ဆီးကျောက်တည်နေသလား

ဆီးကျောက်တည်နေသလား လောကမှာ ကျောက်ဆိုရင် တန်ဖိုးရှိမယ်၊အဖိုးတန်မယ်သာ ထင်တတ်တယ်။အထူးသဖြင့်မြန်မာနိုင်ငံက ကျောက်နဲ့နာမည်ကြီးတာမလား။ ကျောက်ဆိုရင် လူမျိုးတိုင်း၊နိုင်ငံတိုင်းက တန်ဖိုးထားချင်ကြတယ်။တချို့နေရာတွေမှာ တန်ဖိုးထားချင်စရာမကောင်းတဲ့ကျောက်လည်း ရှိတတ်တာပဲ။လူ့ခန္ဓာကိုယ်ထဲက ထွက်တဲ့ကျောက်မှန်သမျှတော့ ကောင်းတယ်ကိုမရှိဘူး။ bladder stoneသည်းခြေကျောက်၊kidney stoneဆီးကျောက် စသည်ဖြင့် ကျောက်အမျိုးမျိုးထွက်နေပေမယ့် တန်ဖိုးမရှိတာသာများတယ်။ တခါတရံ တန်ဖိုးမရှိတဲ့ကျောက်က တန်ဖိုးရှိလာတာမျိုးလည်း ဖြစ်နိုင်တယ်။ ဥပမာ ဆေးရုံဆေးခန်းတက်ရပြီဆို သူ့တန်ဖိုးကတက်လာတယ်။ ပြောမယ်ဆို ကြီးရင် ကြီးသလောက်တန်ဖိုးတက်သလို အရင်းအနှီးပိုများလာတယ်။ ကရိကထ ပိုများလာတယ်။ ဆီးလမ်းကြောင်းမှာ ကျောက်တည်တာကို ဆီးကျောက်တည်တယ်လို့ အလွယ်ခေါ်ကြတယ်။ urolithiasisလို့လည်း ခေါ်နိုင်တယ်။ကျောက်ကပ်ထဲကျောက်တည်တာမျိုးကျ kidney stoneတဲ့။လက်တင်လိုကျတော့ renal calculusကျောက်ကပ်ထဲက ကျောက်စရစ်ခဲများဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြန်ရော။ kidney stoneကို ဆေးပညာလိုပြောချင်ရင် nephrolithiasis လို့ ပြောင်းခေါ်ရပြန်တယ်။ဝေါ်ဟာရပြောင်းလဲပေမယ့် အဓိပ္ပါယ်ကအတူတူတွေပဲ။ -ဆီးကျောက်က အသက်၂၀-၄၀အရွယ်တွေမှာ စတင်ဖြစ်တတ်တယ်။အသက်လေးဆယ်ကျော်မှ လူ့ဘဝစချင်သူများအဖို့ ဘဝမစခင် […]

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး ၁။ ကြက်ဥနှင့် ကြက်သား အမိုင်နို အက်စစ်တွေက ဆံပင် သန်စွမ်း စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေ ပါပဲ။ ပရိုတင်းဓာတ် များများ ရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။ ၂။ ငါးနှင့် အိုမီဂါ- ၃ မပြည့်ဝ ဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်း စေပါတယ်။ အိုမီဂါ- […]

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း 

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း 

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း ယနေ့ ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံခန့်မှာ ဘီပိုး ရောဂါကူးစက်ခံနေကြရပြီး နာတာရှည်ရော ဂါပိုးသယ်ဆောင်သူ သန်း ၃၅ဝခန့်ရှိကြောင်း၊ စီပိုးကူး စက်ခံရသူပေါင်းမှာလည်း သန်း ၁၈ဝရှိပြီး နှစ်စဉ်အကူး စက်ခံရသူ လေးသန်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစီရင်ခံစာမှာ မကြာသေးခင်က သတိပေးဖော်ပြ ထားပါတယ်။ ဘီပိုး စီပိုးဟာ ကူးစက်ရန်လွယ်ကူတာကြောင့် ကမ္ဘာနှင့်တစ်ဝန်း နှစ်စဉ်လူဦးရေ တစ်သန်းခန့် သေဆုံး နေရပါတယ်။ မြန်မာနိုင်ငံအနေနှင့်လည်း လူဦးရေသန်း ၆ဝ၏ ၁ဝရာခိုင်နှုန်းမှာ ရောဂါပိုးကူးစက်ခံရပြီးဖြစ်တာ ကြောင့် ကျန် ၅၄သန်းသောပြည်သူများအတွက် ကာကွယ် ဆေးထိုးဖို့ လိုအပ်နေပါပြီ။ အသည်းရောင်အသားဝါပိုး ဟုဆိုသော်လည်း အသားမဝါဘဲ အသည်းရောင်သောသူ များလည်း ရှိကြပါတယ်။ ဒါကြောင့် ဆေးပညာလောက မှာ အသည်းရောင်ဗိုင်းရပ်စ်ပိုးဟုသာ ခပ်တိုတို ခေါ်ဆို လေ့ရှိပါတယ်။ […]

