ သိသိသာသာ ကျဆင်းလာတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ရယ်မောခြင်းဟာ နှလုံးရောဂါနဲ့ သွေးတိုးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း၊ အထူးသဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်ဖို့ မလွယ် တဲ့ […]

No Caffeine for kids

No Caffeine for kids

No Caffeine for kids ကလေးတွေကို Chocolate၊ Chocolate ပါတဲ့ မုန့်၊ ကျွဲုရိုင်း၊ ကိုကာကိုလာ၊ သဘာဝမဟုတ်တဲ့ အအေးဘူးတွေ၊ gas ပါတဲ့ carbonated drinks တွေ တိုက်နေကြတာတွေ့ရပါတယ်။ တစ်နှစ်၊ နှစ်နှစ် လောက်ထိ ငယ်တဲ့ ကလေးတွေကို တိုက်နေတာ ကြတာပါ။ ဒါတွေဟာ အရမ်းကို အန္တရာယ် များပါတယ်။ ကလေးဆိုတာကတော့ ချိုတော့ ထမင်းကျွေးရတာထက် ပိုလွယ်တာပေါ့။ အလွယ်တကူ စားတယ်… သောက်တယ်…. အများကြီး စားတယ်ပေါ့။ ဒါပေမယ့် ဒီအစားအစာတွေထဲမှာ ပါတဲ့ သကြားဓါတ်နဲ့ အအေးဘူးတွေမှာ ပါတတ်တဲ့ caffeine ဓါတ်တွေဟာ ကလေးတွေအတွက် မသင့်တော်ပါဘူး။ ရှောင်ရပါမယ်။ Chocolate က cocoa အသီးကနေ ထုတ်ထားတယ်။ […]

အိပ်မက်အကြောင်း သိကောင်းစရာ

အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုး (၁၀) ခု

အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုး (၁၀) ခု အိပ်စက်ခြင်းသည် သတ္တ၀ါတိုင်းအတွက် အရေးကြီးလှပါတယ်။ တစ်နေ့မှာ လင်းနို့ဟာ ၁၉.၉နာရီ၊ ခြင်္သေ့ဟာ ၁၃.၅နာရီ၊ ကြောင်ဟာ ၁၂.၅နာရီ၊ ခွေးဟာ ၁၀.၁နာရီ၊ ယုန်ဟာ ၈.၄နာရီ၊ နွားဟာ ၄နာရီနှင့် မြင်းဟာ ၂.၉နာရီ အသီးသီးအိပ်စက်ကြပါတယ်။ တစ်နေ့ ၂၄နာရီတွင် ၈နာရီ အိပ်စက်ကုန်ဆုံးစေခြင်းဖြင့် အိပ်စက်ခြင်းသည် လူတစ်ယောက်၏ ဘ၀တွင် အရေးကြီးကြောင်း သိနိုင်ပါတယ်။ ယနေ့ခေတ် လူငယ်တွေဟာ သန်းခေါင်ညဥ့်နက်တိုင်အောင် ရည်းစားနှင့်ဖုန်းပြောခြင်း၊ Chatting ထိုင်ခြင်း၊မူးယစ်သောက်စားခြင်း အစရှိသဖြင့် အိပ်စက်ခြင်းကို အရေးမပေးကြောင်း သိရှိရပါတယ်။ ထို့ကြောင့် အိပ်ရေးမဝခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက် (၁၀) မျိုးကို ဆင်ခြင်ဖွယ် ဖော်ပြလိုက်ရပါတယ်။ ၁။ အိပ်ရေးမဝခြင်းသည် မတော်တဆမှုများကို ဖြစ်စေပါတယ်။ သမိုင်းမှာ […]

