၂၁ ရာစု စာသင်ခန်းများ အခင်းအကျင်း

၂၁ ရာစု စာသင်ခန်းများ အခင်းအကျင်း ဒီဆောင်းပါးလေးက မောက္ခပညာရေးဆိုက်မှာ တင်ထားတာလေးပါ။ သဘောကျလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။ လက်ရှိမှာတော့ ဒီဆောင်းပါးထဲကအစီအစဉ်တွေက ကျွန်တော်တို့နိုင်ငံနဲ့ ဘာမှမဆိုင်သလို ဖြစ်နေသေးပေမယ့် နောက်တချိန်မှာဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ မဟုတ်ဘူးလား…။ ၂၁ ရာစုစာသင်ခန်းဆိုတာ ကွန်ပျူတာတွေ၊ မိုဘိုင်းဖုန်းတွေ၊ တက်ဘလက်တွေယူလာရင် ပြီးပြီလို့ မယူဆသင့်ဘူး။ ယနေ့ခေတ် စာသင်ခန်းတွေ တည်ဆောက်ဖွဲ့စည်းမှုတွေမှာ နည်းပညာတပ်ဆင်ရေး၊ နည်းပညာ အထောက်အကူပြုရေး၊ နည်းပညာဖြင့် သင်ယူမှုထိရောက်စေရေးဆိုတာတွေကို ထည့်သွင်း စဉ်းစား လာကြတယ်။ အနာဂတ်အတွက် စာသင်ခန်းတွေတည်ဆောက်မယ်ဆိုရင် ဘာတွေကို ထည့်သွင်းစဉ်းစားသင့် ပါသလဲ။ ၁။ ရုပ်ပိုင်းဆိုင်ရာမှ စတင်ခြင်း စာသင်ခန်းအမိုး မြင့်မားရမယ်။ အလင်းရောင် လုံလောက်စွာရခြင်း၊ အလင်းရောင် အနည်း၊ အများကို အလွယ်တကူထိန်းချုပ် နိုင်ခြင်းရှိရမယ်။ တံခါးပိတ်စာသင်ခန်းထက် တံခါးဖွင့် စာသင်ခန်းဖြစ်ရမယ်။ […]

ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့သူများ

ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့သူများ ပါရမီရှင်များ၊ ဘီလီယံနာကြီးများ၊ စိတ်ကူးကောင်းသူများက ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ သူတို့ဟာ နည်းပညာနဲ့ ကမ္ဘာကိုပြုပြင်ပြောင်းလဲခဲ့တယ်။ နည်းပညာလက်နက်ကို ကိုင်စွဲပြီးတော့ တော်လှန်ရေးတစ်ရပ် ဆင်နွှဲကာ ကမ္ဘာကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပါတယ်။ သူတို့ဟာ အများနဲ့မတူ တစ်မူထူးပြီး ခပ်ကြောင်ကြောင်လူစားတွေလည်း ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် တီထွင်ထိုးဖောက်နိုင်တဲ့ စွမ်းအားတွေကတော့ အများနဲ့မတူတာကြောင့်လည်း ထင်ရှားလာခဲ့သူတွေဖြစ်တယ်။ တီထွင်မှု သမိုင်းမှာ သူတို့စွမ်းဆောင်ချက်တွေကို ပယ်ဖျက်လို့မရနိုင်လောက်အောင် ချန်ထားခဲ့ပါလိမ့်မယ်။ တီထွင်ဖန်တီးမှုဆိုတာ အလုပ်၊ စီးပွားရေး၊ ကြီးပွားရေးတွေနဲ့လည်း တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေတတ်ပါ တယ်။ တကယ်တော့ သူတို့တီထွင်ခဲ့တာတွေကို ကျွန်တော်တို့က အလွယ်လေးသုံးနိုင်ကြပေမယ့် သူတို့ အားထုတ်ခဲ့ရတာတွေကတော့ ဘ၀နဲ့ရင်းခဲ့ကြရတာတွေ အများကြီးရှိပါလိမ့်မယ်။ သူများတွေ တွေးသလိုမတွေး၊ သူများတွေ နေသလိုမနေ၊ သူများတွေ ဇိမ်ခံသလို မခံတတ်ဘဲ ဘ၀မှာ […]