ရေယုန်အကြောင်း သိကောင်းစရာ

ရေယုန်အကြောင်း သိကောင်းစရာ ရေယုန်ရောဂါဟာ varicella zoster virus ကြောင့် ဖြစ်စေတယ်။ varicella ဟာ chicken pox ရေကျောက်အဆင့်ကို ခေါ်ဝေါ်တာဖြစ်ပြီး zoster က ရေယုန်နာပေါက်တဲ့ အခြေအနေကိုခေါ်ပါတယ်။ဒီအဆင့်နှစ်ခုကိုပေါင်းပြီး varicella zoster virusဆိုပြီး သတ်မှတ်ကြပါတယ်။ Zosterဆိုတာ Zoster ဆိုတာ ဂရိဘာသာစကားက ဆင်းသက်လာပြီး “ခါးစည်းကြိုး(သို့)ဝန်းရံသည်၊ဝိုင်းပတ်သည်” လို့အဓိပ္ပါယ်ရပါတယ်။လက်တင်ဘာသာနဲ့ဆို shingles လို့ ခေါ်ပါတယ်။ရေယုန်ဖြစ်ပွားပုံ လက္ခဏာက ခါးစည်းကြိုးပတ်ထားသလို ဝန်းရံဖြစ်ပွားပြီး အများအားဖြင့် ကိုယ်ခန္ဓာတစ်ဖက်တည်းတွင်သာပေါက်ရောက်ဖြစ်ပွားကြတယ်။ ရောဂါဖြစ်ပွားပုံအဆင့်က ငယ်ရွယ်စဉ် ဗိုင်းရပ်စ်ပိုး ဝင်ရောက်စမှာ ရေကျောက်ရဲ့လက္ခဏာ အနီစက်ငယ်တွေ စတင်ပေါ်ပေါက်လာတယ်။သိပ်မကြာခင်ပဲ သူ့အလိုလိုသက်သာ ပျောက်ကင်းသွားတယ်။ရေကျောက်ဖြစ်ပေါ်စဉ်မှာ အများအားဖြင့် နာကျင်ခြင်းမရှိတတ်ပဲ ယားယံခြင်းသာ ရှိတတ်တယ်။ ရေကျောက်ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားပေမယ့် ဗိုင်းရပ်စ်ပိုးက ခန္ဓာကိုယ်အာရုံကြောထဲမှာ ခိုအောင်းကျန်ရစ်ခဲ့တယ်။ခုခံအားကျဆင်းချိန်မှာ […]

ဒဏ်ရာရတဲ့အခါ အပူနဲ့အအေး ဘယ်လိုရွေးမလဲ

ဒဏ်ရာရတဲ့အခါ အပူနဲ့အအေး ဘယ်လိုရွေးမလဲ ရှေးယခင် နှစ်ပေါင်းများစွာကတည်းက လူတွေဟာ နာကျင်မှုကို အံတုဖို့ အပူဖြစ်စေ၊အအေးဖြစ်စေ အလျှင်းသင့်သလို အသုံးပြုခဲ့ကြပါတယ်။ တကယ်လည်း နှစ်မျိုးလုံးဟာလည်း သူ့ဟာနဲ့သူ အကျိုးရှိကြပါတယ်။ ဒါကြောင့်လဲ ဆေးပညာမှာ ရောဂါတွေ၊ဒဏ်ရာတွေကို ကုသဖို့ အအေးနည်း(cold therapy)နဲ့ အပူနည်း(hot therapy)ကို အသုံးပြုကြတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ တချို့က ကြပ်ထုပ် ထိုးတယ်။ အပူကပ်တယ်။ တချို့က ရေခဲကို သုံးတယ်။ရေအေးဝတ်ကပ်တယ်။ မေးစရာကောင်းတာတခုက ဘယ်အချိန်မှာ ဘယ်နည်းလမ်းက သင့်တော်လဲ၊မှန်ကန်လဲ ဆိုတာပါ။ အပူနဲ့ အအေး ကျွန်တော်တို့ ဘယ်လိုရွေးချယ်ကြမလဲ။ ရေအေးဝတ်ကပ်ခြင်း ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးမှာ ရေခဲ(သို့)ရေအေးဝတ်ကို အသုံးပြုရပါတယ်။ “ice for injury”လို့ မှတ်ထားနိုင်တယ်။ရေအေးဝတ်ကို ဒဏ်ရာရပြီး ၂၄-၄၈နာရီအတွင်း အဓိကအသုံးပြုကြတယ်။ အေးတဲ့အာနိသင်ကြောင့် သွေးကြောတွေကို ကျဉ်းလာပြီး […]