CTScanရိုက်တာ ဘာအန္တရာယ်ရှိသလဲ

CTScanရိုက်တာ ဘာအန္တရာယ်ရှိသလဲ •CT ရိုက်တာကိုVery low-risk procedure အန္တရာယ် နည်းလွန်းတဲ့ လုပ်ဆောင်မှုလို့ သတ်မှတ်ပါတယ်။ •ဆရာဝန်တွေက မလိုအပ်ဘဲ ရိုက်ဘို့မခိုင်းပါ။ •သတိထားစရာတွေ ရှိပါတယ်။ ရိုးရိုးX-rays ထက် ပိုပြီး X-rays သုံးရတယ်။ •ထိုးတဲ့ဆေးကြောင့်ပျို့တာ၊အနေရခက်တာ၊ နွေးလာတာ၊စိုထိုင်းထိုင်းခံစားရတာမျိုး ခဏဖြစ်လာနိုင်တယ်။ •Side effects ဘေးထွက်-ဆိုးကျိုးတွေထဲမှာ သွေးပြန်ကြောထဲထိုးပေးရတဲ့ Liquiddye နဲ့ Allergic reactions မတည့်တာဖြစ်ပါတယ်။ ဒီလိုမတည့်သူ ၁ သိန်းမှာ ၁ယောက်သာ ရှိတယ်။ မထိုးခင် တည့်-မတည့် စမ်းသေးတယ်။ •ဒါ့ကြောင့် Asthma ပန်းနာရှိသူ၊Emphysema အဆုပ်ရောဂါရှိသူတွေကို သတိထားရမယ်။ •ကျောက်ကပ် ကောင်းနေရင် ကိစ္စမရှိပါ။ ရိုက်ပြီးရင် ရေများများ သောက်တာကောင်းတယ်။ •ရှားရှားပါးပါးဒီဆေးကသိပ်မကောင်းတဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်လို့အထူးသတိထားရတယ်။ဆေးလျော့ ထိုးရတတ်တယ်။ […]

အဲကွန်းသုံးစွဲခြင်းနှင့်ပန်ကာသုံးစွဲခြင်းအားကျန်းမာရေးရှုထောင့်ဖြင့်နှိုင်းယှဉ်ခြင်း

အဲကွန်းသုံးစွဲခြင်းနှင့်ပန်ကာသုံးစွဲခြင်းအားကျန်းမာရေးရှုထောင့်ဖြင့်နှိုင်းယှဉ်ခြင်း

အဲကွန်းသုံးစွဲခြင်းနှင့်ပန်ကာသုံးစွဲခြင်းအားကျန်းမာရေးရှုထောင့်ဖြင့်နှိုင်းယှဉ်ခြင်း အဲကွန်း ဆိုတာ တစ်ကမ္ဘာလုံးက ကမ္ဘာ့  လူနေမှုစနစ်မှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေတာပါ။ အဲယားကွန်း ထုတ်လုပ် ဖြန့်ချိတဲ့ ကုမ္ပဏီတွေဟာ ကမ္ဘာတစ်ဝန်း တစ်နေ့ထက် တစ်နေ့ ပိုမိုများပြား လာပြီး လူနေမှုစနစ် တွေမှာ ပိုမိုသုံးစွဲ လာတာကိုသာ တွေ့ရပါတယ်။ အဲယားကွန်း အသုံးပြုခြင်းသည် ကျန်းမာရေး နှင့် ညီညွတ်ခြင်း ရှိ-မရှိကို ကျန်းမာရေး ရှုထောင့်မှ တင်ပြရန် လိုအပ်လာပြီ ဟု ထင်မြင်မိသဖြင့် အဲယားကွန်း နှင့် ကျန်းမာရေး ဆက်စပ်မှုကို ရေးသား လိုက်ရပါသည်။ များသောအားဖြင့် အိပ်ခန်း ကလည်း လေမဝင်နိုင်တဲ့ နေရာမျိုးဖြစ်၊ ပန်ကာ လေပူကြီး ကိုလည်းမကြိုက်၊ ငွေကြေးလည်း တတ်နိုင်လျှင် အိမ်များ၏ အိပ်ခန်း များတွင် အဲယားကွန်း […]

