ဒီလိုယောက်ျားမျိုးနဲ့ ဆုံမှ Single ဘ၀ကို စွန့်ပါ

ဒီလိုယောက်ျားမျိုးနဲ့ ဆုံမှ Single ဘ၀ကို စွန့်ပါ Lady first ဆိုတဲ့ စကားကို လက်ကိုင်ထားသူမျိုးပါ။မိန်းကလေးကို ဦးစားပေးရကောင်းမှန်းသိတဲ့ သူမျိုးပါ။တံခါးတစ်ခုနဲ့ ကြုံတိုင်း ကိုယ့် အတွက် အမြဲတမ်း တံခါးဖွင့်ပေးတတ်တဲ့ ယောက်မျိုးပါ။(သူ့လက်ထဲ မှာ အထုပ်အပိုးနဲ့ လက်မအားဖြစ်နေတဲ့ အချိန်ကတော့ ချွင်းချက်ပါ) ပလတ်ဖောင်းမှာ လမ်းလျှောက်တဲ့ အခါတိုင်းမှာ လမ်းမ ဘက် ရှိတဲ့ အခြမ်းမှာ အမြဲနေရာယူပြီး လျှောက်တတ်တဲ့ သူမျိုးပါ။ဒီလို အပြုအမှု က အသေးအဖွဲဆိုပေမယ့် ဒီအသေးအဖွဲလေးတွေက ယောက်ျား တစ်ယောက်ဟာ Gentleman ဆန်တဲ့ လူမျိုးဟုတ်၊မဟုတ် ဆိုတာ ကို ဖော်ပြနေတာပါ။ထီးဆောင်းရင် ကိုယ့်ဘက်ကို အလေးပေး ဆောင်းပေး တတ်သူမျိုး လူ့လယ်ခေါင်မှာ ရဲရဲဝံ့ဝံ့နဲ့ ကိုယ့်လက်ကို ဆွဲပြီး “ဒါ ကျွန်တော့် […]

အမျိုးသမီးတွေသာ သိနိုင်တဲ့ အချက် (၅) ခု

အမျိုးသမီးတွေသာ သိနိုင်တဲ့ အချက် (၅) ခု အမျိုးသမီးတွေမှာ ခံနိုင်ရည်ရှိမှု ၊ သတ္တိရှိမှုနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းတွေရှိကြပါတယ်။ အဲဒီအချက်တွေကပဲ ကျွန်မတို့ အမျိုးသမီးတွေကို ပန်းတိုင်ရောက်အောင် ပံ့ပိုးပေးနိုင်တာမဟုတ်ပါလား။ ၁။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိဖို့ သင်ယူခဲ့ကြတယ် အမျိုးသမီးတွေဟာ ရှေးယခင်တုန်းက အိမ်မှုကိစ္စတွေ၊ ကလေးကိစ္စတွေနဲ့ အိမ်တွင်းပုန်းအချိန်ကုန်ခဲ့ကြတာပါ။ ဒါပေမယ့် ခေတ်မှီဖွံ့ဖြိုးတိုးတက်လာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရိဖို့အတွက် သင်ယူခဲ့ကြပြီး အခုတော့ အမျိုးသားတွေနဲ့ တန်းတူ အလုပ်လုပ်ကိုင်နေပြီဖြစ်သလို၊ အောင်မြင်ကျော်ကြားနေတဲ့ အမျိုးသမီးတွေ များစွာလည်း ပေါ်ထွက်လို့နေပြီဖြစ်ပါတယ်။ ၂။ ပျော်ရွှင်မှုအတွက် တခြားသူတွေမလိုအပ်ဘူး ရှေးယခင်ကဆို အမျိုးသမီးဆိုတာ တစ်ယောက်တည်းနေရင်မတင့်တယ်ဘူး ဆိုပြီး အိမ်ထောင်ချပေးလေ့ရှိကြပါတယ်။ ဒါပေမယ့် အဲဒီအတိတ်တွေကို ထားရစ်ခဲ့ပြီး အခုဆိုရင် တကိုယ်တည်း ရပ်တည်နေကြတဲ့ အမျိုးသမီးတွေ အများကြီးရှိလို့နေပါပြီ။ ယခင်ကဆို အိမ်ထောင်ရှိ […]