နှစ်မိနစ်ဖြင့် ဘ၀အမောပြေစေမည့် နည်းလမ်းများ

နှစ်မိနစ်ဖြင့် ဘ၀အမောပြေစေမည့် နည်းလမ်းများ အရမ်းကို ပင်ပန်း နွမ်းနယ်နေ တယ်လို့ ခံစား နေရချိန် မျိုးမှာ ပင်ပန်းမှုနဲ့ မောပန်းမှု တွေ ကို ပြေပျောက် စေဖို့ အချိန် နှစ်မိနစ်နဲ့ သက်သာစေမယ့် နည်းလမ်းလေး တွေရှိ ပါတယ်။ အကြင်နာပေးပါ နှစ်မိနစ်လောက် နှုတ်ခမ်းချင်း အကြင်နာ ပေးတာဟာ တခြား နှာခေါင်း၊ လက်နဲ့ ပါးတွေကို အကြင်နာပေးတာ ထက် ပျော်ရွှင်မှုကို ပိုစေကာ ခံစားမှု ကောင်းတဲ့ဟော်မုန်းထွက်လာပြီး၊ ၁၀ ကယ်လိုရီလောက် လောင် ကျွမ်း စေတယ် တယ်လို့ Stanford တက္ကသိုလ်မှ လေ့လာမှု တွေ အရ ဆိုပါတယ်။ သာယာလှပသော ကားချပ်များကို ကြည့်ပါ ရေတံခွန်လို၊ စမ်းချောင်းလေးတွေ လို၊ […]

ကလေးတွေ ဘယ်အရွယ်မှာ ငွေအကြောင်း ဘယ်လောက် သိထားသင့်လဲ

ကလေးတွေ ဘယ်အရွယ်မှာ ငွေအကြောင်း ဘယ်လောက် သိထားသင့်လဲ သမ္မတအိုဘားမားရဲ့ ညွန်ကြားချက်အရ သူရဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ထိပ်တန်းအကြံပေးအဖွဲ့က ကလေးတွေ ဘယ်အသက်အရွယ်မှာ ငွေနဲ့ပတ်သက်ပြီး ဘယ်လောာက် သိထားသင့်တယ်၊ ဘယ်အရွယ်မှာ ငွေကို ဘယ်လို စသုံးသင့်တယ် ဆိုတာကို ၁၈ လကြာ သုတေသန လုပ်ခဲ့ကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ငွေကြောင့် မကောင်းတဲ့ အကျင့်စရိုက်ဆိုးတွေ မဖြစ်အောင် ငယ်စဉ်ကတည်းက တားမြစ်ဖို့၊ ကမ္ဘာ့ငွေကြေးနှုန်းတွေနဲ့ လည်ပတ်ပုံကို တစ်ဦးချင်း သိရှိစေဖို့၊ နေ့စဉ် သွားတိုက်ရသလိုမျိုး နေ့စဉ် ငွေစုဆောင်းတတ်အောင် ကလေးတွေကို သင်ကြားပေးဖို့ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေး နာလည်ထဖို့နဲ့ ဗုန်းပေါလအော သုံးတတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အကျင့်ကို ဖျောက်ဖို့ သမ္မတက ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ အမေရိကန် […]