ကြက်သွန်မြိတ်၏ ဆေးဖက်ဝင် အာနိသင်များ

ကြက်သွန်မြိတ်၏ ဆေးဖက်ဝင် အာနိသင်များ

ကြက်သွန်မြိတ်၏ ဆေးဖက်ဝင် အာနိသင်များ  ကြက်သွန်မြိတ်ဟာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ လိုပဲ Alliaceae အနွှယ်ဝင် ဖြစ်ပါတယ်။ ကြက်သွန်မြိတ်ရဲ့ အာဟာရ တန်ဖိုးဟာ ကြက်သွန်နီနဲ့ ကြက်သွန် ဖြူတို့နဲ့ ဆင်တူပါတယ်။ ဟင်းလျာတွေထဲ ထည့်စားလေ့ရှိတဲ့ ကြက်သွန် မြိတ်မှာ အောက်ပါ ဆေးဖက်ဝင် အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။ (၁) သွေးကြောနံရံတွေကို အကာအကွယ်ပေးပါတယ် ကြက်သွန်မြိတ်ထဲမှာ Kaempferol လို့ခေါ်တဲ့ ဖလေဗိုးနွိုက် တစ်မျိုး သိသိသာသာ ပါဝင်ပါတယ်။ ဒီဖလေဗိုးနွိုက်ဟာ မကောင်းတဲ့ ဖရီးရယ် ဒီကယ်တွေကို တွန်းလှန်တဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ် ပေးပါတယ်။ သွေးကြောတွေကို ကျယ်စေပြီး အနားရစေတဲ့ နိုက်ထရစ် အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေတဲ့ အစွမ်းလည်း ရှိတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး သွေးတိုးရောဂါ […]

မောပန်းရင်သိထားပါ

မောပန်းရင်သိထားပါ

မောပန်းရင်သိထားပါ  မောပန်းခြင်းဟာ နှလုံးရောဂါရဲ့ ရှေးဦး လက္ခဏာများ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစား လုပ်သူ များဟာ ပိုပြီး အမောခံနိုင်ကြပြီး သက်လုံ ကောင်းကြတယ်။ ကိုယ်လက်လှုပ်ရှားခြင်းဟာ ခန္ဓာကိုယ် ပုံသဏ္ဌာန်ကို အချိုးအစား မျှတပြီး ခန္ဓာကိုယ်ရှိ ကြွက်သား အမျိုးမျိုးကို ပိုမို သန်စွမ်းစေတဲ့ အတွက်ကြောင့် အလုပ် ပိုလုပ်နိုင်တယ်။ အသက်အရွယ်နဲ့ တစ်ဦးချင်းရဲ့ ခန္ဓာကိုယ် အခြေအနေကို လိုက်ပြီး သင့်လျော်တဲ့ လေ့ကျင့်ခန်း တစ်ခုခုကို ပြုလုပ်သင့်တယ်။ နေ့စဉ် နာရီဝက် အားကစား၊ အပြေး၊ လမ်းလျှောက် ဒါမှမဟုတ် စက်ဘီးစီး လုပ်သင့်တယ်။ မောပန်းတယ် ဆိုတာ ခန္ဓာကိုယ်တွင်းမှာ အကြောင်း ကြောင်းကြောင့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များ စုဝေးနေတဲ့ အခါမှာ ဖြစ်စေ၊ […]