သားသမီးကျေးဇူး

သားသမီးကျေးဇူး (တယူသန်တဖက်ပိတ်စိတ်ထားတတ်သောမိဘများကိုရည်ရွယ်ပါသည်) သားသမီးတွေကိုကိုယ်စိတ်တိုင်းကျတယ်ဆိုတဲ့မိဘ အင်မတန်မှ……ရှားပါတယ်။အဲ့ဒာကြောင့်လည်းမိဘနဲ့ သားသမီးကြားမှာထိပ်တိုက်အငြင်းပွားမှုတွေ ကြုံနေရတာပေါ့။မိဘတွေဘက်က အမြဲ………….မှန်တယ်ဆိုပြီးတထစ်ချယူဆရင် ပြဿနာက…..ပိုကြီးတတ်ပါတယ်။တချို့မိဘတွေက သားသမီးတွေနဲ့ဆက်ဆံတဲ့အခါမှာကိုယ့်ရဲ့ အတ္တ လောဘ ဒေါသ မောဟတွေမလျှော့တဲ့အပြင် ပိုလို့တောင်ရှေ့တန်းတင်တတ်ကြပါသေးတယ်။ မိသားစုထဲမှာ ဆွေးနွေးကြ တိုင်ပင်ကြတဲ့အခါငါတို့က…..ပိုတတ်တယ်။ပိုမှန်တယ်။ပြီးတော့ ငါတို့ကမိဘဆိုတော့နင်တို့အပေါ်မှာ ကျေးဇူးကြီးတယ်ဆိုတဲ့စကားလုံးကိုတွင်တွင်သုံးလေ့ရှိကြပါတယ်။သားသမီးကိုသာလက်ညှိုးထိုးအပြစ်တင်လေ့ရှိပြီးကိုယ့်အမှားကိုကျတော့ လုံးဝ မမြင်တတ်ကြတာများပါတယ်။ သားသမီးရဲ့အားထုတ်နိုင်မှုထက်မိဘကပိုလိုချင်တဲ့လောဘကရှေ့ကိုရောက်နေတဲ့အတွက်ပါ။သားသမီးကိုပိုတော်ပိုထက် ပိုတတ်စေချင်တဲ့စေတနာသာကြီးတယ်။ကိုယ့်ဖက်က ပညာဉာဏ်နဲ့ ဆင်ခြင်တုံတရားနုံ့နေတာကျတော့ပြန်မမြင်တတ်ကြတာ…..သဘာဝပါ။ သားသမီးဆိုတာငယ်ရွယ်ချိန်မှာကမရင့်ကျက်ကြသေးတော့မိဘရဲ့ပြောဆိုဆုံးမမှုကို နာခံရမယ်ဆိုတာကတော့သဘာဝကျပါတယ်။ဒါပေမယ့်လည်း သူတို့စဉ်းစားတတ်တဲ့အရွယ်ရောက်လာတဲ့အခါအထိုက်အလျောက်လည်းရင့်ကျက်လာတဲ့အခါမိဘများက စိတ်ရှည်စွာနဲ့နားထောင်ဆွေးနွေးပေးဖို့လိုလာပါပြီ။ မိဘရဲ့လွဲနေတဲ့အမှားတွေ ပြုပြင်သင့်တာတွေ သူတို့လေးတွေမြင်တတ်လာကြပါပြီ။လူမှုရေး စီးပွားရေး နယ်ပယ်အသီးသီးတင်မကကိုယ့်အဖေနဲ့အမေရဲ့အိမ်ထောင်ရေးမှာဖြစ်နေတဲ့အားနည်းချက်တွေကိုပါမြင်တတ်လာကြပါပြီ။ဒီတော့ ရှည်ရှည်ဝေးဝေးလည်း မတွေးပါနဲ့။ကြီးကြီးကျယ်ကျယ်လည်း မဟုတ်ပါဘူး။သေးသေးလေးကစပြီး ပြောင်းကြည့်ပါလား။ မိဘလိုအပ်တဲ့အချိန်မှာ ညည်းညူခြင်းမရှိဘဲ မိဘဆီပြေးလာပြီးကူညီပေးနေပေးတဲ့အချိန်များ(အခိုက်အတန့်လေးပဲဖြစ်ဖြစ်)ကြုံတဲ့အခါသားသမီးတွေကို သတ်သတ်မှတ်အချိန်လေးယူပြီးအသိအမှတ်ပြု……စကားပြောပါ။ကျေးဇူးတင်ကြောင်းကိုလည်းလှိုက်လှိုက်လှဲလှဲ…..ပြောပါ။အရေးကြီးတဲ့ဆွေးနွေးမှုတွေမှာလည်းအချိန်ပေး……….နားထောင်ပေးပါ။စိတ်ရှည်ရှည်နဲ့…..ပြန်ရှင်းပြပေးပါ။ သူပြန်ဆွေးနွေးလို့ သူ့ဘက်ကမှန်နေရင်လည်းကိုယ့်အယူအဆမှားသွားကြောင်းဝန်ခံစကား………ပြောပေးပါ။အဲ့လိုလေးပြောဖို့ကိုတောင်မှ နှုတ်တွန့်နေသူမိဘများ ရှိနေမှာပါ။တခုခုတော့လွဲနေပြီလို့ပြောချင်ပါတယ်။ရှက်တာလား။ အောက်ကျတယ်ထင်တာလား။ကိုယ်ကသူ့ကို တချိန်က ဆိုးတယ်လို့သတ်မှတ်ထားလို့အခုပုံစံပြောင်းပြီးဆက်ဆံရမှာရွံ့နေတာလားပေါ့။ မိဘတော်တော်များများက သူတို့ရဲ့အားနည်းချက်နဲ့ အမှားတွေကိုရှက်စိတ်ကြောင့်ထင်တယ်။သားသမီးတွေကို ဝန်ခံလေ့မရှိကြပါဘူး။ဝန်ခံလေ့မရှိတဲ့အပြင်မိဘကျေးဇူး မပစ်မှားရဘူးဆိုတဲ့စကားတစ်ခုနဲ့ အရင်းပြုပြီးသူတို့ […]