မင်းကျင့်တရား ၁၀ ပါး နှင့် အဋ္ဌာရသ ၁၈ ရပ်

မင်းကျင့်တရား ၁၀ ပါး နှင့် အဋ္ဌာရသ ၁၈ ရပ် မင်းကျင့်တရားဆိုသည်မှာ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသော မင်းများသည် သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် အဓွန့်ရှည်အောင် စိုးအုပ်ခွင့်ရရန် ပေးတဲ့အကြံဥာဏ်ကို ခေါ်ပါသည်။ မြန်မာမင်းတို့သည် သားစဉ်မြေးဆက် မင်းကျင့်တရား များကျင့်နိုင်ရန် မင်းကျင့်တရား (၁၀)ပါးကို မှတ်တမ်းတင်ခဲ့ကြသည်။ မင်းကျင့်တရား ၁၀ ပါးမှာ – ၁။ အလှူပေးခြင်း၊ (ဒါန) ၂။ ငါးပါးသီလ ဆောက်တည်ခြင်း၊ (သီလ) ၃။ ပေးကမ်း စွန့်ကြဲခြင်း၊ (ပရိစာဂ) ၄။ ဖြောင့်မတ်မှန်စွာကျင့်ခြင်း၊ (သမ္မာပဋိပန္န) ၅။ ကိုယ်နှုတ် နူးညံ သိမ်မွေ့ ခြင်း၊ (မုဒုက) ၆။ အခါအားလျှော်စွာ ရှစ်ပါးသီလစောင့်ခြင်း၊ (ဥပေါသထ) ၇။ အမျက်မထွက်ခြင်း၊ (အက္ကောဓ) […]

“ မိဘဂုဏ်(၁၂)ပါး ”

“ မိဘဂုဏ်(၁၂)ပါး ” မြတ်စွာဘုရား ဟောကြားတော်မူခဲ့သောသောဏနန္ဒဇာတ်လာမိဘဂုဏ်(၁၂)ပါး….. ၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။ ၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။ ၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။ ၄။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။ ၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။ ၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။ ၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။ ၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။ ၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။ ၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။ ၁၁။ ယုယပိုက်ထွေး […]

ကိုယ် ဘယ်လိုလူလဲ 

ကိုယ် ဘယ်လိုလူလဲ ညီလွင် တစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြီး သူသိချင်တာတွေကို အစ ဆွဲထုတ်ပြန်ပါတယ် ။” အကို ၊ အကို အရင် ရေးဖူးတဲ့ ကိုယ့်ကိုယ်ကို သိပါ ဆိုတာကို ရော နည်းနည်းလောက်ထပ်ရှင်းပြပေးပါလား အကို ။ ဒါကို ရော ကျွန်တော်တို့ ဘာလုပ်သင့်လဲ ရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားရမှာလား ? ” ” အင်း ဒါက ဒီလို ရှိတယ်ညီရ ။ အရင်က အကိုတို့ ဆွေးနွေး လိုက်တဲ့ အဓိက အချက် ၂ ချက် ရှိတယ်လေ ။ ၁။ ကိုယ် ဝါသနာ ပါတာကို သေချာရှာဖို့ ( ကိုယ့်ကိုယ်ကို မညာမိဖို့ ) […]

 အားသာချက် ကိုရှာ

 အားသာချက် ကိုရှာ မနေ့ကတင်ခဲ့ပေးတဲ့..ကိုဇင်ဇေရဲ့ မိမိဝါသနာကိုရှာဆိုတဲ့စာရဲ့အဆက်ပါ။တကယ်လို့ဝါသနာကိုရှာလို့ပြီးရင်ဘာဆက်လုပ်ရမလဲဆိုတာကတော့……. ” အကို အဲလို ဝါသနာကို ရှာတာတော့ ဟုတ်ပါပြီ ။ တကယ်လို့ မတွေ့ရင်ရော တခြား နည်းလမ်းတွေရှိသေးလား အကို ကိုယ့် အနာဂတ် အတွက် ဘာလုပ် သင့်တယ် ဆိုတာ ကို သိဖို့ပေါ့ ။ ” ညီလွင် က ဝေခွဲမရစိတ် ၊ သိချင်စိတ်တွေ ရောပြွန်းနေတဲ့ ပုံစံ နဲ့ ထပ်မေးပါတယ် ။ ကျွန်တော်လည်း သူ့ မေးခွန်းကို အတတ်နိုင်ဆုံး ဖြေကြည့်မိတယ် ။ ” အင်း ရှိတယ် လို့ပဲ ပြောရမှာပေါ့ညီ ။ ဖြစ်နိုင်ရင်တော့ ကိုယ် တကယ် ဝါသနာ ပါတာ / ကိုယ် […]