ဆားဝက်ခြံများကို အိမ်တွင်းကုထုံးဖြင့် ဖယ်ရှားနည်း

ဆားဝက်ခြံများကို အိမ်တွင်းကုထုံးဖြင့် ဖယ်ရှားနည်း

ဆားဝက်ခြံများကို အိမ်တွင်းကုထုံးဖြင့် ဖယ်ရှားနည်း ပထမဦးစွာ သူငယ်ချင်းများနှင့် မျှဝေချင်တာကတော့ ဆားဝက်ခြံတွေကို အိမ်သုံးပစ္စည်းလေးများနှင့် အလွယ်တကူ ဘယ်လိုနှိမ်နင်းရမလဲဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင် နှာခေါင်းဝန်းကျင် နဲ့ မေးစေ့နားမှာရှိနေတဲ့ ဆားဝက်ခြံတွေကြောင့် မှန်ကြည့်တိုင်း စိတ်ညစ်နေသူများ ရှိကြမှာပါ။ Admin ကိုယ်တိုင်လည်း အဲလိုမျိုးကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု ပြောပြမယ့် နည်းလမ်းလေးကို မှန်မှန်သုံးပြီး ဆားဝက်ခြံများရှင်းလိုက်လို့ အခုဆို မှန်ကြည့်တိုင်း စိတ်ချမ်းသာနေပြီရှင့်။ Ok ! ဆားဝက်ခြံတွေကို ဘယ်လိုမျိုး နှိမ်နင်းရမလဲဆိုတဲ့အကြောင်းလေးမပြောခင် ဆားဝက်ခြံတွေဟာဘာတွေလဲ ? ဘာကြောင့် ဆားဝက်ခြံများ ဖြစ်ပေါ်ရတယ်ဆိုတဲ့အကြောင်းလေး ဦးစွာပထမ ရှင်းပြချင်ပါတယ်။ ဆားဝက်ခြံများဟာ မျက်နှာမျာရှိတဲ့ မွှေးညှင်းပေါက်လေးတွေမှာ ပိတ်ဆို့နေတဲ့ အမဲရောင် (သို့) ၀ါဖန့်ဖန့်အရောင်ရှိသော အစက်အပျောက်လေးများဖြစ်ပါတယ်။ ၄င်းတို့ဟာ ၀က်ခြံဖြစ်ဖို့ ပထမဆုံးအဆင့်လို့လည်း ဆိုနိုင်ပါတယ်။ ၄င်းတို့မှတစ်ဆင့် […]

သင်သိပြီးရင်အများသိအောင်မျှဝေသင့်​ပါတယ်

သင်သိပြီးရင်အများသိအောင်မျှဝေသင့်​ပါတယ်​ (၁) တကိုယ်လုံးက ကြွက်သားတွေ နဲ့  အရိုးများနာကျင်ကိုက်ခဲနေပါသလား? ဂျင်း လက်တဆစ်လောက်ကို နေ့ တိုင်းစားပေး ပါ။ (အဆစ်ရောင်ရောဂါတွေအပြင်၊ အဆစ် တွင်းရှိ အရိုးနုများပျက်စီးတဲ့ရောဂါ တို့ ကိုပါ ၇၅ရာခိုင်နှုန်းလောက် သက်သာသွားစေ နိုင်ပါတယ်) (၂) သွားကိုက်ပြီး သွားဖုံးတွေရောင်ကိုင်းနေပါသလား? လေးညှင်းပွင့် ၂-ပွင့်ကို အာခံ တွင်းထဲမှာ ဖြည်းဖြည်းချင်းမြှု့ံ၍ ၀ါးပေးပါ။ (၃) ဘာအစာမှ စားချင်စိတ်မရှိဘဲ လေပူထနေပါသလား? ပန်းသီးတစ်ခြမ်းကို အ ခွံနွှာပြီးနောက် ညက်ညက်ဝါးစားပေးလိုက်ပါ။ (၄) နားကိုက်နေပါသလား? ကြက်သွန်ဖြူ ၃-တက် လောက်စားပါ။ (၅) ခေါင်းအုံပြီး ကိုက်ခဲနေပါသလား? ချယ်ရီသီး လက်တဆုပ် စာလောက် နေ့  စဉ်စားပေးပါ။ (၆) အူရောင်ငန်းဖျား […]

ပိန်းဥ၊ ပိန်းရိုးစားသူများ သတိပြုဖွယ်

ပိန်းဥ၊ ပိန်းရိုးစားသူများ သတိပြုဖွယ် ပိန်းပင်၏ အမြစ်ဖြစ်သော ပိန်းဥတို့ သည် ဆိမ့်သော အရာသာရှိကာ၊ ကဆီ ဓာတ်ကော်ရည် ပြည့်ဝသော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး၊ အာလူးအစားထိုး အသီးအနှံအဖြစ် စားသုံးနိုင်ပါသည်။ သို့ သော်အာဟာရဖြစ်စေသည့်အရည်အသွေးက အာလူးထက် သာလွန်ကောင်း မွန်ပါသည်။ ပိန်းရိုးထဲတွင် ဗိုက်တာမင် A၊ ဗိုက်တာမင် C ၊ အမျှင်ဓာတ်နှင့် ပရိုတင်း ပမာဏတို့  မြင့်မားစွာပါရှိကြသလို၊ ပိန်းဥထဲတွင် ပိုတက် စီယမ်၊ကယ်လ်စီယမ်၊ ဗိုက်တာမင် C ၊ ဗိုက်တာမင် E ၊ ဗိုက်တာမင် B၊ မဂ္ဂနီစီယမ်၊ ကော့ပါး၊ ဗိုက်တာမင် A နှင့် ပရိုတင်း ဓာတ်တို့ ပါရှိပါသည်။ ပိန်းဥတွင်ပါရှိသော အမျှင်ဓာတ်သည် အားလူးထက် […]