လူ့သဘော လူ့မနော

လူ့သဘော လူ့မနော အဆိုတော် မေရီတစ်ယောက် အချိန်တိုအတွင်း ဘာလို့နာမည်ကြီးလာသလဲ။ဂီတပုံစံ၊ စန်း၊ အသံ၊ ရုပ်ရည် စသဖြင့် ရှိပါမယ်။ ဒါပေမယ့် သူကိုယ်တိုင်တောင် မရည်ရွယ်ဘဲ လုပ်လိုက်တာလေးက ဒီလိုနာမည်ကျော်စေခဲ့တဲ့ အကြောင်းရင်းတွေထဲကတစ်ခု လို့ (တစ်ဦးတည်းအမြင်အရ) မြင်မိတယ်။ အဲဒါ ဘာလဲဆိုတော့ ၀ဲ သီချင်းနဲ့ပတ်သက်ပြီး လူတွေဝေဖန်လို့ Account deactivate လုပ်လိုက်တာပဲ။ဒီအခါ သဘောကျတဲ့ ပရိသတ်က တသသ ဖြစ်ကျန်ခဲ့တယ်။ လူပြောများလာတယ်။ အဲဒီအချိန်မှာပဲ Mask သီချင်းနဲ့အတူ ပြန်ရောက်လာခဲ့တယ်။ တကယ်တော့ အဲဒီလုပ်ရပ်ဟာ (မေရီကိုယ်တိုင် မရည်ရွယ်ဘဲ ဖြစ်သွားတဲ့) Using ‘Absence’ to increase respect and honor ရှားပါးအောင်လုပ်ပြီး တန်ဖိုးတက်အောင် မြှင့်သွားခြင်း ပဲ ဖြစ်ပါတယ်။ 48 […]