လေမဖြတ်ချင်သူများအတွက်

လေမဖြတ်ချင်သူများအတွက် လွန်ခဲ့တဲ့ ၉နှစ်လောက်က နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စာအုပ်ကို လစဉ် ထွက်တာနဲ့ ဝယ်ပြီးဖတ်တယ် ။ အဲ့ဒီထဲမှာက ဗဟုသုတ မှတ်သားဖွယ်ရာတွေ အကိုးကားနဲ့ ပါလေ့ရှိတယ် ။မှတ်ထားမိတာလေး ပြန်လည်မျှဝေတာပါ။ ကိုယ်တိုင်လည်း သောက်သုံးဖူးတယ်။ အရသာကတော့ တော်တော် ခါးပါတယ်။လိပ်စာ အတိကျတော့မမှတ်မိတော့ပါဘူး မုံရွာနယ်က ကျေးရွာ တစ်ရွာက တောကျောင်း ဘုန်းတော်ကြီးတစ်ပါးရဲ့ ဆေးနည်လေးပါ။ ဖြစ်စဉ်ကတော့ မုံရွာ-မန္တလေး ကားမောင်းသမား တယောက်ဟာ နေဒဓူဝ ကားမောင်းရတဲ့ အဖြစ်ကနေ ကိုယ်တစ်ချမ်း သေပြီး လေဖြတ်တယ်ဆိုပါတော့ ။ ဆေးရုံ ဆေးခန်း ပေါင်းများစွာ ဆေးကုပေါ့ သို့သော်လည်း အကောင်းတိုင်းပြန်မဖြစ်တော့ပါဘူး ။ ဒီလိုနဲ့ တစ်ယောက်စကား တယောက်နား ဆိုသလို ထိုဘုန်းတော်ကြီး ရှိတဲ့ တောကျောင်းကို မျှော်လင့်ချက်များစွာနဲ့ […]

Menstruation လာချိန်တွင် ရှောင်ရန် ဆောင်ရန် သိထားသင့်သည့် အချက်များ

 Menstruation လာချိန်တွင် ရှောင်ရန် ဆောင်ရန် သိထားသင့်သည့် အချက်များ မေဒီတစ်ခေါက်တော့ မိန်းကလေးတွေနဲ့ ပတ်သက်တဲ့အကြောင်းပြောပြချင်ပါတယ်။ မေ့ကို တော်တော်များများလာမေးကြဖူးတယ်။ Menstruation ရာသီလာချိန်မှာ မှာဘာတွေရှောင်သင့်သလဲဆိုတာလေးတွေပေါ့နော်။ အဲ့ဒီမေးခွန်းတွေ အားလုံးကို မေဒီမှာ ပြည့်စုံစွာ ရှင်းပြချင်လို့ ပါ။ မေနားလည်ပါတယ်။ ဒီလို အချိန်အခါက မေတို့ မိန်းကလေးတိုင်း စိတ်ညစ်ရတဲ့ အချိန်ပါပဲ။ လူကလည်း နေလို့ မကောင်း စိတ်ကလည်းမကြည် ဗိုက်ကလည်းဆာ ဟိုလူကိုလည်း ကြည့်မရ ဒီလူကိုလည်း ကြည့်မရနဲ့ ၊ အရေးထဲ တစ်ကိုယ်လုံးကလည်း ကိုက်ခဲနေရတယ်။ ပြီးတော့အရမ်း emotional ဖြစ်တတ်ကြတယ်။ ဒါကြောင့် မိန်းကလေးတိုင်း သိထားသင့်တဲ့ menstruation လာနေတဲ့ အချိန်မှာ ရှောင်ရန်ဆောင်ရန်လေးတွေ မေပြောပြပါ့မယ်။ ရှောင်စရာတွေက ပိုအရေးကြီးတာမို့  ဘာကြောင့်ရှောင်သင့်တာလဲဆိုတာ […]