ဝါသနာ ကို ဘယ်လို ရှာ ရ မှာ

ဝါသနာ ကို ဘယ်လို ရှာ ရ မှာ ” ဒီလို စဉ်းစားကြည့်ကွာ ညီရာ … ညီ အခုလောလောဆယ် ကိုယ် တကယ် လုပ်ချင်တာ ဖြစ်ချင်တာ ဘာလဲဆိုတာ မသိရင် ညီ ဘာ ဝါသနာ ပါလဲ ? ဒါမှ မဟုတ် ကိုယ် ဘာကို စိတ်ဝင်စားသလဲ ဆိုတာ ကိုယ့်ဘာသာ သေချာ ပြန်စဉ်းစားကြည့်ပါလား ? ” ” အဲဒီ ဘာ ဝါသနာ ပါလဲ ဆိုတာကို ကို စဉ်းစားလို့ မရတာ အကို ။ ကျွန်တော် ထင်တာ ကျွန်တော်က ဘာမှ ဝါသနာ မပါသလိုပဲ ။ ဒီလို ပဲ […]

တစ်ဖက်သားကို လေးစားတတ်သူဟာ ယဉ်ကျေးသူပါပဲ

တစ်ဖက်သားကို လေးစားတတ်သူဟာ ယဉ်ကျေးသူပါပဲ စလုံးက အများပြည်သူသုံး ရထားတွေ၊ ဘတ်စ်ကားတွေမှာ Be Considerate ဆိုပြီး ရေးထားလေ့ရှိတယ်.. Considerate ရဲ့အဓိပ္ပါယ်က အခြားလူတွေ ကိုယ်ကြောင့် အဆင်မပြေမှု၊ အနှောင့်အယှက် ထိခိုက်မှု မဖြစ်အောင် ဂရုတစိုက်ပြုမူခြင်းပါပဲ… အထူးသဖြင့် အများပြည်သူနဲ့ ယှဉ်တွဲအသုံးပြုနေရတဲ့ လမ်းတွေ၊ ယာဉ်တွေ၊ ရထားတွေ၊ စက်လှေကား၊ ဓာတ်လှေကားတွေမှာ အခြားသူအတွက် တွေးပေး၊ စဉ်းစားပေးပြီး ပြုမူတတ်ကြဖို့ အရမ်းအရေးကြီးတယ်.. ဒီခေါင်းစဉ်ခေါင်းထဲရောက်လာပုံကတော့ ပုဂံအမြန်ရထားစီးရတဲ့အတွေ့အကြုံကြောင့်ပါ.. ယောက်ျားလေးတစ်သိုက် ရထားပေါ်တက်လာတယ်…တက်လာကတည်းက အော်ဟစ်သောင်းကျန်းကြတာ သန်းခေါင်ထိပါပဲ. Video Call တွေခေါ်ပြီး တစ်တွဲလုံး နားရှက်ရလောက်အောင် E လိုတွေရော၊ ဗမာလိုတွေရော မိုးမွှန်အောင် ဆဲကြတယ်… အကြိမ်ကြိမ်သွားပြောမိဖို့ ထမိ၊ ကြည့်မိပေမယ့် ပြောလို့အဆင်မပြေရင် ပိုဆိုးသွားမှာမို့ စိတ်လျော့ရတယ်..သန်းခေါ်နားနီးမှ […]