လူငယ်များကိုဝန်းရံကြ

လူငယ်များကိုဝန်းရံကြ မြန်မာနိုင်ငံ၏လူဦးရေမှာ ၂ဝ၁၅ ခုနှစ်သန်းခေါင်စာရင်းကောက်စဉ်က(၅၁.၄၉)သန်းခန့်ရှိ သည်ဆို၏။ ထိုဦးရေအနက် အသက်(၁၅)နှစ်အောက်လူငယ်ဦးရေမှာ(၂၈.၆) ရာခိုင်နှုန်းခန့် ရှိရာ လူငယ်ဦးရေ(၁၅)သန်းနီးပါးရှိ၏။ ယခု ဆောင်းပါးတွင် လူငယ်များအတွက်စဉ်းစားမိသည်ကိုဝေမျှလို၏။ စာဖတ်သူများလည်းလူငယ်များအတွက် ဝိုင်းဝန်းစဉ်းစားပေးစေလိုပါသည်။ ယနေ့လူငယ် နောင်ဝယ် လူကြီးဟုအဆိုရှိသည် မဟုတ်ပါလား။ကျွန်တော်တို့၏အနာဂတ်ကို ပုံဖော်ကြမည့် သူများဖြစ်သည် မဟုတ်လား။လူငယ်များအရေးပြောရလျှင် ကျောင်းနေသည့်လူငယ်နှင့် ကျောင်းမနေသည့်လူငယ်ဟူ၍ နှစ်မျိုး ခွဲပြီးစဉ်းစားရပါမည်။ အမှန်မှာတော့ အသက်(၁၅)နှစ်အောက်ဆိုသည်မှာ စာသင်ခန်းထဲတွင်သာ ရှိနေသင့်သည့် အရွယ်ဖြစ်၏။ သူတို့ စာသင်ခန်းထဲရောက်ရေးကို ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။စာသင်ခန်းအတွင်းရောက်ပြီးလျှင်လည်း နေပျော်သောကျောင်းများဖြစ်အောင်ဖန်တီးရဦးမည်ဖြစ်၏။ ယခုအစိုးရသစ်လက်ထက်တွင် တိုးတက်မှုတစ်ခုမြင်ရ၏။ ကျောင်းအပ်စဉ် ငွေကြေးတစ်စုံတစ်ရာမပေးရခြင်းနှင့်ကျောင်းဝတ်စုံဗလာစာအုပ်၊ ဖတ်စာအုပ်တို့အခမဲ့ထောက်ပံ့ခြင်းဖြစ်၏။ ကျောင်းသားများအတွက် ပြည့်သည် မဟုတ်သေးသော်လည်းယခင်နှင့်စာလျှင် တော်ပါသေး၏။ နိုင်ငံတော်၏ဝင်ငွေတိုးတက်လာပြီးပညာရေးအသုံးစရိတ်ကို တိုးမြှင့်ရရှိလျှင်တော့ အထက်တန်းအဆင့်အထိကျောင်းသားအားလုံးကိုအရာ ခပ်သိမ်းအခမဲ့ဖြစ်စေသင့်၏။ ထို့အပြင်လည်း ကလေးများကျောင်းပျော်အောင် နည်းလမ်းများရှာရမည်ဖြစ်သည်။ ကျောင်းနေပျော်၍ စာတော်ရမည်ဟူသည့်ဆောင်ပုဒ်ကိုဆောင်ပုဒ်သက်သက်မဟုတ် အမှန် အသက်ဝင်အောင် […]