အလူမီနီယမ်လွှာ (ခဲပတ်စက္ကူ)က ကျန်းမာရေးအတွက်ဘာတွေအသုံးတည့်သလဲ

အလူမီနီယမ်လွှာ (ခဲပတ်စက္ကူ)က ကျန်းမာရေးအတွက်ဘာတွေအသုံးတည့်သလဲ

အလူမီနီယမ်လွှာ (ခဲပတ်စက္ကူ)က ကျန်းမာရေးအတွက်ဘာတွေအသုံးတည့်သလဲ အလူမီနီယမ်လွှာ (ခဲပတ်စက္ကူလို့ လူသိများ)ဟာ အစားအသောက်တွေထုပ်ပိုးတာ၊ မီးကင်တဲ့နေရာမှာသုံးရုံ သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးပြုတယ်ဆိုရင် အံ့ဩမိမှာပါ။ ဒီတော့ကာ ဘယ်လိုတွေအသုံးပြု နိုင်တယ်ဆိုတာ လေ့လာကြည့်ရအောင်ပါ ပင်ပန်းနွမ်းလျမှုကို သက်သာစေ ခြင်း အလူမီနီယမ်လွှာကို အသုံးလိုသလောက်ဖြတ်ပြီး ရေခဲသေတ္တာထဲမှာ သုံး၊ လေးနာရီ လောက် အေးခဲထားကာ မျက်နှာကို ကပ်ပေးရင် စိတ်ကြည်လင်လန်းဆန်းစေသလို မျက်စိကြောင် ပြီး အိပ်မပျော်တာတွေကိုလည်း သက်သာစေပါတယ်။ အပူလောင်နာ သက်သာစေခြင်း အပူလောင်ခံရပြီဆိုရင် အ ပူလောင်တဲ့နေရာကို အရင်ဆုံး ရေခဲရေနဲ့ ဆေးကြောကာ အဝတ် စနုနုနဲ့ ခြောက်သွေ့အောင်သုတ် ပါ။ ပြီးရင် အပူလောင်နာလိမ်း ဆေးသုတ်ပြီး ပိုးသတ်ထားတဲ့ ပတ်တီးစလေးနဲ့စည်းပြီးရင်တော့ အပြင်ဘက်ကနေ အလူမီနီယမ် လွှာကို ပတ်ထားပေးရင် အပူ […]

ဆီးချိုရောဂါအတွက် နောက်ဆုံးပေါ်လက်နက်

ဆီးချိုရောဂါအတွက် နောက်ဆုံးပေါ်လက်နက်

ဆီးချိုရောဂါအတွက် နောက်ဆုံးပေါ်လက်နက် ကညွတ်ဟာ ဆီးချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆိုကညွတ်ကို ပုံမှန်စားသုံးတဲ့ သူတွေ ဟာ သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ် အောင် ထိန်းချုပ်နိုင်ပြီး ဂလူးကို့စ်ကို စုပ် ယူဖို့ ကူညီနိုင်တဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ် လို့ သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါ တယ်။ ဒါကြောင့် ကညွတ်ဟာ ဆီးချိုရော ဂါကို တွန်းလှန်ဖို့ နောက်ဆုံးပေါ်လက် နက်ဖြစ်လာမယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည်ကြ ပါတယ်။ ကမ္ဘာပေါ်မှာ လူ ပေါင်း တစ်သန်းကျော်ဟာ ဆီးချိုရောဂါ ဖြစ်နေမှန်း မသိရှိကြသူ တွေဖြစ်ပါတယ်။ မောပန်းတာ၊ ရေငတ်တာ၊ မကြာခဏ ဆီးသွားတာ၊ မှက္ခရုပေါက်တာနဲ့ အနာ ကျက်နှေးတာလိုမျိုး ဆီးချိုရောဂါရဲ့ […]