ပညာဆီ အရောက်လှမ်းကြမယ်

ပညာဆီ အရောက်လှမ်းကြမယ် ကျွန်တော်တို့လူငယ်တွေမှာ အတွေ့ရများဆုံး ပြဿနာတစ်ခုက ဘာလဲဆိုရင် ကိုယ့်ကိုကိုယ်မသိခြင်းပါပဲ။ ကိုယ်ဘာဝါသနာပါမှန်း မသိဘူး၊ ကိုယ့်မှာ ဘာအားသာချက်တွေ ဘာအရည်အချင်းတွေ ရှိနေတယ် ဆိုတာ မသိဘူး၊ ကိုယ့်ဘ၀မှာ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းလည်း မသိကြဘူး။ ကျွန်တော်တို့တွေဟာ အလုံပိတ်ထားတဲ့ နိုင်ငံရေးစနစ်တစ်ခုအောက်မှာ ကြီးပြင်းခဲ့ကြရတယ်။ အစမ်းသပ်ခံပညာရေးစနစ်တွေကြားထဲမှာ ဒါသင် ဒါကျက် ဒါမေး ဒါဖြေ ပုံစံနဲ့ ပညာဆိုတာကြီးကို သင်ကြားခဲ့ကြရတယ်။ တစ်ဖက်သတ် သင်ပေးလိုက်တဲ့ Teaching ပဲ ရှိတယ်၊ အသိပညာ တကယ်ရစေနိုင်တဲ့ Thinking ဆိုတာ မရှိဘူး။ Discussion မရှိဘူး၊ Brainstorming မရှိဘူး။ ပညာ ဆိုတာ စာမေးပွဲမှာ အမှတ်များများ ရဖို့ပဲလို့ နားလည်ခဲ့ကြတယ်။ နိုင်ငံကတင် အလုံပိတ်တာ မဟုတ်ဘူး၊ မိဘတွေကလည်း […]

ယနေ့လူငယ် ယနေ့ခေါင်းဆောင်

ယနေ့လူငယ် ယနေ့ခေါင်းဆောင် ၁။ နိုင်ငံတကာလူငယ်များနေ့ ၁၉၉၉ ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့ကြီးက ဦးဆောင်ပြီး နှစ်စဉ် သြဂုတ်လ(၁၂)ရက်နေ့ကို နိုင်ငံတကာလူငယ်များနေ့ (International Youth Day) အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အဓိကကတော့ လူငယ်တွေရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုလာတဲ့သဘောပါ။ အဲဒီနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း Theme တစ်ခုစီသတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားတွေ ကမ္ဘာနဲ့တစ်ဝှမ်း လုပ်လာခဲ့ကြတာ ခုဆိုရင် (၁၇)နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ ပါတယ်။ ဒီနှစ် ၂၀၁၆ မှာတော့ The Road to 2030 ; Eradicating Poverty and Achieving Sustainable Consumption and Production (၂၀၃၀ သို့သွားရာလမ်း – ဆင်းရဲမွဲတေမှုပပျောက်ရေးနဲ့ စဉ်ဆက်မပြတ် သုံးစွဲမှုနဲ့ထုတ်ယူမှု ရရှိရေး) ဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံတကာလူငယ်များနေ့ကို […]

လူငယ်တွေရင်ဆိုင်နေရတဲ့ ပြဿနာများ

လူငယ်တွေရင်ဆိုင်နေရတဲ့ ပြဿနာများ လက်ရှိကမ္ဘာ့လူဦးရေအရ အသက်(၂၄)နှစ်အောက် လူငယ်အရေအတွက်က (၄)ယောက်မှာ (၁)ယောက်နှုန်း ရှိနေပါတယ်။ တွေးကြည့်ရင် ဒါက လူဦးရေအဆင့်ပဲ ရှိပါသေးတယ်။ ဒီလောက်အင်နဲ့အားနဲ့ရှိနေတဲ့ လူငယ်တွေကို နိုင်ငံရဲ့အရင်းအမြစ်အဖြစ် ပြောင်းလဲနိုင်ဖို့ လိုပါသေးတယ်။ မူးယစ်ဆေးစွဲနေတဲ့ လူငယ်၊ အသိပညာအားနည်းတဲ့ လူငယ်၊ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ရှိနေတဲ့ လူငယ်တွေနဲ့တော့ ဘယ်လိုအနာဂတ်ကိုမှ တည်ဆောက်လို့ မရနိုင်ပါဘူး။ အဲဒီအတွက် လူငယ်တွေကို အဓိကအားဖြင့် 3 E လုပ်ပေးနိုင်ဖို့ လိုပါတယ်။ ဘာတွေလဲဆိုရင် နံပါတ်(၁) Educate ပညာသင်ပေးဖို့ လိုပါတယ်။ ပညာဆိုတာ အကောင်းအဆိုး၊ အကျိုးအပြစ်ကို စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိလာအောင် လုပ်ပေးတဲ့အရာကို ခေါ်တာပါ။ ဒါသင် ဒါကျက် ဒါဖြေ၊ ပြီးရင် အမှတ်ကောင်းကောင်းနဲ့ စာမေးပွဲအောင်ဖို့ဟာ ပညာရေးရဲ့ ရည်မှန်းချက်မဟုတ်ဘူး ဆိုတဲ့ အမြင်မျိုး လူကြီးတွေမှာ […]

ဆယ်ကျော်သက်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

ဆယ်ကျော်သက်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဧပြီလ (၇)ရက်နေ့ဟာ ကမ္ဘာ့ကျန်းမာရေးနေ့ (World Health Day) ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၇ ခုနှစ် ရဲ့ ဆောင်ပုဒ်လေးကိုတော့“Depression : Let’s talk စိတ်ကျဝေဒနာ ပြောဆိုတိုင်ပင်ဆွေးနွေးပါ” လို့ သတ်မှတ်ထားကြပါတယ်။ တကယ်တော့ စိတ်ကျဝေဒနာဆိုတာ အသက်အရွယ်မရွေး၊ ကျားမမရွေး၊ လူတန်းစားမရွေး ကြုံတွေ့ရနိုင်တဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ လူငယ်တွေ၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ တွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့အကြောင်း ဆွေးနွေးလိုပါတယ်။ ၁။ ခန္ဓာကိုယ်ပြောင်းလဲလာမှုများအပေါ် စိတ်တိုင်းမကျခြင်း ဆယ်ကျော်သက်ဘ၀ဆိုတာ ကလေးကနေ လူကြီးအဖြစ်ကို အသွင်ကူးပြောင်းတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲလာတယ်။ ဖွံ့ဖြိုးကြီးထွားလာတယ်။ အမွှေးအမျှင်တွေ ထွက်လာတယ်။ ဒီအပေါ်မှာ ဆယ်ကျော်သက်လူငယ်အများစုဟာ ရှက်ရွံ့ကြပါတယ်။ […]

ကီးချိန်းဟု  ခေါ်ကြသော

ကီးချိန်းဟု  ခေါ်ကြသော သော့တွဲဟု ခေါ်လျှင် ၇ှိသမျှ ကြီးကြီးငယ်ငယ် အိုအိုဟောင်းဟောင်း သော့အားလုံးပေါင်းကာ ဖြစ်သလို စု တွဲထားသော သော့တွဲကြီးများကိုသာ မြင်ယောင်မိသဖြင့် ခေါ်နေကြအတိုင်း ကီးချိန်းဟု ခေါ်မိပါ၏။ ကီးချိန်းဆိုသည်မှာ နဂိုမူလ အစ ကနဦး ၌ သူ့တွင် သော့မပါ။ ထီးတည်းထားလျှင် မပျောက်ပျက်စေရန် သို့မဟုတ် အလွယ်တကူ ရှာဖွေ တွေ့ရှိစေရန် သို့မဟုတ် တစ်နေရာရာတွင် လွယ်လင့်တကူ ချိတ်ထား၍ ရ စေ ရန် သို့တည်းမဟုတ် တစ်ခြားတစ်ခုသော ရည်ရွယ်ချက်ဖြင့် သော့တံ(များ)အား ကီးချိန်းဖြင့် တွဲထားလေ့ရှိသည်။ ငယ်စဉ်အခါက သော့များဖြင့် အကျွမ်းတ၀င် မရှိသောကြောင့် ကီးချိန်းများဖြင့် မရင်းနှီးခဲ့ပါ။ ထို့နောက် အလယ်တန်းသို့ ရောက်သောအခါ ကျောင်းစာသင်ခန်း၏ သော့ကို အိမ်နှင့် ကျောင်း […]